Main menu

Background

Thursday, 11 Nov 2010

မန်းပဲတီစိမ်းဈေးကွက် ဈေးနိမ့်အရောင်းအဝယ်ဖြစ်      ယခုတစ်ပတ် မန်းဈေးကွက်မှာ ပဲတီစိမ်းကို တရုတ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်တို့မှ ဝယ်ယူမှုရှိ နေသော်လည်း ယခင်အပတ်ထက် ဈေးနိမ့်လာတာကို တွေ့ရပါတယ်။ ဈေးကွက်အတွင်း လက်ကျန်ပဲတီစိမ်းများ ရှိသော်လည်း အရည်အသွေး ကောင်းပစ္စည်းများ နည်းလာခြင်း၊ အသစ်ဝင်ရောက်နေတဲ့ မကွေးတိုင်း အောင်လံဒေသများမှ ပဲတီစိမ်းများမှာ ကုန်အစိုဓာတ် များပြီး အရည်အသွေးနိမ့် သီးနံှများဖြစ်နေတဲ့အတွက် ဈေးနိမ့်နေတာဖြစ်တယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်တစ်ချို့မှ ပြောပါတယ်။ ဈေးတက်ရင်လည်း တက်ဈေးနဲ့ ရောင်းဝယ်အားရှိသလို ကျရင်လည်း ကျဈေးနဲ့ အရောင်းအဝယ် ဖြစ်နေကြပါတယ်။ ယခင်တစ်ပတ်က ပဲတီစိမ်း တစ်ပိဿာ ၁၅၆၄ ကျပ်၊ တစ်တန် ၉၅၇၇ဝဝ ကျပ်ဈေးတို့နဲ့ ရောင်းဝယ်ခဲ့ကြပြီး ယခုအောက်တိုဘာလ နောက်ဆုံးပတ်မှာတော့ ပဲတီစိမ်း တစ်ပိဿာ ၁၄၄ဝ ကျပ်၊ တစ်တန် ၈၈၁၈ဝဝ ကျပ်ဈေးတို့ဖြင့်သာ ရောင်းဝယ်နေကြပါတယ်။ တစ်ပတ်အတွင်း တရုတ်တင်ပို့မှု အနေဖြင့် တန် ၃၆ဝဝ၊ ရန်ကုန်ကို တန် ၄၉ဝ တင်ပို့မှုရှိခဲ့ပြီး ဈေးကွက်အတွင်းမှာ အဓိကတရုတ်ဝယ်လိုအားပေါ် မူတည်သလို ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီးတော့လည်း ဈေးတက်လိုက်ကျလိုက်နဲ့ အရောင်းအဝယ်များဖြစ်နေအုံးမယ်လို့ ကုန်သည်များမှ ပြောဆိုနေကြပါတယ်။        ကျော်ကျော်မိုး 

Thursday, 11 Nov 2010

မုံရွာပဲတီ မန္တလေးဈေးကွက်ဆီသို့        မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းကြီးဈေးကွက်အနေနဲ့ အောက်တိုဘာ စတုတ္ထပတ်မှာ နယ်စုံကပစ္စည်းအဝင် သွက်ခဲ့ပြီး တရုတ်ဝယ်လက်ရဲ့ ပစ္စည်းအနှုတ်အသိမ်းပေါ် မူတည်ကာ ဈေးအတက်အကျ ဖြစ်ပေါ်လျက်ရှိပါတယ်။ ယခုအပတ်ထဲမှာ ပဲတီစိမ်းကြီး တစ်တင်း အောက်စ ၂၃၅ဝဝ ကျပ်မှ ၂၅ဝဝဝ ကျပ်၊ ထိပ်စ ၂၇ဝဝဝ ကျပ်မှ ၂၈ဝဝဝ ကျပ်အတွင်း ပေါက်ဈေး ဖြစ်ပေါ်ခဲ့ပြီး တစ်ရက်ကို အိတ် ၅ဝဝ ဝန်းကျင်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ဒီရက်ပတ်ထဲမှာ မန္တလေးလက်တစ်ခုထဲ တင်း ၃၅ဝဝ ကျော် မုံရွာ ကုန်စည်ဒိုင်နယ်မြေက တင်ပို့ခဲ့ကြကြောင်း လေ့လာ သိရှိရပါတယ်။                                                                                                                          ထွန်းလှိုင် 

