Main menu

Background

Monday, 15 Nov 2010

 အဝယ်အေးပေမဲ့ အိန္ဒိယနနွင်းဈေး တည်ငြိမ်နေ        အိန္ဒိယပြည်တွင်းဈေးကွက်မှာ နနွင်းအဝယ်အေးပေမဲ့ ဒေသကုန်သည်များရဲ့ လက်ကျန်နည်းလာပြီဖြစ်လို့ နနွင်းဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလ စာချုပ်အခြေခံဈေးကတော့ ယခင်ရက်က တစ်တန်ကို ကန်ဒေါ်လာ ၁၂၃၅ဝဝ (ကန်ဒေါ်လာ ၂၇၈၉)ဈေးရှိခဲ့ရာမှ ရူပီး ၁၂၄၅ဝဝ (ကန်ဒေါ်လာ ၂၈၁၁) ကိုမြင့်တက်ခဲ့ပါတယ်။ ယခင်နှစ် ဇန်နဝါရီလ နနွင်းအသစ်များ ဈေးကွက်ဝင်ရောက်ချိန်မှာ တစ်တန် ကို ရူပီး ၄၄ဝ၄ဝ (ကန်ဒေါ်လာ ၉၄၄) ဈေးနဲ့ ရောင်းချခဲ့ရာမှ နိုဝင်ဘာလမှာ ရူပီး ၁၄၂ဝ၇ဝ (ကန်ဒေါ်လာ ၃၂ဝ၈)ကိုမြင့်တက်ခဲ့ပါတယ်။ အဓိကအားဖြင့် ဝယ်လိုအားမြင့်တက်ပြီး အချို့ဒေသတွေမှာ နနွင်းအထွက်လျော့ကျတာကြောင့်လို့ ဆိုပါတယ်။ အီရော့ခရိုင်အတွင်းမှာ ၂ဝဝ၉ ခုနှစ်က နနွင်းဟက်တာ ၅၄၆ဝ စိုက်ပျိုး ခဲ့ရာမှ ၂ဝ၁ဝ မှာ ဟက်တာ ၁၃၄ဝဝ ထိ တိုးတက်စိုက်ပျိုးခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း တစ်အိတ်ကို ၆၅ ကီလို ပါရှိတဲ့ အိတ်ပေါင်း ၂ဝ သိန်းကို ဈေးကောင်းနဲ့ ရောင်းချခဲ့တဲ့အတွက် တောင်သူများ အကျိုးအမြတ်ရရှိခဲ့တယ်လို့ သိရပါတယ်။ အိတ်ပေါင်းသိန်း ၂ဝ (တန်ချိန် ၁၂ဝဝဝ နီးပါး)ရောင်းချခဲ့ပြီးဖြစ်တဲ့တိုင် တောင်သူများလက်ထဲမှာ အိတ်ပေါင်း ၄ သိန်း ဝန်းကျင် ကျန်ရှိသေးတယ်လို့ သိရပါတယ်။ ယခုရာသီမကုန်မီ ဒီဇင်ဘာလ ၁၅ ရက် ဝန်းကျင်မှာ အနည်းဆုံး အိတ်ပေါင်း ၃ သိန်းခန့် ရောင်းချဖွယ်ရှိပြိး ကျန် အိတ်ပေါင်း တစ်သိန်း ဝန်းကျင်ကတော့ လာမယ့်နှစ်စထိ ကျန်ရှိလိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။ နီဇမ်မာဘတ် ဈေးကွက်ကို နနွင်းဝင်ရောက်မှု အိတ် ၅ဝဝ-၁ဝဝဝ ခန့်ရှိပြီး အီရော့ဈေးကွက်ကို အိတ် ၂ဝဝဝ-၃၅ဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ ဟင်းခတ် အမွှေးအကြိုင်အဖွဲ့ရဲ့ နောက်ဆုံးစာရင်းအရ နနွင်းတင်ပို့မှုဟာ ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၂၂၂၅ဝ ရှိပေမဲ့ ဝင်ငွေကတော့ ၉၁ ရာခိုင်နှုန်း မြင့်တက်ပြီး ရူပီး ၃ဝ၄ဝ၉ ဒသမ ၅၅ သိန်း (ကန်ဒေါ်လာ ၆၈၆ ဒသမ ၆၆) ရရှိ ခဲ့တယ်လို့ သိရပါတယ်။ ကမ်းရိုးတန်းဒေသတွေမှာ ဆိုင်ကလုံး ဝင်ရောက်မှုကြောင့် နနွင်းစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရွာသွန်းနိုင်လို့ နနွင်းစိုက်ပျိုးမှုကို ထိခိုက်နိုင်တယ်လို့ သိရပါတယ်။                                                               ယမင်းခင်၊ှSources: business line.com

