Background
မောင်တောမှ ရေထွက်ကုန်များတင်ပို့မှု မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဘက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ အဓိက ရေထွက်ကုန် ရေငန်ပုစွန်များကို ဧပြီလမှ စက်တင်ဘာလအထိ ပထမ ခြောက်လအတွင်း တန်ချိန် ၄၈၄ ဒသမ ၈၅ တန် အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၇၅၇ သန်း တင်ပို့ထားပြီးဖြစ်ပါတယ်။ မောင်တောနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ရေထွက်ပစ္စည်းများတင်ပို့ ခဲ့ရာတွင် ငါးခူရနှင့် ဇော်မတက် ငါးပုစွန် ကုန်စည်ဒိုင်များ ဖွင့်လှစ်တင်ပို့လျက် ရှိပါတယ်။ တစ်ဘက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ရေငန်ပုစွန် အပါအဝင် ငါးစုံလေး ခြောက်၊ ရေငန်ငါးသလောက်၊ ငါးကုန်းညိုခြောက်၊ ငါးနီတူခြောက်များကို အဓိက တင်ပို့ လျက်ရှိနေပါတယ်။ လ အလိုက် ရေထွက်ကုန် တင်ပို့မှုများကတော့ ဧပြီလ မှာ ၇၄ ဒသမ ၃၅ တန်၊ မေလမှာ ၁၆၈ ဒသမ ၄၈ တန်၊ ဇွန်လမှာ ၁၆၉ ဒသမ ၅၂ တန်၊ ဇူလိုင်လမှာ ၁ဝ၄ ဒသမ ၉၃တန်၊ သြဂုတ်လမှာ ၃၅ ဒသမ ၉၂ တန်နဲ့ စက်တင်ဘာလမှာ ၉၅ ဒသမ ၇ဝ တန်အသီးသီး တင်ပို့ထားပြီး ဖြစ်ပါတယ်။ှ Source:နကသ (မောင်တော) မြင့်မြင့်မာ
ပဲစင်း ငုံဈေး အနည်းငယ်လျော့ အဓိကလက်ငင်းဈေးကွက်များမှာ ပဲခွဲစက်များမှ အဝယ်လျော့တာကြောင့် ပဲစင်းငုံဈေးလျော့လာပါတယ်။ လက်ရှိ ရာသီဥတုက ပဲထုတ်လုပ်တဲ့ဒေသများက သီးနံှအထွက်ကောင်းဖို့ အခြေအနေဖြစ် နေပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ စက်တင်ဘာလ ၂၉ ရက် စာရင်း အရ ပဲစင်းငုံစိုက်ပျိုးမှုဟာ ဟက်တာ ၂ သိန်းကျော် ပိုမိုနေပါတယ်။ ကာနာတာကာမှာ လက်ရှိ ပဲစင်းငုံလက်ကျန်ဟာ ပုံမှန်ကျန်ရှိတဲ့ အိတ်ပေါင်း ၅ သိန်း၊ ၁ဝ သိန်းအထက်မှာရှိနေတယ်လို့ သိရပါတယ်။ ကာလတို အတွင်း ဈေးနှုန်းလျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄ ဒေါ်လာ/တန်ဈေးကွက် ၇ .၁ဝ .၁ဝ ၆ .၁ဝ .၁ဝ ၅ .၁ဝ .၁ဝ ၄ .၁ဝ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၇၈၅ ၇၉၆ ၇၉၉-၈ဝ၅ ၇၉၅-၈ဝဝဒေလီ(မြန်မာပဲစင်းငုံ) ၇၉ဝ ၈ဝ၁ ၈၁၆ ၈ဝ၆ချန်နိုင်း(မြန်မာပဲစင်းငုံ) ၈ဝ၂ ၈ဝ၁ ၇၈၃ ၇၈၃-၇၉၅ှSource: agriwatch.com , MIRT (Yangon)
