Main menu

Background

Tuesday, 30 Nov 2010

သီရိလင်္ကာမှ ပို့ကုန်အခွန်တိုးမြှင့်မည်           သီရိလင်္ကာအစိုးရဟာ ၂ဝ၁ဝ ဘတ်ဂျက်အတွက် လက်ဖက်နဲ့ရော်ဘာကုန်ကြမ်းတင်ပို့မှုတွေမှာ အခွန်မြှင့်တင်ကောက်ခံမှာဖြစ်ပြီး ဒီလိုဆောင်ရွက်ခြင်းကြောင့်ဈေးကွက်အတွင်း တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ဖို့ အတွက် အထောက်အပံ့ဖြစ်စေမှာဖြစ်ကြောင်းသိရပါတယ်။ သီရိလင်္ကာသမ္မတက ပို့ကုန်ပစ္စည်းတွေနဲ့ ဈေးကွက် တွေအမျိုးမျိုးရှိနေပေမယ့် တန်ဖိုးမြှင့်ထုတ်ကုန်ကတော့ လုံလောက်မှုမရှိကြောင်း ပါလီမန်မှာပြောကြားပါတယ်။ ပို့ကုန်ကုန်ကြမ်းတွေနဲ့ တစ်ဝက်တစ်ပျက်ကုန်ချော(Semi Finished) တွေကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အကောင်အထည်ဖော်နိုင်ဖို့ အဆိုပြုကြောင်းသမ္မတကပြောကြားခဲ့ပါတယ်။ လက်ဖက်ကဏ္ဍမှာ အလွန်တန်ဖိုး ရှိတဲ့ ထုတ်ကုန်အမျိုးအစားတွေ သီရိလင်္ကာကနေထွက်ရှိအောင် ကြိုးစားရမှာဖြစ်ကြောင်းနဲ့ လက်ဖက်ကုန်ကြမ်း ကို တစ်ကီလိုဂရမ်ကို ၁ဝ ရူပီးနှုန်းအခွန်ကောက်ခံမှာဖြစ်ကြောင်းသမ္မတက ဆက်လက်ပြောကြားခဲ့ပါတယ်။ အသင့်သုံးပို့ကုန်ပစ္စည်းများဟာ အခွန်ကင်းလွတ်ခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။ ရော်ဘာထုတ်လုပ်မှုရဲ့ ၃၅ ရာခိုင်နှုန်းကို ကုန်ကြမ်းအဖြစ်ဆက်လက်တင်ပို့ခွင့်ပြုမှာဖြစ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေ အကောင်အထည် ဖော်နိုင်ဖို့ ရော်ဘာကုန်ကြမ်းတစ်ကီလိုဂရမ်ကို အခွန် ၄ ရူပီးမှ ၈ ရူပီးအထိ တိုးမြှင့်ကောက်ခံဖို့ အဆိုပြုထားကြောင်းသမ္မတ က ပြောကြားခဲ့ပါတယ်။ ပို့ကုန်အများစုဖြစ်တဲ့ လက်ဖက်၊ အထည်၊ သားရေ၊ ရော်ဘာ၊ ကျောက်မျက်ရတနာများနဲ့ အမွှေးအကြိုင်အမျိုးမျိုးဟာ တန်ဖိုးမြှင့်ထုတ်လုပ်မှုမရှိဘဲ ကုန်ကြမ်း အဖြစ်တင်ပို့နေကြောင်းသမ္မတက ပြောကြားခဲ့ပါတယ်။ ပို့ကုန်အခွန်ဟာ ဈေးကွက်အတွင်းမှာ ကုန်ကြမ်း ထုတ်လုပ်သူတွေကို တင်းကျပ်မှုဖြစ်စေပြီး တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သူတွေကိုတော့ အခွင့်အလမ်းရစေမှာ ဖြစ်ပါတယ်။ ကုန်ကြမ်းထုတ်လုပ်သူတွေ၊ အသင့်သုံးပစ္စည်းထုတ်လုပ်သူတွေနဲ့ လက်လီရောင်းချသူတွေရဲ့ မတူညီတဲ့လုပ်ငန်းသဘာဝများအရ ကျွမ်းကျင်မှုများရှိဖို့ လိုအပ်ပါတယ်။                                                                                   Source: Business Standard ,KZW

