Background
ပင်လယ်ရေကြောင်းမှနို့စိမ်းပြန်ပြီးဝင် ဒီသီတင်းပတ်နိုဝင်ဘာ ၈ ရက်မှ ၁၄ရက်တာကာလအတွင်း ပင်လယ်ရေ ကြောင်းလမ်းကနေ ဒွန်းတံဆိပ် နို့စိမ်း တန်ချိန် ၂၂၂ ဒသမ ၅၃ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၂၂၇၇ဝ၉ ဒသမ ၈၃ ဒေါ်လာဖိုးကို စင်ကာပူနိုင်ငံ က တင်သွင်းလာခဲ့ပါတယ်။ ဒီတစ်ပတ် မှာတော့ နို့စိမ်းကိုသာတင်သွင်းလာတာ တွေ့ရပြီး နို့ဆီအဝင်မရှိခဲ့ပါဘူး။ နို့စိမ်း က အဝင်မရှိခဲ့တာ ရက်သတ္တနှစ်ပတ် ကျော်သုံးပတ်နီးပါးခန့်ရှိပြီး ဒီတစ်ပတ်မှ ပြန်လည်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ နို့မှုန့်အဝင်ကတော့ ဒီတစ်ပတ်မှာ ၆ ဒသမ ၄၃ဝ တန်၊ တန်ဖိုးအားဖြင့် ၂၄ဝဝဒသမ ဝ၁ဒေါ်လာဖိုးကို စင်ကာပူ နိုင်ငံမှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က နို့မှုန့်အဝင် ၁၄၃ ဒသမ ၁၇၉ တန်ရှိခဲ့ပြီး ယခုသီတင်းပတ်မှာ တော့ ၆ ဒသမ ၄၃ဝ တန် ရှိခဲ့တာ ကြောင့် တန်ချိန်တော်တော် လျော့ နည်းကာ တင်သွင်းလာတာ တွေ့ရပြီး ယခင်ဝင်နေကျ နယူးဇီလန်ဘက်က အဝင်မရှိခဲ့ကြောင်း တွေ့ရပါတယ်။ MIRT (DOT) နယ်စပ် နို့ဆီ၊ နို့စိမ်း တင်သွင်းမှုကျ၊ နို့မှုန့် တင်သွင်းမှုပို နိုဝင်ဘာလ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ နို့ဆီ ၇၁၇၃ ကာတွန်း (၁၃၆) တန်နဲ့ နို့စိမ်း ၄၄၂၇ ကာတွန်း (၈၄)တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈၈၁၉ဝ ဖိုး တင်သွင်း နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ် ပါက နို့ဆီ ၁၂ တန်ကျော်နဲ့ နို့စိမ်း တန်၁ဝဝ ကျော်တင်သွင်းမှု လျော့နည်းခဲ့ ပါတယ်။ တစ်ဖက်နိုင်ငံမှာ ပစ္စည်းပြတ် လပ်မှုကြောင့် တင်သွင်းမှု လျော့နည်းရတာလို့ ကုန်သည်အချို့ထံမှ သိရပါတယ်။ ကော့သောင်းဘက်မှာ နို့ဆီ ၁ ကာတွန်းကို ၃ဝ၂ဝဝ ကျပ်နဲ့ နို့စိမ်း ၁ ကာတွန်းကို ၃ဝဝဝဝ ကျပ်အသီးသီး ဈေးပေါက်လျက်ရှိပါတယ်။ မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ယခုအပတ်မှာ နို့မှုန့် တန် ၂ဝ ကျော် တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၅၇ဝဝဝ ကျော်ဖိုး တင်သွင်းနိုင်ခဲ့ပြီးယခင်အပတ်က ၁ တန်ခွဲသာ တင်သွင်းခဲ့တဲ့အတွက် နို့မှုန့်တင်သွင်းမှု သိသိသာသာ ပိုခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်းနို့ဆီ လက်ကားဈေး ကျပ်/ တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၅ဝ ၆၅၅ဒွန်း( နို့စိမ်း) ၆၂ဝ ၆၃၅မာရီဂိုး(နို့ဆီ) ၅၈ဝ ၅၉၅လပ်ကီးကောင်း( နို့စိမ်း) ၅၃ဝ ၅၄၅
တန် ၁ဝဝဝ ကျော် ပင်လယ်ရေကြောင်းကဝင် နိုဝင်ဘာလရဲ့ ဒုတိယပတ်ဖြစ်တဲ့ နိုဝင်ဘာ ၈ ရက်မှ ၁၄ ရက်တာကာလ အတွင်း ဓာတ်မြေသြဇာတန်ချိန် ၁ဝ၆၄.၇ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၂၅၁၂၅ ဒသမ ၅ဝ တန်ဖိုးကို တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဒီရက်သတ္တပတ် အတွင်း အဝင်ကတော့ ဓာတ်မြေသြဇာထုတ်လုပ်တဲ့ နိုင်ငံနှစ်နိုင်ငံမှ ခွဲခြားတင် သွင်းခဲ့တာတွေ့ရပြီး ထိုင်းနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာ ၅၅၂ ဒသမ ၂ တန် နဲ့ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်မြေသြဇာ ၅၁၂ ဒသမ ၅ တန်တို့ကို တင်သွင်းလာခဲ့ ပါတယ်။ ပွင့်လင်းရာသီဆောင်းအစမှာ ဆောင်းသီးနံှစိုက်ဖို့က ယခင် သီတင်းပတ် များကလိုပဲ ကုန်းလမ်းကသာမက အရည်အသွေးမြင့်မြေဆီအမိုျးမိုျးကို ရေကြောင်း ကပါ စဉ်ဆက်မပြတ်အဝင်ရှိနေပါတယ်။ ယခင်သီတင်းပတ်မှာ ဓာတ်မြေသြဇာ အဝင်တန်ချိန် ၆ဝ၄ ဒသမ ဝ၄၆ တန်ရှိခဲ့ပြီး ဒီသီတင်းပတ်မှာတော့ ဓာတ်မြေသြဇာ အဝင်တန်ချိန် ၁ဝ၆၄ ဒသမ ၇ဝတန်ရှိခဲ့တာကြောင့် တန်ချိန် ၄၆ဝ ကျော် အဝင် ပိုခဲ့ပြီး ဈေးကွက်ဖြန့်ခဲ့ပါတယ်။MIRT(DOBT) နယ်စပ်အသွင်းပို စိုက်ပျိုးရေးသွင်းအားစု ဓာတ်မြေသြဇာများကို မူဆယ်၊ တာချီလိတ်၊ ကော့သောင်းနဲ့ ရိဒ်နယ်စပ်များမှ ပုံမှန်တင်သွင်းလျက်ရှိပါတယ်။ နိုဝင်ဘာလ ၁ဝ ရက်မှ ၁၆ ရက်ထိကာလအတွင်း ဓာတ်မြေသြဇာ ၁၄၁၉ဝ တန်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၉၅ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကလည်း ဒီနယ်စပ်စခန်း လေးခုကပဲ တန်ချိန် ၇၁ဝဝ တင်သွင်းခဲ့တာဖြစ်တဲ့အတွက် ယခုအပတ်မှာ ယခင်အပတ်ကထက် နှစ်ဆနီးပါး ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်စခန်းအလိုက် တင်သွင်းမှုများကိုကြည့်လျှင် မူဆယ်နဲ့ ကော့သောင်းနယ်စပ်များမှ တင်သွင်းမှု သိသိသာသာပိုမိုခဲ့တာ တွေ့ရပါတယ်။ စခန်း ယခု (မက်တန်) ယခင် (မက်တန်)မူဆယ် ၁၁ဝ၈၁ ၆၉၂ဝတာချီလိတ် ၃ဝ ၂ရိဒ် ၁၆၅ ၉၉ကော့သောင်း ၂၉၁၄ ၈၃စုစုပေါင်း ၁၄၁၉ဝ ၇၁ဝ၄မူဆယ်နယ်စပ်က အများဆုံးတင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ Triple Super Phosphate နဲ့ Compound Seed တို့ဖြစ်ပြီး ရိဒ် နယ်စပ်မှ ပိုတက်ရှ်နဲ့ ယူရီးယားတို့ဖြစ်ပါတယ်။ MIRT(DOBT)ဈေးကွက်က ဈေးနှုန်းပြည်တွင်းသုံး ဓာတ်မြေသြဇာအမိုျးမိုျး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၂ဝ၂ဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂ဝ၃ဝဝ တီစူပါ(မြှား-တရုတ်) ၂၁၃ဝဝ တီစူပါ(သံကွင်း-တရုတ်) ၂၁၅ဝဝ ပိုတက်(ကနေဒါ) ၂၁ဝဝဝ ပိုတက်(အိန္ဒိယ) ၂၁ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်)ရွှေတောင် ၁၇၉ဝဝ ယူရီးယား(တရုတ်)ပန်းဖူး ၁၇၇ဝဝ တီဆူပါ GTSP 46% ၁၈၇ဝဝ တီဆူပါGSSP 16% ၈၃ဝဝ တီဆူပါGSSP 12% ၇၇ဝဝ ကွန်ပေါင်း(တရုတ်) 15:15:15 ၂၃ဝဝဝ အာမို(ဒိုင်းမွန်းစတား) ၃၉၅ဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈၅ဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၁၈၅ဝဝ ကုလားအုတ် (တရုတ်) ၁၈၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉၅ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၈၇ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၈၇ဝဝ တီဆူပါ-(တရုတ်) 12% ၉၅ဝဝ တီဆူပါ-(တရုတ်) 16% ၉၇ဝဝ တီဆူပါ 15:15:15 (တရုတ်) ၃၇ဝဝဝ တီဆူပါ10:10:5 (တရုတ်) ၁၂၈ဝဝ ပိုတက်(တရုတ်) ၂၁ဝဝဝ ဓာတ်ဆား (တရုတ်) ၁၂၈ဝဝMIRT (MAPT)
ပဲစင်းငုံဈေး သိသိသာသာဆင်းလာ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ပဲခွဲစက်များမှ အဝယ်မရှိတာကြောင့် ဈေးကွက်အများစုမှာ ပဲစင်းငုံဈေး သိသိသာသာ ကျဆင်းခဲ့ပါတယ်။ ဈေးကွက်တွေမှာ ပဲအလွယ်တကူရရှိနေ တာကြောင့်လည်း ဈေးကျဆင်းလာခြင်း ဖြစ်ပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ စာရင်းအရ ပဲစင်းငုံ စိုက်ဟက်တာ ဝ ဒသမ ဝ၁၃ သိန်းသာရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ဝ ဒသမ ၈ဝ သိန်းထက် သိသိသာသာ ကျဆင်း ခဲ့ပါတယ်။ ဒါပေမဲ့ ပဲစင်းငုံ အဓိကစိုက်ပျိုးတဲ့ ဒေသများမှာတော့ သီးနံှအခြေအနေ ကောင်းမွန်နေတယ်လို့ သိရပါတယ်။ ကာလတို အတွင်း ဈေးလျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား (၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၂၈ .