Thursday, 11 Nov 2010

ဈေးငြိမ်နေတဲ့ ပြည်ပဲတီစိမ်းဈေးကွက်           ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းအတွင်း ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွင်း ပဲတီစိမ်း လျာထားဧက ၂၃ဝဝဝ ကျော်ရှိခဲ့ပြီး ယခုအောက်တိုဘာလကုန်အတွင်း ဧက ၅ဝဝဝ ကျော်ခန့် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါတယ်။ ပဲတီစိမ်းဈေးနှုန်းအနေဖြင့် တစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးငြိမ်အရောင်းအဝယ် ဖြစ်နေခဲ့ပါတယ်။ ပဲတီစိမ်း ဝင်ရောက်မှု အနေဖြင့် ယခု အောက်တိုဘာလအတွင်း မကွေးတိုင်းဒေသကြီးဘက်မှ အိတ် ၁ဝဝဝ ခန့်အဝင် ရှိခဲ့ပြီး အရောင်းအဝယ် ဖြစ်မှု အနေနဲ့ ယခုတစ်ပတ်အတွင်း တစ်ရက်ကို အိတ် ၃ဝ ခန့် ပုံမှန် အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။            ခင်ဆွေဝင်း 

Thursday, 11 Nov 2010

 ဈေးကွက်လိုအပ်ချက်ကြောင့် ပဲတီစိမ်း အရောင်းတက်       မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ ပဲတီစိမ်းတင်ပို့မှု ဟာ ပြီးခဲ့တဲ့ အပတ်ကထက် တန်ချိန် ၁၃၁၄ တန်ပိုမိုတင်ပို့နိုင်ခဲ့တဲ့အပြင် ယခင်အပတ်က တင်ပို့နိုင်ခဲ့ခြင်းမရှိတဲ့ ပဲတီစိမ်းလုံးခြမ်း ကို ယခုအပတ်မှာတင်ပို့နိုင်ခဲ့ပါတယ်။အောက်တိုဘာလ ၂ဝ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ပဲတီစိမ်း ၃၃၇၁ ဒသမ ၆ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၁၅၈ သန်း၊ ပဲတီစိမ်း အခြမ်း ၂၂၆ ဒသမ ၄၃၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၂၇၁ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ပဲတီစိမ်း ဈေးဟာတစ်ဖက်နိုင်ငံမှာ တစ်တန်လျှင် ယွမ် ၈၁၁၃ (၁၂၂ဝ ဒေါ်လာ) ထိမြင့်တက်လာတဲ့အတွက် ယခင်အပတ်ကထက် ဒေါ်လာ ၁၂ဝ နဲ့ ၁၃ဝကြား မြင့်တက်လျက်ရှိတာ တွေ့ရပါတယ်။ ဒါ့အပြင် တရုတ်ဘက်မှာကျရောက်တဲ့ ဆိုးရွားတဲ့ ရာသီဥတုဒဏ်များကြောင့် ပဲဈေးကွက် လိုအပ်ချက်ရှိနေတဲ့အတွက် ယခင် အပတ်ကထက်အရောင်းအဝယ် ပိုမိုဖြစ်လျက် ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် -                                              မိမိဘက်(ကျပ်/တန်)                              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု         ယခင်     ပြောင်းလဲမှု      ရာခိုင်နှုန်း     ယခု        ယခင်       ပြောင်းလဲမှု     ရာခိုင်နှုန်းပဲတီစိမ်း   ၁ဝ၆၁၇၇၃   ၉၄၂၄၁၃      ၁၁၉၃၆ဝ              ၁၁     ၁၂၁၆     ၁ဝ၇၉             ၁၃၇          ၁၁                                                                                                                            MIRT (DOBT)

Thursday, 11 Nov 2010

ဈေးဆက်ကျနေတဲ့ ဟင်္သာတမတ်ပဲ     မတ်ပဲဈေးကတော့ ဟင်္သာတဈေးကွက်မှာ ဆက်ပြီးကျနေပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ မတ်ပဲတစ် တင်းကို ၂၆ဝဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မတ်ပဲဈေးမှာ ၂၃၆ဝဝ ကျပ်ကို ဈေးဆက်ကျ နေပါတယ်။ ပဲ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ မတ်ပဲဈေးကျဆင်းနေသော်လည်း ရန်ကုန် ဝယ် လက်မှာပုံမှန်ရှိနေပြီး၊နေ့စဉ်ဖြစ်ပေါ်နေတဲ့ဈေးများ နဲ့ ဘုရင့်နောင်ဈေးကွက်သို့ ပျမ်းမျှ တစ်တင်းခွဲဝင်အိတ် ၈ဝဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                        အေးအေးခိုင်

