Background
နံှစားပြောင်းတင်ပို့မှုပိုမို ဒီဇင်ဘာလ ၂၂ မှ ၂၈ ရက်အထိ ကာလအတွင်းနံှစားပြောင်း ၅ဝ၆ တန်ကျော် ကန်ဒေါ်လာ ဝ ဒသမ ၁၃၉ သန်းဖိုးတင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်က တင်ပို့မှုထက် ၁၈၃ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ နံှစားပြောင်း ၅ဝ၆ တန်နဲ့ ပြောင်းဖူးစေ့ ၁၂၆၃ဝ တန်၊ လွယ်ဂျယ် မှ ၄၇ တန်ကျော် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဧပြီလမှဒီဇင်ဘာလ ၂၈ ရက်အထိပြောင်းဖူးစေ့တင်ပို့နိုင်မှုက တန်ချိန် ၄၁၇ဝဝ ကျော် ရှိပြီ ဖြစ်ပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၄ဝ၃၈၅ ၂၄၃၆၉၅ ၃၃၁ဝ ၁ .၄ ၂၈၁ ၂၈ဝ ၁ ဝ .၄နံှစားပြောင်း ၂၆၃၉၈၉ ၂၆၁၅၃၉ ၂၄၅ဝ ၁ ၃၃၁ ၃၂၉ ၂ ဝ .၆MIRT (DOBT)
ဒီတစ်ပတ် ပင်လယ်ရေကြောင်း အတင်လျော့ ဒီဇင်ဘာ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၇၅ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၂၈ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၈၃၇ တန်တင်ပို့ခဲ့တာကြောင့် တင်ပို့မှုသိသိ သာသာ လျော့နည်းခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကို ၃၃ တန်၊ စင်ကာပူ ကို ၈၂ တန် အသီးသီး ဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW
ရော်ဘာဈေးနှုန်း လက်ရှိပေါက်ဈေးထက် တက်ရန်အလားအလာရှိ ရော်ဘာဈေးကွက်အတွင်းဖြစ်ပေါ်နေသော လက်ရှိပေါက်ဈေးများထက် တက်ရန်အလားအလာရှိနေကြောင်း ရော်ဘာ လုပ်ငန်းရှင်များထံမှ သိရသည်။ ''လက်ရှိရော်ဘာ ၁ တစ်ပေါင် ပေါက်ဈေးက (RSS-5) ၁၅ဝဝ ကျပ်၊ (RSS-3) ၁၅၅ဝ ကျပ်၊ (RSS-1) ၁၆ဝဝ ကျပ်အထိရှိနေပါတယ်။ ပြည်တွင်းဈေးကွက်မှာ မရဘူးတဲ့ဈေးတွေ ဖြစ်ပြီး စံချိန်ချိုးဖြစ်ပေါ်တာပါ။ ပြည်ပ ကမ္ဘာ့ရော်ဘာ ဈေးကွက်မှာလည်း မဖြစ်ပေါ်ဖူးတဲ့ဈေးကွက်တွေဖြစ်ပေါ်နေ တာဖြစ်ပါတယ်။ ရော်ဘာဈေးနှုန်းတွေက ဒီထက်တက်ဖို့ရှိပါတယ်။ အဓိက ကမ္ဘာ့ရော်ဘာလိုအပ်ချက်မြင့်တက်လာတယ်။ ဒီနှစ်မှာ ရာသီဥတုဖောက်ပြန်တဲ့ အတွက် ရော်ဘာအဓိကစိုက်ပျိုးတဲ့ နိုင်ငံတွေမှာ မိုးကရွာသင့်တဲ့အချိန်ထက် တစ်လလောက်ပိုရွာတဲ့အတွက် အစေး ထုတ်ရက် တစ်လလောက်နောက်ကျ သွားတယ်။ အဲဒီအတွက် ရော်ဘောစေးမထုတ်လိုက်ရတဲ့အတွက်အထွက်နည်းတယ်။ ဒါကြောင့် ဈေးတွေ ထပ်မြင့်ဖို့ရှိ တယ်''ဟု ရော်ဘာအသင်းမှ အတွင်းရေးမှူးက ပြောပြသည်။ မြန်မာနိုင်ငံတွင် ရော်ဘာပင်များကို တနင်္သာရီ၊ မွန်၊ ကရင်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးပြီး အများဆုံးစိုက်ပိုျးသည့်ဒေသမှာ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ဖြစ်သည်။ ခင်မျိုးသွယ်
