Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ တစ်ဘက် နိုင်ငံသို့ ကန်ဒေါ်လာသုညဒသမ ၂၃၈ သန်း တန်ဖိုးရှိ သကြား ဖြူ ၈၄ တန်ကျော်နဲ့ သကြားညို တန် ၃၂၀ ကို နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကမူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်စခန်းများမှ တင် ပို့ခဲ့သော်လည်း ယခုအပတ်မှာတော့ မူဆယ်နယ်စပ်တစ်ခု တည်းကသာ တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ကြံရာသီချိန်ဖြစ်လို့ သကြားများလှိုင်လှိုင် တင်ပို့နေခြင်းဖြစ်ပါတယ်။ မြင့်မြင့်မာ
ကြံရာသီရောက်ရှိနေပြီဖြစ်လို့ မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကြံများ တင်ပို့နေပြီဖြစ်ရာ ယခုအပတ် နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ တန်ဖိုးကန်ဒေါ်လာသုညဒသမ ၀၆၂ သန်းတန်ဖိုးရှိ ကြံတန်ချိန် ၁၅၀၀ ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ကြံတန်ချိန် ၁၀၀၀ တင်ပို့ခဲ့သဖြင့် ယခုအပတ်မှာ တန်ချိန် ၅၀၀ ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ယဉ်ယဉ်အေး
နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၀၄၁ သန်းတန်ဖိုးရှိတဲ့ ရော်ဘာအဆင့်စုံ ၁၀၈၄ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၈၁၃ သန်းတန်ဖိုးရှိ ရော်ဘာ ၂၉၁ တန်ကျော်၊ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၂၀ သန်းတန်ဖိုးရှိ RSS-3 တန် ၄၀၀ ခန့်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၈၄၀ သန်းတန်ဖိုးရှိ MSR- 20 တန် ၃၀၀ ခန့်၊ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၆၈ သန်းတန်ဖိုးရှိ ရော်ဘာ ၉၂ တန်ကျော်အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ MSR- 20 ကတော့ ယခင်အပတ်ထက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့တရုတ်နိုင်ငံနယ်စပ်မြေပြင် ဈေးများကို နှိုင်းယှဉ် ကြည့်ရာမှာ ပြည်တွင်း RSS-3 ရော်ဘာဈေးရော တစ်ဖက်နိုင်ငံဈေးပါကျလျက်ရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် RSS-5 ရော်ဘာဈေးကတော့ မိမိဘက်မှာ အနည်းငယ်တက်လျက်ရှိပြီး တစ်ဖက်နိုင်ငံဈေးကတော့ အနည်းငယ်ကျနေတာကို တွေ့ရပါ တယ်-
နိုဝင်ဘာလ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၂ ဒသမ ၄၇၅ သန်းတန်ဖိုးရှိ ရော်ဘာ တန် ၉၀၀ ကို တရုတ်နိုင်ငံသို့ RSS-3 တန် ၄၀၀ နဲ့ မလေးရှားနိုင်ငံသို့ RSS-3 တန် ၅၀၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာရော်ဘာပေါက်ဈေးများမှာ ယခင်အပတ်ထက်ဈေးကျသော်လည်း မိမိတို့ရော်ဘာ FOB ဈေးနှုန်းများမှာ ပြောင်းလဲမှု မရှိကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနဲ့ တင်ပို့သူများအသင်းက ထုတ်ပြန်ထားပါတယ်။RSS-1 တစ်တန်လျှင် ဒေါ်လာ ၂၈၀၀-၂၉၀၀၊ RSS-3 နဲ့ MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၇၀၀-၂၈၀၀၊RSS-5 နဲ့ MSR-50 တစ်တန်လျှင် ဒေါ်လာ ၂၆၀၀-၂၇၀၀ နဲ့ Crepe Rubber တစ်တန်လျှင် ဒေါ်လာ ၂၅၀၀ မှ ၂၆၀၀ အသီးသီးရှိပါတယ်။ယဉ်ယဉ်အေး
နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၅ ဒသမ ၃၀၅ သန်းဖိုး၊ ပြောင်းဖူးစေ့ ၁၆၃၄၅ တန်ကျော် ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၁ ဒသမ ၀၄၅ သန်းဖိုးရှိ ပြောင်းဖူးစေ့ ၂၉၀၅ တန်နဲ့ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၉၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၅၀၀ တင်ပု့ိခဲ့ရာ နယ်စပ်စခန်း များမှ ယခုအပတ် စုစုပေါင်း ၁၉၇၅၀ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခင်အပတ် ထက် တန်ချိန် ၃၇၀၀ ခန့် ပိုမိုတင်ပို့ခဲ့ပါတယ်။ ရှမ်းမြောက် မှ ပြောင်းအဝင်များ တာကြောင့် တစ်နေ့လျှင်ပြောင်းကားစီးရေ ၁၁၀ ကျော် အဝင်ရှိနေတာ သိရပါ တယ်။ နှစ်ဖက်နယ်စပ်မြေပြင်ပြောင်းေ ဈးများကိုယခင်အပတ်နဲ့နှိုင်းယှဉ်ပါက ပိုမို လာတာတွေ့ရပါတယ်။
