Main menu

Background

Sunday, 14 Oct 2012

မြန်မာ-တရုတ်နဲ့ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်နဲ့မြဝတီနယ်စပ်တို့မှ ကန်ဒေါ်လာ ၀ ဒသမ ၁၃၉ သန်းတန်ဖိုးရှိ  နနွင်းတက် ၈၈ တန်ဝန်းကျင်ကို အောက်တိုဘာ ၃ ရက်မှ ၉ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် တန် ၁၃၀ ခန့်အပို့လျော့ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)

Sunday, 14 Oct 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေမှ ကန်ဒေါ်လာသုညဒသမ ၀၀၁ သန်း တန်ဖိုးရှိ အုံတုံခေါက် ၅ တန်ကို အောက်တိုဘာလ ၃ ရက်မှ ၉ ရက်အတွင်းမှာ အပို့ရှိတယ်လို့စစ်တွေနယ်စပ်မှ သတင်းရရှိပါတယ်။ ယခုအပတ်မှာ မြဝတီ နယ်စပ် မှလည်းကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ ကံ့ကော်ပွင့်ခြောက် တစ်တန် ကျော်လည်းအပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှလည်း ကန်ဒေါ်လာ ၁ ဒသမ ၆၀၇၇ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၈၉၈ တန်ကျော်အပို့ရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ်တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ ဝဥခြောက်၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ သီဟိုဠ်စေ့ (အခွံမပါ)၊ နနွင်းတက်၊ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ဆီးသီးခြောက်၊ ကွမ်းသီးခွံ၊ တောဂျူးမြစ်၊ ကွမ်းစားဂမုန်း၊ ရွေးရွက်၊ စကားပန်း ပွင့်ခြောက်၊ ကြောင်ပန်းစေ့၊ ဆေးမြင်းခွာ၊ ခပေါင်းစေ့၊ ဒရင်ကောက်မြစ်၊ တောင်လုံး ကျော်၊ တောချင်း၊ ဆီးဆံ၊ ကြက်ဆူစေ့နဲ့ ရှိန်းခိုတို့ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ဝဥခြောက်၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ နေလဲစေ့၊ ကွမ်းစားဂမုန်း၊ ရွေးရွက်၊ ကြောင် ပန်းစေ့၊ ဒရင်ကောက်မြစ်နဲ့ တောဂျင်းတို့အပို့ပိုခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ ပရဆေးတင်ပို့မှုဟာ ယခင်အပတ် တင်ပို့မှုထက် တန်ချိန်အားဖြင့် ၃၅၃ တန်ကျော် လျော့နည်းခဲ့သော်လည်း တန်ဖိုးအားဖြင့် ကန်ဒေါ်လာသုညဒသမ ၀၁၇၇ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ တမူးနယ်စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းတန်ဖိုးရှိ မင်သော် သုည ဒသမ ၅ တန်နဲ့ ဟင်းရိုင်းဖြူသုညဒသမ ၁၈ တန်အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် ကန်ဒေါ်လာသုညဒသမ ၀၀၆ သန်းဖိုး အသွင်းပိုမိုခဲ့ပါတယ်။                          MIRT(DOBT)

Sunday, 14 Oct 2012

ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်း (ဥမ) က ဈေနည်းနည်းတက်လာပါ တယ်။ အဝင်ကလည်း များတယ်ဆိုရပါ မယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၂ သောင်းခန့် ဝင်နေပြီး၊ အသစ်တွေ အဝင်မများခင်မှာ ထုတ်ရောင်းနေတာကြောင့် ဈေးကွက်အဝင်များနေတာဖြစ်ပါတယ်။ အသစ်တွေကတော့ အပင်သေ၊ အပင်ဝါ တွေကို ဖော်တဲ့ချင်းတွေသာ အဝင်ရှိတာကြောင့် ၅ ရက်တစ်ဈေးကို ပိဿာချိန် ၂၀၀၀၊ ၃၀၀၀ ခန့်သာ အဝင်ရှိနေ ပါတယ်။ ဥမကိုတော့ မန္တလေး၊ မုံရွာ၊ ပြည်၊ မကွေး၊ နေပြည်တော်က ဈေးပတ်သမားတွေ ဝယ်ယူနေတာကြောင့် အရောင်း လည်းသွက်နေတယ်လို့သိရပါတယ်။ ဥမကတစ်ပိဿာ ၁၅၀ ကျပ်၊ ၂၀၀ ကျပ်နဲ့ ချင်းသစ်က တစ်ပိဿာ ၁၂၀ ကျပ်၊ ၁၅၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ တစ် ပိဿာ ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးအနီးတစ်ဝိုက်ရှိ ရွာတွေမှလည်း ချင်းနုသစ်တွေ ဈေးကွက်ကို ဝင်လာပါတယ်။ ချင်းမွှေး (ချင်းသေး) လို့ခေါ်တဲ့ချင်းတွေကို ပိဿာချိန်နဲ့ ရောင်းတာ မဟုတ်ဘဲ၊ အပင်ပါအစည်းတွေနဲ့ရောင်းကြပါတယ်။ စားသောက် ဆိုင်ကြီး တွေနဲ့ မီးဖိုချောင်သုံး ဟင်းခတ်အမွှေးအကြိုင်အဖြစ် စားသုံးဖို့အတွက် လက်လီဝယ်ယူမှု ရှိပါတယ်။ လက်လီ ဈေးသာရှိပြီး တစ်စည်းကို ၁၅၀ ကျပ်၊ ၂၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင်-တောင်ကြီး

