Background
မေလ ၁ ရက်မှ ၇ ရက်တာကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နဲ့ ချင်းရွှေဟော် ကူးသန်း ရောင်းဝယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၂၁၁ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၇၉၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၉၇ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာ ကို တွေ့ရှိရပါတယ်။ စခန်းအသီးသီး အလိုက် တင်ပို့နိုင်မှုတွေက တော့ မူဆယ် (၁၀၅)မိုင်ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၅၁၄ သန်း တန်ဖိုးရှိ ရော်ဘာ RSS-3 ၁၇၆ တန်ကျော်၊ကန်ဒေါ်လာ ၁ ဒသမ ၇၈၆ သန်းတန်ဖိုးရှိ ရော်ဘာ MSR-20 ၆၀၈ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၇၇ သန်းတန်ဖိုးရှိ ရော်ဘာ MSR-50 ၂၈ တန်ခန့်၊ ချင်းရွှေဟော် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၅၇၁ သန်းတန်ဖိုးရှိ ရော်ဘာ RSS-3 ၅၅၁ တန် ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၁၃၄ သန်းတန်ဖိုးရှိရော်ဘာ ၃၈၄ တန်ကျော်နဲ့ကန်ဒေါ်လာ သုည ဒသမ ၁၂၉ သန်းတန်ဖိုး ရှိ ရော်ဘာ MSR-50 ၄၅ တန်ကျော်၊ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ မိမိဘက်မှာ ရောတစ်ဖက် တရုတ်နိုင်ငံမှာ ပါ ရော်ဘာဈေးများပြောင်းလဲမှုမရှိဘဲဈေးငြိမ်နေတာကို တွေ့ရှိ ရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်တရုတ်နိုင် ငံမြေပြင်ပေါက်ဈေး များကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၂၀၉၁၅၀၀ ၂၀၉၁၅၀၀ - - ၂၃၅၀ ၂၃၅၀ - -RSS-5 ၁၉၄၇၃၂၀ ၁၉၄၇၃၂၀ - - ၂၁၈၈ ၂၁၈၈ - -ခင်ကလျာဦး MIRT (DCCA)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ မေလ ၁ ရက်မှ ၇ ရက်တာကာလ အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၁၉၅ သန်းတန်ဖိုးရှိတဲ့ ပြောင်းတန်ချိန် ၁၁၅၁၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့တဲ့ပြောင်း တန်ချိန်တွေကတော့ မူဆယ်မှ ၇၄၇၆ တန်ကျော်၊ ချင်းရွှေဟော်မှ ၂၇၇၈ တန် ကျော်၊ လွယ်ဂျယ်မှ တန် ၁၂၀၀ နဲ့ကန်ပိုက်တီးမှ ၅၅ တန်ဖြစ်ပါတယ်။ ယခင် အပတ်က လွယ်ဂျယ်မှတင်ပို့မှုမရှိဘဲမူဆယ်၊ ချင်းရွှေဟော် နဲ့ကန်ပိုက်တီးစခန်း ၃ ခုမှပြောင်းတန်ချိန် ၁၂၇၃၀ ကျော်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာတန်ချိန် ၁၂၀၀ ကျော်ေ လျာ့နည်းခဲ့ပါတယ်။ မန္တလေး-မူဆယ်ကုန်စည်သယ်ယူခနှုန်းထားမှာတော့ ပြောင်း ၁ ပိသာကို ၄၃ ကျပ်နဲ့တည်ငြိမ်နေ တာတွေ့ရပါတယ်။ နှစ်နိုင်ငံပြောင်း ဈေးများကိုကြည့်မယ်ဆိုလျှင် မိမိဘက်ဈေး ယခင်အပတ်ထက် အနည်းငယ်မြင့် တက် နေပါတယ် -
