Background
နည်းနည်းနဲ့ မှန်မှန်သွားတဲ့နနွင်း ယခုအပတ်မှာ စစ်တွေနယ်စပ်မှတစ်ဆင့်တစ်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နနွင်းတက်၂ တန်ကန်ဒေါ်လာ ၃၂ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ် ကတော့ ၅ တန်တင်ပို့ခဲ့တာမို့ ယခုအပတ်တင်ပို့မှုက ၃ တန်လျော့ နည်းသွားပါ တယ်။ နယ်စပ်မှ အောက်တိုဘာလ တစ်လလုံးမှာနနွင်းတက် ၁၃ တန်တင်ပို့ ထားပြီး ဧပြီလမှ စက်တင်ဘာလ ထိ နနွင်းတက်တင်ပို့နိုင်မှုကတော့ တန်ချိန် ၉၉ဝ ရှိပြီဖြစ်ပါတယ်။ တင်တင်ထွန်း (MIRT )
နနွင်းစုဆောင်းအားပျော့ နနွင်းကို နိုဝင်ဘာ ၁ ရက်မှ ၇ ရက်တာကာလအတွင်း တန်ချိန် ၁၆ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၄၇၅ဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ စင်ကာပူနိုင်ငံဖြစ်ပြီး တစ်တန်ကို အက်ဖ်အိုဘီကန် ဒေါ်လာ ၁၅ဝဝ ခန့်နဲ့တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် နနွင်းတန်ချိန် ၃၁ တန်တင်ပို့ခဲ့ပြီး ယခုသီတင်းပတ်တွင် ၁၆ တန်ကျော်သာတင်ပို့ခဲ့တဲ့အတွက် စုဆောင်းမှုအားနည်းပြီး အပို့တန်ချိန် တစ်ဝက်လျော့နည်းခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
နယ်စပ်မှ ပရဆေးကုန်ကြမ်း ကျပ် ၂၅ သန်းကျော်ဖိုး တင်သွင်း မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရဆေး ကုန်ကြမ်းတန်ချိန် ၈ တန်ကျော်၊ တန်ဖိုးအားဖြင့် ကျပ် ၂၅ သန်းကျော်ဖိုး အောက်တိုဘာလအတွင်းမှာ တင်သွင်းနိုင်ခဲ့ပါတယ်။ ပမာဏအားဖြင့် တောင်လုံးကျော် အများဆုံးတင်သွင်းခဲ့ပြီး ဆောင်မေခါးတင်သွင်းမှုက အနည်းဆုံး ဖြစ်ပါတယ်။ အောက်တိုဘာလမှ တင်သွင်းခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ တောင်လုံး ကျော်၊ ဇီယာ၊ ဆောင်မေခါးနဲ့ မင်သော်တို့ဖြစ်ပါတယ်။ ပရဆေးတစ်မယ်ချင်း တင်သွင်းမှု တန်ချိန်နဲ့တန်ဖိုးကို ဖော်ပြပေးလိုက်ပါတယ် တန်ချိန် တန်ဖိုး(ကျပ်)တောင်လုံးကျော် ၃ ဒသမ၄ဝ ၆၈ဝဝဝဝဇီယာ ၁ ဒသမ ၈ဝ ၂၉၈၈ဝဝဝဆောင်မေခါး ဝ ဒသမ ၄ဝ ၅၉၂၂ဝဝဝမင်သော် ၁ ဒသမ ၆ဝ ၁၅၆၈ဝဝဝဝအနီးစပ်ဆုံးကာလဖြစ်တဲ့ စက်တင်ဘာလမှာ တောင်လုံးကျော်နဲ့ ရှိန်းခို ၂၂ တန်ကျော်တင်သွင်းခဲ့ ပြီး တန်ဖိုးအားဖြင့် ကျပ် ၆ ဒသမ ၇၈ သန်းရှိပြီး ယမန်နှစ်ကာလတူမှာ ဇီယာ၊ ရှိန်းခို၊ မင်းသော်နဲ့ ဇာတိဖ္ပိုလ်သီး ၁ဝ တန်ကျော် တန်ဖိုးအားဖြင့် ကျပ် ၄၄ ဒသမ ၈၃ သန်းကျော်ဖိုး တင်သွင်းခဲ့တဲ့အတွက် ဒီနှစ် အောက်တိုဘာမှာ ယမန်နှစ်ကာလတူထက် တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ Source: နကသ (တမူး)၊ DOBT (MIRT)
ရှမ်းချင်းသစ်များ ဈေးကွက်ဝင် အောင်ပန်းဈေးကွက် ချင်းသစ်ဈေးက တဖြည်းဖြည်းတက်နေပါတယ်။ ချင်းဟောင်းတွေ ကုန်သလောက်ဖြစ်သွားပြီး၊ ချင်းအသစ်တွေသာ ဈေးကွက်ကို ဝင်နေပါတယ်။ အောင်ပန်းဒေသတစ်ဝိုက်က ရွာတွေကနေ အဝင်များနေပြီး အောင်ပန်းဈေးဖိတ်နေ့နဲ့ ပင်းတယဈေးနေ့တွေမှာဆိုရင် အဝင်ပိုများတယ်လို့ သိရပါတယ်။ အဲဒီရက်တွေမှာဆိုရင် တစ်ရက်ထဲကို ပိဿာချိန် ၅ သောင်းနဲ့ ၁ သိန်းကြား ဝင်နေပြီး ကြားရက်တွေမှာတော့ ၅ ထောင်၊ ၁ သောင်းခန့်သာ ဝင်ပါတယ်။ ချင်းသစ်တွေက နုရင်အလေးချိန် သိပ်မစီးတာကြောင့် အနုတွေ ထားပြီး အရင့်တွေသာ ဖော်နေတယ်လို့ သိရပါတယ်။ ဈေးနှုန်းကလည်း သိပ်မငြိမ် သေးပါဘူး။ အဝင်နည်းရင် ဈေးတက်လာပြီး အဝင်များလာရင်လည်း ဈေးကကျ လာပါတယ်။ ပြည်တွင်းသုံးအတွက် မကွေး၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ ပဲနွယ် ကုန်း၊ မန္တလေးစတဲ့ မြို့တွေက ဝယ်ယူနေကြပါတယ်။ ချင်းအသစ်တွေ ရင့်မဲ့ အချိန်ဖြစ်တဲ့ ဇန်နဝါရီလမှာတော့ ဈေးကွက်ကို လှိုင်လှိုင်ဝင်လာတော့မယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်ချင်းစို ဈေးက တစ်ပိဿာ ၉ဝဝ ကျပ်၊ ၁ဝဝဝ ကျပ်ဈေးရှိပြီး ချင်းခြောက်ဈေးကတော့ ၃ဝဝဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်ဈေးက အနည်းငယ်တက်လာပြီး တစ်ပိဿာ ၂၈ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
ချင်းအသစ် ဈေးကွက်အဝင်နှေးတာကြောင့် အပို့နည်း ပင်လယ်ရေကြောင်းလမ်းကနေ နိုဝင်ဘာ ၁ ရက်မှ ၇ ရက်အတွင်း ချင်းတင်ပို့ မှုတန်ချိန် ၁၇၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၄၇၉၅ဝ ဖိုး ပို့ကုန်ဝင်ငွေရရှိခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီကန်ဒေါ်လာ ၁၄၂၅ ဈေးနဲ့ တင်ပို့ခဲ့တာဖြစ်ပြီး စင်ကာပူနိုင်ငံကို ၁ဝ၄ တန်၊ ပါကစ္စတန်နိုင်ငံကို ၂ဝ တန်နဲ့ မလေးရှားနိုင်ငံကို ၅ဝ တန် အသီးသီးခွဲဝေတင်ပို့ခဲ့တာတွေ့ရပါတယ်။ ချင်းအသစ်အဝင်နှေးတာရယ် ပြည်တွင်းဈေးကွက်က အဆွဲကောင်းတာရယ်တွေကြောင့် ပြည်ပပို့ကုန်အတွက် စုဆောင်းတင်ပို့မှု အားနည်းနေသေးတာတွေ့ရပြီး တစ်ပတ်ခြားခန့်လောက်သာ အချိန်ခြားပြီး ပစ္စည်းစုတင်ပို့နေတာတွေ့ရပါတယ်။ MIRT (DOT)
ပြောင်းတင်ပို့မှု စဉ်ဆက်မပြတ် နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၃၇၈ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၉၄ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁၄၇၇ တန်တင်ပို့ခဲ့တာကြောင့် ၁ဝ၉၉ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့မှုလျော့နည်းသွားပေမဲ့ ယခင်လများနဲ့ နှိုင်းယှဉ် ရင် စဉ်ဆက်မပြတ် တင်ပို့နိုင်တာတွေရှိရပါတယ်။ တင်ပို့တဲ့နိုင်ငံများက တော့ တရုတ်ကို ၄၂ တန်နဲ့ စင်ကာပူကို ၃၃၆ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ် ကြောင်းသတင်းရရှိပါတယ်။ KZW
အချို့ဈေးကွက်များမှာ ပဲစင်းငုံဈေးမာလာ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်အချို့မှာ ဝယ်လိုအားနည်းတာကြောင့် ဈေးငြိမ်နေပေမဲ့ အချို့ဈေးကွက် များမှာတော့ ဝယ်လိုအားတက်လာတာကြောင့် ဈေးမြင့်လာပါတယ်။ ဈေးကွက် တွေမှာ လက်ကျန်များနေခြင်းနဲ့ မြန်မာနိုင်ငံ၊ တန်ဇန်းနီးယားနိုင်ငံ တွေက တင်သွင်းပဲတွေရောက်ရှိလာခြင်းကြောင့် ရောင်းအားများနေ ပါတယ်။ ဒါ့အပြင် ကာနာတာကာက ပဲစင်းငုံအသစ်များ ဒီဇင်ဘာ ပထမပတ်မှ စတင်ဝင်ရောက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ လာမယ့်ရက်များမှာ ဈေးလျော့ကျလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေ ကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် - ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၁၁ .၁၁ .၁ဝ ၁ဝ .၁၁ .၁ဝ ၉ .၁၁ .၁ဝ ၈ .၁ဝ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၇၁၂ ၆၉၈ ၆၉၃ ၆၈၅ဒေလီ(မြန်မာပဲစင်းငုံ) - ၆၇၆ ၆၇၆ ၆၇၈ချန်နိုင်း(မြန်မာပဲစင်းငုံ) - ၆၈၇ ၆၇၆ ၆၇၈ှ Source: agriwatch.com , MIRT (Yangon)
ပြည်တွင်းပဲတီစိမ်းဈေး မြင့်တက်လာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲခွဲစက်များနဲ့ ကုန်သည် များက ဒေသပဲတီစိမ်းအသစ်တွေကို ဝယ်လိုအားကောင်းလာတာ ကြောင့် ဒီတစ်ပတ်ဈေးမြင့်လာခဲ့ပေမဲ့ ပဲတီရွှေဝါဈေးကတော့ ငြိမ်နေ တာ တွေ့ရပါတယ်။ ဒါပေမဲ့မဟာရပ်ရှတရာမှာတော့ အရည်အသွေး ညံ့ပဲတွေကို ဝယ်လိုအားကျနေတယ်လို့ သိရပါတယ်။ ယခင်နှစ်ထက်ယခုနှစ်မှာ အထွက်ပိုမိုမယ်လို့ ခန့်မှန်းထားပေမဲ့ မြန်မာနိုင်ငံက ပဲ ရရှိနိုင်မှု အကန့်အသတ်သာရှိခြင်းက ဈေးနှုန်းကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။ ကာလတိုအတွင်း ဈေးခိုင်မာဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ် ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၁၁ .၁၁ .၁ဝ ၁ဝ .၁၁ .၁ဝ ၉ .၁၁ .၁ဝ ၈ .၁ဝ .၁ဝချန်နိုင်း(ပဲတီရွှေဝါ) ၉၉၄ ၉၉၁ ၉၉၁ ၉၉၄ဒေလီ ၁ဝ၈၅ ၁ဝ၃၆-၁ဝ၅၉ ၁ဝ၁၄-၁ဝ၃၆ ၁ဝ၁၇-၁ဝ၃၉အင်ဒိုရီ ၉၇၂ ၉၄၆ ၉၄၆ ၉၂၆-၉၄၉
ကုလားပဲဈေး အပြောင်းအလဲနည်း အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ် ကုလားပဲဈေးက အပြောင်းအလဲနည်းပြီး ငြိမ်သလောက်ဖြစ်နေပါ တယ်။ အချို့ဈေးကွက်တွေမှာ လက်ကျန်လျော့နည်းလာပြီဖြစ်လို့ ဈေးမြင့်တက်ဦးမယ်လို့ ခန့်မှန်းသူတွေရှိသလို အချို့ဈေးကွက်လက်ကျန်ပမာဏများက ပဲအသစ်ဝင်ရောက်တဲ့ထိ လုံလောက်မယ်လို့ ခန့် မှန်းကြပါတယ်။ သြစတြေးလျနဲ့ ကနေဒါတို့မှာ ရာသီဥတု အခြေအနေမကောင်းခြင်းက ကုလားပဲဖြူလုံးကြီး အရည်အသွေးပျက်စီးမှု ရှိသလို အထွက်လည်းထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ ပြည်တွင်း ပဲစိုက်တဲ့ အဓိကဒေသတွေမှာ ကုလားပဲစိုက်ပျိုးမှု တိုးတက်နေတဲ့ သတင်းများကတော့ ဈေးနှုန်းကို အကန့်အသတ် ဖြစ်စေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ ဝယ်လိုအားကောင်းလာရင်တော့ ဈေးနှုန်းထပ်တက်နိုင်တယ်လို့ အချို့က ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကိုဇယား(၂)နဲ့ ဖော်ပြထားပါတယ်- ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၁၁ .၁၁ .၁ဝ ၁ဝ .၁၁ .၁ဝ ၉ .၁၁ .၁ဝ ၈ .၁ဝ .၁ဝမွန်ဘိုင်း ၅၇၆ ၅၇၂-၅၇၄ ၅၇၄-၅၈ဝ ၅၇၆ဒေလီ ၅၄၂-၅၄၈ ၅၄၁ ၅၄၈-၅၅ဝ ၅၄၇-၅၄၈ကန်ပါ ၅၄၂ ၅၄၁ ၅၃၈-၅၄၁ ၅၃၈-၅၃၉
အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာဖောင်းပွမှုဟာ ပဲမျိုးစုံဈေးနှုန်း သက်သာလာတာကြောင့် ယခင်တစ်ပတ်က ၁၂ ဒသမ ၈၅ ရာခိုင် နှုန်းရှိရာမှ အောက်တိုဘာလ ၃ဝ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ် အတွင်း ၁၂ ဒသမ ၃ ရာခိုင်နှုန်းကို လျော့ကျလာတယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာ ကုလားပဲဈေးက ၁ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပေမဲ့ ပဲနီလေးမှာ ၃ ရာခိုင်နှုန်း၊ ပဲစင်းငုံ၊ ပဲတီစိမ်းနဲ့ မတ်ပဲတို့ကတော့၂ ရာခိုင်နှုန်းစီ ကျဆင်းလာတယ်လို့ သိရပါတယ်။ မတ်ပဲအမြင့်ဈေးနဲ့ပိတ် အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ သီတင်းပတ် အစပိုင်းက မတ်ပဲဈေးငြိမ်နေခဲ့ရာမှ သီတင်းပတ် နောက်ဆုံးရက်မှာ တော့ အမြင့်ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကန်ပါဈေးကွက်ကို ပဲအဆက်မပြတ် ဝင်ရောက်နေခြင်းက ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ မဟာရပ်ရှတရာ၊ ကာနာတာကာနဲ့ အင်ဒါပရာဒေ့ရှ်တို့မှာ မတ်ပဲ ၇ဝ ရာခိုင်နှုန်း ခန့်ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မဒ္ဒရာပရာဒေ့ရှ်နဲ့ ဂူဂျာရတ်တို့လိုအခြားဒေသတွေမှာ အထွက်ကောင်းခြင်းက လျော့ကျတဲ့အထွက်ကိုပြန်ကာမိနိုင်တယ်လို့ဆိုပါတယ်။ ကာလတိုအတွင်း မတ်ပဲဈေး ခိုင်မာဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၁၁ .၁၁ .၁ဝ ၁ဝ .၁၁ .၁ဝ ၉ .၁၁ .၁ဝ ၈ .၁ဝ .၁ဝမွန်ဘိုင်း ၉၈၃ ၉၅၇-၉၆၃ ၉၅၇ ၉၆ဝဒေလီ - ၉၅၇ ၉၅၇ ၉၆ဝချန်နိုင်း - ၁ဝဝ၂-၁၁၈၃ ၉၉၂-၁၁၇၁ ၉၉၄-၁၁၇၅