Sunday, 14 Oct 2012

ပြည်ဈေးကွက်ကို ချင်းဝင်ရောက်မှုအနေနဲ့ လက်ကျန်ချင်း(ဥမ)များသာ ဆက် လက်အဝင်ရှိနေ ပါတယ်။ အောင်ပန်းနဲ့တောင်ကြီးဈေးကွက် ချင်းအသစ်မှာ အစိုဓာတ်များနေတဲ့အတွက် ချင်း(ဥမ)များသာ ပုံမှန်စီးဝင်နေလျက် ယခုတစ်ပတ်မှာ ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့် ဝင်ရောက်မှုရှိနေပါတယ်။ အရောင်းအဝယ် အားဖြင့် ယခုဝါတွင်းကာလ ကင်းလွတ်သီတင်းကျွတ်ကို ရောက်တော့မှာဖြစ်တဲ့အတွက် ချင်းဓားလှီးသမားများမှ အဝယ်လိုက်နေပြီး၊ ဂျွန်အမျိုးအစားချင်းများပိဿာချိန် ၂၀၀၀ ခန့်နဲ့ အရောင်းသွက်လျက် ရှိနေတယ်လို့ သိရပါတယ်။ လက်လီ၊ လက်ကား ရောင်းဝယ်သူများ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်ကို ပိဿာချိန် ၃၀၀၀ ခန့် တင်ပို့မှုအပါအဝင် ဈေးနှုန်းအားဖြင့် တစ်ပိဿာ ဂျွန် ၃၅၀ ကျပ်၊ (ရှယ်) ၅၀၀ ကျပ်တို့နဲ့ ဈေးငြိမ်နေလျက် ပုံမှန်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်

Sunday, 14 Oct 2012

ပြည်ပဲဈေးကွက်ကို နေ့စဉ် မတ်ပဲဝင်ရောက်မှု နည်းနေပြီး၊ ပဲဈေးမှာလည်း အေးနေပါတယ်။ ယခင်တစ်ပတ်က ပဲတစ်တင်းကို ၁၄၆၀၀ ကျပ်ဈေးရှိပြီး၊ ယခု တစ်ပတ်မှာတော့ ၁၅၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ကာ မတ်ပဲလက်ကျန် လည်း ပြတ်သလောက်ရှိနေပြီး၊ လက်ကျန်ရှိတဲ့ ပဲကုန်သည်များကလည်း ပဲဈေး လျော့နေ တာကြောင့် ထုတ်ရောင်းသူနည်းနေပါတယ်။ ရန်ကုန်ဝယ်လက် ကလည်း ရောင်းသလောက် အဝယ်ရှိနေပြီး၊ ပဲခူးတိုင်း ဒေသကြီး(အနောက်)မှ ရန်ကုန်ဘုရင့် နောင်ကို တစ်နေ့ကို အိတ် ၁၁၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။မိမိအေး-ပြည်

Sunday, 14 Oct 2012

ယခုတစ်ပတ် ပြည်ပဲဈေးကွက်မှာ ပဲတီစိမ်းသီးနှံများမှာ ပဲအဝင်မရှိတော့ဘဲ ပွဲရုံတိုင်းမှာလည်း လက်ကျန်အသင့်အတင့်သာရှိခဲ့တာကို တွေ့ရပါတယ်။ လိုင်း သမားများ အဝယ်မရှိတော့သလောက်ဖြစ်ခဲ့ပြီး၊ စက်တင်ဘာလအတွင်းမှာ မျိုးပဲဝယ် ယူသူများရှိခဲ့ပါတယ်။ မျိုးပဲဈေးမှာ တစ်တင်း ၁၆၅၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ကြတာကို တွေ့ရပါတယ်။ ယခင်နှစ်က မျိုးပဲဈေးနှုန်းမှာ တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ ရောင်းဝယ်ခဲ့ကြတဲ့အတွက် ယခုနှစ်မျိုးဈေး နဲ့ သိပ်ကွာခြားမှုမရှိဘဲ အရောင်း အဝယ်ဖြစ်ခဲ့သလို လက်လီသမားများကတော့ တစ်တင်း ၁၆၀၀၀ ကျပ်သာ ဈေးပေး အဝယ်ရှိပြီး၊ တစ်ရက်အိတ် ၅၀ ခန့်သာ အရောင်းအဝယ်အေးလျက်ရှိတယ်လို့ ပွဲရုံရပ်ကွက်က သိရပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်ရှိတဲ့ရက်တွင် အိတ် ၂၀၀ ကျော်ရောင်းချနိုင်တယ်လို့ သိရပါတယ်။                  ခင်ဆွေဝင်း-ပြည်