Tuesday, 30 Nov 2010

မွန်ရော်ဘာ ဈေးအမြင့်မှာရှိ         ရော်ဘာစေးထွက်ရှိမှု ပိုများသောကာလဖြစ်တဲ့ ဆောင်းရာသီအဝင် နိုဝင်ဘာလရောက်လာပြီဆိုတာနဲ့ မွန်ပြည်နယ်အတွင်း ရော်ဘာခြံလုပ်သားများ မနားမနေလှုပ်ရှားဆောင်ရွက်နေကြတာတွေ့ရပါတယ်။ အစေးထွက်ရှိမှု များပြားတာနဲ့အမျှ ရော်ဘာပြည်တွင်းဈေးနှုန်းမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာနောက်ဆုံးပတ်ကRSS-3  တစ်ပေါင် ၁၃၂ဝ ကျပ်၊RSS-5  တစ်ပေါင် ၁၂ဝဝ ကျပ်ရှိရာက နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့RSS-3 တစ်ပေါင် ၁၄ဝဝ ကျပ်နဲ့RSS-5 တစ်ပေါင် ၁၃ဝဝ ကျပ်ထိမြင့်တက်လာတာကို တွေ့ရပါတယ်။ ယခု နိုဝင်ဘာ နောက်ဆုံးပတ်မှာRSS-3 တစ်ပေါင် ၁၄၁ဝ ကျပ်၊RSS-5 တစ်ပေါင် ၁၃၁ဝ ကျပ်ကို ဆက်လက်မြင့်တက် လာတာတွေ့ရပါတယ်။ ပြည်ပဝယ်လိုအား မြင့်တက်လာခြင်း ကြောင့် ပြည်တွင်းဈေးနှုန်းတိုးမြှင့်ဝယ်ယူရပါကြောင်း အဝယ်ဒိုင်လုပ်ငန်းရှင်များ ပြောကြားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအနေနဲ့ ရန်ကုန်မြို့ကို ၁၈၅ဝ တန်ခန့်၊ မန္တလေးမြို့ကို ၁၉၉၅ တန်ခန့်၊ စုစုပေါင်း ၃၈၄၅ တန်ခန့် စီးထွက်ခဲ့ပါကြောင်း သိရပါတယ်။                                                                                               အောင်လွင်

Tuesday, 30 Nov 2010

 ရော်ဘာကုန်ကြမ်းပိုရဖို့ ဈေးတိုးပေးပြီးဝယ်           တနင်္သာရီတိုင်းဒေသကြီးရဲ့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ် ရော်ဘာဈေးကွက်မှာ ကုန်ကြမ်း ဝင်ရောက်မှုနည်းနေလို့ ရော်ဘာကုန်ကြမ်းပိုမိုရရှိစေဖို့ ယခင်အပတ်ဈေးထက် တစ်ပိဿာကို ၂ဝဝ ကျပ်တိုး ပေးပြီးဝယ်တယ်လို့ သိရပါတယ်။ ယခင်အပတ်က ရော်ဘာအဆင့် -၃ တစ်ပိဿာ ၄၆ဝဝ ကျပ်၊ အဆင့် -၅ တစ်ပိဿာ ၄၄ဝဝ ကျပ်နဲ့ ဝယ်ယူခဲ့ရာက ယခုအပတ်မှာ ရော်ဘာအဆင့် -၃ တစ်ပိဿာ ၄၈ဝဝ ကျပ်၊ အဆင့် -၅ တစ်ပိဿာ ၄၆ဝဝ ကျပ်နဲ့ ဝယ်ယူခဲ့ကြတယ်လို့ သိရပါတယ်။ အစေးခြစ်ကာလ အောက်တိုဘာလကစပြီး နိုဝင်ဘာနောက်ဆုံးပတ်ထိ ဈေးကွက်မှာ ရော်ဘာကုန်ကြမ်း ၂၂၆ တန်ဝယ်ပြီးကြောင်း သိရပါတယ်။                                                                         ဝင်းစိန်

Tuesday, 30 Nov 2010

 ဒီတစ်ပတ် ပင်လယ်ရေကြောင်းက တန် ၄ဝဝ ကျော်ပို့          နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၄၅၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၃၉၆ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၃၇၇ တန် တင်ပို့ခဲ့တာကြောင့် ယခု ရက် သတ္တပတ်မှာ ၇၆ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံများကတော့ ကိုးရီးယားကိုMSR-20  ၂ဝ၉ တန်၊ တရုတ်ကို RSS-3 တန် ၁ဝဝ၊ မလေးရှားကို RSS-3 ၁၂၄ တန်နRSS-5 တန် ၂ဝ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW

Monday, 29 Nov 2010

ပဲစင်းငုံဈေးလည်းမာနေ       ယခုတစ်ပတ် ပဲစင်းငုံဈေး မာနေပါတယ်။ မိုးနှောင်းရွာသွန်း ပေမဲ့ ပြည်တွင်းပဲအထွက်ကောင်းမယ်လို့ မျှော်လင့်ထားကြတာ ကြောင့် အိန္ဒိယဝယ်လက်များဟာ မြန်မာကုန်သည်များနဲ့ စာချုပ် အသစ်ချုပ်ဆိုဖို့ တုံ့ဆိုင်းနေကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံမှာ ပဲစင်းငုံလက်ကျန် တန်ချိန် ၂ ဒသမ ၅ သန်းကျန်ရှိတယ်လို့ ခန့်မှန်းချက်များကြောင့်လည်း ဈေးထပ်မံကျဆင်းမယ်လို့ မျှော်လင့် လျက်ရှိပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်တွေမှာ မြန်မာပဲစင်းငုံ ကို အဝယ်သွက်နေတာကြောင့် ဈေးနှုန်းခိုင်မာနေခြင်းဖြစ်တယ်လို သိရပါတယ်။ ပဲစင်းငုံအဓိကစိုက်ပျိုးတဲ့ ဒေသများမှာ မိုး အဆက်မပြတ်ရွာသွန်းတာကြောင့် အထွက်နှုန်းကို ထိခိုက်နိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံ ဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄                                                                                                       ဒေါ်လာ/တန် ဈေးကွက်                           ၂၅ .၁၁ .၁ဝ               ၂၄ .၁၁ .၁ဝ               ၂၃ .၁၁ .၁ဝ              ၂၂ .၁ဝ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ)          ၇၂၄                            ၇၁၇                         ၇၂၉                       ၇၂၉ဒေလီ(မြန်မာပဲစင်းငုံ)             ၇၂၄                            ၇၂၈                      ၇၂၉-၇၃၄                 ၇၃၄ချန်နိုင်း(မြန်မာပဲစင်းငုံ)          ၇၁၃                            ၇၁၂                          ၇၁၃                      ၇ဝ၉Source: agriwatch.com , MIRT (Yangon)

Monday, 29 Nov 2010

ပဲတီစိမ်း ဈေးတည်ငြိမ်နေ         အိန္ဒိယပြည်တွင်း ဈေးကွက်အများစုမှာ ဒေစီပဲတီစိမ်းကို ဝယ်လိုအားရှိနေတာကြောင့် ယခုတစ်ပတ်ပဲတီစိမ်း ဈေးတည်ငြိမ်နေ ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း မိုးရွာသွန်းမှု တွေကြောင့် ဈေးကွက်ကိုပဲဝင်ရောက်မှု ကျဆင်းခဲ့ပါတယ်။ ဝင်ရောက် လာတဲ့ ပဲများမှာလည်း အရည်အသွေးနိမ့်များဖြစ်တဲ့အတွက် ဝယ် လက်များက အရည်အသွေးကောင်းပဲတီစိမ်းကို ဈေးမြင့်ပေးဝယ်ယူ လာကြတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း ပဲတီစိမ်းဈေး ခိုင်မာ ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက် ပါတယ် -  ဇယား-၃                                                                                                              ဒေါ်လာ/တန် ်ဈေးကွက်                ၂၅ .၁၁ .၁ဝ                  ၂၄ .၁၁ .၁ဝ              ၂၃ .၁၁ .၁ဝ                ၂၂ .၁ဝ .၁ဝချန်နိုင်း(ပဲတီရွှေဝါ)     ၉၄၃-၉၅၄                     ၉၄၂-၉၅၃                  ၉၄၃                         ၉၄၉-၉၆ဝဒေလီ                            ၉၈၇                            ၉၈၆                      ၉၈၇                          ၁ဝ၃၈အင်ဒိုရီ                          ၉၂၁                            ၈၉၈                    ၈၁၁-၈၉၉                     ၉၂၇  

Monday, 29 Nov 2010

်ကုလား ပဲဈေးခိုင်မာနေ           အိန္ဒိယပြည်တွင်းဈေးကွက်များမှာ လက်ကျန်လျော့ကျခြင်းနဲ့ လက်ထပ်ရာသီအတွက် ဝယ်လိုအားကောင်းနေခြင်းတို့ကြောင့် ယခု တစ်ပတ်ကုလားပဲဈေး ခိုင်မာနေပါတယ်။ ရာဂျက်စသန်မှာ ကုလားပဲ စိုက်ဧရိယာ တိုးတက်နေတယ်လို့ သိရပါတယ်။ အချို့ကုန်သည်များ က ၂ဝ၁ဝ-၂ဝ၁၁ အတွင်း ဈေးကွက်အတွင်း လက်ကျန် ပမာဏ ဟာ လုံလောက်မှုရှိတယ်လို့ခန့်မှန်းကြပါတယ်။ အင်ဒရာပရာဒေ့ရှ် မှာ မိုးအဆက်မပြတ်ရွာသွန်းနေခြင်းက ပဲရိတ်သိမ်းမှုကို နှောင့်နှေးစေတာကြောင့် ပဲအသစ်များ ဒီဇင်ဘာနောက်ဆုံးပတ်မှ ဝင်ရောက် ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်းမှာလည်း ကုလားပဲဈေး ဆက်လက်ခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                                                                                    ဒေါ်လာ/တန်  ဈေးကွက်         ၂၅ .၁၁ .၁ဝ       ၂၄ .၁၁ .၁ဝ         ၂၃ .၁၁ .၁ဝ             ၂၂ .၁ဝ .၁ဝမွန်ဘိုင်း          ၅၅၉-၅၆၁              ၅၅၉                    ၅၅၉                    ၅၆၃ဒေလီ                ၅၄၃                 ၅၄၂                      ၅၃၇               ၅၃ဝ-၅၃၅ကန်ပါ           ၅၄၂-၅၄၃               ၅၄၁                     ၅၃၇               ၅၃၅-၅၃၇

