Background
နိုဝင်ဘာလ ၂ဝရက်မှာကုန်ဆုံးတဲ့သီတင်းပတ်အတွင်း အိန္ဒိယ နိုင်ငံရဲ့ စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုဟာ ယခင်တစ်ပတ်ကရှိတဲ့ ၁ဝ ဒသမ ၁၅ ရာခိုင်နှုန်းထက် လျော့ကျပြီး ၈ ဒသမ ၆ဝ ရာခိုင်နှုန်း ရှိလာတယ်လို့ သိရပါတယ်။ မိုးရာသီ သီးနံှများအတွက် မြင့်တက်ခြင်း နဲ့ ဝင်ရောက်မှုတိုးတက်လာတာကြောင့် ဈေးကျဆင်းခဲ့ပါတယ်။ ပဲ မိုျးစုံဈေးနှုန်းဟာ ၁ဝ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။မတ်ပဲဈေး ဆက်လက်ဆင်းလာ အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ ပဲခွဲစက်များက ဝယ်ယူ မှုမရှိတဲ့အပြင် ဝင်ရောက်လာတဲ့ ပဲအသစ်များမှာ အရည်အသွေး နိမ့်ကျတာကြောင့် မတ်ပဲဈေးက ယခုတစ်ပတ်မှာလည်း ဆက်လက် ဆင်းလာခဲ့ပါတယ်။ အတ္တရာပရာဒေ့ရှ်က ပဲအသစ်များ ဒီဇင်ဘာလ လယ်မှာ ဈေးကွက်တွေကို ဝင်ရောက်တော့မယ့် အလားအလာရှိတဲ့ အပြင် ဥတ္တရာပရာဒေ့ရှ်၊ မဒ္ဒရာပရာဒေ့ရှ်၊ ဂူဂျာရက်နဲ့ ကာနာတာကာတို့မှ ပဲအသစ်တွေ ဝင်ရောက်လာတာကြောင့် ဈေးနှုန်းပိုမိုကျ ဆင်းလာတာဖြစ်ပါတယ်။ ဒါပေမဲ့ အရည်အသွေးကောင်း မတ်ပဲ များကို ပြည်ပက တင်သွင်းနေရခြင်းကတော့ ဈေးနှုန်းကျဆင်းမှုကို ကန့်သတ်စေနိုင်ပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြ ထားပါတယ်ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၂၇ .၁၁ .၁ဝ ၂၉ .၁၁ .၁ဝ ၃ဝ .၁၁ .၁ဝ ၁ .၁၂ .၁ဝမွန်ဘိုင်း ၉၁၃ ၉၁၉ ၉ဝ၂ ၈၉၇ဒေလီ ၉၁၃ ၉၁၁ ၉ဝ၇-၉၁၉ ၉ဝ၈ချန်နိုင်း ၉၆၂-၁၂ဝ၃ ၉၅ဝ-၁၂ဝ၁ ၉၅၂-၁၂ဝ၄ ၉၄၁-၁၁၉၃
ပြည်တွင်းနို့ဆီလက်ကားဈေး ကျပ်/ တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၄ဝ ၆၅၅ဒွန်း( နို့စိမ်း) ၆၁ဝ ၆၂၅မာရီဂိုး(နို့ဆီ) ၅၈ဝ ၅၉၅လပ်ကီးကောင်း( နို့စိမ်း) ၅၃ဝ ၅၄၅ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း( နို့ဆီ ) ၆၇ဝ ၇၁၅ ဒွန်း( နို့စိမ်း) ၆၅ဝ ၆၇၅ ၤFalcon နို့ဆီ ၆ဝဝ ၆၁၅ ံHappy Cow ၅၉ဝ ၆ဝဝ မာရီဂိုးနို့ဆီ ၆၃ဝ ၆၄၅ အိုကေနို့ဆီ ၆၇ဝ ၆၈၅ MIRT (DOT)
နို့ဆီ ရေကြောင်းအဝင်ကောင်း နိုဝင်ဘာလ ၂၂ရက်မှ ၂၉ ရက်နေ့ တာကာလအတွင်း နို့ဆီတန်ချိန် ၃၂၅ ဒသမ ၁၅၇ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၂၇၂၂၅၃ ဒသမ ၅၅၆ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံ ကတော့ ဖောက်သည်စင်ကာပူနိုင်ငံပဲ ဖြစ်ပါတယ်။ ယခုသီတင်းပတ်မှာ နို့ဆီပဲ အဝင်ရှိပြီး နို့စိမ်းအဝင် မရှိခဲ့ပါဘူး။ နို့စိမ်းကတော့ နှစ်ပတ်ဆက်တိုက်အဝင် ပျောက်နေဆဲဖြစ်ပါတယ်။ နို့မှုန့်အနေနဲ့ကတော့ နယူးဇီလန် နိုင်ငံမှDUMEX နို့မှုန့်နဲ့ အခြား တံဆိပ် နို့မှုန့်တန်ချိန် ၆၆ ဒသမ ၂၇ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၂၄၄၃၈ ဒသမ ၇၈ ဖိုးတင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)ယခုအပတ်မှာပြန်လည်တင်သွင်းမှု ရှိလာ နိုဝင်ဘာလ ၂၄ ရက်မှ ၃ဝ ရက်ထိ ကာလအတွင်းမှာ ကော့သောင်းနယ်စပ်မှ နို့ဆီ ၁၈ဝမက်ထရစ်တန် (၉၄၅ဝ ကာတွန်း) ကန်ဒေါ်လာ ၁၃၅၈၁၅ ဖိုး နဲ့ နို့စိမ်း ၂၉၉ မက်ထရစ်တန်(၁၅၇၆၉ ကာတွန်း) ကန်ဒေါ်လာ ၂၆၇၈၉ဝ ဖိုး တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာလ တတိယပတ်မှာ တင်သွင်းခဲ့ခြင်းမရှိဘဲ ယခုနောက်ဆုံးပတ်မှာ တင်သွင်းလာ တာ တွေ့ရပါတယ်။ နိုဝင်ဘာတစ်လ လုံး နို့ဆီတင်သွင်းမှုမှာ နို့ဆီ ၄၆၃ မက်ထရစ်တန် (၂၄၄၆၃ကာတွန်း)နဲ့ နို့စိမ်း ၅၇၃မက်ထရစ်တန်(၃ဝ၁၉၆ ကာတွန်း) တင်သွင်းထားပြီးဖြစ်ပါတယ်။ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် ယခုအပတ်မှာ နို့မှုန့် ၂၂ တန်၊ ကန်ဒေါ်လာ ၆၂၆၃၉ နီးပါးဖိုး တင်သွင်းခဲ့ တဲ့အတွက် နိုဝင်ဘာလအတွင်း နို့မှုန့် ၄၃ တန်ခွဲ တင်သွင်းနိုင်ခဲ့ပါတယ်။ MIRT(DOBT)
ဘိလပ်မြေ ဆက်အဝင်ကောင်း ပင်လယ်ရေကြောင်းကနေ နိုဝင်ဘာပထမအပတ်အတွင်း ဘိလပ်မြေတန်ချိန် ၆၂၂ဝတန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ၅၂၉၉၂၅ ဒေါ်လာဖိုးတင်သွင်းခဲ့ပါတယ်။ ဖောက်သည်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဘက်က စီ-၁၅ဝ တန်ချိန်၅၅ဝ၊ စိန်တံဆိပ် တန်ချိန်၃၅ဝဝ၊TPI တံဆိပ် တန်ချိန် ၁ဝဝဝ နဲ့ ဆင်တံဆိပ်တန်ချိန် ၁ဝ၅ တန် စုစုပေါင်းတန်ချိန် ၅၁၅၅ တန်တို့ကိုတံဆိပ်အစုံနဲ့ ဈေးကွက်တိုးဝင် တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် တရုတ်(တိုင်ပေ)နိုင်ငံဘက်ကလည်း မောင်းတိန်းတံဆိပ် တန်ချိန် ၁ဝ၆၅ တန်ကို တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က ဘိလပ်မြေ အဝင် တန်ချိန်နှစ်သောင်းကျော်ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် တန်ချိန်ခြောက်ထောင် ကျော်သာရှိခဲ့တာကြောင့် ယခင်အပတ်ထက် အဝင်တန်ချိန်သုံးဆကျော် လျော့နည်း ခဲ့ပေမဲ့လည်း ရာသီပွင့်လင်းလာတာနဲ့အညီ အဝင်ပမာဏကလည်း အောက်တိုဘာ လကစလို့ တစ်ပတ်ကို ပျမ်းမျှတန်ချိန် တစ်သောင်းခုနှစ်ထောင်ကျော်ဝင်ခဲ့ပါတယ်။ MIRT (DOT)နယ်စပ်စခန်းများမှ ဘိလပ်မြေတင်သွင်းမှု တန်ချိန် ၆၄ဝဝ ကျော်ရှိ နိုဝင်ဘာလ ၂၄ ရက်မှ ၃ဝ ရက်အထိ ကာလအတွင်း နယ်စပ်စခန်းများမှ ဘိလပ်မြေ ၆၄၈၄ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၅၆၃သန်း ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၁၂၅၅ဝ တန် တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်တင်သွင်းမှု ထက်ဝက်ကျော် လျော့ကျသွားတာတွေ့ရှိရပါတယ်။အခြား စခန်းများအနေနဲ့ တင်သွင်းမှုသိသိသာသာလျော့ကျခြင်းမရှိသော်လည်း ကန်ပိုက်တီး စခန်းမှ ယခုအပတ်တင်သွင်းမှု လျော့နည်းခဲ့၍သာဖြစ်ပါတယ်။ ယခင်အပတ်က ကန်ပိုက်တီးမှ ၉၄၃၂ တန် တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်တင်သွင်းမှုက တန် ၇ဝဝဝ နီးပါး လျော့နည်းခဲ့တာဖြစ်ပါတယ်။ နယ်စပ်စခန်းအလိုက် ဘိလပ်မြေ တင်သွင်းမှုများမှာ ကန်ပိုက်တီးမှ ၂၅ဝ၅ တန်၊ မြိတ်မှ ၁၅၂၅ တန်ခန့်၊ တာချီလိတ်မှ ၁၃၈၅ တန်၊ လွယ်ဂျယ်မှ တန် ၆ဝဝ၊ မူဆယ်မှ ၃ဝ၆တန်၊ ရိဒ်မှ၁၃၈ တန်ကျော်နဲ့ ကော့သောင်းမှ ၂၅ တန် အသီးသီးဖြစ်ပါတယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် - တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝဝဝ(လက်ကား) ဘိလပ်မြေ(နှင်းတောင်) ၅ဝဝဝ ဘိလပ်မြေ (စိန်) ၄၉ဝဝ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ဘိလပ်မြေ(AAA) ၅၇ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၄ဝဝ ဘိလပ်မြေ (TPI)ထိုင်း ၆၁ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၁ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ (Lucky)ပါကစ္စတန် ၆၄ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၈၅ဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၃ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း) ၅၈ဝဝMIRT (MAPT)
ဓာတ်မြေသြဇာအဝင်ဆက် ပင်လယ်ရေကြောင်းလမ်းကနေ နိုဝင်ဘာ ၂၂ ရက်မှ ၂၉ ရက်တာကာလ အတွင်း ဓာတ်မြေသြဇာတန်ချိန် ၂ဝ၁၁ ဒသမ ၃၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၃၃၈၃၁ ဒသမ ၉၂ ဖိုးကို တင်သွင်းခဲ့ပါတယ်။ ယခုတစ်ပတ်မှာတော့ တင်သွင်းနေကျနိုင်ငံများအပြင် ရုရှားနိုင်ငံဘက်ကပါ တင်သွင်းလာတာ တွေ့ရပါတယ်။ စင်ကာပူနိုင်ငံဘက်မှ ယူရီးယားဓာတ်မြေသြဇာ တန်ချိန် ၃၄ဝ ၊ အာရပ်စော် ဘွားများပြည်ထောင်စုနိုင်ငံမှ ယူရီးယားဓာတ်မြေသြဇာ တန်ချိန် ၄ဝ ၊ ဗီယက်နမ် နိုင်ငံမှ သြဂဲနစ်ဓာတ်မြေသြဇာ ၄၇၁ ဒသမ ၅ဝ တန်၊ ထိုင်းနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာ ၈၅၁ ဒသမ ၈၉ တန်နဲ့ ရုရှားနိုင်ငံမှ အာမိုမြေသြဇာ ၃ဝ၈ တန်ချိန်တို့ကို တင်သွင်း လာခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အဝင်နဲ့ ကြည့်မယ်ဆိုရင် တန်ချိန် ၂၆ဝ ကျော်အဝင်ပိုခဲ့သလို မြေဆီအဝင်တွေက မိုးတွင်းကာလတွေနဲ့မတူဘဲ ဆက်တိုက် အင်အားကောင်းလျက်ရှိတာ တွေ့ရပါတယ်။ MIRT (DOT) မူဆယ်ဘက်က အသွင်းပိုတဲ့ ဓာတ်မြေသြဇာ နိုဝင်ဘာလ ၂၄ရက်မှ ၃ဝ ရက်ထိကာလအတွင်း မူဆယ်၊ တာချီလိတ်၊ ကော့သောင်းနဲ့ ရိဒ်နယ်စပ်စန်းများမှ ၁၁၁၂၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၃၆ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၉၇၈၆ တန်သာတင် သွင်းခဲ့တဲ့အတွက် ၁၃၄ဝ တန်ပိုမိုတင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်စခန်း အလိုက် ဓာတ်မြေသြဇာတန်ချိန်တွေကတော့ မူဆယ်မှ ၁ဝ၆၃၇ တန်၊ ရိဒ်မှ တန်ချိန် ၂၃၉ ကျော်၊ ကော့သောင်းမှတန် ၁၉ဝ ကျော်နဲ့ တာချီလိတ်မှ တန် ၆ဝ နီးပါး တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ တန်ချိန် ၁၃ဝဝ ကျော် တင်သွင်းမှုပိုမိုခဲ့တယ်လို့ သိရပါတယ်။ မူဆယ်ကနေ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့Urea Fertlizer, Compound Seed နဲ့ Single Super Phosphate တို့ဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် - တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၂ဝ၇ဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂၁ဝဝဝ တီစူပါ(သံကွင်း-တရုတ်) ၂၂ဝဝဝ တီစူပါ(မျှား-တရုတ်) ၂၁၈ဝဝ ပိုတက်(ကနေဒါ) ၂၂ဝဝဝ ပိုတက်(အိန္ဒိယ) ၂၂ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်)ရွှေတောင် ၁၇၈ဝဝ ယူရီးယား(တရုတ်)ပန်းဖူး ၁၈၂ဝဝ တီဆူပါ GTSP 46% ၁၉၇ဝဝ တီဆူပါGSSP 16% ၈၄ဝဝ တီဆူပါGSSP 12% ၇၈ဝဝ ကွန်ပေါင်း(တရုတ်) 15:15:15 ၂၅၅ဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈၅ဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၂ဝဝဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ကုလားအုတ် (တရုတ်) ၂ဝဝဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉ဝဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၉ဝဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉ဝဝဝ တီဆူပါ-(တရုတ်) 12% ၉ဝဝဝ တီဆူပါ-(တရုတ်) 16% ၉၅ဝဝ တီဆူပါ 15:15:15 (တရုတ်) ၃၇ဝဝဝ တီဆူပါ 10:10:5 (တရုတ်) ၁၂၇ဝဝ ပိုတက်(တရုတ်) ၂၁၅ဝဝ ဓာတ်ဆား(တရုတ်) ၁၃ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၁ဝဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၁ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၁၅ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၄၁ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၇ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၄ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၂ဝဝဝ တီစူပါ (တရုတ်) မျှား 46% ၂၁၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၂ဝဝဝMIRT (MAPT)
ရေနံဈေး ၁ဝဝ ရောက်မှာလား သုံးသပ်သူများက ရေနံစိမ်းဈေး ၁ဝဝ ဒေါ်လာကို ရောက်လာမလားလို့ စိုးရိမ်ကြပါတယ်။ နယူးယောက် ဈေး ကွက်မှာ နိုဝင်ဘာလ ၂၄ ရက်နေ့က ဈေးတက်ခဲ့တဲ့ နှုန်းထား ၁၄ရာခိုင်နှုန်း မျိုးနဲ့ဆိုရင် လာမဲ့ ၂ဝ၁၁ ဒီဇင်ဘာလ မှာ တစ်စည်ကို ၁ဝဝ လောက်ထိတက် သွားမယ်လို့ ပြောဆိုလာကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ကိန်း ဂဏန်းတွေအရ ဟောကိန်းထုတ်သူများ က ၂ဝဝ၉ အကုန်မှာ တစ်စည်ကို ၈၅ ဒေါ်လာဖြစ်နိုင်ပြီး ၂ဝ၁ဝ အတွင်း ၁ဝဝ ဒေါ်လာနဲ့ အရောင်းအဝယ်လုပ်ကြမယ်လို့ ဟောကိန်းထုတ်ခဲ့ကြပါတယ်။ ရေနံစိမ်းဈေးနှုန်းက ၂ဝဝ၈ ခုနှစ် ဇူလိုင် ၁၁ ရက်က အမြင့်ဆုံး တစ်စည်ကို ကန်ဒေါ်လာ ၁၄၇ ဒသမ ၂၇ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး နောက် ယခုလိုပြန်ကျဆင်းခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိဈေးကွက်အတွင်း ရေနံအရောင်းအဝယ်ပြုကြရာမှာ တရုတ်နိုင်ငံရဲ့ အမျိုးသားငွေကြေး ရန်ပုံငွေဖြည့်တင်းဖို့ တွန်းအားပေးအစီအမံနဲ့ ဥရောပငွေကြေး ခိုင်မာမှုတွေအပေါ်မှာ တည်မှီနေသလို ကမ္ဘာ့ရေနံစိမ်းစွမ်းအင်သုံးစွဲမှု အမြင့်မားဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံက တစ်နေ့ကို စည်ပေါင်း ၉ ဒသမ ၆ သန်းခန့်နဲ့ ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးမြင့်သုံး စွဲလာနိုင်ဖွယ်ရှိသလို အမေရိကန်နိုင်ငံကလည်း တစ်နေ့ကို စည်ပေါင်း ၁၉ဒသမ ၁သန်း သုည ဒသမ ၂ ရာခိုင်နှုန်းခန့် တိုး သုံးစွဲ နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီက သုံးသပ်ခဲ့ပါတယ်။ လာမဲ့ ၂ဝ၁၁မှာ ဝယ်လိုအားတွေတိုးလာရင် စွမ်းအင်ဈေးကွက်ရဲ့ စီးပွားရေးအတွေးအမြင် ပုံရိပ်အနေနဲ့ ရေနံစိမ်းဝယ်လိုအား အလားအလာက အပေါင်းလက္ခဏာ အသွင် ဆောင်နေကြောင်း Grant Smith က ပြောပါတယ်။ Source:bloomberg.com, WWN