ပဲတီစိမ်း ဈေး ပြန်ခိုင်မာလာ အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ ဒီတစ်ပတ်အတွင်း ပဲတီစိမ်းဈေး ပြန်မာလာပါတယ်။အဝယ်သွက်လာ ခြင်းအပြင် ရာဂျက် စသန်ကို ဝင်ရောက်လာတဲ့ ပဲတီစိမ်းများမှာလည်း အရည်အသွေး ကောင်းပဲများဖြစ်လို့ ဈေးနှုန်းခိုင်မာလာတာဖြစ်ပါတယ်။ အင်ဒရာ ပရာဒေ့ရှ်ကိုတော့ ပဲအသစ်ဝင်ရောက်မှု လျော့ကျလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဈေးကွက်အတွင်း ပဲရရှိနိုင်မှု အကန့်အသတ် သာရှိခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ တန်ဇန်းနီးယားမှ တင်သွင်းပဲများ ဝင်ရောက်လာခြင်းက တော့ ရောင်းအားကို ပိုမိုများစေပါတယ်။ ကာလတိုအတွင်း ဈေးနှုန်း လျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ်ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၇ .၁ဝ .၁ဝ ၆ .၁ဝ .၁ဝ ၅ .၁ဝ .၁ဝ ၄ .၁ဝ .၁ဝမွန်ဘိုင်း (ပဲတီရွှေဝါ) ၁ဝ၈၄-၁၁၂၉ ၁ဝ၈၄-၁၁၂၉ ၁ဝ၇၃-၁၁၁၈ ၁ဝ၇၄-၁၁၁၉ချန်နိုင်း (ပဲတီရွှေဝါ) ၁ဝ၃၉ ၁ဝ၃၈ ၁ဝဝ၆ ၁ဝဝ၇ဒေလီ ၁ဝ၁၆ ၁ဝ၁၆ ၁ဝဝ၆-၁ဝ၂၉ ၁ဝဝ၇-၁ဝ၃ဝ
ကုလား ပဲဈေး အနည်းငယ်လျော့ အဓိက လက်ငင်းဈေးကွက်များမှာ ဝယ်လိုအားနည်းနေတာ ကြောင့် ယခုတစ်ပတ်အတွင်း ကုလားပဲဈေး အနည်းငယ် လျော့ကျခဲ့ ပါတယ်။ ဆောင်းရာသီစိုက်ပိုျးမယ့် ကုလားပဲရဲ့ အနိမ့်ဆုံး ထောက်ပံ့ ဈေးနှုန်း (MSP) တစ်တန်ကို ရူပီး ၁၇၆ဝဝ (ကန်ဒေါ်လာ ၃၉၅) မှ ရူပီး ၂၁ဝဝဝ(ကန်ဒေါ်လာ ၄၇၁)ကိုတိုးမြှင့်ဖို့တင်ပြခြင်းက ကာလ တိုအတွင်း ဈေးကွက်ကို များစွာ သက်ရောက်မှု မရှိသေးကြောင်း သိရပါတယ်။ တန်ဇန်းနီးယားမှ တင်သွင်းထားတဲ့ ကုလားပဲများ ရောက်ရှိလာခြင်းကြောင့် ရောင်းအားများလာခြင်းအပြင် မြေဆီလွှာ အစိုဓာတ်ရှိနေခြင်းက ဆောင်းသီးနံှအတွက် အလားအလာကောင်း လျက်ရှိတာကြောင့် ကာလတိုအတွင်း ဈေးနှုန်းလျော့ကျဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၇ .၁ဝ .၁ဝ ၆ .၁ဝ .၁ဝ ၅ .၁ဝ .၁ဝ ၄ .၁ဝ .၁ဝမွန်ဘိုင်း ၅၃၅-၅၃၇ ၅၄၂-၅၄၇ ၅၃၇ ၅၂၆-၅၃၂ဒေလီ ၅၁၉ ၅၂၅ ၅၂၅ ၅၂ဝကန်ပါ ၅၃၄-၅၃၅ ၅၄ဝ ၅၃၄-၅၃၆ ၅၃၇
ယခုနှစ်မိုးရာသီ ပဲမျိုးစုံစိုက်ဧရိယာဟာ ယခင်နှစ်ထက် သိသိ သာသာပိုမိုကာ အထူးသဖြင့် ပဲစင်းငုံနဲ့ မတ်ပဲစိုက်ပျိုးမှုက သိသိသာ သာ မြင့်တက်နေတာကြောင့် ပဲမျိုးစုံဈေး အကျဘက်ကို ဆင်းနေ တယ်လို့ သိရပါတယ်။ စိုက်ပိုျးရေးဝန်ကြီးဌာနရဲ့ မိုးပဲမျိုးစုံ တန်ချိန် ၆ သန်းအထိ ထွက်ရှိမယ်ရည်မှန်းထားရာ အစောပိုင်းခန့်မှန်းထားတဲ့ တန်ချိန် ၄ ဒသမ ၃ သန်းထက် ၄ဝ ရာခိုင်နှုန်းမြင့်တက်ခန့်မှန်းထား ကြောင်း သိရပါတယ်။မတ်ပဲ ဈေးငြိမ်သလောက်ရှိနေ အိန္ဒိယပြည်တွင်း လက်ကားဈေးကွက်များမှာ မတ်ပဲဈေးက လက်ရှိဈေးဝန်းကျင်မှာ ငြိမ်သလောက်ရှိနေတာ တွေ့ရပါတယ်။ အချို့ရက်များမှာ အဝယ်ပြန်လိုက်လာလို့ ဈေးပြန်မာတာတွေရှိပေမဲ့ များများစားစားပြောင်းလဲမှုမရှိတာ တွေ့ရပါတယ်။ မဒ္ဒရာပရာဒေ့ရှ်နဲ့ ရာဂျက်စသန်တို့လို့ အဓိကပဲစိုက်ပျိုးတဲ့ ဒေသများမှာ ပဲအသစ်ဝင် ရောက်မှု တိုးတက်လာတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲအသစ်များမှာ အစိုဓာတ်ပါဝင်မှုများခြင်းက ဈေးနှုန်းကို ကျဆင်းစေပါတယ်။ ရိတ်သိမ်းကာလအတွင်း မိုးရွာသွန်းတာကြောင့် ကာနာတာကာမှာ ပဲ အထွက်နှုန်း ထိခိုက်နိုင်တယ်လို့ဆိုပါတယ်။ ဝယ်လို အားနည်းနေတာ ကြောင့် ကာလတိုအတွင်း အကျဘက်ဆင်းနိုင်တယ်လို့ ခန့်မှန်းကြ ပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာ မတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၇ .၁ဝ. ၁ဝ ၆ .၁ဝ .၁ဝ ၅ .၁ဝ.၁၀ ၄ .၁ဝ .၁ဝမွန်ဘိုင်း ၉၉၄ ၁ဝဝ၅ ၁ဝဝ၆ ၁ဝ၁၈ဒေလီ ၁ဝဝ၅ ၁ဝဝ၅ ၁ဝဝ၆ ၁ဝဝ၇-၁ဝ၁၃ချန်နိုင်း ၁ဝ၁၁-၁၁၉၁ ၁ဝဝ၅-၁၁၈၅ ၉၈၉-၁၁၆၈ ၉၉၆-၁၁၇၅
ပြည်တွင်းဘိလပ်မြေဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန် ဘိလပ်မြေ(ဆင်)ထိုင်း ၅၁ဝဝ(လက်ကား) ဘိလပ်မြေ TPI ၅ဝဝဝ ဘိလပ်မြေ (စိန်) ၅ဝဝဝမန္တလေး ဘိလပ်မြေ(စိန်)ထိုင်း ၆၃ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ (AAA) ၆၂ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၆၁ဝဝ ဘိလပ်မြေ (TPI) ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅၆ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ဘိလပ်မြေ(Lucky) ၆၅ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၇၂ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိKင် ဘိလပ်မြေ(ဆင်)ထိုင်း ၆၁ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅၂၅ဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၉ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၃ဝဝမကွေး ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၆ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၂ဝဝMIRT (MAPT)
စက်တင်ဘာလအတွင်း နယ်စပ်မှဘိလပ်မြေတန်ချိန် ၄ဝဝဝဝနီးပါးတင်သွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာလအတွင်းမှာ ဘိလပ်မြေ တန်ချိန် ၄ဝဝဝဝ နီးပါး တင်သွင်းနိုင်ခဲ့တယ်။ နယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ မြိတ်၊ တာချီလိတ်၊ ကော့ သောင်းနဲ့ မောင်တော တို့မှ စက်တင်ဘာလနောက်ဆုံးအပတ်မှာ ဘိလပ်မြေတန်ချိန် ၅၁၃၇ တန်ကျော်၊တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၅၅၉ သန်းဖိုး တင်သွင်းခဲ့တာပါ။ စက်တင်ဘာလနောက်ဆုံးပတ်မှာ စခန်းအလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ မူဆယ် မှ ၄၄၄ တန်၊ ကန်ပိုက်တီးမှ ၂၈၁ဝ တန်၊ လွယ်ဂျယ်မှ ၅ဝ၉ တန်၊ တာချီလိတ်မှ ၆၁၈ တန်ကျော်၊ မြိတ်မှ ၆၅၆ တန်၊ မောင်တောမှ ၇၅ တန်ခန့်နဲ့ ကော့သောင်းမှ ၂၅ တန်ခန့် အသီးသီးတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT)
ဒီနှစ်စက်တင်ဘာမှာ ရေကြောင်းအဝင်ပို ယခုသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်နေ့ ကာလအထိ ဘိလပ်မြေတန်ချိန် ၄၇၉၃၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ဝ၆၅၇ဝ၇ ဒေါ်လာဖိုး ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင် များရဲ့ ဝယ်လက်နိုင်ငံတွေကတော့ ပါကစ္စတန်နိုင်ငံဘက်က ၂ဝ၈၁၄ တန်နဲ့ ထိုင်းနိုင်ငံဘက်က ၄၅၁၁၉ ဒသမ ၈၅ တန်အသီးသီး ခွဲခြားဝင်ခဲ့ တာတွေ့ရပါတယ်။ အဝင်တံဆိပ်တွေကတော့ စိန်တံဆိပ်၊ ဆင်တံဆိပ်နဲ့ White တံဆိပ်စတဲ့ တံဆိပ်မျိုးစုံနဲ့ တင်သွင်းလာခဲ့ကြပြီး ယခင်သီတင်းပတ်ရဲ့ ဘိလပ်မြေ အဝင်တန်ချိန် ၃ဝ၁၄၃ ဒသမ ၅ တန်ရှိကာ ဒီတစ်ပတ် အဝင်တန်ချိန်မှာ ၄၇၉၃၄ တန်ဖြစ်ခဲ့တာကြောင့် တန်ချိန် ၁၇၇၉ဝ တန်လောက်အဝင်ပိုခဲ့တာတွေ့ရပါတယ်။ လချုပ်အနေနဲ့ ယှဉ်ကြည့်ရင် ပြီးခဲ့တဲလသြဂုတ် တစ်လလုံးရဲ့ ဘိလပ်မြေအဝင်တန် ချိန်မှာ ၂၉၉၉၈ တန်ရှိခဲ့ပြီး စက်တင်ဘာ တစ်လလုံးရဲ့ ဘိလပ်မြေအဝင်တန်ချိန်မှာ ၆၄၁၂၇ ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ တန်ချိန် ၃၄၁၂၉ တန်ပိုမိုဖြန့်ဖြူးဖို့ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဘိလပ်မြေဈေးနှုန်း များကလည်း လက်ကားဈေး ဘုရင့်နောင်မှာ ထိုင်းဆင်တစ်အိတ်ကို ၅ဝဝဝ-၅၁ဝဝ ဝန်းကျင် နဲ့ပဲ ပုံမှန်အရောင်း အဝယ်ခပ်အေးအေးပဲဖြစ်နေတယ်လို့ ဘုရင့်နောင်ကုန်သည်က ပြောပါတယ်။ ရေကြောင်းအဝင်ကို ယခင် နှစ်အလားတူကာလအဝင်နဲ့ ယှဉ်ရင် ယခုနှစ် စက်တင်ဘာလက တည်ဆောက်ရေးလုပ်ငန်းသုံးအတွက် ပြည်တွင်းအသွင်း နှစ်ဆ ကျော်ကျော် ပင်လယ်ရေကြောင်းကအသွင်းပိုခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