Thursday, 11 Nov 2010

ဝယ်လိုအားရှိသော်လည်း ရောင်းသူနည်းတဲ့ ပြည်မတ်ပဲဈေးကွက်     ပြည်မြို့ရဲ့ ပဲဈေးကွက်မှာ မတ်ပဲဈေးကတော့ အေးလျက်ရှိနေပါတယ်။ မတ်ပဲစိုက်ရာသီလည်း နီးလာပြီဖြစ်သလို အချို့ဒေသများတွင် စတင်စိုက်ပျိုးနေ ကြပြီဖြစ်ပါတယ်။ ယခင်တစ်ပတ်က မတ်ပဲတစ်တင်းကို ၂၅၅ဝဝ ကျပ်ဈေးရှိပြီး ယခုတစ်ပတ်မှာတော့ ၂၃၅ဝဝ ကျပ်ကိုဈေးလျော့သွားတာကို တွေ့ရပါတယ်။ မြို့ တွင်း ရောင်းဝယ်မှုအနေနဲ့ကတော့ ပဲဝယ်လိုအားရှိသော်လည်း ကြိုက် ဈေး မရတာကြောင့် ရောင်းသူမရှိသလောက် နည်းနေတယ်လို့ ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ အောက်တိုဘာ နောက်ဆုံးပတ်ရဲ့ ပဲတင်ပို့မှုကတော့ ပြည်မှရန်ကုန်ကို မတ်ပဲတစ်တင်းခွဲအိတ် ၇၅ဝ သာ တင်ပို့ပြီး တိုင်းတွင်း အခြားမြို့နယ်များမှ မတ်ပဲ အိတ် ၃၆ဝဝ ခန့်သာ တင်ပို့နိုင်တယ်လို့ သိရပါတယ်။                                                                                                                                    မိမိအေး

Thursday, 11 Nov 2010

ပုံမှန်ဝယ်ယူမှုရှိနေလို့ မတ်ပဲ ပမာဏနည်းပေမဲ့ ပုံမှန်အတင်ရှိ        ပြည်ပဝယ်လက်များရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပမာဏ မများ ပေမဲ့ ပုံမှန်ဝယ်ယူမှုရှိနေလို့ ပင်လယ်ရေကြောင်းတင်ပို့မှု ပုံမှန်ရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈၅ဝဝ ခန့်တင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ် (အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်)အတွင်းမှာလည်း တန်ချိန် ၈၅ဝဝ ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ ယခုသီတင်းပတ်အစပိုင်းကပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုး အနိမ့်ဆုံးကို ကျဆင်းခဲ့တဲ့ အချိန် မတ်ပဲ FAQ  ၊ SQ ဈေးများ ကျဆင်းခဲ့ရာမှ ယခု ရက်ပိုင်း ဒေါ်လာတစ်ယူနစ်တန်ဖိုး ပြန်လည်မြင့်တက်လာလို့ မတ်ပဲဈေး ပြန်မာလာခဲ့ပါတယ်။ ရန်ကုန် FOB ဈေးမှာလည်း ယခင်တစ်ပတ် အောက်တိုဘာလ ၂၂ ရက်ဈေးအတိုင်း အောက်တိုဘာလ ၂၉ ရက်မှာလည်း မတ်ပဲ FAQ  တစ်တန်ကို ကန်ဒေါ်လာ ၉၄ဝ-၉၅ဝ ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၁၁၁ဝ- ၁၁၂ဝ ဖြစ်ကြောင်း သိရပါတယ်။                                                                                                                                    MIRT- MAPT

