Background
ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ဘိလပ်မြေတင်သွင်းမှုပိုမိုလာ အောက်တိုဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၂ ရက်ထိကာလအတွင်း နယ်စပ် စခန်းများမှ ဘိလပ်မြေတန်ချိန် ၇၁၅ဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၇၈၆ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၅၂၆၆ တန်သာ နယ်စပ်မှ တင်သွင်းနိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၁၈၈ဝ ကျော် ပိုမိုတင် သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ထက် မူဆယ်၊ လွယ်ဂျယ်၊ တာချီလိတ်နဲ့ ကန်ပိုက် တီးနယ်စပ်စခန်းများမှ ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ ယခုအပတ်မှာ ချင်း ရွှေဟော်နဲ့ ကော့သောင်းနယ်စပ်များမှ တင်သွင်းမှုတွေမရှိခဲ့ဘူးလို့ သိရပါတယ်။ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးနဲ့ စီမံကိန်းလုပ်ငန်း ကြီးများအတွက် ပိုမိုတင်သွင်းလာလို့ ဖြစ်ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင် သွင်းခဲ့မှုများကတော့ ကန်ပိုက်တီးမှ ၃၂ဝ၆တန်၊တာချီလိတ်မှ တန်၁၆ဝဝ၊ လွယ်ဂျယ် မှ ၁၄ဝဝ တန်၊ မြိတ်မှ ၅၂၇ တန်နဲ့ မူဆယ်မှ ၃၂၈ တန် အသီးသီးဖြစ်ပါတယ်။ MIRT(DOBT)
ဘိလပ်မြေဒီသီတင်းပတ်အဝင်ကောင်း ပင်လယ်ရေကြောင်းကနေ အောက်တိုဘာလနောက်ဆုံးအပတ်အတွင်း ဘိလပ်မြေတင်သွင်းမှုက တန်ချိန် နှစ်သောင်းကျော်ကျော် အဝင်အင်အားကောင်း ခဲ့တာ တွေ့ရပါတယ်။ အဓိကဖောက်သည်ဖြစ်တဲ့ ထိုင်းနိုင်ငံဘက်က RCI ၊ ဆင်၊ မောင်တိန်း၊ မိချောင်းစတဲ့ တံဆိပ်အစုံတန်ချိန် ၁၉ဝဝဝ ကျော်ကျော်ဝင်ခဲ့ပါတယ်။ ပါကစ္စတန်ဘက်ကလည်း အဝင်က တန်ချိန် ၁၂၆၉ တန်ရှိခဲ့ပါတယ်။ အောက်တို ဘာလလချုပ်အဝင်အနေနဲ့ကြည့်ရင် တန်ချိန်ပေါင်း ၄၄၅၉၄ တန် စုစုပေါင်းအဝင် ရှိခဲ့ပြီး ပြီးခဲ့တဲ့စက်တင်ဘာအဝင်ထက် တန်ချိန် ခြောက်သောင်းကျော်ကျော် လျော့ ခဲ့ပေမဲ့လည်း ဒီပွင့်လင်းရာသီအစမှာ အဝင်တွေပြန်လည်မြိုင်ဆိုင်လာပြီလို့ ဆိုပါ တယ်။ ဒီဘက်နှစ်မှာဆောက်လုပ်ရေးကဏ္ဍသုံး ဘိလပ်မြေအဝင်က ယခင်နှစ်အ လားတူကာလနဲ့ယှဉ်ရင် သာလွန်တင်သွင်းနိုင်ခဲ့ကြောင်း သိရပါတယ်။ MIRT (DOT)
ဈေးကွက်က ဈေးနှုန်းပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်) ရွှေတောင် ၁၈၁ဝဝ ယူရီးယား(တရုတ်) ကမ္ဘာလုံး ၁၈ဝဝဝ ယူရီးယား-ယူအေအီး ၁၈ဝဝဝ တီစူပါ (သံကွင်း-တရုတ်) ၂ဝဝဝဝ ပိုတက်(အိန္ဒိယ) ၂ဝဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်)ရွှေတောင် ၁၈၁ဝဝ ယူရီးယား(တရုတ်)ပန်းဖူး ၁၇၉ဝဝ တီဆူပါ GTSP ၄၆% ၁၈၈ဝဝ တီဆူပါ GSSP ၁၆% ၈၆ဝဝ တီဆူပါ GSSP ၁၂% ၈ဝဝဝ ကွန်ပေါင်း(တရုတ်) ၁၅း၁၅း၁၅ ၂၃ဝဝဝ အာမို(ဒိုင်းမွန်းစတား) ၃၉၇ဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈ဝဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၁၈၅ဝဝ ကုလားအုတ် (တရုတ်) ၁၈၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉၅ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၉၈ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉၅ဝဝ တီဆူပါ-(တရုတ်) ၁၂% ၉၅ဝဝ တီဆူပါ-(တရုတ်) ၁၆% ၁ဝ၂ဝဝ တီဆူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၄ဝဝဝ တီဆူပါ ၁ဝး၁ဝး၅ (တရုတ်) ၁၄ဝဝဝ ပိုတက်(တရုတ်) ၁၉၈ဝဝ ဓာတ်ဆား (တရုတ်) ၁၃၅ဝဝ MIRT (MAPT)
စိုက်ပျိုးရေးရာသီချိန်ကုန်ဆုံးပြီးဖြစ်၍ ဓာတ်မြေသြဇာတင်သွင်းမှုလျော့ အောက်တိုဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၂ ရက်ထိကာလအတွင်း နယ်စပ် စခန်းများမှ ဓာတ်မြေသြဇာ တင်သွင်းမှုဟာ ၈၁၅၁ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၁ ဒသမ ၅၁ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ် က ၁၃၁၈၇ တန် တင်သွင်းနိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၅ဝဝဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ စိုက်ပျိုးရေးရာသီချိန် ကုန်ဆုံးတဲ့ကာလဖြစ်တဲ့အတွက် ဓာတ် မြေသြဇာတင်သွင်းမှု လျော့ကျလာခြင်းဖြစ်တယ်လို့ မူဆယ်နယ်စပ်မှ ဓာတ်မြေ သြဇာ တင်သွင်းတဲ့ကုန်သည် အသိုင်းအဝန်းက သိရပါတယ်။ နယ်စပ်စခန်းအလိုက် ယခုအပတ်မှာ ဓာတ်မြေသြဇာတင်သွင်းမှုများ ကတော့ မူဆယ်မှ ၇၈၈၅ တန်ကျော်၊ ကော့သောင်းမှ ၁၅၈ တန်ကျော်၊ ရိဒ်မှ တန် ၉ဝ ကျော်နဲ့ တာချီလိတ်မှ ၁၈ တန် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်က တင်သွင်းမှုမရှိခဲ့တဲ့ ကော့သောင်းနဲ့ ရိဒ် နယ်စပ်များမှ ယခုအပတ်မှာ တင်သွင်းမှုရှိခဲ့ပေမဲ့ မူဆယ်နယ်စပ်မှ တင်သွင်းမှုဟာ ယခင်အပတ်ကထက် တန်ချိန် ၄၈၇ဝ နီးပါးလျော့နည်းခဲ့တာ ဖြစ်ပါတယ်။ မူဆယ်နယ်စပ်က ယူရီးယားကို အများဆုံးတင်သွင်းပြီး ဒုတိယအများဆုံး တင်သွင်းတာကတော့SingleSuper Phosphate နဲ့ တတိယအများဆုံး တင်သွင်း တာကတော့Compound Seed NPK (၁ဝး၁ဝး၅) ဖြစ်ပါတယ်။ မူဆယ်နယ်စပ်က တင်သွင်းတဲ့ ဓာတ်မြေသြဇာတံဆိပ်မျိုးစုံရှိပြီး မြင်းကျား၊ မျှား၊ ရွှေတောင်၊ ပန်းဖြူ၊ ကမ္ဘာလုံး၊ ကြယ်၊ လက်ဝါး၊ ပန်းဖူး၊ သံကွင်း ၊ နေမင်း၊ ဆင်၊ တောင်သူမ၊ ခြင်္သေ့ တံဆိပ်များ ဖြစ်ပါတယ်။ MIRT(DOBT)
ရေကြောင်းက အဝင်ကောင်းနေဆဲ အောက်တိုဘာ ၂၅ ရက်ကနေ လကုန်ကာလအတွင်းမှာ ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းနဲ့ ဓာတ်မြေသြဇာဆက်တိုက်တင်သွင်းလျက်ရှိတာ တွေ့ ရပါတယ်။ ယခင်သီတင်းပတ်က ဓာတ်မြေသြဇာ ၆ ဒသမ ၄၅ တန်တင်သွင်းခဲ့ပြီး ယခုသီတင်းပတ်မှာ ၈ ဒသမ ၈ တန်ကျော် တင်သွင်းခဲ့တဲ့အတွက် တစ်ပတ်အတွင်း အသွင်း ပိုခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် အောက်တိုဘာလအတွင်း