Sunday, 14 Oct 2012

ပြည်ပဲဈေးကွက်အတွင်း ပဲကြီးသီးနှံဈေးကတော့ ဈေးအမြင့်အတိုင်း ဆက်ပြီး အရောင်းအဝယ်ဖြစ်နေကြတာ ကိုတွေ့ရပါတယ်။ ပဲကြီး(ရွှေကျွန်း)တစ်တင်း ၃၀၀၀၀ ကျပ်၊ ပဲကြီး (ကမ်းနား) တစ်တင်း ၂၆၇၀၀ ကျပ်နဲ့ ဒေသတွင်း ပဲလှော်ဖိုလုပ်ငန်းများ နေ့စဉ် အဝယ်ရှိတာကြောင့် တစ်ရက်အိတ် ၁၅၀ ကျော် ရောင်းဝယ်မှုရှိခဲ့သလို ရန်ကုန်ဝယ်လက်အဝယ်ရှိလာပါက အိတ် ၃၀၀ ကျော်အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ပဲကြီးဈေးနှုန်းမှာ ယခင်နှစ် ဈေးနဲ့ယှဉ်ရင် သိသိသာသာ ဈေးအမြင့်ရ နေခဲ့တဲ့အတွက် ပဲကြီး စိုက်တောင်သူများ ယခင်နှစ်ကထက် အကျိုးအမြတ်ရခဲ့ တယ်လို့ သိရပါတယ်။ ယခင်နှစ်က ပဲကြီးဈေးနှုန်းများမှာ ပဲကြီး(ရွှေကျွန်း)တစ်တင်း ၁၈၀၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၁၆၀၀၀ ကျပ်သာရရှိခဲ့ကြပါတယ်။ခင်ဆွေဝင်း -  ပြည်

Sunday, 14 Oct 2012

အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၁၄၇ တန်ကျော်ကို မြဝတီနယ်စပ်မှ အပို့ရှိ ခဲ့တယ်လို့သိရပါတယ်။ စက်တင်ဘာတစ်လလုံး နယ်စပ်မှ ပဲလွန်းဖြူအပို့နားနေပြီး ယခုအောက်တိုဘာလဆန်းပိုင်းမှာ မြဝတီနယ်စပ်မှ ပြန်လည်တင်ပို့မှုရှိတာဖြစ်ပါ တယ်။                    MIRT(DOBT)

Sunday, 14 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၈ သန်း တန်ဖိုးရှိ မတ်ပဲ ၂၇ တန်ကျော်နဲ့ ကန်ဒေါ်လာသုညဒသမ ၀၀၂ သန်းတန်ဖိုးရှိ မတ်ပဲ ၄ တန်ကို အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိကာလ အတွင်းမှာအပို့ရှိခဲ့ရာ ယခုအပတ် နယ်စပ်မှ မတ်ပဲ ၃၁တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တမူးနယ်စပ်မှ ၆ တန်ခွဲအပို့ရှိခဲ့တာဖြစ်လို့ ယခုအပတ်မှာ ၅ ဆခန့် အပို့ပိုခဲ့ပါတယ်။ MIRT(DOBT)

Sunday, 14 Oct 2012

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ ၃ ရက်မှ ၉ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၁၀၅ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၂၅ တန်နဲ့ ကန်ဒေါ်လာသုညဒသမ ၀၈၄ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၈၀ ဒသမ ၃၅၀ တန်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲတီစိမ်းလုံးပြည့် ၂၈၂ တန်နဲ့ ပဲတီစိမ်းလုံးခြမ်း ၁၂၃ တန်အပို့လျော့ခဲ့တယ်လို့သိရပါတယ်။ ကုန်စည်ဒိုင်ဈေးနှုန်း ကြော်ငြာလွှာအရ မိမိဖက် မြေပြင်ဈေးသာ အနည်းငယ်ကျပြီး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု မရှိတာတွေ့ရပါတယ် -

Pages