Background
ပြည်တွင်းဈေးကွက်များမှ ပဲမျိူးစုံဈေးနှုန်းအပြောင်းအလဲ
၅-၁၀-၂၀၁၂ ကျပ်/ပိဿာ
စဉ်
ပဲအမျိူးအမည်
ရန်ကုန်
မန္တလေး
မုံရွာ
မကွေး
28/9
5/10
ပြောင်းလဲမှု
28/9
5/10
ပြောင်းလဲမှု
28/9
5/10
ပြောင်းလဲမှု
28/9
5/10
ပြောင်းလဲမှု
1
မတ်ပဲ
800
810
667
667
695
675
750
-
2
ပဲစင်းငုံ
963
967
900
917
920
910
910
915
3
ပဲတီစိမ်း
1030
1030
711
676
-
895
842
842
4
ကုလားပဲရိုးရိုး
1300
1300
942
996
947
947
974
1063
5
ပဲလွန်းဖြူ
950
950
833
833
-
-
-
-
6
ထောပတ်ပဲ
780
800
978
889
737
737
-
-
* မှတ်ချက်။ ဖော်ပြပါဈေးနှုန်းများမှာ အနိမ့်ဈေးများသာ ဖြစ်ပါသည်။
ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ
၅-၁၀-၂၀၁၂ ဒေါ်လာ/တန်
စဉ်
ပဲအမျိူးအမည်
တောင်အမေရိက
ဥရုဂွေး
အာဂျင်တီးနား
27/9
4/10
ပြောင်းလဲမှု
27/9
4/10
ပြောင်းလဲမှု
27/9
4/10
ပြောင်းလဲမှု
1
မတ်ပဲ
605
605
629
645
737
736
2
ပဲစင်းငုံ
710
710
746
774
761
789
3
ပဲတီရွှေဝါ
860
840
845
982
901
1001
4
ကုလားပဲဖြူလုံးကြီး
780
760
864
871
840
856
*မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။
အိန္ဒိယဒေလီဈေးကွက် ပဲတီရွှေဝါဈေးမှာ ချန်နိုင်းဈေးကွက်ပေါက်ဈေးဖြစ်ပါသည်။
အောက်တိုဘာလဆန်း ရော်ဘာဈေးနှုန်းများ စက်တင် ဘာလနှောင်းပိုင်း ရော်ဘာဈေးကွက်ထက် ပိုမိုမြင့် မားလာ တယ်။ စက်တင်ဘာလ ၂၄ ရက်နေ့က တစ်တန်ကို ၃၁၃၆ ဒေါ်လာသာရှိခဲ့တဲ့ ထိုင်းရော်ဘာ RSS-5 (မှိုင်းခံရော်ဘာ အဆင့်-၅) က အောက်တိုဘာလ ၁ ရက်နေ့မှာ တစ်တန်ကို ၃၂၃၃ ဒေါ်လာအထိ ၉၇ ဒေါ်လာ ဈေးမြင့်မားလာတယ်။ မလေးရှားရော်ဘာ SMR-20 (Standard Malaysia Rubber) ကလည်း တစ်ပတ်အတွင်း ၅၈ ဒေါ်လာဈေးမြင့် လာတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်တို့မှ ကန်ဒေါ်လာ ၁ ဒသမ ၂၀၆ သန်းတန်ဖိုးရှိ ရော်ဘာ ၄၄၁ တန်ကျော်ကို စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂ ရက်ထိကာလ အတွင်းမှာ တင်ပို့ထားပြီး ဖြစ်ပါတယ်။ နယ်စပ်အလိုက် ရော်ဘာတင်ပို့မှုတွေကတော့ မူဆယ်မှ ၂၉၁ တန်ကျော်၊ မြိတ်မှ တန် ၁၅၀ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းမှာ နယ်စပ်မှ ရော်ဘာ ၁၁၉၅ တန်ခန့်နဲ့ ဧပြီလ မှစက်တင်ဘာလကာလအတွင်းမှာ ၁၄၉၄၇ တန်နီးပါးတင်ပို့ထားပြီးဖြစ်ပါတယ်။
စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တရုတ်နိုင်ငံသို့ Light House Manufacturing Co.Ltd မှ ကန်ဒေါ်လာ သုည ဒသမ ၄၈၅ သန်းတန်ဖိုးရှိ MSR-20 တန် ၁၉၄ တန်ကျော်ကို အပို့ရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၂ ဒသမ ၅၄၆ သန်းတန်ဖိုးရှိ ရော်ဘာ MSR-20 ၁၀၁၇ တန်ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ အောက်တိုဘာ လဆန်းပိုင်းမှာ နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာ အနည်းငယ်မြင့်တက်မှုသာရှိတဲ့အတွက် FOB ဈေးများကို ယခင်အပတ်အတိုင်းသာ ရော်ဘာအသင်းမှထောက်ခံပေးနေ တယ်လို့ သိရပါတယ်။ နိုင်ငံတကာဈေးကွက်မှာ RSS-3 ၁ တန်ကို စက်တင်ဘာ ၁၈ မှာ ၃၂၁၅ ဒေါ်လာနဲ့ စက်တင်ဘာ ၂၄ မှာ ၃၁၁၀ ဒေါ်လာ ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဧပြီလမှ စက်တင်ဘာလကုန်ထိ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကန်ဒေါ်လာ ၃၈ သန်းနီးပါးတန်ဖိုးရှိ ရော်ဘာဆင့်စုံ တန်ချိန် ၁၁၉၅၀ ခန့်ကို တင်ပို့ထားပြီးဖြစ်ပါတယ်။ ဘဏ္ဍာနှစ် ပထမ ၆ လ တာကာလမှာ မလေးရှားနိုင်ငံသို့ RSS-3 ၁၂၈၄ တန်ကျော်၊ RSS-5 တန် ၂၀၀ ခန့်၊ MSR-20 ၆၀၅ တန်ခန့်နဲ့ MSR-50 တန် ၂၄၀၊ တရုတ်နိုင်ငံသို့ RSS-3 ၃၉၆၆ တန်ကျော်၊ MSR-20 ၁၈၆၉ တန်ကျော်နဲ့ MSR-50 တန် ၂၀၀ ကျော်၊ စင်္ကာပူသို့ RSS-3 ၁၆၅ တန်နဲ့ MSR-20 ၅၄၇ တန်ခန့်၊ ဗီယက်နမ်နိုင်ငံသို့ RSS-3 တန် ၁၆၀၊MSR-20 တန် ၄၀၀ ကျော်၊ ဖိလစ်ပိုင်သို့ MSR-50 ၅၅ တန်ကျော်၊ ကိုရီးယားသို့ MSR-20 ၂၁၅၇ တန်၊ ပါကစ္စတန်သို့ MSR-50 တန် ၄၀ ခန့်နဲ့ မက္ကဆီကိုနိုင်ငံသို့ RSS-3 တန် ၆၀ အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ CMK
သီတင်းတစ်ပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်နေ့တာကာလအတွင်း မန်ကျည်းတန် ၅၀ ကို ပင်လယ် ရေကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံကို တင်ပို့ခဲ့ ပါတယ်။ ယခင် သီတင်းပတ်က အပို့ပျောက်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ FOB ဈေးက တစ်တန် ကို ကန်ဒေါ်လာ ၃၅၀ ဝန်းကျင်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီတစ်ပတ်လုံး နနွင်းက အရောင်းအဝယ်အေးနေပါတယ်။ အရောင်းလည်းပါးပြီး အဝင်ကလည်း ပါးပါတယ်။ ဈေးကွက် မှာလည်း အမှာရှိမှသာ ဝယ်၊ ရောင်းလုပ်ကြတာကြောင့် လက်လီလောက်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ နနွင်းခေါင်းကိုတော့ တရုတ်ဝယ်လက်တွေက ပရဆေးဖော်ဖို့အတွက် ဝယ်ယူနေတာကြောင့် လက်ကျန်တောင် နည်းနည်းသာ ကျန်တော့တယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ နနွင်းပေါက်ဈေးက ပင်လောင်းနနွင်းတစ်ပိဿာ ၅၅၀ ကျပ်၊ ဟိုပုံး(နဝလီ)က ၈၅၀ ကျပ် - ၉၀၀ ကျပ်၊ ဆင်တောင်နနွင်းက ၁၂၀၀ ကျပ် - ၁၃၀၀ ကျပ်ဈေးရှိပါတယ်။ နနွင်းခေါင်းကတော့ တစ်ပိဿာ ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ဈေး ပေါက်ပါတယ်။ ဟိုပုံးမှာတော့ နနွင်းကို လက်လီသာ အဝယ်ရှိနေပြီး၊ ကားပေါ်၊ လှည်းပေါ် ပေါက်ဈေးက တစ်ပိဿာ ၇၅၀ ကျပ်ဈေးနဲ့ ဈေးဖြတ်ပြီး ဝယ်ယူနေတယ်လို့ သိရပါတယ်။ ဧဧခိုင်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှ နနွင်းတက်တန် ၁၂၀ အပို့ရှိခဲ့ရာ ယခင်အပတ်ထက် ၁၁၅ တန်အပို့ပိုခဲ့ပါတယ်။ မူဆယ်နယ်စပ်ကတော့ ၉၈ တန်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက်၃၈ တန်အပို့လျော့ ခဲ့ပါတယ်။ စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာ ၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၇၆ သန်းတန်ဖိုးရှိ နနွင်းတက် ၂၁၈ တန်အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် ၇၇ တန်အပို့ပိုခဲ့ပါတယ်။ စက်တင်ဘာလအတွင်းနယ်စပ်မှ နနွင်းတက် ၉၀၈ တန်ကျော်နဲ့ ဧပြီလမှ စက်တင်ဘာလထိ ၇၁၉၅ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ နနွင်းတက်ကို ပရဆေးကုန်ကြမ်းနဲ့ ဟင်းခတ်အမွှေးအကြိုင် အဖြစ်အသုံးပြုကြတာဖြစ်ပါတယ်။ MIRT(DOBT)