Monday, 29 Nov 2010

အိန္ဒိယနိုင်ငံရဲ့ နိုဝင်ဘာလ ၁၃ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုဟာ သီတင်းပတ် ၆ ပတ်ဆက်တိုက်အကျဘက်ကို ဆင်းနေသလို ၃ လအတွင်း အနိမ့်ဆုံးနီးပါးဖြစ်လာတယ်လို့ သိရပါတယ်။ အခြေခံစားသောက်ကုန်များ ဖြစ်တဲ့ ပဲမျိုးစုံဈေးနှုန်းက ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဟင်းသီးဟင်းရွက် ဈေးက ၄ ရာခိုင်နှုန်း ကျဆင်းခဲ့တာကြောင့် ယခင်သီတင်းပတ်က စားနပ်ရိက္ခာဖောင်းပွမှု ၁ဝ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုတစ် ပတ်မှာ ၁ဝဒသမ ၁၅ ရာခိုင်နှုန်းကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေး ပြန်ဆင်းလာ      အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ ဒေစီမတ်ပဲကို အဝယ် အနည်းငယ်ရှိပေမဲ့ မြန်မာနိုင်ငံက တင်သွင်းပဲများရောက်ရှိလာခြင်းက ရောင်းအားများစေတာကြောင့် ယခုတစ်ပတ် မတ်ပဲဈေးဆင်းလာ ခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းဈေးကွက်များဖြစ်တဲ့ အတ္တရာပရာ ဒေ့ရှ်နဲ့ မဒ္ဒရာပရာဒေ့ရှ်တို့မှ ပဲအသစ်များ ဝင်ရောက်နေခြင်းကလည်း ဈေးနှုန်းကို ထိန်းခုျပ်စေပါတယ်။ အတ္တရာပရာဒေ့ရှ်မှ ပဲအသစ်များ ဈေးကွက်ကို ဝင်ရောက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတို အတွင်း မတ်ပဲဈေး အားပျော့နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ  ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁                                                                                                              ဒေါ်လာ/တန်  ဈေးကွက်          ၂၅ .၁၁ .၁ဝ         ၂၄ .၁၁ .၁ဝ         ၂၃ .၁၁ .၁ဝ           ၂၂ .၁ဝ .၁ဝမွန်ဘိုင်း               ၉၁၇                  ၉၂ဝ                     ၉၃၇                   ၉၄၉ဒေလီ                  ၉၂၁                  ၉၉၁                 ၉၉၂-၉၉၈               ၁ဝဝ၅ချန်နိုင်း          ၉၅၉-၁၂ဝဝ           ၉၆၉-၁၁၉၄          ၉၇၆-၁၂ဝဝ             ၉၈၈-၁၂၁၄

Monday, 29 Nov 2010

နို့ဆီနို့စိမ်းအဝင်ပျောက်             နိုဝင်ဘာ ဒုတိယရက်သတ္တပတ် အတွင်း ပြည်တွင်းကို ရေကြောင်းလမ်း နဲ့ နို့ဆီရော နို့စိမ်းပါ အဝင်မရှိခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်တွေ ကလည်း နယ်စပ်ကအသွင်းရှိပေမဲ့ ပင်လယ်လမ်းက အနည်းငယ်ပါးခဲ့ပြီး မူလ ဖောက်သည်ဖြစ်တဲ့ စင်ကာပူဘက်က အဝင်ပါးခဲ့သလို ဈေးကွက်ငယ်အဖြစ် သွင်းခဲ့တဲ့ တရုတ်ကလည်း