Background
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေစခန်းမှ ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်း ကျော်တန်ဖိုးရှိ မန်ကျည်းစေ့ ၂၄ တန်ကို တင်ပို့ခဲ့ပါတယ်။ မန်ကျည်းစေ့ကို ဆောက် လုပ်ရေးလုပ်ငန်းများတွင် ဘိလပ်မြေနဲ့ရောပြီး အသုံးပြုတယ်လို့ သိရပါတယ်။ ယခင်အပတ်ကတင်ပို့မှုမရှိခဲ့ဘဲ ယခုအပတ်မှပြန်လည်တင်ပို့လာတာဖြစ်ပါတယ်။MIRT (DOBT)
ချင်းအသစ်က အခုချိန်မှာ အဝင်လှိုင်နေပါတယ်။ တစ်ရက်ကို ပိဿာချိန် သောင်းချီအဝင်ရှိနေပါတယ်။ အဝင်ရှိသလောက်လည်း ပြန်ရောင်းနေရတယ်လို့ သိရပါတယ်။ ဥမတွေကတော့ ကုန်သလောက်ဖြစ်နေပါပြီ။ ချင်းထိုးသမားတွေနဲ့ နေကြာစေ့ဖိုတွေကလည်း ချင်းတက်ကို ပိုပြီးဝယ်ယူလာကြတယ်လို့လည်း သိရ ပါတယ်။ ဟိုပုံးချင်းက အဝင်မရှိသေးတာကြောင့် အောင်ပန်းချင်းကိုသာ ဝယ် လက်တွေကအဓိကထားပြီး ဝယ်ယူနေကြ တယ်လို့လည်းသိရပါတယ်။ ပင်းတယ၊ ဟဲဟိုး၊ တီကျစ်၊ ကလောစတဲ့ ဒေသတစ်ဝိုက်ကပါဝင်လာတာကြောင့် အောင်ပန်း ဈေးကွက်မှာ ချင်းကိုပြည်တွင်းသုံး၊ ဒေသသုံးအတွက် လက်လီ၊ လက်ကားရောင်း ဝယ်ဖောက်ကားတဲ့ ဈေးကွက်ကြီးဖြစ်ပါတယ်။
ပြည်ဈေးကွက် ချင်းဈေးမှာ ယခုတစ်ပတ်အတွင်း ဈေးငြိမ်နေပြီး၊ ယခင်အပတ် ကအတိုင်းတစ်ပိဿာ ကိုအနိမ့်ဆုံး ၄၅၀ ကျပ်မှအမြင့်ဆုံး ၆၀၀ ကျပ်ထိရှိပြီး၊ ပုံမှန် ရောင်းဝယ်လျက်ရှိနေပါတယ်။ ယခုအချိန်ဟာ အောင်ပန်း ချင်းများ အရင့်ဆုံးအချိန် ဖြစ်ပြီး၊ သိုလှောင်အထားခံတဲ့အတွက် ပြည်ဈေးကွက်ရှိ ချင်းရောင်းဝယ် သူများ အနေနဲ့ ပိုမို မှာယူခြင်းများကြောင့် အဝင်လည်းများလာတာတွေ့ရပါတယ်။ ယခင် က တစ်ပတ်ကို ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် အထိသာဝင်ပြီး၊ ယခုတစ်ပတ် အိတ် ၃၀၀ ထိ အဝင်ရှိလာတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်ကို မိတ္ထီလာချင်း များ ဒီဇင်ဘာလဆန်းပိုင်းမှာ ဝင်ရောက်မယ်လို့လည်း သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်
ဒီဇင်ဘာလဆန်းမှစပြီး၊ ပြည်ပဲဈေးကွက်အတွင်းမှာ ပဲကြီးဈေးနှုန်းများ ဈေးမြင့်လာခဲ့တာကို တွေ့ရပါတယ်။ ပဲကြီးသီးနှံမှာ ဈေးကွက်အတွင်း ပဲလက်ကျန် နည်းလာသလို ပဲအဝင်လည်းမရှိဘဲ ဒေသတွင်းခွဲစက်သမားများ ပုံမှန်အဝယ်ရှိတာ ကြောင့် တစ်ရက်အိတ် ၂၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ် အတွင်း ပဲကြီး(ရွှေကျွန်း)မှာ ယခင်အပတ်ကအတိုင်း ဈေးအမြင့်နဲ့ ဈေးငြိမ်နေသော် လည်း ပဲကြီး(ကမ်းနား)ကတော့ ယခုတစ်ပတ်မှာ ဈေးပိုရတဲ့အတွက် တစ်တင်း ၃၁၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီးရွှေကျွန်း ကတော့ တစ်တင်း ၃၂၀၀၀ ကျပ်နဲ့ ဈေးငြိမ်လျက်ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း-ပြည်
