Main menu

Background

Wednesday, 22 Sep 2010

 နယ်စပ်က နည်းနည်းနဲ့ မှန်မှန်သွားနေတဲ့ နနွင်းတက်ပစ္စည်းအမည် မိမိဘက် တစ်ဘက်နိုင်ငံ စက်တင်ဘာလ  ၈ရက်မှ ၁၄ ရက်ထိကာလအတွင်း စစ်တွေနယ်စပ်မှနနွင်း တက် ၃ တန၊် တန်ဖိုး အား ဖြင့် ကန်   ဒေါ်လာ၄၈ဝဝ ဖိုး တင် ပို့ နို င် ခဲ့  ပ ါတယ။်ယခင်အပတ်ကလည်း ၃ တန်သာ တင်ပို့နိုင်ခဲ့ပြီးဈေးလည်း ပြောင်းလဲမှု မရှိဘူးလို့သိရပါတယ်။ မိမိဘက်မှာ နနွင်းတက် တစ်တန်လျှင် ၁၄ဝ၇၆ဝဝ ကျပ်ရှိပြီးတစ်ဘက်နိုင်ငံ ပေါက်ဈေးကတော့ ၁၂၃၇ဝဝ တာကာ ဈေးပေါက်လျက် ရှိတယ်လို့ သိရပါတယ်။ ကျောက်ဆည်၊ တောင်ကြီးနဲ့ ကျောက်တော်ဒေသထွက် နနွင်းစိုများကို တစ်ဘက်နိုင်ငံသို့ တင်ပို့နေတယ်လို့ သိရပါတယ်။တင်တင်ထွန်း(MIRT )

Wednesday, 22 Sep 2010

 ထိုင်းနဲ့ မလေးရှားကိုပို့   ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေနနွင်းတန်ချိန် ၄၂ ဒသမ၆၃ကိုတင်ပို့ခဲ့ပါတယ်။ကုန်သွယ်ဖက်နိုင်ငံ တွေကတော့ ထိုင်းနိုင်ငံကို ၁၉ တန်နဲ့မလေးရှားကို ၂၃ ဒသမ ၆၃ တန် တင်ပို့ခဲ့ပါတယ်။ တစ်တန်ကို (FOB) တန်ဖိုးကန်ဒေါ်လာ တစ်ထောင့်လေးရာဝန်းကျင်နဲ့ စုစုပေါင်းပို့ ကုန်ဝင်ငွေ ၅၉၃၈၇ဒသမ ၃ ဒေါ်လာရရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၄ ဒသမ ၉၈ တန် တင်ပို့နိုင်ခဲ့ပြီးယခုအပတ် ၄၂ ဒသမ ၆၃ တင်ပို့နိုင်ခဲ့တဲ့အတွက် တန်ချိန် ၂၇ ဒသမ ၆၅ တန်ပိုမိုစုဆောင်းတင် ပို့နိုင်ခဲ့တာတွေ့ရပါတယ်။