အဝင် ပျောက်ခဲ့တာ တွေ့ရပါတယ်။                                                                                             MIRT (DOT) နို့ဆီ၊ နို့စိမ်း ဈေးမပြောင်း               ကော့သောင်းနယ်စပ်မှာ မိမိဘက် နဲ့ တစ်ဖက်နိုင်ငံနို့ဆီ၊ နို့စိမ်းဈေးများ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ရာသီဥတုအနေအထား ကောင်းမွန် သော်လည်း တစ်ဖက်နိုင်ငံမှ အမှာစာ ပေးပို့ထားပြီး လက်ကျန်မရှိတဲ့အတွက် ယခုအပတ် နို့ဆီ၊ နို့စိမ်း တင်သွင်းနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ မိမိဘက် နဲ့ တစ်ဖက်နိုင်ငံနို့ဆီ၊ နို့စိမ်းဈေးများကို အသိပေးလိုက်ပါရစေ                    မိမိဘက်              တစ်ဖက်နိုင်ငံ           (ကျပ်/ကာတွန်း)           (ဘတ်/ကာတွန်း)နို့ဆီ            ၃ဝ၂ဝဝ                    ၅၁ဝနို့စိမ်း           ၃ဝဝဝဝ                    ၅ဝဝ         နိုဝင်ဘာလဝက်ထိ နို့ဆီ ၁၄၉၇၃ ကာတွန်းနဲ့ နို့စိမ်း ၁၄၄၂၇ ကာတွန်း ကော့သောင်းမှ တင်သွင်းထားပြီးဖြစ်ပါတယ်။ နယ်စပ်မှ ဧပြီကနေ အောက်တိုဘာလကုန်ထိ နို့ဆီနို့စိမ်း ၁၁၁၈၈၂ ကာတွန်း တင်သွင်းထားတဲ့အတွက် တစ်လပျှမ်းမျှ ၁၅၉၈ဝ ကာတွန်းနှုန်းနဲ့ တင်သွင်းမှုရှိနေတာဖြစ်ပါတယ်။ နိုဝင်ဘာလဝက်ထိ ၂၉၄ဝဝ ကာတွန်း တင် သွင်းပြီးဖြစ်တဲ့အတွက် ယခုအပတ်တင်သွင်းမှုမရှိသော်လည်း တစ်လ ပျမ်းမျှ တင်သွင်းမှုကို ကျော်လွန်တင်သွင်း ထားပြီးတာကို တွေ့ရပါတယ်။                                                                                                                 MIRT(DOBT) ပြည်တွင်းနို့ဆီလက်ကားဈေး                       ကျပ်/ တစ်ဘူး                                    ရန်ကုန်       မန္တလေးဒွန်း( နို့ဆီ )                        ၆၃၅           ၆၅၅ဒွန်း( နို့စိမ်း)                       ၆၂ဝ           ၆၃၅မာရီဂိုး(နို့ဆီ)                      ၅၈ဝ           ၅၉၅လပ်ကီးကောင်း( နို့စိမ်း)         ၅၃ဝ            ၅၄၅      နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး       ကျပ်/တစ်ဘူး                         ရန်ကုန်    မန္တလေးဒွန်း( နို့ဆီ )           ၆၇ဝ         ၆၈၅ဒွန်း( နို့စိမ်း)           ၆၅ဝ         ၆၆၅ၤFalcon  နို့ဆီ         ၆ဝဝ          ၆၁၅Happy Cow          ၅၈ဝ         ၅၉၅ဝမ်းတီးနို့ဆီ           ၆၅ဝ         ၆၆၅ယူကေနို့ဆီ           ၆ဝဝ          ၆၁၅MIRT(DOBT) 

