Main menu

Background

Wednesday, 10 Nov 2010

ဒီဇယ်တန်ချိန် ၂၆ဝဝဝကျော်ဝင်      ပြည်တွင်းစက်သုံးဆီများကို ပင်လယ်ရေကြောင်းမှ အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်တာကာလအတွင်း ဒီဇယ် ၁၉၉၂၇၆ ပီပါ၊ တန်ချိန်အားဖြင့် ၂၆၅၇ဝ တန်ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်ဆီအဝင်မှာ ၃၂၇၂၅ တန် ရှိခဲ့ပြီး ယခုသီတင်းပတ် ဒီဇယ်ဆီအဝင်နဲ့ကြည့်ရင် ၆၁၅၅ တန်လျော့ပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ အောက်တိုဘာတစ်လလုံးရဲ့ ဒီဇယ်အဝင်တန်ချိန်မှာ တစ်သိန်းနှစ်သောင်း နီးပါးရှိခဲ့ပြီး စက်တင်ဘာလရဲ့ တန်ချိန်ခြောက်သောင်းကျော် ရှိခဲ့တာကြောင့် အောက်တိုဘာလမှာ ခြောက်သောင်းကျော် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။                                                                                                                                         MIRT-DOT

Monday, 1 Nov 2010

 တန်ချိန် ၂ဝဝဝ ကျော်နဲ့ ပုံမှန်တင်နေသေးတဲ့ ပဲစင်းငုံ    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခုတစ်ပတ် (အောက်တို ဘာလ ၂၁ ရက်မှ ၂၇ ရက်)အတွင်းမှာလည်း တန်ချိန် ၂ဝဝဝ ကျော်နဲ့ ယခင် တစ်ပတ်လိုပဲ ပုံမှန်တင်ပို့နေသေးတာတွေ့ရပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ လက်ကျန်ရှိနေသေးလို့ ပြည်ပပဲစင်းငုံ အဝယ်နည်းတယ်ဆိုပေမဲ့ မြန်မာ ပဲစင်းငုံ ကိုတော့ အနည်းငယ်စီဝယ်ယူမှုရှိနေသေးတာတွေ့ရပါတယ်။ ပြည်တွင်း လှောင် လက်သမားများကလည်း အမြင့်ဈေးနဲ့ ဝယ်ယူထားတဲ့အတွက် လက်ရှိဈေးအနိမ့်မှာ မရောင်းနိုင်ကြသလို ပြည်ပဝယ်လက်များကလည်း အနိမ့်ဈေးနဲ့သာ ဝယ်လိုကြတာ ကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                       ဒေါ်လာ/တန်                     ပဲစင်းငုံနီ               ပဲစင်းငုံဖြူနီ/ အဖြူ၂၉-၁ဝ-၁ဝ     ၇ဝဝ-၇၁ဝ               ၆ဝဝ-၆၁ဝ၂၂-၁ဝ-၁ဝ     ၇၃ဝ-၇၄ဝ               ၆၃ဝ-၆၄ဝMIRT(MAPT)

Wednesday, 27 Oct 2010

ကုလားပဲဈေးမြင့်လာ        အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ အဆက်မပြတ် ဝယ်ယူမှုတွေရှိလို့ ကုလားပဲဈေး မြင့်တက်လာပါတယ်။ လက်ငင်း အဝယ်တွေရှိနေတာကြောင့်လည်း သိုလှောင်လက်ကျန်များ ကျဆင်း လာကာ ဈေးနှုန်းကိုအထောက်အပံ့ဖြစ်စေပါတယ်။ ဒါ့အပြင် ကမ္ဘာ့ ဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး အထွက်လျော့ကျမယ့် မျှော်လင့် ချက်များကလည်း ဈေးနှုန်းကို ပိုမိုမြင့်တက်လာစေပါတယ်။ လက်ရှိ ရာသီအတွင်း မြေဆီလွှာအစိုဓာတ် ရရှိနေခြင်းက ဆောင်းသီးနံှ အတွက် အလားအလာကောင်းများရှိသလို ကုလားပဲအတွက် အနိမ့် ဆုံးထောက်ပံ့ဈေးနှုန်းကို တိုးမြှင့်လိုက်ခြင်းကလည်း ဈေးကွက်ဈေးနှုန်း ကို ခိုင်မာစေပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းပိုမိုလာဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူ လုံးကြီးဈေးတွေကို ဇယား(၂)နဲ့ဖော်ပြထားပါတယ် ဇယား-၂                                                                                                         ဒေါ်လာ/တန် ဈေးကွက်    ၂၁ .၁ဝ .၁ဝ           ၂ဝ .၁ဝ .၁ဝ                ၁၉ .၁ဝ .၁ဝ               ၁၈ .၁ဝ .၁ဝမွန်ဘိုင်း         ၅၅၇-၅၅၉             ၅၅၈-၅၆ဝ                       ၅၅၁                       ၅၄၈ဒေလီ              ၅၄၁                       ၅၃၆                       ၅၂၅-၅၂၆                   ၅၃၁ကန်ပါ              ၅၃၉                  ၅၃၇-၅၄ဝ                      ၅၃၆                        ၅၃၈

