Background
အောက်တိုဘာမှာ ရော်ဘာအပို့လျော့ အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ တန်ချိန် ၄၈၅ တန် တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၄၇ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၅၅၉ တန်တင်ပို့ခဲ့တာကြောင့်ယခုရက်သတ္တပတ်မှာ ၇၄ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကို MSER-၂ဝ ၂ဝ၁ တန်၊ RSS-၅ ၅၄ တန်၊ မလေးရှားကို RSS -၃ ၂၃ဝ တန် အသီးသီးဖြစ်ပါတယ်။ လအလိုက်တင်ပို့ မှုကိုကြည့်မယ်ဆိုရင်ယခုနှစ် အောက်တိုဘာလ တစ်လလုံးမှာ ၃၂၃၃ တန်တင်ပို့ခဲ့ပြီး စက်တင်ဘာလက ၄၂၁၂ တန်တင်ပို့ခဲ့တာကြောင့်တင်ပို့မှုလျော့နည်းသွားခဲ့ပါတယ်။ ၂ဝဝ၉ အောက်တိုဘာတုန်းက ၄၄၅၂ တန်တင်ပို့ခဲ့တာကြောင့် ယခင်နှစ်ကာလတူထက်လည်းလျော့နည်း တင်ပို့ခဲ့ကြောင်း တွေ့ရှိရပါတယ်။ KZW
ပဲစင်းငုံဈေး တည်ငြိမ် ယခင်သီတင်းပတ်များက ပဲစင်းငုံဈေးနှုန်း အဆင်းဘက်ကို ဦးတည်နေရာမှ ယခုတစ်ပတ်မှာတော့ အရောင်းအဝယ်ဖြစ်မှု နည်းသလို ဈေးလည်း တည်ငြိမ်သလောက် ရှိနေပါတယ်။ လက်ရှိရာသီအတွင်း ယခင်နှစ် လက်ကျန်များရှိနေခြင်းနဲ့ ပဲစိုက်ပျိုးမှု အလားအလာကောင်းရှိခြင်းတို့က ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ ပြည်တွင်းပဲများ ရရှိနေတာကြောင့် ပြည်ပက တင်သွင်းပဲ ဝယ်လိုအား မရှိပေမဲ့ တန်ဇန်းနီးယားက တင်သွင်းပဲတွေ အဆက်မပြတ် ဝင် ရောက်နေခြင်းက ရောင်းအားပိုများလာစေပါတယ်။ လာမယ့်ရက် တွေမှာလည်း ဈေးနှုန်းလျော့ကျဖွယ်ရှိနေတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေ ကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် - ဇယား-၄ ဒေါ်လာ/တန်ဈေးကွက် ၃ .၁၁ .၁ဝ ၂ .၁၁ .၁ဝ ၁ .၁၁ .၁ဝ ၃ဝ .၁ဝ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၆၆၅ ၆၅၈-၆၅၉ ၆၄၇ ၆၅၁ဒေလီ(မြန်မာပဲစင်းငုံ) ၆၆၅ ၆၅၃ ၆၅၃ ၆၅၁ချန်နိုင်း(မြန်မာပဲစင်းငုံ) ၆၆၅ ၆၆၄ ၆၆၄ ၆၇၄Source: agriwatch.com , MIRT (Yangon)
်ပဲတီစိမ်း ဈေးလည်း မာလာ ယခုတစ်ပတ်အတွင်း ဈေးကွက်တွေကို ပဲဝင်ရောက်မှုနည်း လာလို့ ပဲတီစိမ်းဈေးမာလာတာ တွေ့ရပါတယ်။ ယခင်နှစ်ထက် ပဲတီစိမ်းအထွက်ပိုမိုမယ်လို့ မျှော်လင့်ထားပေမဲ့ လတ်တလော အင် ဒရာပရာဒေ့ရှ်ကို ပဲဝင်ရောက်မှုကတော့ အိတ် ၃ဝဝ-၄ဝဝသာ ဝင် ရောက်နေတယ်လို့ သိရပါတယ်။ ရာဂျက်စသန်ရဲ့ အဓိက ဈေးကွက် များမှာ ပဲဝင်ရောက်မှု အိတ် ၂ဝဝဝဝ-၂၅ဝဝဝ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ကာလတိုအတွင်းမှာလည်း ဈေးနှုန်းဆက်လက်ခိုင်မာ ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်း ဈေးတွေကို ဇယား (၃) နဲ့ ဖော်ပြလိုက် ပါတယ် -ဇယား-၃ ဒေါ်လာ/တန်ဈေးကွက် ၃ .