သီရိလင်္ကာရော်ဘာဈေးမှတ်တမ်းတင် သီရိလင်္ကာရော်ဘာအသင်းဖွံ့ဖြိုးရေးအသင်းရဲ့ အစီရင်ခံစာမှာရော်ဘာပြားဈေးနှုန်းတွေ မှတ်တမ်းတင်လောက် အောင်တက်သွားကြောင်း ဖော်ပြထားပါတယ်။ ပထမတန်းစားရော်ဘာပြားတစ်ကီလိုကို ရူပီး ၅၂၁၊ (၁၁ ဒသမ ၅ ဒေါ်လာ) နဲ့လေလံဈေး ရရှိနေကြောင်းရော်ဘာအသင်းရဲ့ ညွှန်ခုျပ်ကပြောကြားခဲ့ပါတယ်။ ၂ဝ၁ဝ နှစ်ဦးပိုင်းမှာ ပထမတန်းစား ရော်ဘာတစ်ကီလိုဂရမ်ကို ရူပီး ၂၃ဝ ( ၅ ဒသမ ၁၁ ဒေါ်လာ ) သာရှိခဲ့ကြောင်းသိရပါ တယ်။ အခြားအဆင့်နိမ့် ရော်ဘာ တွေကိုလည်း အမြင့်ဈေးနဲ့အပြိုင်အဆိုင်ရောင်းချနေကြောင်း ညွှန်ခုျပ်ကဆက် လက်ပြောကြားခဲ့ပါတယ်။ ရော်ဘာ အပိုင်းအစ တွေရဲ့ ဈေးကပင် တစ်ကီလိုဂရမ်ကို ၅၉၈ ရူပီးရရှိကြောင်း သိရပါတယ်။ ယခုလက်ရှိကာလမှာ သီရိလင်္ကာက သဘာဝ ရော်ဘာဝယ်လိုအားတွေ လက်ခံရရှိနေကြောင်း သိရပါတယ်။ ဒီလိုဝယ်လိုအားတွေ ရရှိနေတာယာ အဓိက ရော်ဘာတင်ပို့တဲ့ နိုင်ငံများမှာ အထွက်နှုန်း ကျဆင်းတာကြောင့် ဖြစ်တယ်လို့ရော်ဘာအသင်းရဲ့ ညွှန်ချုပ်က ပြောကြားခဲ့ပါတယ်။ Source: Colambo .com,KZW
ရော်ဘာဈေးလည်းမြင့် တင်ပို့မှုလည်းပို ဒီဇင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ရော်ဘာအဆင့်စုံ ၁၇၉၂ တန်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ ဒသမ ၃၇၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာ ၁၁၅ဝ တန်တင်ပို့ ခဲ့တာမို့ ယခုအပတ်မှာ ၆၄၂ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ရော်ဘာအဆင့်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေး ဇုန်မRSS (1) ၁၂၈ တန်ခန့်၊ RSS (3) ၈ဝ၃ တန်ကျော်၊RSS (5) တန် ၃ဝ၊MSR (20) ၅၁၁ တန်၊MSR (50)၂ဝ၄ တန်ကျော်နဲ့ ချင်းရွှေဟော်နယ်စပ်မှာ RSS (3) တန် ၁၁၅ တန်ဖြစ်ပါတယ်။ နယ်စပ်စခန်းများမှ ၂ဝ၁ဝ ဧပြီလမှ ဒီဇင်ဘာလ ၂၈ ရက်ထိ ရော်ဘာတင်ပို့နိုင်မှုများမှာ ၂၅၅၁၁ တန် ရှိပြီလို့ သိရပါတယ်။ ယခုအပတ်မှာ ရော်ဘာဈေးများ မြင့်တက်လျက်ရှိပါတယ်။ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS (3) ၃၉၅၆၅၃၅ ၃၈၃၆၆၄၅ ၁၁၉၈၉ဝ ၃ ၄၃၅၃ ၄၂ဝ၅ ၁၄၈ ၄RSS (5) ၃၇၂၃၇၃၅ ၃၆ဝ၃၇၄၅ ၁၁၉၉၉ဝ ၃ ၄ဝ၈၁ ၃၉ဝ၄ ၁၇၇ ၄MIRT (DOBT)
ရော်ဘာတင်ပို့မှု ပုံမှန် ဒီဇင်ဘာ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၇၉၄ တန် တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၇၁၇ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၇၄၇ တန်တင်ပို့ခဲ့ပြီး ၄၇ တန်ပိုမိုတင်ပို့ခဲ့တာ ကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။ ယခုတစ်ပတ်မှာ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကို MSR-50 တန် ၂ဝ ၊ RSS-5 ၂၄၈ တန် နဲ့ RSS-3 ၂၄၅ တန်၊ စင်ကာပူကိုMSR-20 ၂ဝ၁ တန်၊ RSS-3 တန် ၄ဝ ၊ RSS-5 တန် ၄ဝ အသီးသီးတင်ပို့ခဲ့တာဖြစ်ကြောင်း သတင်းရရှိပါတယ်။KZW
ပဲနီလုံးရိုး (စွန်တာနီ) အသစ်မအပေါ်သေးလို့ ဈေးမာ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း ပဲနီလုံးရိုး (စွန်တာနီ) တစ်ပိဿာပေါက်ဈေး ၁၃ဝဝ ကျပ် ဝန်းကျင်နဲ့ ဈေးမာနေပြီး လက်လီအရောင်းအဝယ်သမားများသာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ယခုလအတွင်း ကလေးမြို့မှ မန္တလေးမြို့သို့တင်း ၃ဝဝ ၊ မုံရွာမြို့မှ ရန်ကုန်မြို့သို့ တင်း ၁၅ဝ စီးထွက်ခဲ့ပါတယ်။ ဒေသတွင်းနဲ့ လက်လီ ဈေးကွက်အဖြစ် မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှတင်း ၅ဝ ခန့်အရောင်းအဝယ်ဖြစ်ပြီး ပဲသစ်မပေါ်သေးလို့ ပဲအဟောင်း များသာ အရောင်းအဝယ်ဖြစ်နေတဲ့အတွက် ဈေးကတော့ ဆက်လက်ပြီး မာနိုင်သေးတယ်လို့ ဈေးကွက်ကဆိုပါတယ်။ သန်းးသန်းးတင်
ယခုနှစ်အတွင်း ဈေးကောင်းရရှိခဲ့တဲ့ ပြည်ပဲနီပြား ပဲခူးတိုင်းဒေသကြီးအနောက်အတွင်း နတ်တလင်းမြို့နယ်မှာသာ စိုက်ဧကအနည်းငယ်ရှိတဲ့ ပဲနီပြားသီးနံှဟာ အခြားတိုင်းသို့လည်း တင်ပို့မှုမရှိပဲ ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲနီးပြားဟာ စိုက်ပျိုးထွက်ရှိမှု နည်းပေမဲ့ ဈေးနှုန်းမှာ တစ်တင်းကို ၂၈ဝဝဝ ကျပ်ထိ ယခုနှစ်အတွင်း ဈေးကောင်းရရှိခဲ့ပါတယ်။ အောက်တိုဘာလအတွင်း လက်လီရော လက်ကားသမားများပါ အရောင်းအဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလမှစလို့ လက်ကျန်နည်းလာခဲ့ပြီး