Wednesday, 27 Oct 2010

အိန္ဒိယနိုင်ငံဟာ ပြည်တွင်းပဲလိုအပ်ချက် မြင့်တက်နေခြင်းနဲ့ ပြည်ပတင်သွင်းမှု မှီခိုနေရခြင်းမှ လျော့ပါးစေဖို့ ပြည်တွင်း ထုတ်လုပ် မှုကို အစိုးရက မြှင့်တင်လျက်ရှိပါတယ်။ မိုးပဲမျိုးစုံအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း(MSP)များကို စိုက်ပျိုးချိန်မတိုင်မီ သိသိသာသာ တိုးမြှင့်ပေးခဲ့သလို လက်ရှိဆောင်းသီးနံှ စိုက်ပျိုးကာနီးမှာလည်း တောင်သူတွေ အားထည့်စိုက်ဖို့ ကုလားပဲနဲ့ပဲနီလေးအတွက် MSP ကို မြှင့်တင်ပေးခဲ့ပါတယ်။ ဒီလိုထောက်ပံ့ဈေးနှုန်းမြှင့်တင်ခြင်းကထုတ်လုပ်မှုတိုးတက်ဖို့ အထောက်အကူဖြစ်စေနိုင်မှာဖြစ်သလို တစ် ဖက်မှာလည်း ပဲမျိုးစုံရဲ့ အခြေခံဈေးအမြင့်မှာ ရှိနေစေဖို့ ဖန်တီးသလို ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။မတ်ပဲဈေး ဆက်တိုက်ဆင်းလာ     အိန္ဒိယ ပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ် မတ်ပဲဈေး ဆက်လက်လျော့ကျခဲ့ပါတယ်။ ပြုပြင်ပြီးမတ်ပဲကို ဝယ်လိုအားမရှိခြင်း နဲ့ အဓိကဈေးကွက်များကို ပဲအသစ်တွေ ဝင်ရောက်နေခြင်းတို့ ကြောင့် ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။ ပြည်တွင်း ဈေးကွက်တွေ မှာ မိုးပဲအသစ်တွေရရှိနေလို့ ပြည်ပက တင်သွင်းပဲများကိုလည်း ဝယ်လိုအား နည်းပါးသလောက်ဖြစ်နေပါတယ်။ အင်ဒရာပရာဒေ့ရှ် မှာ ပဲအထွက်နှုန်း ထိခိုက်မှုရှိပေမဲ့ တစ်နိုင်ငံအတိုင်းအတာ အနေနဲ့ တော့ ထွက်ရှိမှုမြင့်တက်နေဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတို အတွင်း ဈေးအကျဘက်ကို သွားဦးမယ်လို့ ကုန်သည်များ က ခန့်မှန်း ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ  FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁                                                                                                               ဒေါ်လာ/တန် ဈေးကွက်         ၂၁ .၁ဝ .၁ဝ             ၂ဝ .၁ဝ .၁ဝ            ၁၉ .၁ဝ .၁ဝ              ၁၈ .၁ဝ .၁ဝမွန်ဘိုင်း                 ၉၂၄                    ၉၃၁                      ၉၃၃                        ၉၃၈ဒေလီ                    ၉၃၆                    ၉၃၇                  ၉၃၉-၉၄၅                     ၉၄၉ချန်နိုင်း               ၉၆၉-၁၁၂၇         ၉၈၂-၁၁၄ဝ              ၉၉ဝ-၁၁၄၇               ၉၉၄-၁၁၅၂