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၂၉၂၃၀၂ ၂၉၀၆၂၉ ၁၆၇၃ ၁ ၃၃၈ ၃၄၄ ၆ ၂မော်မော်အောင်၊ MIRT (DCCA)
ကျောက်ဆည်နယ်မှာ ဒီနှစ် တောင်သူများအဓိကထား စိုက်ပျိုးခဲ့တဲ့ (ဒီမွန်၊ ၆၉၂) ငရုတ်သီးများ၊ ဧပြီလကုန်ပိုင်းမှာ စတင်ထွက်ပေါ်နေပြီဖြစ်ပါတယ်။ လက်ရှိအဖွင့်ဈေးမှာ ငရုတ်ခြောက်တစ်ပိဿာ ၁၈၀၀ ကျပ်ရှိပြီး၊ အညှာချွေပြီး တစ်ပိဿာ ၂၂၅၀ ကျပ်နဲ့ မန္တလေးမှ မူဆယ်ကို အစမ်းတင်ပို့နေပြီး၊ ရန်ကုန်ကိုတော့ ဈေးမကိုက်လို့ မပို့သေးဘူးလို့ ပွဲရုံပိုင်ရှင်ရပ်ကွက်မှ သိရပါတယ်။ မေလကုန်၊ ဇွန်လဆန်းပိုင်းလောက်မှာ ဈေးကွက်ကို လှိုင်လှိုင် ဝင်ရောက်နိုင်ပါတယ်။ ငရုတ်ပွဲစားများက ငရုတ်စိုက်ခင်းများနဲ့ ရွာအရောက် ကွင်းဆင်းအဝယ်လိုက်ပေမယ့် မနှစ်က အဖွင့်ဈေးဖြစ်တဲ့ တစ်ပိဿာ ၂၀၀၀ ကျပ် - ၂၁၀၀ ကျပ်ထိ မရောက်သေးဘူးလို့ ဆိုပါတယ်။ တောင်သူများ အနေနဲ့ ယခုနှစ် ငရုတ်အခြေအနေမှာ မနှစ်ကထက် အထွက်နှုန်းကောင်းနိုင်ကြောင်း၊ လှိုင်လှိုင်ထွက်ပေါ်လာချိန်မှာ မနှစ် ကဈေးအထိရောက်ဖို့ မျှော်လင့်နေကြောင်း၊ ငရုတ်စိုက် တောင်သူများထံမှ သိရပါ တယ်။ ကြည်ကြည်ဝင်း - ကျောက်ဆည်
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဧပြီလနောက်ဆုံးပတ်မှာ ရော်ဘာတင်ပို့မှုမရှိခဲ့ပါဘူး၊ ဧပြီလ တစ်လလုံး အနေနဲ့တော့ ကန်ဒေါ်လာ ၃ဒသမ၅၆၅ သန်းတန်ဘိုးရှိ ရော်ဘာအဆင့်စုံ တန်၁၄၃၀ ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလ နဲ့နှိုင်းယှဉ်ကြည့်ပါက တန် ၁၀၀ ကျော်လျော့နည်းခဲ့ပါတယ်။ လျော့နည်းရတဲ့ အကြောင်းရင်း ကတော့ နှစ်သစ်ကူး ကာလမှာ ရော်ဘာတင်ပို့မှုမရှိတဲ့အတွက် ဖြစ်ပါတယ်။၂၀၁၃ ခုနှစ်ရဲ့ ပထမလေးလတာ ကာလဖြစ်တဲ့ ဇန်နဝါရီလမှ ဧပြီလအထိ ကန်ဒေါ်လာ ၂၇ ဒသမ ၀၆၃ သန်း တန်ဘိုးရှိ ရော်ဘာအဆင့်စုံ ၉၇၅၈ တန်ကျော်ကို နိုင်ငံ သုံးနိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ နိုင်ငံအလိုက်တင်ပို့မှုတွေကတော့ မလေးရှားနိုင်ငံသို့ ၆၁၃၁ တန်ကျော်၊ တရုတ်နိုင်ငံသို့တန် ၂၁၁၀ ကျော်၊ စင်္ကာပူနိုင်ငံသို့ ၁၅၁၇ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။
