Background
ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန် ဘိလပ်မြေ(ဆင်)ထိုင်း ၅၁ဝဝ(လက်ကား) ဘိလပ်မြေ TPI ၅ဝဝဝ ဘိလပ်မြေ (စိန်) ၅ဝဝဝမန္တလေး ဘိလပ်မြေ(စိန်)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၃ဝဝ ဘိလပ်မြေ(AAA) ၆၂ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၆၁ဝဝ ဘိလပ်မြေ (TPI)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅၆ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၅ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၇၂ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၆ဝ၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅၂၅ဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၉ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၃ဝဝမကွေး ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၂ဝဝMIRT (MAPT)
ပြည်တွင်းဓာတ်မြေသြဇာဈေးကွက် ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါ တယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်း(မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၂၁၅ဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂၁၃ဝဝ ယူရီးယား-ယူအေအီး ၂၂ဝဝဝ ပိုတက်(ကနေဒါ) ၂ဝ၅ဝဝ ပိုတက်(အိန္ဒိယ) ၂ဝ၅ဝဝမန္တလေးတိုင်း ယူရီးယား(တရုတ်)ရွှေတောင် ၁၈၃ဝဝ ယူရီးယား(တရုတ်)ပန်းဖူး ၁၈၉ဝဝ တီဆူပါ GTSP ၄၆% ၁၉၁ဝဝ တီဆူပါ GSSP ၁၆% ၉၄ဝဝ တီဆူပါ GSSP ၁၂% ၈၆ဝဝ ကွန်ပေါင်း(တရုတ်) ၁၅း၁၅း၁၅ ၂၃ဝဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈ဝဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၁၈၅ဝဝ ကုလားအုတ် (တရုတ်) ၁၈၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉၅ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂ဝ၅ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂ဝဝဝဝ တီဆူပါ-(တရုတ်) ၁၂% ၉ဝဝဝ တီဆူပါ-(တရုတ်) ၁၆% ၉၂ဝဝ တီဆူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅ဝဝဝ တီဆူပါ ၁ဝး၁ဝး၅ (တရုတ်) ၁၃၅ဝဝ ပိုတက်(တရုတ်) ၁၉ဝဝဝ ဓာတ်ဆား (တရုတ်) ၁၃ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး ၄၆% တရုတ်) ၂၂ဝဝဝ ပုလဲ(သေး)(ရွှေပျား ၄၆% တရုတ်) ၂၁ဝဝဝ ပုလဲ(သေး)(ရွှေတောင် ၄၆% တရုတ်) ၂၂ဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း ၁၅း၁၅း၁၅ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း ၁၅း၁၅း၁၅ ၃၄ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း ၁၆း၁၆း၈ ၃၃ဝဝဝ တီစူပါ (တရုတ်)သံကွင်း ၄၆% ၂၁၅ဝဝ တီစူပါ (တရုတ်) မျှား ၄၆% ၂ဝ၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ ၁၆% ၁၃ဝဝဝMIRT (MAPT)