Monday, 15 Nov 2010

 ပစ္စည်းကောင်းနည်းလို့ ဈေးကောင်းတဲ့ ရှမ်းနနွင်း     စစ်တွေဝယ်လက်တွေ ဝယ်နေတာကြောင့် နနွင်းဈေးကလည်း ပြန်ပြီး လှုပ်လာပါတယ်။ ဝယ်လက်တွေကတော့ ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး၊ ကြိုက်ဈေး ပေးဝယ်နေပါတယ်၊ နနွင်းတက်အဓိကထွက်တဲ့ ပေါင်းလောင်း၊ ပင်လောင်းမှသာ လက်ကျန်တွေရှိတာကြောင့် ဝယ်လက်တွေကလည်း အဲဒီနေရာ အထိဆင်းပြီး ဝယ်နေတယ်လို့ သိရပါတယ်။ ပစ္စည်းကောင်းတွေနည်းသွားပြီး ဈေး ကလည်း ကောင်းနေတာကြောင့် နနွင်းခေါင်းတွေရောပြီး ရောင်းလာတယ်လို့ သိရ ပါတယ်။ နနွင်းအသစ်တွေက ဒီဇင်ဘာလလောက်မှသာ ဈေးကွက်ကို စပြီး ဝင်တော့မှာဖြစ်လို့ တောင်သူတွေကလည်း လက်ကျန်နနွင်းညံ့တွေကို နနွင်းသန့်နဲ့ ရောပြီး ရောင်းတာကြောင့် ဝယ်လက်တွေက အဝယ်ရပ်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။ အခုလောလောဆယ်မှာတော့ စစ်တွေဝယ်လက်တွေက နနွင်း သန့်တွေကို ရွေးပြီးဝယ်နေပါတယ်။ နနွင်း (သန့်) တစ်ပိဿာ ၃၂ဝဝ ကျပ်၊ နနွင်း (ညံ့) ၂၇ဝဝ ကျပ်၊ နနွင်းခါးက ၂၈ဝဝ ကျပ်နဲ့ နနွင်းခေါင်းကတော့ တစ်ပိဿာ ၁၅ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်း(သန့်) တစ်ပိဿာ ၃၅ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။                                                                                               ဧဧခိုင်

Monday, 15 Nov 2010

နည်းနည်းနဲ့ မှန်မှန်သွားတဲ့နနွင်း              ယခုအပတ်မှာ စစ်တွေနယ်စပ်မှတစ်ဆင့်တစ်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နနွင်းတက်၂ တန်ကန်ဒေါ်လာ ၃၂ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ် ကတော့ ၅ တန်တင်ပို့ခဲ့တာမို့ ယခုအပတ်တင်ပို့မှုက ၃ တန်လျော့ နည်းသွားပါ တယ်။ နယ်စပ်မှ အောက်တိုဘာလ တစ်လလုံးမှာနနွင်းတက် ၁၃ တန်တင်ပို့ ထားပြီး ဧပြီလမှ စက်တင်ဘာလ ထိ နနွင်းတက်တင်ပို့နိုင်မှုကတော့ တန်ချိန် ၉၉ဝ ရှိပြီဖြစ်ပါတယ်။                                              တင်တင်ထွန်း (MIRT ) 