Tuesday, 26 Oct 2010

နို့မှုန့်         ယခုအပတ်မှာ မူဆယ်နယ်စပ်မှ နို့မှုန့် ၃၆ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၄ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ စက်တင်ဘာလ တစ်လလုံး တင်သွင်းခဲ့တာနဲ့ သိပ်မကွာဘဲ ယခုအောက်တိုဘာ ဒုတိယ ပတ်မှာ တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုအပတ်မှာ နို့စိမ်း ၃၂ တန်ကျာ် (၁၇ဝဝ ကာတွန်း)၊ နို့ဆီ ၁၉ တန်နီးပါး (ကာတွန်း၁ဝဝဝ)၊စုစုပေါင်း တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ၄၃ဝ၆၅ ဖိုး ကော့ သောင်းမှ တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့ဆီတင် သွင်းမှု လျော့နည်းခဲ့ပေမဲ့ နို့စိမ်း တင် သွင်းမှုမှာ ပိုမိုခဲ့ပါတယ်။ ကော့သောင်း မှာ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ထူးခြားစွာ ပြောင်းလဲမှုမရှိဘူးလို့ သိရ ပါတယ်။MIRT(DOBT)

Tuesday, 26 Oct 2010

ဒီတစ်ပတ် နို့မှုန့်အဝင် လျော့      ယခုသီတင်းတစ်ပတ်ဖြစ်တဲ့အောက်တိုဘာ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့တာ ကာလအတွင်း ဒွန်းတံဆိပ်နို့ဆီ တန်ချိန် အားဖြင့် ၈၁ ဒသမ ၉၇ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ၁ဝ၁၂ဝ၂ ဒသမ ၆၃ ဖိုးကို ပင်လယ်ရေကြောင်းလမ်းက နေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းလာ တဲ့နိုင်ငံကတော့ ပုံမှန်ဖောက်သည် စင်ကာပူနိုင်ငံဘက်ကပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ နို့စိမ်းအဝင်မရှိ ခဲ့ပါဘူး။ ယခင်သီတင်းပတ် နို့ဆီအဝင် ၃၄ ဒသမ ၄၄ တန်ရှိခဲ့ပြီး ယခုတစ်ပတ် အဝင် ၈၁ ဒသမ ၉၇ တန် ရှိခဲ့တာ ကြောင့် တန်ချိန် ၅ဝကျော်ပိုမိုတင်သွင်း လာတာတွေ့ရပါတယ်။ နို့မှုန့်အဝင် ကတော့ ၁၁ဒသမ ၅၃တန်ရှိပြီး တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၄ဝ၉၉ ဒသမ ၆၃ ဖိုးကို ထိုင်းနိုင်ငံဘက်က တင်သွင်း လာခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်း ပတ်မှာတော့ အဝင် ၁၇ဝ တန်ရှိခဲ့ပြီး ဒီတစ်ပတ်အဝင်မှာ ၁၁ ဒသမ ၅၃ တန် ရှိခဲ့တာကြောင့် အဝင်တော်တော် လျော့ဝင်လာတာ တွေ့ရပါတယ်။                                                                                                                                           MIRT (DOT)

Tuesday, 26 Oct 2010

ဒီတစ်ပတ် နယ်စပ်အသွင်းလျော့    နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ မြိတ်၊ တာချီလိတ်၊ မောင်တောနဲ့ ကော့သောင်းနယ်စပ်တို့မှ ယခုအပတ်မှာ ဘိလပ်မြေ တန်ချိန် ၅၉၅ဝတင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ထက်တန်ချိန် ၂၃၂၆ တန် လျော့နည်းတင်သွင်းခဲ့တာတွေ့ရပါတယ်။ မူဆယ်နဲ့ မြိတ်စခန်းများမှ တင်သွင်းမှု ပိုမိုခဲ့သော်လည်း ကန်ပိုက်တီး၊ တာချီလိတ်မှ လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ စခန်းအလိုက် ဘိလပ်မြေတင်သွင်း နိုင်မှုများမှာ ကန်ပိုက်တီးစခန်းမှ ၂၄၃ဝတန်၊ တာချီလိတ်မှ တန် ၁၃၂ဝ၊ မြိတ်မှ ၁ဝ၁၆ တန်၊ လွယ်ဂျယ်မှ တန် ၇ဝဝ၊ မူဆယ်မှ ၄ဝ၇ တန်၊မောင်တောမှ တန် ၆ဝ နဲ့ ကော့သောင်းမှ ၁၇ တန်ကျော် အသီးသီးဖြစ်ပါတယ်။ ဘိလပ်မြေကို စီမံကိန်းလုပ်ငန်းများ အတွက် တင်သွင်း တာရှိသလို သာမန်ဆောက်လုပ်ရေးလုပ်ငန်းများအတွက် တင်သွင်းနေကြတာလည်း ရှိပါတယ်လို့ ဘိလပ်မြေတင်သွင်းသူတစ်ဦးက ပြောပါတယ်။                                                                                                  MIRT(DOBT)