ယခုအပတ် နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက အတက်အကျ ကွာခြားမှု မရှိတာတွေ့ရပါတယ်။ ပြည်ပပို့မည့်ရော်ဘာဈေးများမှာလည်း ယခင်အပတ် အတိုင်း ပြောင်းလဲမှု မရှိဘဲ RSS 1 တစ်တန်လျှင် ဒေါ်လာ၂၄၀၀-၂၅၀၀၊ RSS 3 နဲ့ MSR 20 တစ်တန်လျှင် ဒေါ်လာ၂၃၀၀-၂၄၀၀၊ RSS 5 နဲ့ MSR 50 တစ်တန်လျှင် ဒေါ်လာ၂၂၀၀-၂၃၀၀၊MSR 10 တစ်တန်လျှင် ဒေါ်လာ၂၃၅၀-၂၄၅၀၊ Creep Rubber တစ်တန်လျှင် ဒေါ်လာ၂၁၀၀-၂၂၀၀ ဖြစ်ကြောင်းမြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းကထုတ်ပြန်ထားတဲ့ သတင်းအရသိရှိရပါတယ်။ယဉ်ယဉ်အေး (DCCA )
နွားထိုးကြီးမြို့နယ်မှ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ လက်ဖက်ခူး ထွက်နေ သော ဒေသခံ ၅၀၀၀ ထက်မ နည်းမှာ လက်ဖက်ခူးပြီးရှမ်းပြည်နယ်မှ ပြန် ရောက်လျက်ရှိကြောင်း သိရသည်။
မိုးမကျမီတစ်လကြာ လက်ဖက်ခူးခဲ့ရာ ရွှေဖီမိုးလွတ်လက်ဖက်ခြောက် နှင့်အတူပြန်ရောက်နေကြသည်။ မိုးမရွာမီ လက်ဖက်အညွန့်အဖူးများကို ခူးခဲ့သော ရွှေဖီမိုးလွတ် လက်ဖက်ခြောက်ဈေးကွက်မှာ ကျပ် ၄၀၀၀ အထက်ဖြင့် ဈေး ကွက် ရှိနေသည်။ ရှမ်းပြည်နယ်တွင် မိုးဖြိုင်ဖြိုင်ကျနေပြီဖြစ်၍ လက်ဖက်ခူးရေးမှာမိုးနှင့် အပြိုင်ခူးနေရ၍ အခက်အခဲရှိသည်။ မိုးမိ၍ဖျားနာမှာကိုစိုးရိမ်ရသည်။ခူးရ သော လက်ဖက်မှာလည်း ဈေးကောင်းမရဟုဆိုသည်။ ယခုနှစ်လက်ဖက်များမှာ ထွက်သလောက် ဈေးကောင်းမရဘဲ ဈေးနှိမ်ခံ နေရသည့်အပြင်သွားလာရေး ခက်ခဲ မှုကြောင့် လက်ဖက် သယ်ယူရေးမှာ စရိတ် ထောင်းနေကြောင်း လက်ဖက်ခူးပြန်သူတို့ကဆိုသည်။ခင်ဇာမွန်မြင့်(ဥပဒေ)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဧပြီလ ၂၄ ရက်မှ ၃၀ ရက်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၈၄၀ သန်းတန်ဖိုးရှိ ပြောင်းဖူး စေ့တန်ချိန် ၁၀၃၂၅ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် ကတန်ချိန် ၅၀၀၀ ကျော်သာတင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ နှစ်ဆပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ ကန်ပိုက်တီးကူး သန်းရောင်းဝယ်ရေးစခန်းမှလည်း ယခုအပတ်မှာကန်ဒေါ်လာ သုည ဒသမ ၀၂၅ သန်းဖိုး ရှိ ပြောင်းဖူးစေ့ ၇၂ တန်တင်ပို့ခဲ့ပြီး ယခင်အပတ်က၁၂ တန်ခွဲ သာတင်ပို့နိုင်ခဲ့တာမို့ ၅၉ တန်ကျော်တင်ပို့နိုင် ပိုမိုခဲ့ပါတယ်။ ၂၀၁၃ခုနှစ် ဧပြီလအတွင်းကူးသန်းရောင်းဝယ်ရေးစခန်းအားလုံးမှ ပြောင်းတန်ချိန်စုစုပေါင်း ၃၁၈၉၆ တန်တင်ပို့နိုင်ခဲ့တယ် လို့သိရပါတယ်။နှစ်ဖက်နိုင်ငံပြောင်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၂၉၀၆၂၉ ၃၁၃၃၄၈ ၂၁၇၁၉ ၇ ၃၄၄ ၃၅၉ ၁၅ ၄မော်မော်အောင်၊ MIRT (DCCA)
အညာမှာ သိုး၊ဆိတ်၊ မွေးမြူရေး အောင်မြင်နေသလို သိုး၊ ဆိတ်ကို ၁၂ ဘီး၊၂၂ ဘီး၊ကား များနှင့် နှစ်ထပ်စင်ထိုးကာ ကားစီးလုံးတိုက်ဈေးကွက်သို့ တင်ပို့ နေသည်။ အညာမှ သိုး၊ဆိတ်တွေကို နွားသယ်သလို ကားကြီးများနှင့် အလုံး အရင်းတစ်နေ့ ၂၂ ဘီး ကားသုံးစီးဖြင့် မန္တလေးဈေးကွက်သို့ သွားနေကြသည်။ စစ်မည့်ဆေး မည့်သူမရှိသလိုရွာစဉ်လှည့်၍ သိုးအုပ်၊ ဆိတ်အုပ်များကို ဝယ်ယူ နေ ကြပြီး ကားတစ်စီးလျှင် ကောင်ရေ ၄၀၀-၅၀၀ ခန့်တင်နေ ကြောင်းသိရ သည်။
သိုးတစ်ကောင်(သို့မဟုတ်) ဆိတ်တစ်ကောင်လျှင် ကျပ် ၂၅၀၀၀ မှ ၄၀၀၀၀ အထက်ရှိသဖြင့် ဆိတ်သားဈေးကွက်တွင် ကျပ် ၆၀၀၀၊၇၀၀၀ ဈေး အောက်မကျဘဲဈေးကောင်းနေခြင်းဖြစ်သည်။ ဒါ့အပြင်နိုင်ငံခြား ဈေးကွက်ဖြစ်သော မလေးရှား၊အင်ဒိုနီးရှားဈေး ကွက်သို့ ပြည်တွင်းမှသိုး၊ ဆိတ်များတင်ပို့ လျက်ရှိနေကြောင်းသိရသည်။တရုတ်ဈေးကွက် သို့မူအိမ်ဦးကြမ်းပြင်ပို့နေကြောင်း သိရသည်။ အညာတွင်သိုး၊ဆိတ်တို့ တစ်နိုင်တစ်ပိုင် မွေးမြူမှုမှာ အောင်မြင်နေသော် လည်း ဝယ်ဈေးကွက်ကသွက်နေ၍ သိုး၊ ဆိတ်ဈေးကွက်မှာ ဈေးကောင်းလျက်ရှိ ကြောင်းသိရသည်။ ဌေးမြင့်မောင်
ရောင်းဝယ်မှု သဘောတရားအရ သီးနှံထွက်ပေါ်ချိန် ဈေး ကောင်းရလို့ကတော့ ထွက်ရှိထားကြတဲ့ သီးနှံတွေ ဈေးကွက်ကို လှိုင် လှိုင်ဝင်ကြတာ ဓမ္မတာပါ။ ကြက်သွန်နီပေါ်ချိန် ဈေးကောင်းလေးရ နေတော့ စိုက်ပျိုး ထုတ်လုပ်ကြတဲ့ ကြက်သွန်စိုက်တောင်သူတွေ ပျော်ကြတာတော့အမှန်ပါ။ ယခင်အပတ်ကတစ်ပိဿာ ထိပ်စ ၃၄၀ ကျပ်၊ အလတ်စ ၃၀၀ ကျပ်၊ အောက်စ ၂၀၀ ကျပ်၊ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ကြက်သွန်နီဟာ ယခုအပတ်မှာတော့ ထိပ်စ ၄၂၅ ကျပ်၊ လတ်စ ၄၀၀ ကျပ်၊ အောက်စ ၃၅၀ ကျပ်အထိ ဈေးမြောက်ခဲ့ပါ တယ်။ အဝင်တွေအနေနဲ့ တစ်နေ့ကို ပိဿာချိန် ၁၀၀၀၀ မှ ၅၀၀၀၀ ထိဝင်တဲ့နေ့တွေရှိတာကို လေ့လာရပါတယ်။ ဒီဈေးအနေအထားနဲ့ဆို ကြက်သွန်နီများ ဆက်တိုက်ဝင်လာနိုင်တယ်လို့ ကြက်သွန်ရောင်း ဝယ်သူ အသိုင်းအဝန်းက ခန့်မှန်းပြောကြားပါ တယ်။
