Background
ဝယ်လက်ရှိတဲ့ ရှမ်းနနွင်းဈေးမာ အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ် ရှမ်းနနွင်းဈေးက အနည်းငယ်ပြောင်း လဲလာပါတယ်။ ဒီနှစ်က နနွင်းဈေးကောင်းခဲ့တာကြောင့် ပေါ်ကာစ မှာကတည်းက ဈေးကောင်းခဲ့ပါတယ်။ တစ်ရာသီလုံး ဈေးကောင်းခဲ့ပြီး ကုန်ခါနီးမှာမှ ဈေးလျော့ လာပါတယ်။ ပြည်ပဝယ်လိုအား ကောင်းခဲ့တာကြောင့် နနွင်းသန့်တွေကတော့ လက်ကျန်လည်းပြတ်သွားပါတယ်။ အောက်တိုဘာလ တစ်လလုံး နနွင်းဈေးက တစ်ပိဿာ ၂၉ဝဝ ကျပ်ဈေးနဲ့သာ ဈေးငြိမ်နေပြီး နိုဝင်ဘာလဆန်းမှာ ရန်ကုန် ဝယ်လက်တွေ ဝယ်ယူလာလို့ ဈေးအနည်းငယ်တက်လာပါတယ်။ ဒီတစ်ပတ် နနွင်း ဈေးက နနွင်းသန့် တစ်ပိဿာ ၃ဝဝဝ ကျပ်၊ ၃၁ဝဝ ကျပ်၊ နနွင်းညံ့က တစ်ပိဿာ ၂၈ဝဝ ကျပ်၊ နနွင်းခေါင်းကတော့ တစ်ပိဿာ ၂၂ဝဝ ကျပ်၊ နနွင်းခါးက တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၂၅ဝဝ ကျပ်-၂၆ဝဝ ကျပ်ဈေးနဲ့သာ ဈေးငြိမ်နေတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်
မှန်မှန်လေးသွားတဲ့ နနွင်း စစ်တွေနယ်စပ်မှ ယခုအပတ်မှာနနွင်းတက် ၅ တန်၊ ကန်ဒေါ်လာ ၈ဝဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်က ၂ တန်သာတင်ပို့ခဲ့တဲ့အတွက် ယခု အပတ်မှာ ၃ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ မိမိဘက်မြေပြင်ပေါက် ဈေးက ၁၅၂၆၉၄ဝ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံပေါက်ဈေးကတော့ ၁၈၆ဝ ဒေါ်လာ ဝန်းကျင်ရှိတယ်လို့ သိရပါ တယ်။ တင်တင်ထွန်း(MIRT )
ပြည်မြို့ရဲ့ ပရဆေးကုန်ကြမ်းဈေးကွက် ပြည်မြို့က ပရဆေးကုန်ကြမ်းတွေကို မန္တလေးကုန်သည်တို့ ဝယ်ယူ ကြပြီး အဓိကဝယ်ယူနေတဲ့ ကုန်စည်တွေကတော့ ဖံျဥ (ခေါ်) ဝဥခြောက်၊ တရုတ် စကားပွင့် အခြောက်၊ ငါးကြီးအံဖတ်၊ တပင်တိုင်ရွှေထီး အခြောက်၊ ပုစွန်သစ်ခွ၊ ပန်းပုတီး၊ ဂျိုးစပေါက်စေ့တို့ဖြစ်ကြပါတယ်။ ယခုအချိန်မှာ ဖံျဥ (ခေါ်) ဝဥခြောက် တစ်ပိဿာ ၂၈ဝဝ ကျပ်မှ ၃ဝဝဝ ကျပ်ဈေးနဲ့ ဈေးစဖွင့်နေပြီး၊ တရုတ်စကားပွင့် ခြောက်အဖြူကို ၁၂ဝဝဝ ကျပ်နဲ့ အနီကို ၁ဝဝဝဝ ကျပ်ဈေးရှိပါတယ်။ ငါးကြီး အံဖတ်မှာလည်း တစ်ပိဿာ ၁၅ဝဝဝ ကျပ်ရှိကြောင်း သိရပါတယ်။ တပင်ရွှေထီးပင် ကို အချို့ ရေပြာပင်လို့လည်း ခေါ်ကြပြီး အခြောက်တစ်ပိဿာကို ၁ဝဝဝဝ ကျပ် ဈေး ရှိပါတယ်။ ဆောင်းတွင်းမှာ စပေါ်တဲ့ပုစွန်သစ်ခွကိုတော့ တစ်ပိဿာကို ၃ဝဝဝ ကျပ်ဈေးနဲ့ စတင်ဝယ်ယူနေပါပြီ။ ရှားပါးတဲ့ ပန်းပုတီး(သစ်ခွမျိုး)ကိုတော့တစ်ပိဿာ ကို ၁၅ဝဝဝ ကျပ်ဈေးဖြင့် ဝယ်ယူနေကြောင်း သိရပါတယ်။ ယဉ်သိမ့်နွေး