Tuesday, 26 Oct 2010

မောင်းတိန်းတံဆိပ် လက်ကား ၄၈ဝဝနဲ့ဖြန့်         ပြည်တွင်းဈေးကွက်အတွက် အောက်တိုဘာ ၁၁ ရက်မှ ၁၇ ရက်နေ့ ကာလ အတွင်း ဘိလပ်မြေတန်ချိန် ၁ဝ၈၉၂ ဒသမ ၄၅ တန်၊ တန်ဖိုးဖြင့် ကန်ဒေါ်လာ ၉၂၃၃၄၈ ဒသမ ၂၅ ဒေါ်လာဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါ တယ်။ ထိုင်းနိုင်ငံဘက်က ၁ဝ၂၉၁ ဒသမ ၄၅ တန်နှင့် အိန္ဒိယနိုင်ငံဘက်က တန်ချိန် ၆ဝဝ ကို တင်သွင်းလာတာဖြစ်ပါတယ်။ ဒီသီတင်းပတ်အတွင်း အဝင်တံဆိပ်တွေက တော့ ဆင်တံဆိပ်ဘိလပ်မြေများကို အများဆုံးတင်သွင်းခဲ့ပြီး မိကျောင်းတံဆိပ် ဘိလပ်မြေလည်း ထိုင်းနိုင်ငံဘက်က တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဘက် က မောင်တိန်းတံဆိပ် ဘိလပ်မြေများကို ပြည်တွင်းဈေးကွက်မှ လက်ကားဈေး ၄၈ဝဝ ဝန်းကျင်နဲ့ ဈေးကွက်ယှဉ်ပြိုင်ဖြန့်ဖြူးလျက်ရှိကြောင်း၊ အရောင်းကိုယ်စား လှယ်ထံမှ သိရပါတယ်။ အများသုံး ဆင်တံဆိပ်ကတော့ လက်ကားဈေးတစ်အိတ်ကို ၅ဝဝဝ-၅၁ဝဝ ခန့်နဲ့ ဖြန့်ဖြူးလျက်ရှိပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်မှာ တန်ချိန် ၇၆၇ဝ တန် အဝင်ရှိခဲ့ပြီး ဒီတပတ် အဝင်တန် တစ်သောင်းကျော်ရှိခဲ့တာမို့ မိုးရွာနေပေမဲ့ ဘိလပ်မြေအဝင်က ယခင်အပတ်ထက် တန်ချိန် သုံးထောင်ကျော် ပိုမိုတင်သွင်းလာတာ တွေ့ရပါတယ်။                                                                                                                          MIRT (DOT)

Tuesday, 26 Oct 2010

 မန္တလေး ကျောက်မျက်ရောင်းဝယ်ရေးစင်တာ သီတင်းကျွတ်ကာလ ပြည်ပမှဧည့်သည်များသာ ဝယ်ယူမှုရ              မန္တလေး  Gem Center  မှာ သီတင်းကျွတ်ကာလအမီ ဈေးလျှော့၍ ရောင်းချလျက်ရှိရာ ဝယ်ယူသူ များပြား လျက်ရှိပြီး၊ ပြည်ပမှဧည့်သည်များသာ ဝယ်ယူမှုရှိကြောင်း သိရပါတယ်။''ဒီရက် မှာသီတင်းကျွတ်အမီ ဈေးလျှော့ရောင်းတော့ တော်တော်ရောင်းရတယ်။ လက်ထပ်လက်စွပ်လည်း မှာယူမှုရှိတယ်။လက်စွပ်ကိုပုံဖော်ပြီး ရိုးရိုးရှင်းရှင်းတွေအော်ဒါမှာကြတယ်။ ဈေးနှုန်းကတော့ ၃ သိန်းအထက်ကို ဝယ်တာများတယ်။ ၁ဝ သိန်းတန်လည်း ဝယ်ကြပါတယ်။ Gem Center  ကို မန္တလေးလာတဲ့ ပြည်ပဧည့်သည်တွေပါ လာဝယ်ကြတယ်။ စီးပွားရေးလုပ်ငန်းရှင်များလည်း လာဝယ်ကြတယ်။ တရုတ်နဲ့ မလေးရှား က ဒီရက်ပိုင်းဝယ်ကြတယ်။ တရုတ်က တော့ ကျောက်စိမ်းကြိုက်လို့ ကျောက်စိမ်း ဝယ်သွားကြတယ်လို့'' စင်တာမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ယခုရက်ပိုင်းမှာ စိန်ဈေးနှုန်း ပုံမှန် သာရှိပြီး၊ ၁ဝ လုံးစီးအသန့် ၆ သိန်းနဲ့ ၇ သိန်းကြား ၁ဝလုံးစီးပြင် စီးအညံ့ ၁ သိန်းခွဲ၊ အသန့်ဆိုရင် ၂ သိန်းဝန်းကျင်၊ အဖြူ ၁ဝ လုံးစီး ၄ သိန်းနဲ့ ၅ သိန်းကြား ဖြစ်၍ ပြင်စီးအသန့်ကို လူကြိုက်များ ကြောင်း သိရပါတယ်။                                                                                                  ဇူးဇူး