မြေဆီအဝင် က ပြီးခဲ့တဲ့လ စက်တင်ဘာလအဝင်ထက် တန်ချိန် ၃ ဆနီးပါးပိုမိုတင်သွင်း ခဲ့သလို ယခင်နှစ်အလားတူအောက်တိုဘာလ မြေဆီဖြုန်းအားထက်လည်း သုံးဆကျော် ပိုမိုလာကြောင်း သိရပါတယ်။ ပြည်တွင်းဈေးကွက် သုံးစွဲဖို့အတွက် နယ်စပ်အပြင် ပင်လယ်ရေကြောင်းကပါ စိုက်ပျိုးရေးရာသီကာလမှာ ကွန်ပေါင်းမြေဆီ အဝင်ပိုမို ဖြန့်ဖြူးခဲ့တာတွေ့ရပြီး ဈေးကွက်နိုင်ငံတွေကတော့ ဘူဂေးရီးယား၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ဆွစ်ဇာလန်၊ တရုတ်တိုင်ပေ၊ ထိုင်းနဲ့ ဗီယက်နမ် တို့ဖြစ်ပြီး ဆွစ်ဇာလန်မှ မြေဆီတန်ချိန် ၁၆ဝဝ ဝင်ခဲ့ပါတယ်။ MIRT (DOT)
ရေနံစိမ်းဈေးဆက်မြင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်း ကျဆင်းခြင်းကြောင့် ရေနံစိမ်းဈေးဆက်မြင့် ခဲ့ကြောင်း သိရပါတယ်။ ရေနံစိမ်းအများဆုံးသုံးစွဲတဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတုံ့နှေးခြင်း၊ ပိုင်ဆိုင်ပစ္စည်းများရဲ့ဝယ်လိုအား ဆက်လက်ပြီး ကျဆင်းမြဲကျ ဆင်းလျက်ရှိနေခြင်း စတဲ့ဖိအားတွေကြောင့် လန်ဒန်ဈေးကွက် ဒီဇင်ဘာအရောက်ပို့ ရေနံစိမ်းဈေးမှာ တစ်စည်ကို ကန်ဒေါ်လာ ၈၅ ဒသမ ၆၆ ဈေးနဲ့ ချုပ်ဆိုအရောင်း အဝယ်ပြုခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံရဲ့ အောက်တိုဘာလအတွက်ထုတ်ပြန်တဲ့ ကိန်းဂဏန်း အချက် အလက်များအရ အောက်တိုဘာလက စီးပွားရေးဖွံ့ဖြိုးမှု အမြင့်ဆုံးလဖြစ်ခဲ့ပြီး၊ ရေနံစိမ်းဈေးမြင့်တက်မှုကို ပံပိုးပေးခဲ့ကြောင်း အမေရိကန်ရဲ့ သုံးလပတ်ကာလ ဂျီဒီပီတိုးတက်မှုမှာ ၂ ရာခိုင်နှုန်းသာရှိကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်တွင်းက ခန့်မှန်းချက်များအရ အမေရိကန်ဒေါ်လာငွေလဲလှယ် နှုန်းက သုည ဒသမ ၆ ရာခိုင်နှုန်းခန့် အားနည်းနေမှုအပေါ် ရေနံစိမ်းဈေးက ဆက်ပြီးမြင့်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ှSource Bloombearg.com WWN
နယ်စပ်မှ ဓာတ်ဆီဒီဇယ်ဆီတင်သွင်းမှုလျော့ အောက်တိုဘာလ ၂၇ရက်မှ နိုဝင်ဘာလ ၂ ရက်ထိကာလအတွင်းမှာ တာချီလိတ်နယ်စပ်မှ ဒီဇယ်ဆီ ၁၃၅ဝဝဝ ဂါလန်နဲ့ ဓာတ်ဆီ ၂၅၁ဝဝ ဂါလန်၊ ကန်ပိုက်တီး မှ ဒီဇယ်ဆီ ၁၃၇၉၄၂ ဂါလန်၊ ကော့သောင်းမှ ၉၉၁ဝ ဂါလန် အသီးသီး တင်သွင်း ခဲ့ပါတယ်။ စုစုပေါင်း ယခုအပတ်မှာ ဒီဇယ်ဆီ ၂၇၂၉၄၂ ဂါလန်နဲ့ ဓာတ်ဆီ ၃၅ဝ၁ဝ ဂါလန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၈၃၈ သန်းဖိုး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးရာသီချိန်ကုန်ဆုံးပြီးဖြစ်တဲ့ လယ်ယာသုံး စက်ကိရိယာ များ အတွက် စက်သုံးဆီလိုအပ်မှု လျော့နည်းလာခြင်း၊ ပုဂ္ဂလိကနှင့် MPPE တို့ တင် သွင်းမှု လျော့နည်း ခြင်းတို့ကြောင့် ယခုအပတ်မှာ ဓာတ်ဆီဒီဇယ်ဆီများတင်သွင်းမှု လျော့နည်းလျက်ရှိတယ်လို့ တာချီလိတ် နယ်စပ်ကုန်သည် အသင်းမှ သိရပါတယ်။ MIRT (DOBT)