Monday, 29 Nov 2010

ပွင့်လင်းရာသီ ရေကြောင်းက ဘိလပ်မြေအဝင်ပို            ပင်လယ်ရေကြောင်းကနေ နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက် တာကာလအတွင်း ဘိလပ်မြေ ၁၂၆၁ဝ ဒသမ ၉၂၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဝ၇၂ဝဝဝ ကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေကတော့ ထိုင်းနိုင်ငံမှ ဆင် တံဆိပ်နဲ့ စိန်တံဆိပ်ဘိလပ်မြေ ၉၇၁၉ ဒသမ ၂၅ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၈၂၆၇၇၃ ဒသမ ၁၇၅ ဖိုးနဲ့ ပါကစ္စတန်နိုင်ငံဘက်မှ ဘိလပ်မြေတန်ချိန် ၂၅၉၁၆၇၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၄၅၆၂၄ ဒသမ ၉၆၂ ဖိုးကိုတင် သွင်းခဲ့ပါတယ်။           ဘိလပ်မြေအသွင်းမှာ ပွင့်လင်းရာသီဖြစ်တဲ့အတွက် အပတ်စဉ်တန်ချိန် တစ် သောင်းကျော်ကျော်ဝန်းကျင် တင်သွင်းနေသလို ထိုင်းနိုင်ငံဘက်မှအပြင် ပါကစ္စတန် ဘက်ကပါ အဝင်အင်အားကောင်းလာတာတွေ့ရပါတယ်။                                                                                                                                                   MIRT (DOT) နယ်စပ်ကလည်း အဝင်ပိုမို          နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းနယ်စပ်များမှ ယခုအပတ်မှာ ဘိလပ်မြေ ၁၂၅၅ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၅၈ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၄၄၄၅ တန်သာ တင်သွင်းခဲ့တာမို့ တန်ချိန် ၈၁ဝဝ ကျော် ယခု အပတ်မှာတင်သွင်းမှု ပိုမိုခဲ့ပါတယ်။ ပွင့်လင်းရာသီဖြစ်တာမို့ ဆောက်လုပ်ရေး လုပ်ငန်းများလည်း တွင်တွင်ကျယ်ကျယ် ပြန်လည်လုပ်ဆောင်လာကြတာကြောင့် ဘိလပ်မြေ ပိုမိုတင်သွင်းလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေ တင်သွင်းမှုများကတော့ မူဆယ်မှ ၂၇၅ တန်၊ ကန်ပိုက်တီးမှ ၉၄၃၂ တန်၊ လွယ်ဂျယ်မှ ၆ဝ၈ တန်၊ တာချီလိတ်မှ ၁၁၉၅ တန်နဲ့မြိတ်မှ ၉၈၉ တန်ကျော်နဲ့ ကော့သောင်းမှ တန် ၅ဝ အသီးသီးဖြစ်ပါတယ်။ မူဆယ်မှတင်သွင်းတဲ့ ဘိလပ်မြေက ဆင်၊ ကမ္ဘာလုံးနဲ့စွန်၊ လွယ်ဂျယ်မှ XiLin Po၊ တာချီလိတ်နဲ့ ကော့သောင်းမှ ငှက်တံဆိပ်တို့ဖြစ်တယ်လို့ သိရပါတယ်။                MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း        ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် - တိုင်းဒေသကြီး/ပြည်နယ်               အမျိုးအစား                     ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး                 ဘိလပ်မြေ(ဆင်)ထိုင်း                    ၅ဝဝဝ(လက်ကား)                            ဘိလပ်မြေ(Blue Lion)                    ၄၇ဝဝ                                          ဘိလပ်မြေ (စိန်)                           ၄၈၅ဝမန္တလေးတိုင်းဒေသကြီး                ဘိလပ်မြေ(ဆင်)ထိုင်း                     ၆၄ဝဝ                                          ဘိလပ်မြေ(AAA)                          ၅၇ဝဝ                                          ဘိလပ်မြေ(မြန်မာဆင်)                   ၅၃ဝဝ                                          ဘိလပ်မြေ(TPI)ထိုင်း                    ၅၉ဝဝ                                          ဘိလပ်မြေ(ဆင်မင်း)                     ၅ဝဝဝ                                          ဘိလပ်မြေ(မြင်းခေါင်း)                   ၅ဝဝဝတောင်ငူ                                ဘိလပ်မြေ(ကြံ့)ထိုင်း                      ၆ဝဝဝ                                          ဘိလပ်မြေ(ဆင်)ထိုင်း                     ၆၈ဝဝ                                          ဘိလပ်မြေ(မြင်းခေါင်း)                    ၅၂ဝဝ                                          ဘိလပ်မြေ(Lucky)ပါကစ္စတန်            ၆၄ဝဝတောင်ကြီး                              ဘိလပ်မြေ(စိန်)ထိုင်း                     ၆၈ဝဝ                                          ဘိလပ်မြေ(ခြင်္သေ့)                       ၅၆ဝဝမော်လမြိုင်                              ဘိလပ်မြေ(ဆင်)ထိုင်း                   ၅၇၅ဝ                                          ဘိလပ်မြေ(ကြံ့)မြိုင်ကလေး              ၅ဝဝဝ                                          ဘိလပ်မြေ(စိန်)ထိုင်း                      ၅၈၅ဝ                                          ဘိလပ်မြေ(မြင်းခေါင်း)                    ၄၃ဝဝမကွေးတိုင်းဒေသကြီး                  ဘိလပ်မြေ(ဆင်)ထိုင်း                    ၆၈ဝဝ                                           ဘိလပ်မြေ(စိန်)ထိုင်း                     ၆ဝဝဝ                                           ဘိလပ်မြေ(မြင်းခေါင်း)                   ၆ဝဝဝMIRT (MAPT)

Pages