နနွင်းစိုက်ဧကပိုမိုတာကြောင့် အထွက်မြင့်တက်မယ်လို့ အိန္ဒိယခန့်မှန်း ယခုနှစ်အတွင်း နနွင်းဈေးကောင်းရရှိခဲ့ကြတဲ့ နနွင်းစိုက်တောင်သူများဟာ လက်ရှိစိုက်ပျိုးချိန်မှာ တချို့က စိုက်ဧက တစ်ဆပိုမိုစိုက်ပျိုးမှုတွေရှိလာလို့ ယခုနှစ်မှာ နနွင်းတစ်အိတ်ကို ကီလို ၇ဝ-၇၅ စီပါဝင်တဲ့ အိတ်ပေါင်း ၈ဝ သိန်းခန့်ထွက်ရှိခဲ့ရင်တောင် အံ့သြစရာမရှိပါဘူးလို့ အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာအာဗီရာဗီရှန်ကာ ကပြောကြားပါတယ်။ Angel commodities မှ စိုက်ပျိုးရေးထုတ်ကုန်ဆိုင်ရာ လေ့လာဆန်းစစ် ပညာရှင် နာလီနီရာအိုရာက ခန့်မှန်းပြောကြား တာကတော့ ၂ဝဝ၉-၂ဝ၁ဝ ထွက်ရှိတဲ့ အိတ်ပေါင်း ၄၈ သိန်းနဲ့ နှိုင်းယှဉ်ရင် ယခုနှစ်မှာ ၄၃-၄၅ ရာခိုင်နှုန်းမြင့်တက်ပြီး အိတ်ပေါင်း ၆၅-၇ဝ သိန်းခန့် ထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ယခုရာသီအတွင်း တောင်သူများဟာ နနွင်းရောင်းချခြင်းကနေ ၁၅ဝ ရာခိုင်နှုန်းကျော်ဝင်ငွေပိုရရှိ ခဲ့တာကြောင့် စိုက်ဧရိယာတိုးခဲျ့ဖို့ စိတ်အားသန်လာခဲ့ကြရာ ယခင် နှစ်က စိုက်ဟက်တာ ၁ ဒသမ ၈ သိန်းရှိခဲ့ရာမှ ၂ဝ၁ဝ-၂ဝ၁၁ မှာ ဟက်တာ ၂ ဒသမ ဝ၆ သိန်းဝန်းကျင်ရှိနိုင်တယ်လို့ ဆိုပါတယ်။ အင်ဒရာပရာဒေ့ရှ်ဟာနနွင်းစုစုပေါင်း စိုက်ဧရိယာရဲ့ ၃၁ ရာခိုင်နှုန်းနီးပါးရှိပြီး ယခင်နှစ်က ဟက်တာ ဝ ဒသမ ဝ၅ သိန်းရှိရာမှ ယခုနှစ်မှာ ဟက်တာ ဝ ဒသမ ၆၄ သိန်းကို တိုးတက်ခဲ့ပါတယ်၊ တမီနီဒူးမှာလည်း ၉ ရာခိုင်နှုန်းမြင့်တက်ပြီး ဟက်တာဝ ဒသမ ၄၃ သိန်းကို လည်းကောင်း တိုးခဲျ့ခဲ့ကြပါတယ်။ နီဇမ်မာဘတ်နဲ့ အီရော့တို့ရဲ့ ထုတ်လုပ်မှုများဟာလည်း ယခင်နှစ်က အိတ်ပေါင်း ၁၁ သိန်းမှ ယခုနှစ် ၁၆ သိန်းနဲ့ ယခင်အိတ် ၂၂ သိန်းမှ ယခုအိတ် ၃ဝ သိန်းကို တိုးတက်နိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံအတွင်း လက်ရှိလက်ကျန် အိတ်ပေါင်း၁၂-၁၃ သိန်းခန့်ရှိပြီး နနွင်းအသစ်ဈေးကွက်အတွင်းဝင်ချိန်ဟာ ဖေဖော်ဝါရီမတ်လအတွင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ အနည်းငယ်စောပြီး ဈေးကွက်ထဲဝင်ရောက်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလလယ်လောက်မှာ စတင် ဝင်ရောက်တော့မှာဖြစ်လို့ လက်ငင်းဈေးကွက်ထဲ ဝင်ရောက်မှုတိုးတက်လာ ရင်လာမယ့်နှစ်မှာ ဈေးနှုန်းကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ လက်ငင်းဈေးကွက်များမှာ လက်ရှိ လက်ကျန်အိတ် ပေါင်း ၆-၈ သိန်းအတွင်းရှိပြီး လစဉ်ပျမ်းမျှစားသုံးမှုဟာ အိတ် ၂- ၂ ဒသမ ၅ သိန်း ရှိတာကြောင့် ထုတ်လုပ်မှု ခန့်မှန်းချက်များကို ကြည့်ခြင်းအားဖြင့် နနွင်းအသစ်ဝင်ရောက်လာမယ့် လာမယ့်နှစ်မှာ ဈေးနှုန်းကျဆင်းနိုင ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပြည်ပဝယ်လိုအားနဲ့ ပြည်တွင်းဝယ်ယူမှုတို့က ဈေးနှုန်းဦးတည်ချက်ကိုဆုံးဖြတ်လိမ့်မယ်လို့Ms Rao နဲ့ Mr James တို့က ဆိုပါတယ်။ ယမင်းခင်၊ှSources: Businessline
်ပရဆေးကုန်ကြမ်းတန် ၁၃ဝ ခန့်တင်ပို့ မြန်မာနိုင်ငံက စိုက်ပျိုး ထုတ်လုပ် တဲ့ ပရဆေးကုန်ကြမ်းများကို တရုတ်နိုင်ငံသို့ အောက်တိုဘာ ၁ ရက်မှ ၁ဝ ရက်အတွင်း တန် ၁၃ဝ ကျော် တင်ပို့ရောင်းချ ခဲ့ပါတယ်။ '' တင်ပို့ခဲ့တဲ့ ပရဆေး ကုန်ကြမ်း တွေအနေနဲ့ ချဉ်ပေါင်ဖာလာ (အခွံ မပါ)၊ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ တောဂျင်း၊ ဆေးမြင်းခွာ၊ ရွေးရွက်၊ ပင်စင်းတရော်၊ အုံတုံခေါက်၊ တောင် လုံးကျော်၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ မုန်လေဥနဲ့ မာလာဥ စတဲ့ကုန် ကြမ်းတွေပါ။ အဲဒီပစ္စည်းတွေထဲက ချဉ်ပေါင်ဖာလာက ၁ တန်ကို ၃၄ဝဝဝဝဝ ကျပ်၊ ကြောင်ပန်းစေ့က ၈ဝ၄ဝဝဝ ကျပ်၊ ကွမ်းစားဂမုန်းက ၉ဝဝဝဝဝကျပ်၊ မာလာဥက ၂ဝ၉၃၉ဝဝ ကျပ်နဲ့ တောဂူျးမြစ်က ၅၅၆ဝ၂ဝ ကျပ် ဈေးတို့ ရှိနေပါတယ်'' လို့ မူဆယ် ကုန်စည်ဒိုင်များအသင်းမှ သိရပါတယ်။ အလားတူ ချင်းရွှေဟော် နယ်စပ်မှလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက ထွက်ရှိတဲ့ မျောက်ဥခြောက် ၁၅ တန်ကို တရုတ်နိုင်ငံ သို့ တင်ပို့ ရောင်းချခဲ့ ကြောင်း၊ မျောက်ဥခြောက် ၁ တန်ရဲ့ မိမိဘက်ပေါက်ဈေး ၃၂ဝဝဝဝ ကျပ်၊ တစ်ဘက် နိုင်ငံဈေး၂၅၃ဝ ယွမ်ဖြစ် ကြောင်း သတင်းရရှိပါတယ်။ မော်မော်အောင် (MIRT)
မူဆယ်နယ်စပ်မှ မန်ကျည်းမှည့် (အစေ့ပါ) ပို့ မူဆယ် ၁ဝ၅ မိုင် နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် မန်ကျည်း မှည့် (အစေ့ပါ) ၇၂ တန်ကျော် ကန် ဒေါ်လာ ၃၁ဝဝဝ ဖိုးတရုတ်နိုင်ငံ သို့ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ မန်ကျည်းမှည့်အစေ့ပါကို စစ်တွေ နယ်စပ်မှနည်းနည်းနဲ့ ပုံမှန်သာ ခု ဂဏန်းမျှ တင်ပို့လေ့ရှိပြီးရံဖန် ရံခါ မူဆယ်နယ်စပ်မှ ဆယ်ဂဏန်းမြင့်မြင့် တင်ပို့လေ့ရှိရာ ယခုအပတ်မှာ မူဆယ် နယ်စပ်မှ တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ မန္တလေး၊ မကွေးနဲ့စစ်ကိုင်းတိုင်း ဒေသကြီး များကထွက်ရှိတဲ့ မန်ကျည်းမှည့် (အစေ့ပါ)များကို တင်ပို့နေခြင်း ဖြစ် ပါတယ်။ ဧပြီလမှ စက်တင်ဘာလထိ မန်ကျည်းမှည့် (အစေ့ပါ) တန် ၂၁ဝ ကျော်နယ်စပ်စခန်းများမှ တင်ပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOBT)