၁၁ .၁ဝ ၂ .၁၁ .၁ဝ ၁ .၁၁ .၁ဝ ၃ဝ .၁ဝ .၁ဝချန်နိုင်း ၁ဝ၁၄ ၁ဝဝ၂ ၁ဝဝ၂ ၁ဝ၁ဝဒေလီ ၁ဝ၁၄-၁ဝ၃၇ ၁ဝ၁၃-၁ဝ၃၅ ၉၉၁ ၉၈၈အင်ဒိုရီ ၉၂၄ ၉ဝဝ ၉၂၃ ၉၄၃
ယခုတစ်ပတ်အတွင်းမှာ ကျရောက်တဲ့ အိန္ဒိယလူမျိုးများရဲ့ ဒီပါဝလီပွဲတော်ကြောင့် ဈေးကွက်အများစုမှာ အရောင်းအဝယ် ဆောင်ရွက်မှု နည်းခဲ့ပါတယ်။ အရောင်းအဝယ် အေးတာကြောင့် လည်း ပဲမျိုးစုံအားလုံးနီးပါး ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုန်သည်များနဲ့ လှောင်လက်များမှာလည်း ပဲပုပ်သိုလှောင် မှုမှာ ပိုမိုရင်းနှီးမြုပ်နံှထားကြတဲ့အတွက် ပဲရောင်းဝယ်မှုနည်းခြင်း ဖြစ်တယ်လို့ သိရပါတယ်။မတ်ပဲဈေးအနည်းငယ်အေးလာ အိန္ဒိယပြည်တွင်းဈေးကွက် တော်တော်များများမှာ အရောင်း အဝယ် ထိုင်းတာကြောင့် ယခုတစ်ပတ်အတွင်း မှာလည်း မတ်ပဲဈေး အနည်းငယ်အေးလာပါတယ်။ ဈေးကွက်တွေကို ပဲဝင်ရောက်မှုလည်း လျော့ကျလာတယ်လို့ သိရပါတယ်။ ကာနာတာကာနဲ့ အတ္တရာ ပရာဒေ့ရှ်တို့မှာ မိုးရွာသွန်းမှုကြောင့် မတ်ပဲ ၇ဝ ရာခိုင်နှုန်းခန့် ထိခိုက် ခဲ့တဲ့အတွက် အထွက်နှုန်း လျော့ကျ မယ်လို့ သိရပါတယ်။ အင်ဒရာ ပရာဒေ့ရှ်က ဈေးကွက်တွေကို ပဲဝင်ရောက်မှုဟာလည်း အိတ် ၅ဝဝ- ၆ဝဝ ခန့်သာရှိလို့ လာမယ့်ရက်တွေမှာ မတ်ပဲဈေး များများစားစား မကျဆင်းနိုင်ဘူးလို့ ဈေးကွက်က ခန့်မှန်းထားကြောင်း သိရပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁ ဒေါ်လာ/တန်ဈေးကွက် ၃ .၁၁ .၁ဝ ၂ .၁၁ .၁ဝ ၁ .၁၁ .၁ဝ ၃ဝ .၁ဝ .၁ဝမွန်ဘိုင်း ၉၂၄-၉၃ဝ ၉၃၄-၉၄ဝ ၉၅၁ ၉၅၄ဒေလီ ၉၃၆ ၉၄၅ - ၉၃၂ချန်နိုင်း ၉၆၉-၁၁၃၃ ၉၆၈-၁၁၃၇ ၉၉၁-၁၁၄၈ ၉၉၉-၁၁၅၆
ကုလားပဲဈေးအနည်းငယ်ခိုင်မာ အိန္ဒိယပြည်တွင်းဈေးကွက်တစ်ချို့မှာ ကုလားပဲဈေးငြိမ်နေပေမဲ့ တချို့ဈေးကွက်မှာတော့ ဈေးခိုင်မာနေတာ တွေ့ရပါတယ်။ ဝယ်လိုအားတက်လာတာရယ်၊ လက်ငင်းဈေးကွက်တွေမှာ လက်ကျန်လျော့ လာတာရယ်ကြောင့် ဈေးမာနေတာဖြစ်ပါတယ်။ ဆောင်းကုလားပဲ စိုက်ပျိုးမှုအနေနဲ့ မဟာရပ်ရှတရာမှာ စတင်နေပြီဖြစ်ပြီး အခြား အဓိကစိုက်ပျိုးတဲ့ ပြည်နယ်တွေမှာလည်း စိုက်ပျိုးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ လက်ရှိရာသီအတွင်း ကုလားပဲစိုက်ဧရိယာဟာ ယခင် နှစ်ထက် ပိုမိုဖွယ်ရှိတယ်လို့ ဈေးကွက်က မျှော်လင့်လျက်ရှိပြီး ပဲ အထွက်လည်းကောင်းမယ်လို့ ခန့်မှန်းနေကြပါတယ်။ ကာလတို အတွင်းမှာတော့ ကုလားပဲဈေးကျဆင်းဖွယ်ရှိတယ်လို့ သုံးသပ်ကြပါ တယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ်ဇယား-၂ ဒေါ်လာ/တန်ဈေးကွက် ၃ .