နိုဝင်ဘာလ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃၅၅၀၀၀ တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၂၇၃ တန်ကို ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ပါတယ်။ နိုင်ငံအလိုက်တင်ပု့ိမှုတွေကတော့ အိန္ဒိယသို့ ၅၀၄ တန်၊ စင်္ကာပူသို့ ၁၄၄ တန်နဲ့ ဖိလစ်ပိုင်နိုင်ငံသို့ ၆၂၅ တန် အသီးသီးဖြစ်ပါတယ်။ ယခုအပတ်ပြောင်း FOB ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၂၇၀ မှ ၂၈၀ ကြားဖြစ်ပါတယ်။ယဉ်ယဉ်အေး
အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ မျိုးစပ်နနွင်းတက်ဟာ ဝယ် လိုအားကောင်းနေတဲ့အတွက် ဈေးနှုန်းမြင့်တက်လာ တာကို တွေ့ရပါတယ်။ပြည်ပကို တင်ပို့တဲ့ ကုန်သည်များက ဈေးကွက် အတွင်း ဝင်ရောက်လာတဲ့ နနွင်းတက်မှန် သမျှကို ဝယ်ယူခဲ့ကြ ကြောင်းသိရတယ်။ အခြားနနွင်းတက် အမျိုးအစားများမှာ ဝယ်လိုအားတိုးတက်လျက် ရှိပေမယ့် ဈေးနှုန်း တည်ငြိမ်နေ တယ်လို့ နနွင်းတက် ကုန်သည်များအသင်း ဥက္ကဋ္ဌ R.K.V Ravishankar ကပြောကြားတယ်။
အိန္ဒိယနိုင်ငံရဲ့ နနွင်းအဓိကစိုက်ပျိုးတဲ့ အင်ဒရာပရာ ဒေ့ရှ်၊ တမီလ်နာဒူး၊ မဟာရပ်ရှတရာနဲ့ ကာနာတာကာ တို့မှ တောင်သူများက ၎င်းတို့ရဲ့ အနိမ့်ဆုံးရောင်းချဈေးကို စုပေါင်း သတ်မှတ်တဲ့အတွက် လာမယ့်ရက်တွေ မှာနနွင်းဈေးမြင့်တက် နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာရှိတဲ့ နနွင်းတောင်သူများ ဟာ နိုဝင်ဘာလ ၁၀ ရက်မှာ အခြားပြည် နယ် ၃ ခုမှ တောင်သူများနဲ့ ပေါင်းစပ်ပြီး၊ လက်ရှိဈေးကွက် ပေါက်ဈေး တစ်တန် ရူပီး ၅၀၀၀၀ မှ ၆၀၀၀၀ ကြား (ကန် ဒေါ်လာ ၉၀၉ မှ ၁၀၉၁ ကြား)ရှိပေမယ့် အနိမ့်ဆုံးရောင်း ဈေးကို ရူပီး ၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၈၁၈) သတ်မှတ်ခဲ့ တယ်လို့ သိရပါတယ်။
နနွင်းအသစ်တွေကတော့ နောက်နှစ်ဆန်းပိုင်းမှသာ ဝင်လာတော့မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ နနွင်း လက်ကျန်တွေကလည်း တော်တော်များများကျန်နေပါသေးတယ်။ လွန်ခဲ့တဲ့ သုံး၊ လေးနှစ်က နနွင်းဈေးကောင်း ချိန်မှာ နနွင်းတွေကို အကောင်း၊ အညံ့ရောနှောပြီး၊ ရောင်းကြတာကြောင့် နနွင်းဈေးကွက်က ပျက်သွားတယ်လို့ ဆိုပါတယ်။ အရည် အသွေးမမီတဲ့ နနွင်းတွေကိုရောပြီး ရောင်းကြတာကြောင့် နောက်ပိုင်းမှာ နနွင်းဈေးကကျပြီးရင်း ကျလာတယ်လို့ သိရပါတယ်။ ရှမ်းတောင်ကထွက်တဲ့ နနွင်းတွေမှာ ဆင်တောင်နနွင်းပြီးရင် ဟိုပုံးနနွင်းက အရည်အသွေး ကောင်းတာကြောင့် တခြားနနွင်း တွေထက်ဈေးပိုရပါတယ်။ ယခုလောလောဆယ်မှာတော့ ဟိုပုံးနနွင်း ကို တစ်ပိဿာ ၈၅၀ ကျပ် ဈေးခေါ်ခဲ့ပေမယ့် ဝယ်လက် တွေကတော့ ၈၀၀ ကျပ် ပတ်ချာလည်လောက်သာပေးချင်နေပါတယ်။အရောအနှောနနွင်းမဟုတ်ဘဲနနွင်းအစစ်ဖြစ်တာကြောင့် ရောင်းသူကလည်း ဈေးမလျော့နိုင်လို့ အရောင်းအဝယ်ကလည်း အေးနေတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ နနွင်းမှုန့်ကြိတ်ဖို့အတွက် ဝယ်ယူမှုရှိနေတာကြောင့် အရောင်းအဝယ်ကလည်း ခပ်အေးအေးသာရှိနေပြီး၊ ဒီတစ်ပတ်နနွင်းပေါက် ဈေးက ပင်လောင်းနနွင်းဆိုရင် ၄၅၀ ကျပ်၊ နနွင်း(ရိုးရိုး)က ၉၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင် - တောင်ကြီး
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာသုညဒသမ ၀၂၉ သန်းတန်ဖိုးရှိ နနွင်းတက် ၁၈ တန်ကျော်၊ မြဝတီနယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၂၀ သန်းတန်ဖိုးရှိ နနွင်းတက် ၁၁ တန်ခွဲကို နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မြဝတီမှတင်ပို့မှု မရှိခဲ့ဘဲ ယခုအပတ်မှာတော့ နယ်စပ်များမှ နနွင်းတက် ၁၆ တန်ကျော် ပိုမိုတင်ပို့ခဲ့တာတွေ့ရပါတယ်။ မော်မော်အောင်