Wednesday, 22 Sep 2010

 မြင်းခြံခရိုင်မှာ မိုးကြက်သွန်နီစိုက်ပျိုးနေကြပြီ       မန္တလေးတိုင်းဒေသကြီးအနေနဲ့ မိုးကြက်သွန်အများဆုံးစိုက်ပိုျးတဲ့မြင်းခြံခရိုင်မှာ ယခုလမိုးကြက်သွန် စတင ်စိုက်ပျိုးနေပြီလို့သိရပါတယ်။ ကြက်သွန်နီ ဈေးမကောင်းလို့ ယခုနှစ်ကြက်သွန်နီအစိုက်နည်းနိုင်တယ်လို့ ခန့်မှန်း ကြသော်လည်းမြင်းခြံခရိုင်ရှိတောင်သူများအနေနဲ့ နှစ်စဉ်စိုက်ရိုးစိုက်စဉ်ဖြစ်တဲ့ ကြက်သွန်နီ ကိုတော့ ယခုနှစ်မှာလည်း ဆက်လက်စိုက်ပျိုးကြမယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိ မြင်းခြံခရိုင်တွင် စိုက်ဧက ၁ဝဝဝ ကျော်စိုက်ပျိုးနိုင်ပြီဖြစ်ပြီး၊ ယခင်နှစ်ကာလတူစိုက်ဧကရဲ့သုံးပုံတစ်ပုံသာ စိုက်ပျိုးနိုင်သေးသော်လည်း တော်သလင်း လလယ်ခန့်မှာတော့အများဆုံး စိုက်ပျိုးကြမယ်လို့သိရပါတယ်။ ၎င်းအချိန်မှာ တောင်သူများ တစ်ချိန်တည်း စိုက်ပျိုး သွားမှာဖြစ်လို့ ယခင်နှစ်စိုက် ဧကဝန်းကျင်စိုက်ပျိုးနိုင်မယ်လို့ ခန့်မှန်းထားကြောင်း ကြက်သွန်နီ ပွဲစားတစ်ဦး ရဲ့ပြောကြား ချက်အရ သိရပါတယ်။                                                                                                                     သင်းသင်းမြတ်

Wednesday, 22 Sep 2010

 ရှမ်းကြက်သွန်ဖြူဈေးခပ်အေးအေး          ရှမ်းကြက်သွန်ဖြူဈေးက ဒီတစ်ပတ်မှာဈေးငြိမ်နေပါတယ်။ ဒီတစ်ပတ်တောင်ကြီးဈေးကွက်မှာ သီးနံှဈေးတွေ အကုန်အေးနေတယ်လို့ သိရပါတယ်။မိုးအဆက်မပြတ်ရွာနေတာကြောင့် ခရီးသွားလာရေး ခက်ခဲတာရယ်၊ လှောင်လက်တွေကလည်း ထုတ်ရောင်းလာတာရယ်ကြောင့် ဈေးငြိမ်နေတာလို့ ကုန်သည်တွေထံက သိရပါတယ်။ ကြက်သွန်ဖြူ ဝယ်လှောင်ထားတဲ့ လှောင်လက်တွေကလည်းသနပ်ဖက်ပေါ်ချိန် ပြောင်းအသစ်ပေါ်ချိန်မှာ အဲဒီပစ္စည်းတွေကို ဝယ်လှောင်ချင်တာကြောင့် ငွေပေါ်အောင်ပြန်ပြီး ထုတ်ရောင်းနေကြပါတယ်။ နှစ်တိုင်းမှာလည်းဒီအချိန်ဟာ ကြက်သွန်ဖြူဈေးကျနေကြလို့လည်း သိရပါတယ်။ အခုအချိန်မှာဈေးကျပြီး သီတင်းကျွတ်လပြည့်ကျော်ရင် ပြန်တက်တာကလည်း ထုံးစံလိုပါပဲ။လောလောဆယ်ဈေးကွက်ထဲမှာ ပခုက္ကူူစ၊ လားရှိုးစတွေလည်း ရှိနေသေးတာကြောင့် ဈေးငြိမ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ တောင်ကြီးဈေးကွက်မှာကြက်သွန်ဖြူ လတ်ခြား တစ်ပိဿာ ၂၄၅ဝ ကျပ်၊ ထူး(၁) ၂၅၅ဝ ကျပ်၊ ထူး (၂)၂၆၅ဝ ကျပ်၊ ထူး (၃) ၂၇၅ဝ ကျပ်၊ ထူး (၄) ၂၈၅ဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေး ကွက်မှာတော့ လတ်ခြား ၂၆ဝဝ ကျပ်၊ ထူး (၁) ၂၈ဝဝ ကျပ်၊ ထူး (၂)၃ဝဝဝ ကျပ်၊ ထူး (၃) ၃၂ဝဝ ကျပ်၊ ထူး (၄) ၃၃ဝဝ ကျပ် ဈေးရှိပါတယ်။ဧဧခိုင်