Monday, 15 Nov 2010

 နနွင်းစုဆောင်းအားပျော့      နနွင်းကို နိုဝင်ဘာ ၁ ရက်မှ ၇ ရက်တာကာလအတွင်း တန်ချိန် ၁၆ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၄၇၅ဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ စင်ကာပူနိုင်ငံဖြစ်ပြီး တစ်တန်ကို အက်ဖ်အိုဘီကန် ဒေါ်လာ ၁၅ဝဝ ခန့်နဲ့တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် နနွင်းတန်ချိန် ၃၁ တန်တင်ပို့ခဲ့ပြီး ယခုသီတင်းပတ်တွင် ၁၆ တန်ကျော်သာတင်ပို့ခဲ့တဲ့အတွက် စုဆောင်းမှုအားနည်းပြီး အပို့တန်ချိန် တစ်ဝက်လျော့နည်းခဲ့တာတွေ့ရပါတယ်။                                                                                                                                   MIRT (DOT)

Monday, 15 Nov 2010

 နယ်စပ်မှ ပရဆေးကုန်ကြမ်း ကျပ် ၂၅ သန်းကျော်ဖိုး တင်သွင်း      မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရဆေး ကုန်ကြမ်းတန်ချိန် ၈ တန်ကျော်၊ တန်ဖိုးအားဖြင့် ကျပ် ၂၅ သန်းကျော်ဖိုး အောက်တိုဘာလအတွင်းမှာ တင်သွင်းနိုင်ခဲ့ပါတယ်။ ပမာဏအားဖြင့် တောင်လုံးကျော် အများဆုံးတင်သွင်းခဲ့ပြီး ဆောင်မေခါးတင်သွင်းမှုက အနည်းဆုံး ဖြစ်ပါတယ်။ အောက်တိုဘာလမှ တင်သွင်းခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ တောင်လုံး ကျော်၊ ဇီယာ၊ ဆောင်မေခါးနဲ့ မင်သော်တို့ဖြစ်ပါတယ်။ ပရဆေးတစ်မယ်ချင်း တင်သွင်းမှု တန်ချိန်နဲ့တန်ဖိုးကို ဖော်ပြပေးလိုက်ပါတယ်                                တန်ချိန်                      တန်ဖိုး(ကျပ်)တောင်လုံးကျော်        ၃ ဒသမ၄ဝ                     ၆၈ဝဝဝဝဇီယာ                     ၁ ဒသမ ၈ဝ                   ၂၉၈၈ဝဝဝဆောင်မေခါး            ဝ ဒသမ ၄ဝ                   ၅၉၂၂ဝဝဝမင်သော်                ၁ ဒသမ ၆ဝ                    ၁၅၆၈ဝဝဝဝအနီးစပ်ဆုံးကာလဖြစ်တဲ့ စက်တင်ဘာလမှာ တောင်လုံးကျော်နဲ့ ရှိန်းခို ၂၂ တန်ကျော်တင်သွင်းခဲ့ ပြီး တန်ဖိုးအားဖြင့် ကျပ် ၆ ဒသမ ၇၈ သန်းရှိပြီး ယမန်နှစ်ကာလတူမှာ ဇီယာ၊ ရှိန်းခို၊ မင်းသော်နဲ့ ဇာတိဖ္ပိုလ်သီး ၁ဝ တန်ကျော် တန်ဖိုးအားဖြင့် ကျပ် ၄၄ ဒသမ ၈၃ သန်းကျော်ဖိုး တင်သွင်းခဲ့တဲ့အတွက် ဒီနှစ် အောက်တိုဘာမှာ ယမန်နှစ်ကာလတူထက် တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ သိရပါတယ်။                                                          Source:  နကသ (တမူး)၊  DOBT (MIRT)