ဈေးကောင်း၊ စီးဆင်းမှုကောင်းနေတဲ့ စစ်ကိုင်းပြောင်း နိုဝင်ဘာ ဒုတိယပတ်အတွင်းက တစ်တင်း ၄၉ဝဝ ကျပ်၊ ၅၁ဝဝ ကျပ် သာဈေးရှိတဲ့ ပြောင်းဈေးဟာ နိုဝင်ဘာ စတုတ္ထပတ်အတွင်းမှာတော့ တစ်တင်းကို ၅၂ဝဝ ကျပ်၊ ၅၄ဝဝ ကျပ်အထိ ဈေးမြင့်လာခဲ့ပါတယ်။ ဈေးမြင့်ဈေးကောင်းသလို စီးဆင်းမှုသွက်ခဲ့တဲ့အတွက် နိုဝင်ဘာ စတုတ္ထပတ်အတွင်းက မန္တလေးကို ပြောင်း တင်းရေ ၉ဝဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ အောင်မင်း
အဝင်လျော့လို့ ဈေးမော့လာတဲ့ မုံရွာပြောင်း မုံရွာကုန်စည်ဒိုင်ရဲ့ နိုဝင်ဘာလ တတိယပတ်ပြောင်းဖူးစေ့ ဈေးကွက်မှာ နယ်ပစ္စည်းဝင်ရောက်မှုလျော့ခဲ့လို့ တစ်တင်း ၅၄ဝဝ ကျပ်ထိ ဈေးမော့လာခဲ့ပါတယ်။ နယ်စုံကနေ မုံရွာဈေးကွက်အတွင်း တစ်ရက်အိတ် ၁ဝဝဝ ဝန်းကျင်သာ ဝင်ရောက် ခဲ့သလို ဝင်သမျှ ပစ္စည်းအားလုံး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ တိုးခဲျ့လာတဲ့ ဒေသတွင်း မွေးမြူရေးလုပ်ငန်းများရဲ့ လိုအပ်ချက်မြင့်မား လာမှုကြောင့် အစာစပ်လိုင်းသမားတွေ ဝယ်လိုအားကောင်းခဲ့ပြီး ပစ္စည်းအဝင် လျော့ကျခဲ့လို့ ယခုလို ဈေးမော့ခဲ့ရခြင်းဖြစ်တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ပြောင်းဖူးစေ့နည်းတူ အစာစပ်လုပ်ငန်းသုံးပစ္စည်းအတွက် ဆန်ကွဲအစားထိုး ပြောင်းနီရဲ့ ဆန်ပြောင်းဈေးလည်း တစ်တင်း ၅ဝဝဝ ကျပ်ဈေးမှာ ဆက်လက်မာနေတယ် လို့ သိရပါတယ်။ ထွန်းလှိုင်
နယ်စပ်အပို့လည်း ကောင်းနေ ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပြောင်းတန်ချိန် ၂၃၁၃ဝ ကျော် ကန်ဒေါ်လာ ၅ ဒသမ ၈ သန်းဖိုးခန့်တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ တန်ချိန် ၂၂၆၈၁ တန်နဲ့ လွယ်ဂျယ်မှ တန် ၄၅ဝတင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် မူဆယ်မှ တန် ၁၇၂ဝ ကျော်နဲ့ လွယ်ဂျယ်မှတန် ၁၉ဝ တင်ပို့မှု ပိုမိုခဲ့တယ်လို့သိရပါတယ်။ မိမိဘက် ဈေး မြင့်တက်နေပြီး တစ်ဖက်နိုင်ငံမှာတော့ အနည်းငယ်မျှသာကျလျက်ရှိပါတယ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၆၁၁၂၆ ၂၄၇၈ဝ၃ ၁၃၃၂၃ ၅ ၂၈၉ ၂၉၈ ၉ ၃MIRT (DOBT)
ပင်လယ်ရေကြောင်း ပြောင်းအပို့ အရှိန်ရ နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၁၂၃၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၃ဝ၉ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၅၄၇ တန်တင်ပို့ ခဲ့တာကြောင့် တန်ချိန် ၆၉ဝ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံများကတော့ စင်္ကာပူကို ၁ဝ၄၅ တန် နဲ့ တရုတ်ကို ၁၉၂ တန် အသီးသီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW