Background
တာချီလိတ်မှလည်း သဘာဝဓာတ်ငွေ့ရည် တင်သွင်းလာ နိုဝင်ဘာလ ၃ ရက်မှ ၉ ရက်ထိကာလအတွင်းမှာ ဓာတ်ဆီအဝင်ကတော့ ကော့သောင်းနယ်စပ်ဘက်ကရော တာချီလိတ်ဘက်ကပါ ဝင်တာတွေ့ရပါတယ်။ တာချီလိတ်နယ်စပ်က ဓာတ်ဆီအပြင် ဒီဇယ်ဆီနဲ့ သဘာဝဓာတ်ငွေ့အရည်များ လည်း ယခုအပတ်မှာတင်သွင်းတာတွေ့ရပါတယ်။ ယခုအပတ်မှာ ကော့သောင်းမှ ဓာတ်ဆီ ၃၄၁၃ဝ ဂါလန်နဲ့ တာချီလိတ်မှ ၃၇၆ဝဝ ဂါလန် စုစုပေါင်းဓာတ်ဆီ ၇၁၇၃ဝ ဂါလန်၊ ဒီဇယ်ဆီ ၁၅၅ဝ၆၈ ဂါလန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၄၃၈ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် နယ်စပ်စခန်း များမှ ဓာတ်ဆီရော ဒီဇယ်ဆီပါ တင်သွင်းမှုလျော့ကျခဲ့တာ တွေ့ရပါတယ်။ တာချီလိတ်စခန်းအနေနဲ့ကတော့ ဓာတ်ဆီရော ဒီဇယ်ဆီပါ ပိုမိုတင်သွင်းနိုင်ခဲ့ပြီး ကိုျင်းတုံ၊ တောင်ကြီးဘက်ကိုအဆင်းကားများပြီး စက်သုံးဆီအဝယ်လိုက်ခြင်း၊ ပွင့်လင်းရာသီ ရောက်ပြီဖြစ်တဲ့အတွက် ပို့ကုန်သွင်းကုန်ယာဉ်များ ဝင်ရောက်မှုများလာလို့ ဓာတ်ဆီ၊ ဒီဇယ်ဆီရောင်းအား သွက်လာတယ်လို့ တာချီလိတ် နယ်စပ်ကုန်သည်အသင်းက သိရပါတယ်။ ဒီတစ်ပတ်မှာ သဘာဝဓာတ်ငွေ့ရည် ၁၂၁၉ဝ ကီလိုဂရမ်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ၆ဝ၄၅ ဖိုးလည်း တင်သွင်းနိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ ဧပြီလမှ အောက်တိုဘာလအထိ နယ်စပ်စခန်းများမှ ဓာတ်ဆီဂါလန် သိန်း ၃ဝ ကျော်၊ ဒီဇယ်ဆီ ဂါလန် သိန်း ၄ဝ ကျော်နဲ့ သဘာဝဓာတ်ငွေ့ရည် ၇၂၄၇ဝ ကီလိုဂရမ်တင်သွင်းထား ပြီး ဖြစ်ပါတယ်။ MIRT (DOBT)
ပီပါ နှစ်သိန်းလေးသောင်းကျော်ဝင် ပြည်တွင်းလုပ်ငန်းသုံး၊ စက်ရုံသုံးစက်သုံးဆီများကို ပင်လယ်ရေကြောင်းကနေ အဝင်ပုံမှန်ရှိနေတတ်ပေမဲ့ တစ်ခါတစ်ရံအဝင်ကဲျသွားတာတွေ့ရပါတယ်။ ဒီသီတင်းပတ် အောက်တိုဘာ တတိယပတ်ကာလအတွင်း ဒီဇယ်ပီပါ နှစ်သိန်းလေးသောင်း ကျော်၊ တန်ချိန်အားဖြင့် တန်သုံးသောင်း သုံးထောင်နီးပါးကို တင်သွင်းခဲ့ပါတယ်။ နယ်စပ်အဝင်အားကောင်းခဲ့ပေမယ့် ရေကြောင်းလမ်းက အဝင်ခပ်ကဲျကဲျသာရှိခဲ့ပြီး ယခင်သီတင်းပတ်မှာ ဒီဇယ်ဆီအဝင်မရှိခဲ့တာတွေ့ရပါတယ်။ ယခုသီတင်းပတ် အတွင်းမှာ ပြန်လည်တင်သွင်းခဲ့မှုကြောင့် အဝင်တန်ချိန် သုံးသောင်းကျော်ကျော် ပြည်တွင်းဈေးကွက် ဖြန့်ခဲ့ပါတယ်။ MIRT-DOT
မျိုးသမားများ အဝယ်ရှိနေတဲ့ ဘိုကိတ် ပြည်ဈေးကွက်အတွင်းဘိုကိတ်ပဲမှာ မျိုးသမားများ အဝယ်ရှိ နေခြင်းကြောင့် ယခင်တစ်ပတ်ဈေးအတိုင်း ပိဿာ ၂ဝ တစ်တင်းကို ၃ဝဝဝဝ ကျပ်ဖြင့် ဈေးကောင်းနေဆဲဖြစ်ကြောင်း သိရပါတယ်။ ဘိုကိတ်ပဲမှာ ပြည်ဈေးကွက်တွင် လက်ကျန် မရှိသော်လည်း တိုင်းအတွင်းရှိ အခြားမြို့နယ်များတွင် လက်ကျန်အနည်းငယ် ကျန်ရှိနေပြီး တစ်နေ့ကို ၁ဝ အိတ်ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ ပဲခူးတိုင်း ဒေသကြီးအနောက်ပိုင်းရှိ မိုးစပါးရိတ်သိမ်းပြီး လယ်မြေများတွင် ဘိုကိတ် ဧက ၂၃၅ဝ ကျော် စိုက်ပျိုးပြီးကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
မန္တလေးဈေးကွက်မှာ ပဲကြီးအရောင်းသွက်ဈေးမြင့်လာ မန္တလေးဈေးကွက်မှာ စက်တင်ဘာလနောက်ဆုံးပတ်အတွင်းက တစ်ပိဿာ ၁၆၂၉ ကျပ်ဈေးနှုန်းပေါက်ခဲ့တဲ့ ပဲကြီးဟာ အောက်တိုဘာ ဒုတိယပတ်မှာ ၁၆၄၇ ကျပ်ဖြစ်ခဲ့ပြီး ယခုအောက်တိုဘာ နောက်ဆုံးပတ်မှာ တစ်ပိဿာ ၁၇၁၉ ကျပ်ထိ မြင့်တက်လာခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ပဲကြီးကို မိုးစိုက်အနည်းငယ်သာရှိပြီး ဆောင်းမှာ အများဆုံး စိုက်ပျိုးပါတယ်။ ဈေးကွက်ကို တိုင်းအတွင်း ထွက်ရှိရာ ဒေသများနဲ့ မုံရွာ၊ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများမှလည်း ဝင်ရောက်ကြောင်း ဈေးကွက်ဝင်လာတဲ့ ပဲကြီးများထဲမှ မတ္တရာ၊ ကျောက်ဆည်၊ ကူမဲ ဒေသထွက်က ပစ္စည်းအရည်အသွေး အကောင်းဆုံးလို့ ကုန်သည်များထံမှ သိရပါတယ်။ ဆောင်းသီးနံှစိုက်ပိးရန် ပြင်ဆင်ဆဲ ကာလဖြစ်လို့ မိုျးအဖြစ်ရောင်းဝယ်မှု ရှိခြင်း၊ သီးနံှလက်ကျန်နည်းခြင်း၊ ပဲခွဲစက်နဲ့ ပဲကျော်၊ ပဲလှော်သမား များအဝယ်ရှိခြင်းတို့ကြောင့် ဈေးကွက်မြင့်လာခြင်း ဖြစ်ကြောင်းနဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ထွက်ပေါ်မည်ဖြစ်ကြောင်း သိရပါတယ်။ သက်သက်နိုင်
တောင်သူများ ဈေးကောင်းမျှော်စိုက်ပျိုးလာတဲ့ ထောပတ်ပဲ ယခုနှစ်အတွင်း ထောပတ်ပဲဈေးမှာ ဈေးအမြင့်နဲ့ လက်ကျန်ပြတ်သွားခဲ့တာကြောင့် ပဲစိုက်တောင်သူများအဖို့ ဈေးကောင်းမျှော်လင့်ကာ ထောပတ်ပဲသီးနံှအား စတင်စိုက်ပျိုးကြပြီလို့သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းမှာ ယခင်နှစ်က စိုက်ပျိုးမှု နည်းခဲ့ပေမဲ့ ယခုနှစ်မှာတော့ ဧက ၃ဝဝကျော်ခန့် စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယခုနှစ်ထောပတ်ပဲမှာ ဈေးစဖွင့်ချိန်မှာ ၂၄ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ အပိတ်ဈေးမှာ ၂၆၅ဝဝ ကျပ်ဖြင့် ဈေးကောင်းရရှိခဲ့တယ်လို့သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ပ ဝယ်လိုအား ရှိပေမဲ့ ထောပတ်ပဲ လက်ကျန်ပြတ်သလောက်ရှိနေ ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်းမှထောပတ်ပဲတင်ပို့မှုလျော့ကျခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၂၁ ရက်မှ ၂၇ ရက်)အတွင်းမှာတော့ တန် ၁ဝဝ ကျော်ကို ပြန်လည်တိုးပြီး တင်ပို့လာတာ တွေ့ရပါတယ်။ ပြည်ပ ဝယ်လိုအား ရှိနေဆဲ ဖြစ်ပေမဲ့ ပြည်တွင်းဈေးကွက်မှာ ဒီနှစ်အထွက်လျော့လို့ လက်ကျန်ပြတ်သလောက်ဖြစ်နေပြီလို့ သိရပါတယ်။ ရန်ကုန် ၤFOB ဈေးမှာ FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၅ဝ-၈၇ဝ နဲ့ ပြောင်းလဲခြင်း မရှိဘူးလို့ သိရပါတယ်။ MIRT - MAPT
လက်ကျန်နည်းလာလို့ ပဲလွန်းဖြူ အပို့နည်း ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်းမှ ပုံမှန်တင်ပို့မှုရှိနေတဲ့ ပဲလွန်းဖြူဟာ ယခုတစ်ပတ် (အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ) မှာတော့ တန်ချိန် ၁ဝဝ အောက်ကို လျော့ကျတင်ပို့လာတာ တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ ကိုရီးယားနဲ့ တရုတ်နိုင်ငံကို တင်ပို့ခြင်းဖြစ်ပါတယ်။ လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲလွန်းဖြူဟာ ပြည်တွင်းအရောင်းအဝယ် အသင့်အတင့်သာရှိလို့ ဈေးနှုန်းပြောင်းလဲခြင်းမရှိတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်အတိုင်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ရှိပြီး အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၉ဝ ကိုကျဆင်းလာတယ်လို့ သိရပါတယ်။ MIRT - MAPT
ယခုတစ်ပတ် မြေထောက်ပဲ အတင်လျော့ ယခုတစ်ပတ် (အောက်တိုဘာလ ၂၁ ရက်မှ ၂၇ ရက်အထိ) တစ်ပတ်အတွင်းမှာ ပင်လယ်ရေကြောင်းက မြေထောက်ပဲတန်ချိန် ၄ဝဝ ခန့်ကို တင်ပို့မှုလျော့ကျလာပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈ဝဝ ထိ အများဆုံးတင်ပို့ခဲ့ရာမှ ယခုတစ်ပတ်မှာ ပြန်လည်လျော့ကျတင်ပို့လာတာဖြစ်ပါတယ်။ ယခုတစ်ပတ်မှာလည်း အိန္ဒိယ၊ ရုရှားနဲ့ စင်ကာပူတို့ကို တင်ပို့တာဖြစ်ပါတယ်။ ပြည်တွင်း ဈေးကွက်တွေမှာတော့ လက်ကျန်နည်းလာပြီဖြစ်လို့ ဈေးမာလာတာ တွေ့ရပါတယ်။ ပြည်တွင်းဈေးမြင့်လာသလို ရန်ကုန် FOB ဈေးလည်း မြင့်တက်လာခဲ့ပြီး အိန္ဒိယမွန်ဘိုင်းဈေးမှာ ရူပီးဈေးအနေနဲ့ ပြောင်းလဲခြင်း မရှိပေမဲ့ ဒေါ်လာတန်ဘိုး အပြောင်းအလဲကြောင့် မြေထောက်ပဲ တစ်တန်ဈေး လျော့ကျလာတာတွေ့ရပါတယ်။ ဒေါ်လာ/တန် ၂၈-၁ဝ-၁ဝ ၂၂-၁ဝ-၁ဝရန်ကုန်(FOB) ၆၈ဝ-၆၉ဝ ၆၆ဝ-၆၇ဝအိန္ဒိယမွန်ဘိုင်း(Unpolished) ၈၃၁ ၈၃၅အိန္ဒိယမွန်ဘိုင်း(Polished) ၈၇၆ ၈၈ဝ
ဒေသတွင်းခွဲစက်ကြာဇံစက်အသုံးကြောင့် ဈေးခိုင်နေတဲ့ ပြည်ကုလားပဲ ပြည်ကုလားပဲဈေးကွက်မှာ အောက်တိုဘာတတိယပတ်က ၂၃၅ဝဝ ကျပ်ဈေးရှိခဲ့ပြီး၊ ယခုနောက်ဆုံးပတ်မှာ ၂၄ဝဝဝ ကျပ်ဖြင့် တစ်တင်းလျှင် ၅ဝဝ ကျပ်ခန့် ဈေးမြင့်လာပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်တဲ့ ကုလားပဲက ဟော်လန်အမျိုးအစားဖြစ်ပြီး၊ ဗွီတူးကတော့ အရောင်းအဝယ်မရှိပေမဲ့ ၂ဝ၇ဝဝ ကျပ်နဲ့ ဈေးဖွင့်ထား ပါတယ်။ အဓိကဝယ်လက်တွေကတော့ ပဲခွဲစက်၊ ကြာဇံစက်များဖြစ်ပြီး၊ တိုင်းအတွင်းမှာသာ အရောင်းအဝယ် ရှိပါတယ်။ အရောင်း အဝယ် ကောင်းတဲ့ရက်များမှာ တစ်နေ့အိတ် ၄ဝဝ-၅ဝဝ ခန့် ရောင်းချရပြီး၊ ပုံမှန် ကတော့ အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ရှိပါတယ်။ လွင်လွင်ဆန်း
မုံရွာကုလားပဲအရောင်းအဝယ်သွက်နေဆဲ အောက်တိုဘာ စတုတ္ထပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်အနေနဲ့ ဝယ်လိုအားကောင်းနေတဲ့ အတွက် ဈေးဆက်လက်မာနေဆဲဖြစ်တာတွေ့ရပါတယ်။ ဗွီတူးနဲ့ ၉၂၉ တို့ကို ကြာဇံစက်သမားတွေ အဝယ်လိုက်ခဲ့ပြီး ကုလားပဲ တိုင်ပေကို တော့ ခွဲခြမ်းသမားတွေ ပုံမှန်ဆွဲယူမှုရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း ပေါက်ဈေးအနေနဲ့ ဗွီတူးတစ်တင်း ၂၂၅ဝဝ ကျပ်မှ ၂၂၇ဝဝ ကျပ်၊ ကုလားပဲတိုင်ပေ ၂၂ဝဝဝ ကျပ်မှ ၂၂၅ဝဝ ကျပ်နဲ့ ကုလားပဲ ၉၂၉ တစ်တင်း ၂၂၈ဝဝ ကျပ် အသီးသီးဆက်လက်ဈေးမာနေလျက်ရှိကာ မုံရွာ ကုန်စည်ဒိုင်မှာ တစ်ရက်တင်း ၇ဝဝ ဝန်းကျင်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ကုလားပဲထပ်ဆင့် စီးဆင်းတင်ပို့မှုအနေနဲ့ မန္တလေးကို တင်း ၃၅ဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၁ဝဝဝခန့် ရှိတယ်လို့ သိရပါတယ်။ ထွန်းလှိုင်