Tuesday, 26 Oct 2010

 ရေနံစိမ်းဈေး ပြန်မာမယ်      ရှစ်လတာဈေးကျခဲ့တဲ့ ရေနံစိမ်းဈေးက အမေရိကန်နိုင်ငံရဲ့ သိုလှောင်မှု ပမာဏနဲ့ တရုတ်စီးပွားရေးအား ဖြည့်စွမ်းအားတွေကြောင့် ခဏတာဈေးပြန် တက်ခဲ့သော်လည်း အောက်တိုဘာလ တတိယသီတင်းပတ်မှာတော့ ဈေးပြန်လည် ကျဆင်းခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဘရန့် ရေနံစိမ်းတစ်စည်ကို ကန်ဒေါ်လာ ၈၄ ဒသမ ၃၃ ဒေါ်လာနဲ့ အမြင့်ဆုံးဈေးရခဲ့ပြီး ယခု အခါ ၄ ဒသမ ၃ ရာခိုင်နှုန်း ဈေးကျခဲ့ ကြောင်း သုတေသီ Raiffeisen  က ပြောပါတယ်။ ''တရုတ်ရဲ့ ဝယ်လက်က အားကောင်းနေတုန်းပဲ။ နိုဝင်ဘာလ အရောက်ပို့ ကြိုပွိုင့်ဈေး ၈ဝ ဒသမ ၅ ဒေါ်လာဖြစ်နေတယ်။ သဘာဝသိပ် မကျဘူး။ ဒီဇင်ဘာအရောက်ပို့ ကန် ထရိုက်ဈေးကတော့ ၈၁ဒသမ ဝ၉ ဈေး နဲ့ချုပ်ခဲ့တယ်။ တရုတ်နိုင်ငံရဲ့ စက်တင်ဘာလရေနံစိမ်းသုံးစွဲမှုက မက်ထရစ် တန် ၂၃ဒသမ ၂၉ သန်းအထိမှတ်တမ်း တင်မြင့်ခဲ့တယ်။ ဒါကြောင့် မက်ခရို စီးပွားရေးလုပ်ဆောင်မှုတွေအရ ရေနံ စိမ်းဈေးက နည်းနည်းပြန်ကျပေမဲ့ ဈေး မာနေဦးမှာပဲလို့ မဲလဘုန်းက ဈေးကွကသုံးသပ်သူ Pervan  က ပြောပါတယ်။  အမေရိကန်ဒေါ်လာနဲ့ ယူရိုလဲလှယ်နှုန်း သုည ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခြင်း၊ အမေရိကန်၏ ရေနံစိမ်း ဝယ်လိုအားက လည်း ယခုသီတင်းအပတ်တွင် ၂ဒသမ ၇ရာခိုင်နှုန်း တိုးလာခြင်း၊ ဓာတ်ဆီ သို လှောင်လက်ကျန် ကျဆင်းသော်လည်း ရေနံ စိမ်းသိုလှောင်မှုက စည်ပေါင်း        ၁ ဒသမ ၅ သန်း ဒီသီတင်းပတ်ပိုလာခြင်း များကြောင့် ဒီသီတင်းပတ်တွင်း ၈၁ မှ ၈၃ဝန်းကျင်ဖြစ်နိုင်မယ်လို့ ခန့်မှန်းလျက် ရှိပါတယ်။ှ                                                                                         Source:Commodityonline,WWN်

Pages