Thursday, 11 Nov 2010

မုံရွာပဲစင်းငုံဈေးကွက် ကျဈေးနဲ့ အရောင်းသွက်       မုံရွာကုန်စည်ဒိုင် အောက်တိုဘာစတုတ္ထပတ်မှာ ပဲစင်းငုံနီဈေးဟာ တစ်တင်း ၁၆၅ဝဝ ကျပ်ထိ အနိမ့်ဆုံး ကျဈေးဖြစ်ပေါ် ခဲ့ပါတယ်။ ဒီတစ်ပတ်ထဲမှာ မန္တလေးအဝယ်အနည်းငယ်ရှိခဲ့ပြီး ကုန်သည်အချင်းချင်း လဆိုင်းနဲ့ အရောင်းအဝယ် အသင့်အတင့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံလုံးကြီးဖြူကြားကတော့ ဈေးကွက် တင် ရောင်းချမှုမရှိပေမဲ့ ပစ္စည်းလက်ဝယ်ရှိသူထံက ကြာဇံစက်သမားတွေ တစ်တင်း ၁၅ဝဝဝ ကျပ်မှ ၁၅၂ဝဝ ကျပ် ဈေးများနဲ့ ဝယ်ယူမှုရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါ တယ်။ ပဲဈေးချိုသာခြင်း၊ ရာသီအေးချိန်မှာ အသုံးတည့်ခြင်းတို့ကြောင့် ပဲစင်းငုံလုံးကြီးကို စက်သမားတွေ ဝယ်ယူနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ မုံရွာကုန်စည်ဒိုင် ပဲစင်းငုံရောင်းဝယ်မှုအနေနဲ့ တစ်ရက်ပျမ်းမျှ တင်း ၅ဝဝ ဝန်းကျင် ရှိခဲ့ပြီး ယခုရက်ပတ်မှာ မန္တလေးကို တင်း ၃ဝဝဝ ကျော်နဲ့ ရန်ကုန်ကို တင်း ၁ဝဝဝ ကျော်တင်ပို့ စီးဆင်းသွားခဲ့ကြောင်း သိရပါတယ်။                                                                                                                                       ထွန်းလှိုင်

Thursday, 11 Nov 2010

ဆက်လက်ဈေးလျော့လာတဲ့ ပြည်ပဲစင်းငုံ         ပြည်ဈေးကွက် ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ထက် ဈေးလျော့နည်း နေပါတယ်။ ယခင်တစ်ပတ်က ပိဿာချိန် ၂ဝ တစ်တင်းကို ၂ဝဝဝဝ ကျပ်ဈေး ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် တစ်တင်းကို ၂ဝဝဝ ကျပ်လျော့နည်းကာ ၁၈ဝဝဝကျပ် ဈေးသို့ သိသိသာသာ လျော့နည်းခဲ့ပါတယ်။ မကွေးတိုင်း ဒေသကြီး အောင်လံမြို့ နယ်မှ ပဲစင်းငုံများ ဝင်ရောက်နေခြင်းကြောင့် ဈေးလျော့နေခြင်းဖြစ်ကြောင်း သိရပါ တယ်။ ယခုတစ်ပတ်တွင် အခြားတိုင်းမှ ဝင်ရောက်မှုအနေဖြင့် အိတ် ၂ဝဝ ခန့်ရှိ သော်လည်း တိုင်းအတွင်းမှာတော့ အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။                                             ဆုမွန်ဆွေ

Thursday, 11 Nov 2010

အောက်တိုဘာမန်ကျည်းအပို့ ယခင်နှစ်မမီ         ပြည်တွင်းဒေသထွက် မန်ကျည်းကို ရေကြောင်းကနေ အောက်တိုဘာလ အတွင်း တင်ပို့မှုကိုကြည့်ရင် အာရပ် စော်ဘွားများနိုင်ငံသို့ ၆၆ တန် တစ်ကြိမ်သာ တင်ပို့နိုင် ခဲ့ပြီး ယခင်လတင်ပို့မှု ၈၈ တန်ထက် လျော့နည်းကာ အပို့ ကျသွားကြောင်းသိရပါတယ်။ ယမန်နှစ် အောက်တိုဘာလက မန်ကျည်းကို စင်ကာပူ၊ ရီမင်၊ ပါကစ္စတန်နဲ့ အာရပ် နိုင်ငံများဘက်ကို တန်ချိန် ၃ဝဝ ကျော် တင်ပို့ နိုင်ခဲ့သော်လည်း ဒီနှစ် အလားတူကာလမှာ မန်ကျည်းအပို့ကျခဲ့တာ တွေ့ရပါတယ်။ ဒီနှစ်အတွင်း ဇွန်၊ ဇူလိုင် လကအပို့ကောင်းခဲ့ပေမယ့် ဒီနောက် ပိုင်းလတွေမှာ မိုးရာသီနဲ့ လှောင်လက် ထုတ်ရောင်းတာ နည်းခဲ့တာကြောင့် အပို့လျော့ခဲ့ကြောင်း သိရပါတယ်။                                                                                                                                        MIRT (DOT)

Pages