ကုန်ဈေးနှုန်းရဲ့ သဘောတရားအရ တက်တိုင်းမကောင်းသလို ကျတိုင်းလည်းမကောင်းပါဘူး။ ဆိုလိုတာ က ဖြစ်သင့်ဖြစ်ထိုက်၊ တက် သင့် တက်ထိုက်တာထက် ဈေးနှုန်းပိုတက်လာရင် နောက်ဆုံးပိတ် စားသုံးသူမှာ အခက်တွေ့ရပါတယ်။ ဈေးနှုန်းကျတိုင်းလည်း မကောင်း ပါ။ စိုက်ပျိုးထုတ်လုပ်ထားတဲ့ အသီးအနှံဈေးနှုန်း ကျနေလို့ စိုက်ပျိုး ထုတ်လုပ်သူ အရှုံးပေါ်ရင် နောက်နောင်ဆက်လက်စိုက်ပျိုး ထုတ် လုပ်နိုင်ပါ့မလားဆိုတာ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ယခုဖြစ် ပေါ်နေတဲ့ ကြက်သွန်နီဈေးနှုန်းဟာ စိုက်ပျိုးထုတ်လုပ်ကြတဲ့ တောင် သူ တွေ အနေအထားအရ စိုက်သူတော်တယ်လို့ သတ်မှတ်ရမှာပါ။ လေ့လာမှတ်တမ်းထားရသမျှတော့ ကြက်သွန် နီတစ်ပိဿာရဲ့ စိုက် ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ ၂၅၀ ကျပ် - ၂၇၅ ကျပ် တစ်ပတ် လည်မှာရှိ ပါတယ်။ သွင်းအားစု ကောင်းကောင်း ထည့်ရင် အထွက် လည်းကောင်း တတ်ပါတယ်။ သွင်းအားစု ကုန်ကျစရိတ်ကို အထွက် က ကာမိအောင်ထွက် ပါတယ်။ သွင်းအားစု ကောင်းကောင်းမထည့် သွင်းနိုင်တဲ့ တောင်သူအဖို့ သွင်းအားစုဖိုး၊ မကုန်သလိုအထွက်လည်း နည်းပါတယ်။ ဘယ်လိုပဲပြောပြော တစ်ပိဿာ ၂၅၀ ကျပ် - ၂၇၅ ကျပ် တစ်ပတ်လည် ကုန်ကျထားတော့ အခုဈေးဟာ စိုက်သူအဖို့ တော်ပါတယ်။ ရောင်းသူ ဝယ်သူကုန်သည်ပွဲစားများအနေနဲ့လည်း ရောင်းပျော်ဝယ်ပျော်ပါတယ်။ ပခုက္ကူမှာ ဖြစ်ပေါ်နေတဲ့ဈေး၊ ရန်ကုန် အမှာနဲ့ ဝယ်မယ် သင့်တော်တဲ့ ပွဲခယူမယ်။ ရန်ကုန်ဆက် ပို့မယ် လှောင်တာခိုင်ရင်လှောင်မယ်။ ကိုယ်ပိုင်ငွေနဲ့ ဝယ်လှောင်ကြရင် ရှုံးမှု မြတ်မှုဆိုတာတွေတော့ရှိပါတယ်။ ဘာပဲ ဖြစ်ဖြစ်နှစ်စဉ်ဖြစ်ပေါ်နေ တဲ့ ဈေးနဲ့ရောင်းကြဝယ်ကြတဲ့ ကုန်သည်ပွဲစားများအနေနဲ့ ရောင်း ပျော်ဝယ်ပျော်လို့ ဆိုရမှာပါ။ နောက်ဆုံးအဆင့် စားသုံးသူ လက်ထဲ ရောက်ပါတယ်။ ပခုက္ကူဈေးတစ်ပတ်လည် မှာတော့ တော်တော် သင့် သင့် ကောင်းရင် တစ်ပိဿာ ၅၀၀ ကျပ်ပါ။ စင်းနေအောင်ကောင်းတဲ့ လုံးကြီး ကြက်သွန်မှ တစ်ပိဿာ ၆၀၀ ကျပ်ပါ။ ဝေးကွာတဲ့ နေရာမှာ တော့ သယ်ယူစရိတ် လုပ်သားခဆိုတာတွေပါ ထပ်ထည့်ရင်တော့ ဈေးကြီးနိုင် ပါတယ်။ မိသားစုတစ်စု ဘယ်လောက်ပဲမိသားစုဝင် များပါစေ တစ်နေ့ကြက်သွန်နီ တစ်ပိဿာ ကုန်အောင်သုံးတဲ့ မိသားစု မရှိလောက်ဘူးလို့ သုံးသပ်ရပါတယ်။ ဟင်းအနှစ်အဖြစ် အသုံးပြုတာရယ်။အသုတ်ထဲမှာ ထည့်တာရယ်။ အချဉ်အဖြစ် အသုံး ပြုတာရယ်ပဲ အသုံးပြုတဲ့ အဓိကပင်မဟင်းရဲ့ ဇာတ်ရန် ကြက်သွန်နီ တစ်ပိဿာ ၅၀၀ ကျပ် - ၆၀၀ ကျပ် ဝယ်သုံးရတဲ့ စားသုံးသူ အဖို့လည်း သင့်တယ်လို့ သုံးသပ်ရမှာပါ။ ခြုံငုံသုံးသပ်ရရင် ယခုဖြစ်ပေါ်နေတဲ့ ကြက်သွန်နီဈေးနှုန်းအနေ နဲ့ စိုက်သူတော်လို့ ရောင်းသူ ဝယ်သူပျော်ကာ စားသုံးကြသူများ လည်း သင့်တယ်လို့ ဆိုရမှာဖြစ်ကြောင်းပါ။မြင့်ဦး - ပခုက္ကူ
မြစ်သားမြို့နယ်မှာ ၂၀၁၂-၁၃ ခုနှစ်ထွက် နနွင်းစိုက်ဧက ပေါင်း ၁၀၁၈ ဧကရှိပြီး၊ ယခုအချိန်မှာ တူးဖော် ရိတ်သိမ်း ပြီးစီးပြီဖြစ်လို့ ယခင်နှစ်က အထွက်နှုန်းအတိုင်း တစ်ဧကကို ၁၀၀၀ ပိဿာထွက်တယ်လို့ နနွင်းစိုက်တောင် သူ များထံမှ သိရှိ ရပါတယ်။ ဒီနှစ်နနွင်းဈေးကပေါ်ဦးစကနေ ဧပြီလ လကုန်ထိ ၈၀၀ ကျပ်မှ ၈၅၀ ကျပ်ဈေးငြိမ်ခဲ့ရာမှ ယခုလဆန်း ပိုင်းမှာ တစ်ပိဿာ ၁၀၀၀ ကျပ်ဈေးနဲ့ ရွာအရောက် ဆင်းဝယ်ပြီး၊ ပွဲရုံထိလာရောင်းပါက တစ်ပိဿာ ၁၀၂၅ ကျပ် ဈေးဝယ်ယူကြောင်း၊ ပွဲရုံပိုင်ရှင်များထံမှ သိရပါတယ်။
တောင်သူများအနေနဲ့ ငွေလိုသလောက်သာ ကုန်ကို တိုင်းရောင်းတဲ့အတွက် တောင်သူများလက်ဝယ်မှာ ကုန် ကျန် များများရှိနိုင်ကြောင်း၊ ကုန်သည်များက ခန့်မှန်းနေကြပါ တယ်။ သန်းနိုင် - ကျောက်ဆည်
နနွင်းကလည်း ဒီတစ်ပတ်မှာ အရောင်းပြန်သွက်လာပါတယ်။ သြင်္ကန်ပြီးစမှာ အရောင်းအဝယ်ကောင်းခဲ့ တာ ကြောင့် တောင်သူတွေကလည်း ဖော်ပြီးရောင်းလာကြပါ တယ်။ ငွေလိုတဲ့ တောင်သူတွေကလည်း ဖော် ပြီး ရောင်း၊ လှောင်လက်တွေကလည်း ထုတ်ရောင်းနေတာကြောင့် အဝင်များလာတယ်လို့ ဆိုပါတယ်။ တရုတ်၊ အိန္ဒိယ ဝယ် လက်နဲ့ ပြည်တွင်းကလှောင်လက်တွေ အပြိုင်ဝယ်ယူနေတာ ကြောင့်အရောင်းသွက်နေပါတယ်။ ဒီတစ်ပတ်မှာ ဆင်တောင် နနွင်းတန် ၁၀၀ ကို တရုတ်နဲ့ အိန္ဒိယကိုပို့ခဲ့ရပါတယ်။ အောင်ပန်းနနွင်း (နဝလီ) ပြည်တွင်းေ လှာင်လက်တွေက ဝယ်ယူနေတာကြောင့် တန် ၁၀၀ နဲ့ ပင်လောင်းနနွင်းတန် ၁၀၀ အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ ဈေးလည်း ကောင်း၊ အရောင်းအဝယ်ကလည်း သွက်နေတာကြောင့် အရောင်း တန်ချိန်ကလည်း အရင်က ထက် တက်လာ ပါတယ်။ ဒီ တစ်ပတ် အောင်ပန်းဈေးကွက်မှာ နနွင်းတစ်ပိဿာ ပေါက် ဈေး တွေကတော့ ပင်လောင်း နနွင်း ၄၅၀ ကျပ် - ၄၈၀ ကျပ်၊ ရိုးရိုးနနွင်း ၆၀၀ ကျပ်၊ ဆင်တောင်နနွင်းက ၁၁၀၀ ကျပ်ရှိတယ်လို့ ဈေးကွက်က သိရပါတယ်။ဧဧခိုင် - တောင်ကြီး