Monday, 15 Nov 2010

ရှမ်းချင်းသစ်များ ဈေးကွက်ဝင်               အောင်ပန်းဈေးကွက် ချင်းသစ်ဈေးက တဖြည်းဖြည်းတက်နေပါတယ်။ ချင်းဟောင်းတွေ ကုန်သလောက်ဖြစ်သွားပြီး၊ ချင်းအသစ်တွေသာ ဈေးကွက်ကို ဝင်နေပါတယ်။ အောင်ပန်းဒေသတစ်ဝိုက်က ရွာတွေကနေ အဝင်များနေပြီး အောင်ပန်းဈေးဖိတ်နေ့နဲ့ ပင်းတယဈေးနေ့တွေမှာဆိုရင် အဝင်ပိုများတယ်လို့ သိရပါတယ်။ အဲဒီရက်တွေမှာဆိုရင် တစ်ရက်ထဲကို ပိဿာချိန် ၅ သောင်းနဲ့ ၁ သိန်းကြား ဝင်နေပြီး ကြားရက်တွေမှာတော့ ၅ ထောင်၊ ၁ သောင်းခန့်သာ ဝင်ပါတယ်။ ချင်းသစ်တွေက နုရင်အလေးချိန် သိပ်မစီးတာကြောင့် အနုတွေ ထားပြီး အရင့်တွေသာ ဖော်နေတယ်လို့ သိရပါတယ်။ ဈေးနှုန်းကလည်း သိပ်မငြိမ် သေးပါဘူး။ အဝင်နည်းရင် ဈေးတက်လာပြီး အဝင်များလာရင်လည်း ဈေးကကျ လာပါတယ်။ ပြည်တွင်းသုံးအတွက် မကွေး၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ ပဲနွယ် ကုန်း၊ မန္တလေးစတဲ့ မြို့တွေက ဝယ်ယူနေကြပါတယ်။ ချင်းအသစ်တွေ ရင့်မဲ့ အချိန်ဖြစ်တဲ့ ဇန်နဝါရီလမှာတော့ ဈေးကွက်ကို လှိုင်လှိုင်ဝင်လာတော့မယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်ချင်းစို ဈေးက တစ်ပိဿာ ၉ဝဝ ကျပ်၊ ၁ဝဝဝ ကျပ်ဈေးရှိပြီး ချင်းခြောက်ဈေးကတော့ ၃ဝဝဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်ဈေးက အနည်းငယ်တက်လာပြီး တစ်ပိဿာ ၂၈ဝဝ ကျပ်ဈေးရှိပါတယ်။                                                                    ဧဧခိုင် 

Monday, 15 Nov 2010

ချင်းအသစ် ဈေးကွက်အဝင်နှေးတာကြောင့် အပို့နည်း           ပင်လယ်ရေကြောင်းလမ်းကနေ နိုဝင်ဘာ ၁ ရက်မှ ၇ ရက်အတွင်း ချင်းတင်ပို့ မှုတန်ချိန် ၁၇၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၄၇၉၅ဝ ဖိုး ပို့ကုန်ဝင်ငွေရရှိခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီကန်ဒေါ်လာ ၁၄၂၅ ဈေးနဲ့ တင်ပို့ခဲ့တာဖြစ်ပြီး စင်ကာပူနိုင်ငံကို ၁ဝ၄ တန်၊ ပါကစ္စတန်နိုင်ငံကို ၂ဝ တန်နဲ့ မလေးရှားနိုင်ငံကို ၅ဝ တန် အသီးသီးခွဲဝေတင်ပို့ခဲ့တာတွေ့ရပါတယ်။ ချင်းအသစ်အဝင်နှေးတာရယ် ပြည်တွင်းဈေးကွက်က အဆွဲကောင်းတာရယ်တွေကြောင့် ပြည်ပပို့ကုန်အတွက်  စုဆောင်းတင်ပို့မှု အားနည်းနေသေးတာတွေ့ရပြီး တစ်ပတ်ခြားခန့်လောက်သာ အချိန်ခြားပြီး ပစ္စည်းစုတင်ပို့နေတာတွေ့ရပါတယ်။                                       MIRT (DOT)  

Monday, 15 Nov 2010

ပြောင်းတင်ပို့မှု စဉ်ဆက်မပြတ်      နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၃၇၈ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၉၄ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁၄၇၇ တန်တင်ပို့ခဲ့တာကြောင့် ၁ဝ၉၉ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့မှုလျော့နည်းသွားပေမဲ့ ယခင်လများနဲ့ နှိုင်းယှဉ် ရင် စဉ်ဆက်မပြတ် တင်ပို့နိုင်တာတွေရှိရပါတယ်။ တင်ပို့တဲ့နိုင်ငံများက တော့ တရုတ်ကို ၄၂ တန်နဲ့ စင်ကာပူကို ၃၃၆ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ် ကြောင်းသတင်းရရှိပါတယ်။                                                                                                                                           KZW