ပြည်ကုလားပဲဈေးမှာ ယခုတစ်ပတ်တွင် တစ်တင်း ၁၈၅၀၀ ကျပ်ဖြင့် ယခင် အပတ်အတိုင်း ဈေးငြိမ် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်း အတွင်းကုလားပဲစိုက်ဧကမှာ ၃၂၃၃၉ ဧကစိုက်ပျိုးခဲ့ပြီး ဖြစ်ပါတယ်။ ယခင်နှစ် ကုလားပဲပေါ်စမှာ တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့တဲ့အတွက် ယခုနှစ်ပေါ်စမှာ ယခင်နှစ်ကထက် ဈေးပိုရနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒေသတွင်း ခွဲစက်သမား များအနေနဲ့ တစ်ခါတစ်ရံ သာ အရောင်းအဝယ်ရှိကြောင်းသိရပြီး၊ အရောင်းအဝယ် ဖြစ်တဲ့ရက်များမှာ အိတ် ၁၀၀-၁၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သလို မျိုးပဲအနေနဲ့က တော့ တစ်ရက်အိတ်အနည်းငယ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။လွင်လွင်ဆန်း-ပြည်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်အတွင်းကန်ဒေါ်လာသုည ဒသမ ၁၈၀ သန်းဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၂၁၃ တန် နီးပါးကိုတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ထက် ၁၁၅ တန် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရ ပါတယ်။ ကန်ဒေါ်လာ သုည ဒသမ ၀၇၄ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၆၇ တန်ခွဲကို လည်းတင်ပို့ခဲ့ပါတယ်။ နှစ်ဖက်မြေပြင်ပေါက်ဈေးများကိုနှိုင်းယှဉ်ကြည့်တဲ့ အခါ တစ်ဖက်နိုင်ငံဈေးက မပြောင်းလဲဘဲ မိမိဘက်ဈေးမှာ ယခင်အပတ်ထက်ဈေး မြင့်နေတာ တွေ့ရပါတယ် -
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၆၉၄၈၅၄ ၆၉၃၄၄၆ ၁၄၀၈ ၀ .၂ ၈၃၁ ၈၃၁ - -MIRT (DOBT)
ယခု ဒီဇင်ဘာ ဒုတိယပတ်အတွင်း ပြည်ဈေးကွက်မှာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံသီးနှံများမှာ ဈေး အပြောင်း အလဲသိပ်မဖြစ်ဘဲ ပဲကြီး(ကမ်းနား)ကတော့ ဈေးဆက်မြင့် လာခဲ့တာကို တွေ့ရပါတယ်။ မတ်ပဲစိုက်ရာသီ ဖြစ်သော်လည်း ပဲမျိုးဝယ်ယူမှုနည်းခဲ့ပြီး၊ မျိုးပဲတစ်တင်းကို ၁၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့သလို လက်ကား ဈေးနှုန်းကတော့ တစ် တင်း ၁၃၅၀၀ ကျပ်နဲ့ ရန်ကုန်ဝယ်လက် နေ့စဉ်အဝယ်ရှိခဲ့တဲ့ အတွက် တစ်ရက်အိတ် ၄၀၀ - ၅၀၀ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။
မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာဒုတိယပတ် ပဲဈေးကွက်မှာ လက်ကျန်နည်းလာတဲ့ပဲဟောင်းတွေ အရောင်း အဝယ်ဖြစ်ခဲ့ သလို ပဲတီစိမ်း အကြီးအသေး ပဲသစ်တွေလည်း အရောင်း အဝယ်သွက်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ကုလားပဲ ဈေးကွက်အနေနဲ့ ကုန်သည်လက်ဝယ် ပဲလက်ကျန်လျော့ လာ ပေမဲ့ ဒေသတွင်း လုပ်ငန်းသုံးသမားတွေ ထိန်းဝယ်ခဲ့ကြလို့ ဒီရက်ပတ်မှာ ကျဈေးအသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။ V2 ကု လားပဲဟာ တစ်တင်း ၁၅၃၀၀ ကျပ်၊ ၁၅၅၀၀ ကျပ်ဈေးမှာ တန့်နေပြီး၊ တစ်ရက်အိတ် ၃၀၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ထိုင်ဝမ်ကုလားပဲတစ်တင်း ၁၇၀၀၀ ကျပ်၊ ၁၈၃၀၀ ကျပ်ကြားဈေးအေးသလို 929 ကတော့ တစ် တင်း ၁၆၈၀၀ ကျပ်၊ ၁၇၀၀၀ ကျပ်ဈေးမှာ အသီးသီးအေး နေခဲ့ပြီး အရောင်းအဝယ်အနေနဲ့ ၂ မျိုးပေါင်း တစ်ရက်အိတ် ၅၀၀ ခန့် ဖြစ်ခဲ့တယ်လို့ ကုန်သည် ရပ်ကွက်ကဆိုပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၂၁၆ သန်းဖိုးရှိ သကြားညို၂၉၃ တန်ကျော်နဲ့ သကြားဖြူ ၇၅ တန်ကို နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်ထိကာလ အတွင်းမှာတင်ပို့ခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ တန်ဆောင်တိုင်ပွဲတော်ကြီး ပြီးသွားတာကြောင့်၊ သီးနှံတွေရဲ့ ရောင်းဝယ်မှု ကလည်း ပုံမှန်ပြန်ဖြစ်နေပါပြီ။ ရှမ်းပြောင်းတွေလည်း ဈေးကွက်မှာ အတော်များလာပါပြီ။ တောင်ကြီးခရိုင်ရဲ့ မြို့နယ်တိုင်းလိုလိုက ဝင်လာ တာကြောင့် တစ်ရက်ကို တန်ချိန် ၄၀၀ မှ ၅၀၀ ခန့် အဝင်ရှိနေတယ်လို့ သိရပါ တယ်။ အစာစပ်စက်ရုံတွေဖြစ်တဲ့ CP ၊ တက်ချောင်ကုမ္ပဏီနဲ့ ရန်ကုန်၊ မန္တလေး စတဲ့မြို့တွေက တိရစ္ဆာန်အစာအတွက် ဝယ်ယူနေတာကြောင့် တစ်ရက်ကို တန် ၂၀၀-၃၀၀ ခန့်ပြန်ရောင်းနေရ တယ်လို့လည်း သိရပါတယ်။ ရှမ်းတောင်ကထွတ်တဲ့ ပြောင်းတွေက ပြည်တွင်းသုံးအတွက် သာ ဝယ်ယူမှုရှိနေပေမယ့် အရောင်းကတော့ သွက်နေပါတယ်။ ပြည်ပဝယ်လက်တွေကတော့ နယ်မြေချင်းနီးစပ်တဲ့ ရှမ်းမြောက် ကသာ ဝယ်ယူနေတယ်လို့လည်း သိရပါတယ်။ ရှမ်းတောင်မှာ ဒီတစ်ပတ်ပြောင်း ဈေးက တစ်ပိဿာ ၃၃၀ ကျပ် မှ ၃၃၅ ကျပ်ဈေး ရှိပါတယ်။ဧဧခိုင် - တောင်ကြီး