Wednesday, 22 Sep 2010

 ပြည်ချင်းဈေးကွက် လက်လီဝယ်ယူမှုများ         ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်တောင်ကြီး၊ အောင်ပန်းမှ တစ်ရက်ခြား၊နှစ်ရက်ခြားဆိုသလို ချင်းများ ဝင်ရောက် လျက်ရှိပါတယ်။ ပြည်ဈေးကွက်မှာ ချင်းကိုလက်လီဝယ်ယူမှုများပြီး ပြည်ဈေးကွက်မှ တစ်ဆင့် ရခိုင်ပြည်နယ် တောင်ကုတ် သို့အပတ်စဉ်တင်ပို့လျက်ရှိပါတယ်။ ချင်းဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးအတိုင်းတစ်ပိဿာလျှင် ၁၂ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ဆုမွန်ဆွေ

Wednesday, 22 Sep 2010

 လက်ကျန်နည်းလာပေမဲ့ ပုံမှန်အရောင်းအဝယ်ရှိတဲ့ ရှမ်းချင်း       ဒီတစ်ပတ်ဈေးကွက်ထဲမှာ ချင်းစိုတွေ နည်းနေပါပြီ။ ဟိုပုံးမြို့နယ်ကထွက်တဲ့ ချင်းတွေကလည်း လှောင်လက်တွေမှာ ပိဿာချိန် ထောင်ဂဏန်းလောက်သာ ကျန်တော့တယ်လို့ သိရပါတယ်။ အောင်ပန်းနယ် တစ်ဝိုက်မှာ မတ်လကစိုက်ခဲ့တဲ့ ချင်းစိုတွေက အောက်တိုဘာလမှာ ဈေးကွက်ကိုစပြီး ဝင်လာမှာ ဖြစ်ပါတယ်။ စပေါ်စမှာ အနုတွေသာ ဈေးကွက်ကိုဝင်လာမှာဖြစ်လို့ တာရှည်အထားမခံနိုင်သေးပါဘူး။ နိုဝင်ဘာလလောက်မှသာ အရင့်တွေဝင်လာ မှာဖြစ်ပါတယ်။ ဟိုပုံးနယ်မှာတော့ ဧပြီလမှ စပြီးစိုက်တာကြောင့် ဈေးကွက်ကို အဝင်နောက်ကျမှာဖြစ်ပါတယ်။ ဒီနှစ်က ချင်းအထွက်နည်းမယ်လို့ ဒေသခံတွေက ခန့်မှန်းကြ ပါတယ်။စပြီးစိုက်တဲ့ မတ်၊ ဧပြီလမှာ အပူချိန်ပြင်းတာကြောင့် ချင်းအစိုမြေကြီးထဲမှာ ပုပ်သွားတယ်လို့ ချင်းစိုက် တောင်သူတွေထံက သိရပါတယ်။ အရင်က ချင်းပိဿာချိန်၁ဝဝဝ စိုက်ရင် ဥမက ပိဿာ ၈ဝဝ လောက်ပြန်ထွက် ပေမဲ့ ဒီနှစ်တော့ ၃ဝဝပိဿာလောက်သာထွက်နိုင်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းစိုဈေးကတောင်ကြီး ဈေးကွက်မှာ တစ်ပိဿာ ၈၅ဝ ကျပ်၊ ၉ဝဝ ကျပ်ရှိပြီး ချင်းခြောက်ဈေးကတော့ ၂၅၅ဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ချင်းစိုဈေးက တစ်ပိဿာ ၉ဝဝ ကျပ်၊ ၉၅ဝ ကျပ်၊ ချင်းခြောက်တစ်ပိဿာ ၂၃ဝဝကျပ်ဈေးရှိပါတယ်။ စစ်တွေဝယ်လက်တွေ ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်းချင်းပိဿာချိန် ၁ ဒသမ ၁ သိန်း အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။ဧဧခိုင်