၁၁ .၁ဝ ၂ .၁၁ .၁ဝ ၁ .၁၁ .၁ဝ ၃ဝ .၁ဝ .၁ဝမွန်ဘိုင်း ၅၆၁-၅၆၄ ၅၆ဝ-၅၆၂ ၅၆၅ ၅၅၂-၅၅၅ဒေလီ ၅၃၉-၅၄၁ ၅၃၅-၅၃၆ ၅၃၂ ၅၂၈-၅၃၁ကန်ပါ ၅၂၈ ၅၂၇ ၅၃၁ ၅၃ဝ-၅၃၁
ပြည်တွင်းနို့ဆီလက်ကားဈေး ကျပ်/ တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၄ဝ ၆၅၅ဒွန်း( နို့စိမ်း) ၆၁ဝ ၆၂၅မာရီဂိုး(နို့ဆီ) ၅၈ဝ ၅၉၅လပ်ကီးကောင်း( နို့စိမ်း) ၅၃ဝ ၅၄၅နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် အောက်တိုဘာလ နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၉ဝ ၇၁၅ဒွန်း( နို့စိမ်း) ၆၅ဝ ၆၇၅ၤFalcon နို့ဆီ ၆ဝဝ ၆၁၅ံHappy Cow ၅၈ဝ ၅၉၅ဝမ်းတီးနို့ဆီ ၆၅ဝ ၆၆၅ယူကေနို့ဆီ ၆ဝဝ ၆၁၅ MIRT (DOT)
်အောက်တိုဘာလ နို့ဆီဆက်၍ဝင် အောက်တိုဘာလ နောက်ဆုံးသီတင်းပတ်တွင်း နို့ဆီတန်ချိန် ၈၈ တန်ကို စင်ကာပူနိုင်ငံဘက်က အဝင်ရှိခဲ့ပါ တယ်။ နို့စိမ်းကတော့ ဒီသီတင်းပတ်နဲ့ ဆိုရင် သုံးပတ်အတွင်း အဝင်ကဲျသွား တာ တွေ့ရပါတယ်။ နို့မှုန့်အဝင်ကတော့ စင်ကာပူဘက်ကနေ အဝင်အနည်းငယ်ကို ဈေးကွက် စမ်းသပ်တင်သွင်းခဲ့ပြီး ဖိလစ်ပိုင်ဘက်က ကလေးနို့မှုန့်တန်ချိန် ၃ တန်ကို စီအိုင်အက်ဖ် ကန်ဒေါ်လာ ၆၅ဝဝ ကျော် ဈေးနဲ့ တင်သွင်းခဲ့ပါတယ်။ လခုျပ်အနေနဲ့အဝင်ကတော့နို့စိမ်း အဝင် ၇၈၂ တန်၊ နို့ဆီ အဝင် ၃၅ဝ တန်ကျော်သာ ဒီအောက်တိုဘာလမှာ တင်သွင်းခဲ့ပြီး ယခင် ၂ဝ၁ဝ စက်တင် ဘာလ အသွင်းထက် ၃၁၇ တန်ကျော်လျော့နည်းသွင်းခဲ့ပါတယ်။ နို့ဆီနို့စိမ်း အသွင်းကတော့ သွင်းကုန်အစားထိုး ပြည်တွင်းထွက်ကုန်ချောတွေကြောင့်အဝင် ယခင်နှစ်ထက် လျော့ဝင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)
ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝဝဝ(လက်ကား) ဘိလပ်မြေ(နှင်းတောင်) ၅ဝဝဝ ဘိလပ်မြေ (စိန်) ၄၈ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၃ဝဝ ဘိလပ်မြေ(AAA) ၅၇ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၇ဝဝ ဘိလပ်မြေ (TPI)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅၃ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၈ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ဘိလပ်မြေ(ူLucky) ပါကစ္စတန် ၆၆ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၅ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၈၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅၁၅ဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၃ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၆ဝဝMIRT (MAPT)
ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ဘိလပ်မြေတင်သွင်းမှုပိုမိုလာ အောက်တိုဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၂ ရက်ထိကာလအတွင်း နယ်စပ် စခန်းများမှ ဘိလပ်မြေတန်ချိန် ၇၁၅ဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၇၈၆ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၅၂၆၆ တန်သာ နယ်စပ်မှ တင်သွင်းနိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၁၈၈ဝ ကျော် ပိုမိုတင် သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ထက် မူဆယ်၊ လွယ်ဂျယ်၊ တာချီလိတ်နဲ့ ကန်ပိုက် တီးနယ်စပ်စခန်းများမှ ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ ယခုအပတ်မှာ ချင်း ရွှေဟော်နဲ့ ကော့သောင်းနယ်စပ်များမှ တင်သွင်းမှုတွေမရှိခဲ့ဘူးလို့ သိရပါတယ်။ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးနဲ့ စီမံကိန်းလုပ်ငန်း ကြီးများအတွက် ပိုမိုတင်သွင်းလာလို့ ဖြစ်ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင် သွင်းခဲ့မှုများကတော့ ကန်ပိုက်တီးမှ ၃၂ဝ၆တန်၊တာချီလိတ်မှ တန်၁၆ဝဝ၊ လွယ်ဂျယ် မှ ၁၄ဝဝ တန်၊ မြိတ်မှ ၅၂၇ တန်နဲ့ မူဆယ်မှ ၃၂၈ တန် အသီးသီးဖြစ်ပါတယ်။ MIRT(DOBT)
ဘိလပ်မြေဒီသီတင်းပတ်အဝင်ကောင်း ပင်လယ်ရေကြောင်းကနေ အောက်တိုဘာလနောက်ဆုံးအပတ်အတွင်း ဘိလပ်မြေတင်သွင်းမှုက တန်ချိန် နှစ်သောင်းကျော်ကျော် အဝင်အင်အားကောင်း ခဲ့တာ တွေ့ရပါတယ်။ အဓိကဖောက်သည်ဖြစ်တဲ့ ထိုင်းနိုင်ငံဘက်က RCI ၊ ဆင်၊ မောင်တိန်း၊ မိချောင်းစတဲ့ တံဆိပ်အစုံတန်ချိန် ၁၉ဝဝဝ ကျော်ကျော်ဝင်ခဲ့ပါတယ်။ ပါကစ္စတန်ဘက်ကလည်း အဝင်က တန်ချိန် ၁၂၆၉ တန်ရှိခဲ့ပါတယ်။ အောက်တို ဘာလလချုပ်အဝင်အနေနဲ့ကြည့်ရင် တန်ချိန်ပေါင်း ၄၄၅၉၄ တန် စုစုပေါင်းအဝင် ရှိခဲ့ပြီး ပြီးခဲ့တဲ့စက်တင်ဘာအဝင်ထက် တန်ချိန် ခြောက်သောင်းကျော်ကျော် လျော့ ခဲ့ပေမဲ့လည်း ဒီပွင့်လင်းရာသီအစမှာ အဝင်တွေပြန်လည်မြိုင်ဆိုင်လာပြီလို့ ဆိုပါ တယ်။ ဒီဘက်နှစ်မှာဆောက်လုပ်ရေးကဏ္ဍသုံး ဘိလပ်မြေအဝင်က ယခင်နှစ်အ လားတူကာလနဲ့ယှဉ်ရင် သာလွန်တင်သွင်းနိုင်ခဲ့ကြောင်း သိရပါတယ်။ MIRT (DOT)