တံဆိပ်အမျိုးမျိုးနဲ့ ဈေးအမျိုးမျိုး ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက် ပေါက်ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါ တယ် တိုင်း ဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၂၁၅ဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂၁၃ဝဝ ယူရီးယား-ယူအေအီး ၂၁၅ဝဝ ပိုတက်(ကနေဒါ) ၂ဝ၅ဝဝ ပိုတက်(အိန္ဒိယ) ၂ဝ၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်) ရွှေတောင် ၁၈၃ဝဝ ယူရီးယား(တရုတ်) ပန်းဖူး ၁၈၉ဝဝ တီဆူပါ GTSP ၄၆% ၁၉၁ဝဝ ကွန်ပေါင်း(တရုတ်) ၁၅း၁၅း၁၅ ၂၃ဝဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈ဝဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၁၈၅ဝဝ ကုလားအုတ် (တရုတ်) ၁၈၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉၅ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂ဝ၅ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂ဝဝဝဝ တီဆူပါ-(တရုတ်) ၁၂% ၉ဝဝဝ တီဆူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅ဝဝဝ ပိုတက်(တရုတ်) ၁၉ဝဝဝ ဓာတ်ဆား (တရုတ်) ၁၃ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး ၄၆% တရုတ်) ၂၂ဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း ၁၅း၁၅း၁၅ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း ၁၅း၁၅း၁၅ ၃၄ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း ၁၆း၁၆း၈ ၃၃ဝဝဝ တီစူပါ(တရုတ်)သံကွင်း ၄၆% ၂၁၅ဝဝ တီစူပါ(တရုတ်) မျှား ၄၆% ၂ဝ၅ဝဝ တီစူပါ(တရုတ်) မျှားကမ္ဘာ ၁၆% ၁၃ဝဝဝMIRT (MAPT)
နယ်စပ်မှ တင်သွင်းမှုလျော့ နယ်စပ်စခန်းများမှ စက်တင်ဘာလနောက်ဆုံးပတ် ဓာတ်မြေသြဇာတင်သွင်း မှုဟာ အရင်အပတ်ကနဲ့နှိုင်းယှဉ်ရင် သုံးပုံတစ်ပုံပဲ တင်သွင်းနိုင်တာကို တွေ့ရပါ တယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၆၂၇၆ တန်၊ ကော့ သောင်းမှ ၂၁၂ တန်၊ မြဝတီမှတန် ၁၉ဝ၊ ရိဒ်မှ တန် ၁၄ဝ၊ တာချီလိတ်မှ တန်ချိန် ၁၃ဝ နီးပါး အသီးသီးတင်သွင်းခဲ့တဲ့အတွက် စုစုပေါင်းတန်ချိန် ၇၃၉၉ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းနီးပါးဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ် က အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာကတော့ ယူရီးယား ဓာတ်မြေသြဇာဖြစ်ပြီး တန်ချိန် ၃၇၈ဝ နီးပါး တင်သွင်းခဲ့ပါတယ်။ ကော့သောင်းမှ ကွန်ပေါင်းဓာတ် မြေသြဇာ၊ မြဝတီမှ အမိုးနီးယမ်းဆာလဖိတ်နဲ့ ရိဒ်မှ ပိုတက်ရှ်တို့ကို အဓိကထား တင်သွင်း တယ်လို့သိရပါတယ်။ စက်တင်ဘာလ တစ်လလုံး နယ်စပ် စခန်းများမှ ဓာတ်မြေသြဇာတန်ချိန် ၉၈၅ဝဝကျော် တင်သွင်း နိုင်ခဲ့ပါတယ်။MIRT(DOBT)