တစ်တင်း ၂၆ဝဝဝ ကျပ်နဲ့ ရောင်းဝယ်နေခဲ့ရာမှ နိုဝင်ဘာလ ဒုတိယပတ်မှာ တစ်တင်း ၂၈ဝဝဝ ကျပ်ကိုဈေးမြင့်လာခဲ့တာကို တွေ့ရပါတယ်။ နိုဝင်ဘာလ ကုန်မှာတော့ ၎င်းဈေးနဲ့ လက်ကျန်ပြတ်သွားခဲ့တဲ့အတွက် ပဲနီပြားဈေးနှုန်းမှာ ယခုနှစ်အတွင်း ဈေးကောင်းရရှိခဲ့ ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ဘိုကိတ်ဈေးကွက်ဈေးကျလာ ယခင်တစ်ပတ်က ဘိုကိတ်ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာ တော့ တစ်တင်းကို ၁ဝဝဝ ကျပ်ကျော်လျော့နည်းကာ ၁၆ဝဝဝ ကျပ်- ၁၆၂ဝဝ ကျပ်ဈေးသာရှိကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က ကံမမြို့နယ်များမှ အဝင်ရှိခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ အဝင်နည်းနေပါတယ်။ ယခင်တစ်ပတ်က အိတ် ၁ဝဝ-၁၅ဝ အတွင်း အဝင်ရှိခဲ့ပြီး ယခုတစ်ပတ်မှာတော့ အိတ် ၄ဝ-၅ဝ အတွင်းသာ အဝင်ရှိကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
မုံရွာကုလားပဲ ဒီဇင်ဘာမှာ နယ်အဆွဲများခဲ့ မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်အနေနဲ့ ဒီဇင်ဘာလထဲမှာ ဒေသ တွင်းလုပ်ငန်းသမားများ မျိုးအတွက် ဝယ်ယူမှုများအပြင် မန္တလေး၊ ရန်ကုန်နယ် အဆွဲပါပိုခဲ့လို့ အရောင်းသွက်ခဲ့တာ တွေ့ရပါတယ်။ ပဲခွဲစက်၊ ကြာဇံစက်၊ အမှုံကြိတ် စက်လိုင်းသမားတွေအနေနဲ့ ဒီလထဲမှာ ကုန်ကြမ်းပစ္စည်းပိုသူက ထုတ်ရောင်း ခဲ့ကြသလို၊ စက်သမားအချို့ ကုန်ကြမ်းမပြတ်အောင် ဝယ်ယူစုဆောင်းမှုတွေ ရှိခဲ့တဲ့ အတွက် အခုလို အရောင်းသွက်ပြီး ဈေးမာခြင်း ဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ဒီဇင်ဘာလထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေးရဲ့ တစ်တင်း အနိမ့် အမြင့်မှာ ကုလားပဲရိုးရိုး ၁၉ဝဝဝ ကျပ်၊ ၂ဝ၅ဝဝ ကျပ်၊ ကုလားပဲတိုင်ပေ ၂ဝဝဝဝ ကျပ်၊ ၂၂၅ဝဝ ကျပ်၊ ကုလားပဲ ဗွီတူး ၂၂၃ဝဝ ကျပ်၊ ၂၃၈ဝဝ ကျပ်နဲ့ ကုလားပဲ ၉၂၉ ၂၁၅ဝဝ ကျပ်-၂၃ဝဝဝ ကျပ်ဈေးပေါက်ခဲ့ပြီး လကုန်ပတ်မှာ အသီးသီး ဈေး အေးခဲ့ကာ ဒီဇင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင်ဈေးကွက်ကနေ မန္တလေးကို တင်း ၁ဝဝဝဝ ခန့် ရန်ကုန်ကို တင်း ၁ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၁၅ဝဝ အသီးသီး စီးထွက်သွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