Wednesday, 22 Sep 2010

 ရေလွှမ်းမိုးမှုကြောင့် ကြံသီးနံှများ ပျက်စီးခဲ့တဲ့ ပါကစ္စတန်မှသကြားတန်ချိန် တစ်သန်းဝယ်ယူဖွယ်ရှိ     အာရှမှာတတိယမြောက် သကြားအများဆုံးသုံးစွဲတဲ့ ပါကစ္စတန်နိုင်ငံဟာ ဆိုးဝါးပြင်းထန်တဲ့ ရေလွှမ်းမိုးမှုကြောင့် နိုင်ငံကြံ စိုက်ပျိုးမှုရဲ့ ၁၅ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရတဲ့အတွက် လာမယ့်နှစ်မှာသကြားတန်ချိန် တစ်သန်းခန့်အထိ တင်သွင်းရဖွယ်ရှိတယ်လို့ ပါကစ္စတန်စိုက်ပိုျးရေးဖိုရမ် ဥက္ကဌ အီဘရာဟင်မူဂါးလ် မှပြောကြားပါတယ်။ ကြံသီးနံှများထွက်ရှိမှု နည်းပါးသွားတာကြောင့် ၂ဝ၁၁ ခုနှစ်မှာ သကြားတန်ချိန် ၃ ဒသမ ၅ သန်းထုတ်လုပ်ဖို့ ရည်မှန်းရာမှ တန်ချိန် ၃ သန်းခန့်သာထုတ်လုပ်နိုင်တော့မယ်လို့လည်း၎င်းက ပြောကြားပါတယ်။ ဒါကြောင့် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ သန့်စင်ပြီးသကြား (သို့မဟုတ်) သကြားကြမ်းတန်ချိန်တစ်သန်း တင်သွင်းဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။ပါကစ္စတန်နိုင်ငံဟာ တစ်နှစ်ကို သကြားတန်ချိန် ၄ သန်းခန့် စားသုံးမှုရှိပြီးဈေးနှုန်းမြင့်တက်နေတဲ့ ပြည်တွင်းဈေးကျဆင်းအောင်နဲ့ ပြည်တွင်းဖြန့်ဖြူးမှု အလုံအလောက်ဖြစ်ရေး တင်သွင်းဖို့ လိုအပ်နေခြင်း ဖြစ်ပါတယ်။ ပြည်တွင်း သကြားဈေးအနေနဲ့ လွန်ခဲ့တဲ့ တစ်လအတွင်း ၃၈ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ကီလို ကိုရူပီး ၉ဝ(ကန်ဒေါ်လာ ၁ ဒသမ ဝ၅) ထိဖြစ်ခဲ့တယ်လို့ ကရာချိရှိ လက်လီ ရောင်းချသူများအသင်း အထွေထွေအတွင်းရေးမှူး Farid Qureshi မှ ပြောကြားပါတယ်။ယမုံနာ၊Sources: bloomberg.net