ပြည်ပကို သုံးတန်သာပို့ ပြည်တွင်း ဈေးကွက်ဘက်ကို အလှည့်ပေးနေတဲ့အတွက် မန်ကျည်း တင်ပို့မှုလည်း နှေးကွေးနေပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ကနေ ၁ဝ ရက်နေ့အတွင်း အာရပ်စော်ဘွားများ နိုင်ငံဘက်ကို အက်ဖ်အိုဘီ ၅ဝဝ ဈေးနဲ့ မန်ကျည်းသီး တန်ချိန် ၃ တန်ကို ရေကြောင်းကတင်ပို့ခဲ့ပြီးနောက် အပို့ ကဲျသွားပါတယ်။ ဝယ်လက်နိုင်ငံတွေ က အဝယ်ရှိပေမယ့်လည်း မန်ကျည်းရာသီကို စောင့်နေကြဆဲဖြစ်ပါတယ်။MIRT (DOT)
ပစ္စည်းသန့် လက်ကျန်နည်းနေပြီဖြစ်တဲ့ ပင်လောင်းနနွင်း ရှမ်းနနွင်းသန့်တွေက အောင်ပန်း၊ တောင်ကြီးဈေးကွက်တွေမှာ လက်ကျန်က ကုန်သလောက်ဖြစ်သွားပြီလို့ သိရပါတယ်။ ပစ္စည်းလက်ကျန်ကလည်း ပင်လောင်းမှာသာရှိပါတော့တယ်။ ပြည်ပက ဝယ်လက်ရှိပေမဲ့ နနွင်းသန့်က ရှားနေ တာကြောင့် အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ ဟိုးပုံး၊ အောင်ပန်း (ဆင်တောင်) အင်းလေးတကြောကထွက်တဲ့ နနွင်းသန့် တွေကတော့ ပြည်ပ ဝယ်လို အားကောင်းတာကြောင့် ဈေးကွက်မှာ ပစ္စည်းပြတ်သွား ပါတယ်။ လက်ကျန် ပင်လောင်းနနွင်း ကလည်း အရည်အသွေးညံ့တာကြောင့် ဈေးကွက်မှာ ရောင်းပန်း သိပ်မလှပါဘူး။ အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ်နနွင်း ပေါက်ဈေးက နနွင်းသန့် တစ်ပိဿာ ၃၃ဝဝ ကျပ်၊ နနွင်းညံ့ ၂၇ဝဝ ကျပ်-၂၈ဝဝ ကျပ်ဈေးရှိပြီး နနွင်းခါးက ၁၅ဝဝ ကျပ်၊ ၁၆ဝဝ ကျပ်၊ နနွင်းခေါင်းက တစ်ပိဿာ ၂၁ဝဝ ကျပ်-၂၂ဝဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၃ဝဝဝ ကျပ်ဈေးနဲ့ဈေးငြိမ်နေတယ်လို့သိရပါတယ်။ ဧဧခိုင်
စစ်တွေက ပုံမှန်နယ်စပ်ဖြတ်ကျော်နေတဲ့ နနွင်း စစ်တွေနယ်စပ်မှ ယခုအပတ်မှာလည်း နနွင်းတက် နှစ်တန် ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၂ဝဝ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ နနွင်းတက်ဈေးမှာ စက်တင်ဘာလနောက်ဆုံးပတ်မှာ ၁၄၁၇၆ဝဝ ကျပ်ရှိခဲ့ရာမှ ယခုအခါ ၁၅၂၆၉၄ဝ ကျပ် သို့ မိမိဘက်ဈေးမြင့် တက်သလို တစ်ဖက်နိုင်ငံဈေးမှာလည်း ၁၃ဝ၅ဝဝ တာကာ (၁၇ဝဝ ဒေါ်လာ)သို့ မြင့်တက်လာလျက်ရှိပါတယ်။ လအလိုက်နယ်စပ်စခန်းများမှ နနွင်းတက်တင်ပို့နိုင်မှုတွေကတော့ ဧပြီလမှာ တန် ၂ဝဝ၊ မေလမှာ တန် ၄၆ဝ၊ ဇွန်လမှာ ၅၉ တန်၊ ဇူလိုင်နဲ့သြဂုတ်လ တွေမှာ ၁ဝ၅တန်နဲ့ စက်တင်ဘာလမှာ တန် ၆ဝ အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ တင်တင်ထွန်း( MIRT)