Monday, 15 Nov 2010

အချို့ဈေးကွက်များမှာ ပဲစင်းငုံဈေးမာလာ     အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်အချို့မှာ ဝယ်လိုအားနည်းတာကြောင့် ဈေးငြိမ်နေပေမဲ့ အချို့ဈေးကွက် များမှာတော့ ဝယ်လိုအားတက်လာတာကြောင့် ဈေးမြင့်လာပါတယ်။ ဈေးကွက် တွေမှာ လက်ကျန်များနေခြင်းနဲ့ မြန်မာနိုင်ငံ၊ တန်ဇန်းနီးယားနိုင်ငံ တွေက တင်သွင်းပဲတွေရောက်ရှိလာခြင်းကြောင့် ရောင်းအားများနေ ပါတယ်။ ဒါ့အပြင် ကာနာတာကာက ပဲစင်းငုံအသစ်များ ဒီဇင်ဘာ ပထမပတ်မှ စတင်ဝင်ရောက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ လာမယ့်ရက်များမှာ ဈေးလျော့ကျလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေ ကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် - ဇယား-၄                                                                                                                ဒေါ်လာ/တန် ဈေးကွက်                       ၁၁ .၁၁ .၁ဝ           ၁ဝ .၁၁ .၁ဝ             ၉ .၁၁ .၁ဝ                ၈ .၁ဝ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ)       ၇၁၂                     ၆၉၈                         ၆၉၃                       ၆၈၅ဒေလီ(မြန်မာပဲစင်းငုံ)          -                          ၆၇၆                         ၆၇၆                       ၆၇၈ချန်နိုင်း(မြန်မာပဲစင်းငုံ)        -                          ၆၈၇                         ၆၇၆                       ၆၇၈ှ                                                                                            Source: agriwatch.com , MIRT (Yangon)

Monday, 15 Nov 2010

ပြည်တွင်းပဲတီစိမ်းဈေး မြင့်တက်လာ      အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲခွဲစက်များနဲ့ ကုန်သည် များက ဒေသပဲတီစိမ်းအသစ်တွေကို ဝယ်လိုအားကောင်းလာတာ ကြောင့် ဒီတစ်ပတ်ဈေးမြင့်လာခဲ့ပေမဲ့ ပဲတီရွှေဝါဈေးကတော့ ငြိမ်နေ တာ တွေ့ရပါတယ်။ ဒါပေမဲ့မဟာရပ်ရှတရာမှာတော့ အရည်အသွေး ညံ့ပဲတွေကို ဝယ်လိုအားကျနေတယ်လို့ သိရပါတယ်။ ယခင်နှစ်ထက်ယခုနှစ်မှာ အထွက်ပိုမိုမယ်လို့ ခန့်မှန်းထားပေမဲ့ မြန်မာနိုင်ငံက ပဲ ရရှိနိုင်မှု အကန့်အသတ်သာရှိခြင်းက ဈေးနှုန်းကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။ ကာလတိုအတွင်း ဈေးခိုင်မာဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ် ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃                                                                                                      ဒေါ်လာ/တန်  ဈေးကွက်               ၁၁ .၁၁ .၁ဝ          ၁ဝ .၁၁ .၁ဝ              ၉ .၁၁ .၁ဝ             ၈ .၁ဝ .၁ဝချန်နိုင်း(ပဲတီရွှေဝါ)       ၉၉၄                     ၉၉၁                        ၉၉၁                     ၉၉၄ဒေလီ                     ၁ဝ၈၅                ၁ဝ၃၆-၁ဝ၅၉            ၁ဝ၁၄-၁ဝ၃၆          ၁ဝ၁၇-၁ဝ၃၉အင်ဒိုရီ                    ၉၇၂                      ၉၄၆                       ၉၄၆                 ၉၂၆-၉၄၉

Pages