ရှမ်းချင်းသစ် အဝင်နှေး ချင်း (ဥမ) ဟောင်းတွေက ကုန်သလောက်ဖြစ်သွားပါပြီ။ ဈေးကွက် မှာတော့ ချင်းသစ်တွေသာ တစိမ့်စိမ့်ဝင်နေပါတယ်။ ဟဲဟိုးမြို့နယ်က မိုးခမ၊ ပေါ်လမော၊ ချော်နီဖေါက်စတဲ့ ရွာတွေကနေ တရက်ကို ပိဿာချိန် ငါးထောင်ခန့် ဝင်နေတယ်လို့ သိရပါတယ်။ တောင်သူတွေကလည်း ကြက်သွန်ဖြူ၊ ပန်းနှမ်း၊ ဆီမုံညှင်း တွေပြန်စိုက်ဖို့အတွက် မြေပြင်နေတဲ့အချိန် ဖြစ်တာကြောင့် ချင်းတက် တွေကို သိပ်မဖော်ဖြစ်သေးဘူးလို့ သိရပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလလယ်လောက် မှာတော့ ချင်းသစ်တွေ ဈေးကွက်ကို လှိုင်လှိုင်ဝင်တော့မှာဖြစ်ပါတယ်။ ချင်းသစ်တွေ ကလည်း ပြည်ပတင်ပို့မှုနည်းနေပါသေးတယ်။ ပြည်တွင်းသုံးအဖြစ်သာ ဝယ်ယူနေ တဲ့အတွက် ဈေးကလည်းကြိုက်ဈေးမရသေးတာကြောင့် ငွေလိုတဲ့ တောင်သူတွေ လောက်သာ ဖော်ရောင်းနေတယ်လို့ သိရပါတယ်။ ချင်းဈေးက အရင်တစ်ပတ်က ထက်တော့ တက်လာပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က တစ်ပိဿာ ၆ဝဝ ကျပ်၊ ၆၅ဝ ကျပ်မှ ဒီတစ်ပတ်မှာ ၈ဝဝ ကျပ်ဈေးရှိလာပါတယ်။ ချင်းခြောက်ကလည်း အရင်တစ် ပတ်ကထက် ဈေးအနည်းငယ်ပြန်တက်လာပြီး တစ်ပိဿာ ၂၄ဝဝ ကျပ်ဈေးရှိ လာပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ တစ်ပိဿာ ၂၇ဝဝ ကျပ်ဈေးနဲ့သာ ဈေးငြိမ်နေပါတယ်။ ဧဧခိုင်
ပြည်ဈေးကွက်ကို အဝင်စိပ် ဈေးအေးသွားတဲ့ ရှမ်းချင်း ပြည်ဈေးကွက်သို့ ယခင်တစ်ပတ်က အောင်ပန်း၊ တောင်ကြီးဘက်မှ ရှမ်းချင်းများ ရာသီဥတုအခြေအနေအရ အဝင်မရှိသလောက်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်မှာ တစ်ရက်ခြားကို ၃၅ ပိဿာဝင်အိတ် ၁ဝဝ-၁၃ဝ ခန့် ပြန်လည် အဝင်ရှိလာပါတယ်။ ဈေးနှုန်းအနေနဲ့လည်း ယခင်တစ်ပတ်က ချင်းတစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးရှိရာမှာ ယခုတစ်ပတ်မှာ ၁၈ဝဝ ကျပ်နဲ့ တစ်နေ့ကို အချိန် ၁ဝဝဝ ခန့် ပုံမှန်အရောင်းအဝယ် ဖြစ်နေတယ်လို့သိရပါတယ်။ ဝင်းလဲ့ဝါ
အဟောင်းကုန် အသစ်ဝင်ချိန်ဖြစ်လို့ ချင်းအပို့နည်း ပင်လယ်ရေကြောင်းလမ်းနဲ့ ချင်းတင်ပို့မှုက အောက်တိုဘာလအတွင်း တန်ချိန် ၂၂ ဒသမ ၁၁၇ တန်နဲ့ ကန်ဒေါ်လာ ၃၁ဝဝဝ ကျော်ဖိုး ပို့ကုန်ဝင်ငွေရရှိခဲ့ပါတယ်။ ချင်းအသစ်အဝင် ချင်းအဟောင်းလက်ကျန်လျော့ စပ်ကူးမတ်ကူးကာလမှာ အပို့က ပြီးခဲ့တဲ့ ၂ လ ၃ လက ခပ်အေးအေးပဲရှိနေပါတယ်။ ဒီလအတွင်း ချင်းခြောက်ကို စင်ကာပူဈေးကွက်က တစ်တန်လျှင် အက်ဖ်အိုဘီ ကန်ဒေါ်လာ ၁၄၂၄ ဈေးနဲ့ တင်ပို့ခဲ့တာဖြစ်ပြီး လာမဲ့ ပွင့်လင်းရာသီမှာ အရောင်းအဝယ်ပိုလာဖွယ်ရှိတယ်လို့ ပြောပါတယ်။ MIRT (DOT)