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှစက်တင်ဘာလနောက်ဆုံးပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်နေ့တာကာလအတွင်း နနွင်း ၁၅၁ ဒသမ ၀၃ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ပါကစ္စတန်နိုင်ငံကို တန် ၃၀၊ စင်ကာပူနိုင်ငံကို တန် ၄၀ နဲ့ မာလီနိုင်ငံကို ၈၁ ဒသမ ၀၃ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုက တန်ရှစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန်ခုနှစ်ဆယ်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ FOB ဈေးက တစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ၅၇၀ ဝန်းကျင်ရရှိခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် စက်တင်ဘာလအတွင်း နနွင်းတင်ပို့မှု စုစု ပေါင်းမှာ တန်ချိန် ငါးရာ့ခြောက်ဆယ် ကျော်ရှိခဲ့ပြီး သြဂုတ်လ နနွင်းတင်ပို့မှုက တန်ချိန် နှစ်ရာ့ခြောက်ဆယ်ကျော်သာရှိခဲ့တာကြောင့် စက်တင်ဘာလမှာ နနွင်း တင်ပို့မှုက တန်ချိန် သုံးရာကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ MIRT (DOT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ စက်တင်ဘာလ ၂၆ ရက်မှ အောက်တို ဘာလ ၂ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၅၉၀ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၂၅၂ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှု ထက် နှစ်ဆနီးပါး၊ တန်ချိန်အားဖြင့် တန် ၆၀၀ နီးပါးအပို့ပိုခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ် လျှင် ယခင်အပတ်ကအပို့မရှိခဲ့တဲ့ သီဟိုဠ်စေ့ (အခွံမပါ)၊ ဆီးသီးခြောက်၊ မာလာဥ ခေါင်း၊ ဂုံညှင်းလုံးနဲ့ တောင်လုံးကျော် ယခုအပတ်မှာအပို့ရှိခဲ့ပါတယ်။ ဝဥခြောက်၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ တောဂျူးမြစ်၊ ကြောင်ပန်းေ စ့၊ ကြောင်လျာစေ့နဲ့ ဆေးမြင်းခွာတို့အပို့ပိုခဲ့ပါတယ်။ နနွင်းတက်၊ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကွမ်းစားဂမုန်း၊ စကားပန်းပွင့်ခြောက်၊ ခပေါင်းစေ့၊ ဒရင်ကောက်မြစ်နဲ့ တောချင်းတို့ အပို့လျော့ခဲ့ပါတယ်။ တမူး နယ်စပ်ကတော့ ယခုအပတ်မှာကန်ဒေါ်လာ သုည ဒသမ ၀၀၀၂ သန်းတန်ဖိုးရှိတဲ့ တောင်လုံးကျော်တစ်တန်သာ အသွင်းရှိခဲ့ရာ ယခင် အပတ်တင်သွင်းတဲ့ ပရဆေးကုန်ကြမ်းတန်ဖိုးထက် ကန်ဒေါ်လာသုညဒသမ ၀၂၈ သန်း လျော့နည်းခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ မူဆယ်နယ်စပ်မှ ပရဆေး ကုန်ကြမ်း ၄၉၈၄ တန်နဲ့ ဧပြီမှ စက်တင်ဘာလအထိ ၄၁၈၃၀ တန်ကျော် တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်။ MIRT(DOBT)