၁ဝ .၁ဝ ၂၇ .၁ဝ .၁ဝ ၂၆ .၁ဝ .၁ဝ ၂၅ .၁ဝ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၆၈၆-၆၉၇ ၇ဝ၂-၇ဝ၃ ၇ဝ၉-၇၁၅ ၇၂၄-၇၂၆ဒေလီ(မြန်မာပဲစင်းငုံ) ၇ဝ၈ ၇ဝ၈ ၇၃၁ ၇၃၃ချန်နိုင်း(မြန်မာပဲစင်းငုံ) ၆၉၇ ၆၉၆-၇ဝ၈ ၆၉၈ ၆၉၉Source: agriwatch.com , MIRT (Yangon)
်ပဲတီစိမ်း ဈေး ကျဆင်းလာ ယခုတစ်ပတ်အတွင်း ပဲတီစိမ်း လက်ကားဈေးကွက်တွေမှာ ဝင်ရောက်လာတဲ့ အရည်အသွေးကောင်း ပဲအသစ်များကို အဝယ်ပုံမှန်ရှိနေပေမဲ့ ရောင်းလိုအားများတာကြောင့် ပဲတီစိမ်းဈေး ကျဆင်း လာပါတယ်။ အထွက်ပိုမိုခြင်းကြောင့် ပဲဝင်ရောက်မှု တိုးတက်ကာ ရာဂျက်စသန်ကို ပဲဝင်ရောက်မှုဟာ တစ်နေ့ကို အိတ် ၃ဝဝဝဝ ခန့် ရှိတယ်လို့သိရပါတယ်။ ကာလတိုအတွင်း ဈေးကျဆင်းမယ်လို့ မျှော် မှန်းလျက် အရောင်းအဝယ် အေးနေတယ်လို့လည်း သိရပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်း ဈေး တွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် - ဇယား-၃ ဒေါ်လာ/တန်ဈေးကွက် ၂၈ .၁ဝ .၁ဝ ၂၇ .၁ဝ .၁ဝ ၂၆ .၁ဝ .၁ဝ ၂၅ .၁ဝ .၁ဝချန်နိုင်း ၁ဝ၁၁ ၁ဝ၃၃ ၁ဝ၃၅ ၁ဝ၄၈ဒေလီ ၉၈၉ ၉၈၈ ၉၉ဝ ၁ဝ၃၇-၁ဝ၆ဝအင်ဒိုရီ ၈၉၉ ၈၉၈ ၉ဝဝ ၁ဝ၁၄-၁ဝ၃၇
ဈေးကွက်အများစုမှာ ကုလားပဲဈေးကျ ယခုတစ်ပတ်အတွင်း အိန္ဒိယလက်ငင်း ဈေးကွက်အချို့မှာ ဈေးမြင့်ခဲ့သော်လည်း ဈေးကွက်အများစုမှာ ဈေးကျခဲ့ပါတယ်။ ပဲခွဲ စက်များမှ ဝယ်လိုအားနည်းခြင်းနဲ့ အဆက်မပြတ် ရောင်းချမှုများ ရှိခြင်းတို့ကြောင့် ဈေးကျလာတာဖြစ်ပါတယ်။ ဒါ့အပြင် ဆောင်း ရာသီ အထွက်မြင့်တတ်မယ့် အလားအလာကောင်းခြင်းကလည်း ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့အထိ စာရင်းအရ ကုလားပဲစိုက်ပျိုးပြီး ဧရိယာဟာ ဟက်တာ ၂ ဒသမ ၂၃၁ သိန်းသာရှိလို့ ယခင်နှစ်ကာလတူစိုက်ဟက်တာ ၃ ဒသမ ၅၉ သိန်းထက် လျော့ကျခဲ့ပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းလျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါ တယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူ လုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၂၈ .၁ဝ .၁ဝ ၂၇ .၁ဝ .၁ဝ ၂၆ .၁ဝ .၁ဝ ၂၅ .၁ဝ .၁ဝမွန်ဘိုင်း ၅၆ဝ-၅၆၂ ၅၅၆-၅၅၇ ၅၅၆-၅၅၇ ၅၅၇-၅၅၉ဒေလီ ၅၂၈-၅၃၃ ၅၃၃ ၅၃၆-၅၄ဝ ၅၃၄-၅၄၁ကန်ပါ ၅၃ဝ-၅၃၂ ၅၃၂-၅၃၃ ၅၃၆ ၅၃၅
အိန္ဒိယနိုင်ငံရဲ့ အောက်တိုဘာလ ၁၆ ရက်မှာ ကုန်ဆုံးတဲ့ သီတင်း ပတ်အတွင်း စားနပ်ရိက္ခာဈေးနှုန်း ညွှန်းကိန်းဟာ ၁၃ ဒသမ ၇၅ ရာခိုင်နှုန်းကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဟင်းသီးဟင်းရွက် ဈေးနှုန်းက ၄ ရာခိုင်နှုန်း၊ ပဲနီလေးနဲ့ မတ်ပဲဈေးက ၁ ရာခိုင်နှုန်းစီ ကျဆင်းခဲ့ပေမဲ့ ငါး၊ ပဲစင်းငုံကတော့ ၄ ရာခိုင်နှုန်းစီ မြင့်တက်ခဲ့တယ် လို့ သိရပါတယ်။ မတ်ပဲဈေး အပြောင်းအလဲရှိနေ အိန္ဒိယပြည်တွင်း ပဲဈေးကွက်များမှာ မတ်ပဲဈေးက အပြောင်းအလဲ အတက်အကျရှိနေပါတယ်။ သီတင်းပတ်အစပိုင်းမှာ အရောင်း အဝယ်ထိုင်းတာကြောင့် ဈေးလျော့ကျခဲ့ပြီး သီတင်းပတ်နှောင်းပိုင်းမှာ တော့ ပဲဈေးကွက်တွေကို ပဲဝင်ရောက်မှု နှေးကွေးတာရယ်၊ အနိမ့်ဈေးနဲ့ အဝယ်ရှိနေတာရယ်ကြောင့် ဈေးပြန်လည်မာလာခဲ့ပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ စာရင်းအရ မတ်ပဲ စိုက်ဧရိယာ ဟက်တာ ဝ ဒသမ ၁၉၄ သိန်းရှိလို့ ယခင်နှစ် ကာလတူ ဟက်တာ ဝ ဒသမ ၁၆ သိန်းထက် တိုးတက်နေပါတယ်။ လက်ရှိရာသီအတွင်း ပဲမျိုးစုံထွက်ရှိမှုက ယခင်နှစ်ကထက် ၂၅ ရာခိုင် နှုန်း-၃ဝ ရာခိုင်နှုန်းပိုမိုမယ်လို့ ခန့်မှန်းထားကြခြင်းကြောင့် ကာလတို အတွင်း ဈေးနှုန်းကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၂၈ .၁ဝ .၁ဝ ၂၇ .၁ဝ .၁ဝ ၂၆ .၁ဝ .၁ဝ ၂၅ .၁ဝ .၁ဝမွန်ဘိုင်း ၈၈၈-၈၉၉ ၈၈၇ ၉ဝဝ ၉ဝ၂ဒေလီ ၉၁ဝ ၈၈၇ ၉ဝဝ ၉ဝ၂ချန်နိုင်း ၉၆၇-၁၁၂၉ ၉၅၅-၁၁၁၂ ၉၄၅-၁၁ဝ၃ ၉၅၈-၁၁၁၆
ရခိုင်သို့ပို့တဲ့ ပြည်ဒေသထွက် မန်ကျည်းမှည့် ပဲခူးတိုင်းဒေသကြီး အနောက် ပိုင်းရဲ့ ထွက်ကုန်တစ်ခုဖြစ်တဲ့ မန်ကျည်းသီးမှည့်ဟာ ယခုအချိန်မှာ လက်ကျန် နည်းနေပြီး အသစ်မပေါ်သေးမီ ကာလတွင် မန်ကျည်းသီးမှည့်များ ရှားပါးလာပြီး ဈေးနှုန်းများမှာလည်း အတက်ဘက်ကို ဦးတည်နေပါတယ်။ ယခင်ပေါ်စ တစ်ပိဿာကို ၄ဝဝ-၅ဝဝ ကျပ်မှ ယခုလက်ကျန် နည်းသွားတဲ့ အချိန်မှာ တစ်ပိဿာကို ၁၂ဝဝ ကျပ်- ၁၅ဝဝ ကျပ်ထိ အရောင်းအဝယ်ဖြစ်နေ ပါတယ်။ ဒေသထွက် မန်ကျည်းသီး မှည့် များကို ပန်းတောင်းမြို့နယ်မှတစ်ဆင့် ရခိုင်ပြည်နယ်တောင်ကုတ်၊ စစ်တွေ နယ်စပ်စခန်းမှတစ်ဆင့် ပြည်ပကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်းထွက် မန် ကျည်းမှည့်များကို စစ်တွေနယ်စပ် စခန်းမှ တစ်ဆင့် အများဆုံးတင်ပို့ ကြောင်း သိရပါတယ်။ စောစောရီ