Wednesday, 22 Sep 2010

 အရောင်းအဝယ်ပိုသွက်လာတဲ့ စစ်ကိုင်းတိုင်းကဂံျု   စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုတလင်၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦးမြို့နယ်များက ဂံျုများ၊ မုံရွာမြို့သို့ဝင်ရောက်လာပါတယ်။ မုံရွာမြို့က တစ်ဆင့်တိုင်းဒေသကြီးပြင်ပကို စီးထွက်မှုအများဆုံးသီးနံှက ဂံျုဖြစ်ပါတယ်။ မုံရွာမှ မန္တလေးသို့ ၂ဝ၁ဝ ခု သြဂုတ်လမှာ တစ်တင်းခွဲဝင်ဂံျုအိတ် ၁၄၂၂၃ အိတ်စီးထွက်ခဲ့ပြီး၊ စက်တင်ဘာ ၉ ရက်နေ့ထိ ၂၈၂၇ အိတ် စီးထွက်ခဲ့ပါတယ်။ ဂံျုဖြူသန့်တစ်ပိဿာအနိမ့်အမြင့်ဈေးများမှာ ၂ဝ၁ဝ ခု သြဂုတ်လအတွင်း ၅၈၅ကျပ်-၇၈ဝကျပ်၊ စက်တင်ဘာပထမပတ်အတွင်း ၆၉ဝ ကျပ်- ၇၇၅ ကျပ်၊ ဂုံျအထွက် တိုးတစ်ပိဿာဈေးမှာ သြဂုတ်လအတွင်း ၅၂၅ ကျပ်-၆၇၅ ကျပ်၊ စက်တင်ဘာ ပထမပတ်အတွင်း ၆၄ဝ ကျပ်-၆၇၅ ကျပ် ဈေးအသီးသီးနဲ့ အရောင်း အဝယ် ပြုလုပ်ကြပါတယ်။ မုံရွာစက်မှုဇုန်ရှိ ဂုံျစက် ၂ဝလုံးမှ နေ့စဉ်သုံးစွဲမှုရှိသလိုတိုင်းဒေသကြီးပြင်ပစားသောက်ကုန် လုပ်ငန်းရှင်များက မုံရွာမြို့သို့လာရောက်ဝယ်ယူမှုရှိလို့ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်တင်း ၁၅ဝဝ ကျော်အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။                                                                                                         သန်းသန်းတင် 

Wednesday, 22 Sep 2010

 ပြောင်းကြိတ်ဖတ် (အကျစ်) တင်ပို့မှု       မူဆယ် (၁ဝ၅) မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပြောင်းဖူးစေ့ကြိတ်ဖတ်များကို အမှုန့်နဲ့ အကျစ်ခွဲပြီး တိရစ္ဆာန်အစားအစာထုတ်လုပ်ရာမှာ အသုံးပြုဖို့အတွက် တင်ပို့ခဲ့ရာ စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်အတွင်း ပြောင်းကြိတ်ဖတ်(အကျစ်) တန် ၇ဝ ကို တန်ဖိုးကျပ် ၈ သန်းကျော်ဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဖက်ပေါက်ဈေးက တစ်တန်ကို ၈၈ဝဝဝ ကျပ်နဲ့ တစ်ဖက်ရွှေလီဈေးကတော့ ယွမ်၈၆ဝ ရှိတယ်လို့ သတင်းရရှိပါတယ်။                                                                                                                                    မော်မော်အောင်(MIRT)  

Wednesday, 22 Sep 2010

 နှစ်ဟောင်းလက်ကျန်နည်းလို့ နယ်စပ်မှ ပြောင်းတင်ပို့မှု လျော့ကျလာ     စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မူဆယ်၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ ပြောင်းဖူးစေ့ ၁၆၃၆ ဒသမ ၂တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၃၇၈ သန်းနှင့် လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ ပြောင်းဖူးစေ့ တန် ၁၄ဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝဒသမ ဝ၃ဝ၈ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်မှာ မူဆယ်နဲ့ လွယ်ဂျယ်နယ်စပ်စခန်းများမှ ပြောင်းဖူးစေ့ ၄ဝ၄၂ ဒသမ ၃တန် တင်ပို့ခဲ့တဲ့အတွက်ယခုအပတ် မှာ တန်ချိန် ၂၄ဝဝ ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ပြောင်းဖူးစေ့မှာယခင်နှစ် ဟောင်းလက်ကျန်နည်းပါးလာတဲ့အတွက် တင်ပို့မှုလျော့ကျခဲ့ရတာလို့သိရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ မြေပြင်ပြောင်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်-                                   မိမိဘက်(ကျပ်/တန်)                                           တစ်ဘက်နိုင်ငံ(ယွမ်/တန်)                          ယခု          ယခင်        ပြောင်းလဲမှု     %          ယခု        ယခင်        ပြောင်းလဲမှု        %ပြောင်းဖူးစေ့   ၂၂၉၁၃၂    ၂၄၄၁၂၂       ၁၄၉၉ဝ        ၆ .၅       ၁၉၇ဝ        ၁၉၂ဝ             ၅ဝ                ၃

Pages