ပြောင်းထုတ်လုပ်မှုကျဆင်းသော်လည်း ဝယ်လိုအားတက် အမေရိကန်နိုင်ငံရဲ့ ဒေသတွေမှာ ရာသီဥတုပူပြင်းပြီး နောက်ပိုင်း မိုးများတာကြောင့် ယခုနှစ်မှာ ပြောင်းစိုက်ပိုျးထုတ်လုပ်မှုမှာ ပျက်စီးမှု များ ပြားခဲ့ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ဘဏ္ဍာနှစ်စက်တင်ဘာလ သီးနံှစတင်ရိတ်သိမ်းပြီး နောက် ဘူရှယ် (၁၂ ဒသမ ၇) ဘီလီယံလောက်ရရှိပြီး ဒီပမာဏဟာ လျာထားချက်ထက် ၄ ရာခိုင်နှုန်း လျော့နည်းပြီး ယမန်နှစ်ထုတ်လုပ်မှုထက် ၃ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း USDA မှ ပြောကြားခဲ့ပါတယ်။ ယခုသီတင်း၂ ပတ်အတွင်း ပြောင်းဈေးနှုန်း ဟာ ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။ အမေရိကန်က ပြောင်းထုတ် လုပ်မှုဟာ ကမ္ဘာ့ပြောင်း ထုတ်လုပ်မှုရဲ့ ငါးပုံနှစ်ပုံရှိပြီး ကမ္ဘာ့ပို့ကုန်ရဲ့ ၆ဝ ရာခိုင်နှုန်းနီးပါး ရှိကြောင်း USDA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဓိက ပြောင်းထုတ်လုပ်တဲ့ နိုင်ငံများ ဖြစ်တဲ့ ရုရှား၊ ယူကရိန်း၊ ကာဇစ်စတန်နဲ့ တောင်အမေရိကားတို့မှာ မိုးခေါင်မှု တွေ ဖြစ်ပွားနေဆဲ ဖြစ်ပြီး ဂံျု၊ ပဲပုပ်နဲ့ ပြောင်းသီးနံှတွေ ထုတ်လုပ်မှု ကျဆင်း နေပါတယ်။ ရုရှားကတော့ ယခုနှစ်ဇူလိုင် ၁ ရက်နေ့ကစပြီး ပြောင်းတန်ချိန် မက်ထရစ် တန် ၂ သန်းကို ယူကရိန်း ကတင်သွင်းဖွယ်ရှိပြီး ဒါဟာ USDA က ခန့်မှန်း ထားတဲ့သွင်းကုန်ထက် ၂ ဆရှိကြောင်းသိရပါတယ်။ အမေရိကန်ကနေ ရုရှား တင်သွင်းမယ့် ပြောင်းတန်ချိန် ရာထောင်ချီရှိနိုင်ပြီး ၂ဝ၁၁ မတိုင်မီ တင်သွင်းမှာ ဖြစ်ကြောင်း သိရပါတယ်။ ရုရှားအတွက် သွင်းကုန်တွေတက်လာခြင်းကတော့ ရုရှားရဲ့သီးနံှအထွက်နှုန်းဟာ ယခင်နှစ်ထက် ၂၄ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၃ သန်းခန့်သာထွက်ရှိမှာဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာ့စတုတ္ထအများဆုံး ပြောင်းတင်ပို့တဲ့ ယူကရိန်းနိုင်ငံဟာ ယခုနှစ်ကုန်မတိုင်မှီ တန်ချိန် ( ၂ )သန်း တင်ပို့မှာဖြစ်ကြောင်း အစိုးရရဲ့ Website မှာ ဖော်ပြထားပါတယ်။ ယခုလက်ရှိရာသီဥတုပြောင်းလဲမှုက တရုတ်ရဲ့ ၂ဝ၁ဝ ပြောင်းထုတ်လုပ်မှု ကို ၁ ရာခိုင်နှုန်းကျဆင်းစေခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်က မိုးခေါင်မှုကြောင့် တရုတ်ရဲ့ ပြောင်းထုတ်လုပ်မှု ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ခန့်မှန်း တွက်ချက်မှုထက် တန်ချိန် ၂၅ သန်းဆုံးရှုံးခဲ့ပြီး လေးနှစ်မြောက် ကျဆင်းခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ တရုတ်က ပထမဆုံးအကြိမ်အနေနဲ့ ပြောင်း တန်ချိန် (၁၁၅ဝဝဝ)ကို အမေရိကန်ထံမှ ဝယ်ယူခဲ့ကြောင်းသိရပါတယ်။ Source: Bloomberg.com ,KZW
ပင်လယ်ရေကြောင်း ပြောင်း အပို့ တိုးတက်လာ အောက်တိုဘာ နောက်ဆုံးပတ်အတွင်း ပင်လယ်ရေကြောင်းမှပြောင်း တန်ချိန် ၁၄၇၇ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၃၇၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၁၆၃၄ တန်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု အနည်း ငယ် ကျဆင်းခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကို ၅၄၂ တန်နဲ့ စင်ကာပူကို ၉၃၅ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။ လအလိုက်တင်ပို့မှုများကို နှိုင်းယှဉ်ပါက ၂ဝ၁ဝ အောက်တိုဘာလ တစ်လလုံးမှာ ၄၉၇၁ တန် တင်ပို့နိုင်ခဲ့ပြီး စက်တင်ဘာလမှာ ၁၈၉ တန်သာ တင်ပို့ခဲ့တဲ့အတွက် ပြောင်းတင်ပို့မှု တိုးတက် လာကြောင်းတွေ့ရပါတယ်။ ၂ဝဝ၉ အောက်တိုဘာလမှာ ၈၉၈ တန်တင်ပို့ခဲ့တာ ကြောင့် ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် တင်ပို့မှုတိုးတက်လာကြောင်း တွေ့ရှိရပါတယ်။ KZW
ယွမ်ဈေးကျဆင်းပြီး တရုတ်တာယာထုတ်လုပ်မှု အရှိန်မြှင့်၍ ရော်ဘာဈေးမြင့်တက်လာ ကမ္ဘာ့ရော်ဘာသုံးစွဲမှုအများဆုံးတရုတ်နိုင်ငံမှ တာယာထုတ်လုပ်မှု အရှိန်မြှင့်တင်လိုက်တာကြောင့် ရော်ဘာ ဝယ်လိုအားတွေ တက်လာပြီး ဈေးနှုန်းတွေလဲမြင့်တက်လာကြောင်း စာရင်းများအရသိရပါတယ်။ တိုကျိုကုန်စည်ဒိုင်ရဲ့ ဈေးနှုန်း က ဝ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ကီလိုဂရမ်ကို ၃၂၉ ယန်း ( တစ်တန်ကို ၄ဝ၈၄ ဒေါ်လာ) ရှိပါတယ်။ ဝယ်လိုအား မျှကိန်းက အောက်တိုဘာလမှာ ၅၄ ဒသမ ၇ ကို တိုးလာပြီး ယခင်လက ၅၃ ဒသမ ၈ ရှိကြောင်း စီးပွားရေးပညာရှင် (၁၃) ဦးကကွင်းဆင်းလေ့လာပြီး ဖော်ထုတ်ခဲ့ကြောင်း သိရပါတယ်။ ဒီလိုကိန်းဂဏန်းတွေက တရုတ်ရဲ့စက်မှုကုန်ထုတ်လုပ်မှု စွမ်းအား ကို ဖော်ပြကြောင်း တိုကျိုအခြေစိုက် ဖူဂျီကုမ္ပဏီရဲ့ သုတေသီကပြောကြားခဲ့ပါတယ်။ မေလအတွက် ရှန်ဟိုင်းကုန်စည်ဒိုင်ရဲ့ ဈေးနှုန်းက ၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ၃၁၉၅ဝ ယွမ် ( ၄၇၈၇ ဒေါ်လာ) ဖြစ်လာကြောင်းသိရပါတယ်။ အောက်တိုဘာလ ကုန်ပိုင်းမှာ ရှန်ဟိုင်းကုန်စည်ဒိုင်ရဲ့ဈေးနှုန်းက ၅ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး ၃၃၃၂ဝ ယွမ် ( ၄၉၇၃ ဒေါ်လာ) ကို စံချိန်တင်ရောက်ရှိခဲ့ပါတယ်။ ရော်ဘာရဲ့အလားအလာက ဂျပန်ယန်းငွေကဒေါ်လာ ဈေးထက် နိမ့်ကျသွားခဲ့ပြီး ယန်းနဲ့ပေးချေမဲ့စာခုျပ်တွေရဲ့ ရော်ဘာဈေးနှုန်းမြင့်တက်သွားရခြင်းဖြစ်ပါတယ်။ ယန်းဈေးနှုန်းဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာ တစ်ဒေါ်လာကို ၈ဝ ဒသမ ၄ဝ ယန်းကနေ ၈ဝ ဒသမ ၆၇ ကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ လက်ငင်းဈေးကွက်မှာ ထိုင်း တင်ပို့သူတေaွက RSS-၃ အမိုျးအစားရဲ့ ဒီဇင်ဘာ သင်္ဘောတင်ဈေးကို တစ်ကီလိုဂရမ်ကို ၃ ဒသမ ၉၄ ဒေါ်လာကနေ ၃ ဒသမ ၉၈ ဒေါ်လာကို မြှင့်တင်ခဲ့ပါတယ်။ ရော်ဘာရောင်း လိုအားအကြပ်အတည်းကတော့ အဓိကထုတ်လုပ်တဲ့နိုင်ငံတွေမှာ စတုတ္ထသုံးလပတ်မှာ အချိန်အခါမဟုတ်မိုးကြီး တာကြောင့်ထုတ်လုပ်မှုကို ထိခိုက်ခဲ့ရကြောင်း ရော်ဘာထုတ်လုပ်သော နိုင်ငံများ အသင်း ANRPC က ပြောကြားပါတယ်။ ယခုနှစ်ရဲ့ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုကတော့ ၅ ဒသမ ၃ ရာခိုင်နှုန်းတိုးလာပြီး တန်ချိန်အားဖြင့် ၉ ဒသမ ၄ သန်းရှိပါတယ်။ မလေးရှား၊ ထိုင်းနဲ့ အိန္ဒိယတို့မှာ ရော်ဘာအစေးထွက်ရှိမှု အဟန့်အတားကြောင့် ထုတ်လုပ်မှုလျော့နည်းနေဦး မှာဖြစ်ကြောင်း အသင်းမှ ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: Bloomberg.com , KZW
တစ်ဘက်နိုင်ငံရော်ဘာပေါက်ဈေး မပြောင်းလဲ နိုဝင်ဘာလ ၂ရက်နေ့မှာ ရွှေလီရော်ဘာပေါက်ဈေးများက RSS(၃) တစ်တန်ကို ယွမ် ၂၃၈ဝဝ ( ၃၅၇၄ ဒေါ်လာ)နဲ့ RSS(၅) တစ်တန်ကို ယွမ် ၂၂၈ဝဝ ( ၃၄၂၆ ဒေါ်လာ ) ဈေး ပေါက်လျက်ရှိပါတယ်။ အောက်တိုဘာ လ ၂၇ ရက်ဈေးနဲ့ နှိုင်းယှဉ်လျှင် ယွမ်ရောင်းဈေးအနေနဲ့ ပြောင်းလဲမှုမရှိဘဲ ဒေါ်လာဈေးနဲ့တော့ ၂ ဒေါ်လာ ၃ဒေါ်လာခန့်သာ လျော့ကျတာ တွေ့ရပါတယ်။ မူဆယ်မှရော်ဘာတင်ပို့မှုကတော့ ယခင်အပတ်ကထက် ၄၁ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ယခုအပတ်မှာမူဆယ် ရော်ဘာအဆင့်အလိုက်တင်ပို့နိုင်မှုတွေကတော့ RSS(၁) ၃၂ တန်ကျော် ၊ RSS(၃) ၄ဝ၃ တန်ကျော်၊ RSS(၅)တန် ၆ဝ၊ MSR(၂ဝ) ၁၁၄ တန် ၊ MSR(၅ဝ) ၆၄ တန်နဲ့ရော်ဘာဖြတ်စ ၈၂ တန်ကျော်အသီးသီးဖြစ်ပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS(၃) ၃၂၃၆၈ဝဝ ၃၃ဝ၇၃၁ဝ ၇ဝ၅၁ဝ ၂ ၃၅၇၄ ၃၅၇၆ ၂ ဝ .၁၅RSS(၅) ၃၁ဝဝ၈ဝဝ ၃၁၅၅၆၉ဝ ၅၄၈၉ဝ ၂ ၃၄၂၃ ၃၄၂၆ ၃ ဝ .၁၈MIRT (DOBT)