ပုံမှန်သွား မန်ကျည်းမှည့် စစ်တွေနယ်စပ်ကနေ အစေ့ ပါတဲ့ မန်ကျည်းသီးမှည့် ၃ တန်၊ ကန်ဒေါ်လာ ၁ဝ၈ဝ ဖိုး ယခုအပတ်မှာ တင် ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်များမှ လည်း စစ်တွေက သုံးတန်-သုံးတန် ပုံမှန် သွားနေတာတွေ့ရပါ တယ်။ မူဆယ်က ပို့မှသာ တင်ပို့တဲ့ပမာဏ များလေ့ရှိတာဖြစ်ပါတယ်။ ဧပြီလမှ အောက်တိုဘာလကုန်ထိ နယ်စပ်မှ မန်ကျည်းမှည့် တင်ပို့တဲ့ပမာဏဟာ တန်ချိန် ၃၁ဝ ခန့်သာရှိပါတယ်။ စစ်တွေနယ်စပ်မှာ မန်ကျည်းမှည့် တစ်တန်ကို ၃၇၉၄၄ဝ ကျပ်ဈေး ပေါက်ပြီး တစ်ဘက်နိုင်ငံဈေးက ၃၃၅ဝဝ တာကာ ( ဒေါ်လာ ၄၇ဝ ) ဝန်းကျင်ခန့် ဈေးပေါက်လျက် ရှိပါတယ်။ တင်တင်ထွန်း (MIRT )
အဝယ်အေးပေမဲ့ အိန္ဒိယနနွင်းဈေး တည်ငြိမ်နေ အိန္ဒိယပြည်တွင်းဈေးကွက်မှာ နနွင်းအဝယ်အေးပေမဲ့ ဒေသကုန်သည်များရဲ့ လက်ကျန်နည်းလာပြီဖြစ်လို့ နနွင်းဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလ စာချုပ်အခြေခံဈေးကတော့ ယခင်ရက်က တစ်တန်ကို ကန်ဒေါ်လာ ၁၂၃၅ဝဝ (ကန်ဒေါ်လာ ၂၇၈၉)ဈေးရှိခဲ့ရာမှ ရူပီး ၁၂၄၅ဝဝ (ကန်ဒေါ်လာ ၂၈၁၁) ကိုမြင့်တက်ခဲ့ပါတယ်။ ယခင်နှစ် ဇန်နဝါရီလ နနွင်းအသစ်များ ဈေးကွက်ဝင်ရောက်ချိန်မှာ တစ်တန် ကို ရူပီး ၄၄ဝ၄ဝ (ကန်ဒေါ်လာ ၉၄၄) ဈေးနဲ့ ရောင်းချခဲ့ရာမှ နိုဝင်ဘာလမှာ ရူပီး ၁၄၂ဝ၇ဝ (ကန်ဒေါ်လာ ၃၂ဝ၈)ကိုမြင့်တက်ခဲ့ပါတယ်။ အဓိကအားဖြင့် ဝယ်လိုအားမြင့်တက်ပြီး အချို့ဒေသတွေမှာ နနွင်းအထွက်လျော့ကျတာကြောင့်လို့ ဆိုပါတယ်။ အီရော့ခရိုင်အတွင်းမှာ ၂ဝဝ၉ ခုနှစ်က နနွင်းဟက်တာ ၅၄၆ဝ စိုက်ပျိုး ခဲ့ရာမှ ၂ဝ၁ဝ မှာ ဟက်တာ ၁၃၄ဝဝ ထိ တိုးတက်စိုက်ပျိုးခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း တစ်အိတ်ကို ၆၅ ကီလို ပါရှိတဲ့ အိတ်ပေါင်း ၂ဝ သိန်းကို ဈေးကောင်းနဲ့ ရောင်းချခဲ့တဲ့အတွက် တောင်သူများ အကျိုးအမြတ်ရရှိခဲ့တယ်လို့ သိရပါတယ်။ အိတ်ပေါင်းသိန်း ၂ဝ (တန်ချိန် ၁၂ဝဝဝ နီးပါး)ရောင်းချခဲ့ပြီးဖြစ်တဲ့တိုင် တောင်သူများလက်ထဲမှာ အိတ်ပေါင်း ၄ သိန်း ဝန်းကျင် ကျန်ရှိသေးတယ်လို့ သိရပါတယ်။ ယခုရာသီမကုန်မီ ဒီဇင်ဘာလ ၁၅ ရက် ဝန်းကျင်မှာ အနည်းဆုံး အိတ်ပေါင်း ၃ သိန်းခန့် ရောင်းချဖွယ်ရှိပြိး ကျန် အိတ်ပေါင်း တစ်သိန်း ဝန်းကျင်ကတော့ လာမယ့်နှစ်စထိ ကျန်ရှိလိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။ နီဇမ်မာဘတ် ဈေးကွက်ကို နနွင်းဝင်ရောက်မှု အိတ် ၅ဝဝ-၁ဝဝဝ ခန့်ရှိပြီး အီရော့ဈေးကွက်ကို အိတ် ၂ဝဝဝ-၃၅ဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ ဟင်းခတ် အမွှေးအကြိုင်အဖွဲ့ရဲ့ နောက်ဆုံးစာရင်းအရ နနွင်းတင်ပို့မှုဟာ ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၂၂၂၅ဝ ရှိပေမဲ့ ဝင်ငွေကတော့ ၉၁ ရာခိုင်နှုန်း မြင့်တက်ပြီး ရူပီး ၃ဝ၄ဝ၉ ဒသမ ၅၅ သိန်း (ကန်ဒေါ်လာ ၆၈၆ ဒသမ ၆၆) ရရှိ ခဲ့တယ်လို့ သိရပါတယ်။ ကမ်းရိုးတန်းဒေသတွေမှာ ဆိုင်ကလုံး ဝင်ရောက်မှုကြောင့် နနွင်းစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရွာသွန်းနိုင်လို့ နနွင်းစိုက်ပျိုးမှုကို ထိခိုက်နိုင်တယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSources: business line.com
ပစ္စည်းကောင်းနည်းလို့ ဈေးကောင်းတဲ့ ရှမ်းနနွင်း စစ်တွေဝယ်လက်တွေ ဝယ်နေတာကြောင့် နနွင်းဈေးကလည်း ပြန်ပြီး လှုပ်လာပါတယ်။ ဝယ်လက်တွေကတော့ ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး၊ ကြိုက်ဈေး ပေးဝယ်နေပါတယ်၊ နနွင်းတက်အဓိကထွက်တဲ့ ပေါင်းလောင်း၊ ပင်လောင်းမှသာ လက်ကျန်တွေရှိတာကြောင့် ဝယ်လက်တွေကလည်း အဲဒီနေရာ အထိဆင်းပြီး ဝယ်နေတယ်လို့ သိရပါတယ်။ ပစ္စည်းကောင်းတွေနည်းသွားပြီး ဈေး ကလည်း ကောင်းနေတာကြောင့် နနွင်းခေါင်းတွေရောပြီး ရောင်းလာတယ်လို့ သိရ ပါတယ်။ နနွင်းအသစ်တွေက ဒီဇင်ဘာလလောက်မှသာ ဈေးကွက်ကို စပြီး ဝင်တော့မှာဖြစ်လို့ တောင်သူတွေကလည်း လက်ကျန်နနွင်းညံ့တွေကို နနွင်းသန့်နဲ့ ရောပြီး ရောင်းတာကြောင့် ဝယ်လက်တွေက အဝယ်ရပ်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။ အခုလောလောဆယ်မှာတော့ စစ်တွေဝယ်လက်တွေက နနွင်း သန့်တွေကို ရွေးပြီးဝယ်နေပါတယ်။ နနွင်း (သန့်) တစ်ပိဿာ ၃၂ဝဝ ကျပ်၊ နနွင်း (ညံ့) ၂၇ဝဝ ကျပ်၊ နနွင်းခါးက ၂၈ဝဝ ကျပ်နဲ့ နနွင်းခေါင်းကတော့ တစ်ပိဿာ ၁၅ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်း(သန့်) တစ်ပိဿာ ၃၅ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်