ဒီဇယ်တန်ချိန် ၂၆ဝဝဝကျော်ဝင် ပြည်တွင်းစက်သုံးဆီများကို ပင်လယ်ရေကြောင်းမှ အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်တာကာလအတွင်း ဒီဇယ် ၁၉၉၂၇၆ ပီပါ၊ တန်ချိန်အားဖြင့် ၂၆၅၇ဝ တန်ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်ဆီအဝင်မှာ ၃၂၇၂၅ တန် ရှိခဲ့ပြီး ယခုသီတင်းပတ် ဒီဇယ်ဆီအဝင်နဲ့ကြည့်ရင် ၆၁၅၅ တန်လျော့ပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ အောက်တိုဘာတစ်လလုံးရဲ့ ဒီဇယ်အဝင်တန်ချိန်မှာ တစ်သိန်းနှစ်သောင်း နီးပါးရှိခဲ့ပြီး စက်တင်ဘာလရဲ့ တန်ချိန်ခြောက်သောင်းကျော် ရှိခဲ့တာကြောင့် အောက်တိုဘာလမှာ ခြောက်သောင်းကျော် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT-DOT
တန်ချိန် ၂ဝဝဝ ကျော်နဲ့ ပုံမှန်တင်နေသေးတဲ့ ပဲစင်းငုံ ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခုတစ်ပတ် (အောက်တို ဘာလ ၂၁ ရက်မှ ၂၇ ရက်)အတွင်းမှာလည်း တန်ချိန် ၂ဝဝဝ ကျော်နဲ့ ယခင် တစ်ပတ်လိုပဲ ပုံမှန်တင်ပို့နေသေးတာတွေ့ရပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ လက်ကျန်ရှိနေသေးလို့ ပြည်ပပဲစင်းငုံ အဝယ်နည်းတယ်ဆိုပေမဲ့ မြန်မာ ပဲစင်းငုံ ကိုတော့ အနည်းငယ်စီဝယ်ယူမှုရှိနေသေးတာတွေ့ရပါတယ်။ ပြည်တွင်း လှောင် လက်သမားများကလည်း အမြင့်ဈေးနဲ့ ဝယ်ယူထားတဲ့အတွက် လက်ရှိဈေးအနိမ့်မှာ မရောင်းနိုင်ကြသလို ပြည်ပဝယ်လက်များကလည်း အနိမ့်ဈေးနဲ့သာ ဝယ်လိုကြတာ ကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ/ အဖြူ၂၉-၁ဝ-၁ဝ ၇ဝဝ-၇၁ဝ ၆ဝဝ-၆၁ဝ၂၂-၁ဝ-၁ဝ ၇၃ဝ-၇၄ဝ ၆၃ဝ-၆၄ဝMIRT(MAPT)
ကုလားပဲဈေးမြင့်လာ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ အဆက်မပြတ် ဝယ်ယူမှုတွေရှိလို့ ကုလားပဲဈေး မြင့်တက်လာပါတယ်။ လက်ငင်း အဝယ်တွေရှိနေတာကြောင့်လည်း သိုလှောင်လက်ကျန်များ ကျဆင်း လာကာ ဈေးနှုန်းကိုအထောက်အပံ့ဖြစ်စေပါတယ်။ ဒါ့အပြင် ကမ္ဘာ့ ဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး အထွက်လျော့ကျမယ့် မျှော်လင့် ချက်များကလည်း ဈေးနှုန်းကို ပိုမိုမြင့်တက်လာစေပါတယ်။ လက်ရှိ ရာသီအတွင်း မြေဆီလွှာအစိုဓာတ် ရရှိနေခြင်းက ဆောင်းသီးနံှ အတွက် အလားအလာကောင်းများရှိသလို ကုလားပဲအတွက် အနိမ့် ဆုံးထောက်ပံ့ဈေးနှုန်းကို တိုးမြှင့်လိုက်ခြင်းကလည်း ဈေးကွက်ဈေးနှုန်း ကို ခိုင်မာစေပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းပိုမိုလာဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူ လုံးကြီးဈေးတွေကို ဇယား(၂)နဲ့ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၂၁ .၁ဝ .၁ဝ ၂ဝ .၁ဝ .၁ဝ ၁၉ .၁ဝ .၁ဝ ၁၈ .၁ဝ .၁ဝမွန်ဘိုင်း ၅၅၇-၅၅၉ ၅၅၈-၅၆ဝ ၅၅၁ ၅၄၈ဒေလီ ၅၄၁ ၅၃၆ ၅၂၅-၅၂၆ ၅၃၁ကန်ပါ ၅၃၉ ၅၃၇-၅၄ဝ ၅၃၆ ၅၃၈