အောင်ပန်းချင်းသစ်ဈေးကွက်ဝင်ပြီ အောင်ပန်းဒေသတစ်ဝိုက် ရွာတွေကနေ ချင်းသစ်တွေ အတော် များများ က ဈေးကွက်ထဲကို ဝင်လာနေပါပြီ။အခါနားနီး နေပြီဖြစ်လို့ တောင်သူတွေက ဖော်ပြီးရောင်းနေကြပါတယ်။ ပြီးခဲ့တဲ့ အပတ်ကထက် အဝင်များလာသလို ပစ္စည်းအရည်အသွေး ကလည်း ကောင်းလာပါပြီ။ ချင်း (ဥမ) တွေကတော့ ကုန်သည် လက်ကျန် အနည်းငယ် လောက်သာကျန်ရှိပြီး တစ်ပိဿာကို ၈ဝဝ ကျပ်၊ ၉ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ချင်းသစ်တွေက အောင်ပန်းမြို့နယ် အနီးအနား ရွာ တွေကနေ အောင်ပန်း ဈေးကွက်ကို တစ်ရက် ပိဿာချိန် သုံးထောင် လောက် ဝင်တာ ကြောင့် ၅ ရက်တစ်ဈေးကို ပိဿာချိန် တစ်သောင်းခွဲ ခန့် ဝင်နေပါတယ်။ ဝင်သလောက်လည်းပြန်ပြီး အရောင်းသွက်တယ်လို့ သိရပါတယ်။ ချင်းသစ်တွေကိုတော့ လောလောဆယ်မှ ပြည်တွင်းသုံးအဖြစ် ဝယ်ယူ နေတာကြောင့် ချင်းတက်ဈေး ကလည်း ယခင်အပတ်ကထက် ဈေးအနည်းငယ် ထပ်တက်လာပါတယ်။ ချင်းသစ်ဈေးက ဒီတစ်ပတ်မှာ ၆၅ဝ ကျပ်၊ ၇ဝဝ ကျပ်ဈေး ရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၂၈ဝဝ ကျပ်၊ ၂၉ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ ချင်းခြောက်ဈေးက တစ်ပိဿာ ၃ဝဝဝ ကျပ်ဈေး ရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်
ချင်းဈေးမြင့်တက်လျက်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှတစ်ဆင့် တစ်ဖက် နိုင်ငံသို့ချင်းကို ပုံမှန်လေးတင်ပို့ နေတာဖြစ်ပါတယ်။ စက်တင်ဘာလမှာ မိမိဘက် မြေပြင်ပေါက်ဈေးက ၂၇၅၄ဝဝ ကျပ်နဲ့တစ်ဖက်နိုင်ငံ ပေါက်ဈေးက ၂၆၆ဝဝ တာကာ ရှိနေရာမှ ယခုလဆန်းပိုင်းကစပြီး ချင်းဈေးက မိမိဘက်မှာရော တစ်ဘက် နိုင်ငံမှာပါဈေးများ မြင့်တက်လျက်ရှိပါတယ်။ယခုအပတ်မှာ မိမိဘက်ဈေး ၆၇ဝ၁၄ဝကျပ်ပေါက်ပြီး တစ်ဖက်နိုင်ငံမှာ ၇၅၃ဝဝ တာကာ (၉၈၂ ဒေါ်လာ) ဈေးပေါက် လျက်ရှိတယ်လို့ သိရပါတယ်။ ဧပြီလမှသြဂုတ်လထိကာလမှာ မိမိဘက် ချင်းဈေးမှာ ၂၄၉၆၉၆ ကျပ် ဈေးရှိပြီး စက်တင်ဘာလမှာ ၂၇၅၄ဝဝ ကျပ်နဲ့ အောက်တိုဘာလမှာ ၆၇ဝ၁၄ဝ ကျပ်သို့မြင့်တက်လာတာဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံ ဈေးမှာလည်း ၂၄ဝ၄ဝ တာကာ၊ ၁၆၈၆၁ တာကာ၊ ၁၇၈၃၅ တာကာနဲ့ စက်တင်ဘာလမှာ ၂၆၆ဝဝ တာကာနဲ့ အောက်တိုဘာလမှာ ၇၅၃ဝဝ တာကာ အသီးသီး မြင့်တက်လျက်ရှိပါတယ်။ အောက်တိုဘာလ ၆ ရက်မှ ၁၂ ရက်ထိကာလ အတွင်း စစ်တွေနယ်စပ်မှ ချင်းစို ၃ တန် ကန်ဒေါ်လာ ၃ဝဝဝ ဖိုးတင်ပို့နိုင်ပြီး ဧပြီလမှ စက်တင်ဘာလအထိကာလအတွင်းနယ်စပ်မှ ချင်းစိုတန် ၆ဝ ကျော် တင်ပို့ထားပြီး ဖြစ်ပါတယ်။ တင်တင်ထွန်း(MIRT )