Main menu

Background

Tuesday, 5 Oct 2010

ယခုအပတ် နယ်စပ်မှ ဓာတ်ဆီတင်သွင်းမှုပို     စက်တင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများမှ ဓာတ်ဆီ ၁၈၅၅၈၅ ဂါလန်၊ ဒီဇယ်ဆီ ၁၄၉၄၃ဝ ဂါလန်နဲ့ သဘာဝဓာတ်ငွေ့ရည် ၁၂၁၂ဝ ကီလိုဂရမ်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၇၄၁ သန်းဖိုး တင်သွင်း နိုင်ခဲ့ပါတယ်။ ယခင် အပက်ကထက် ဓာတ်ဆီ ၉၇၅၄ဝ ဂါလန်၊ သဘာဝဓာတ်ငွေ့ရည် ကီလိုဂရမ် ၆ဝ ပိုမိုတင်သွင်းခဲ့သော်လည်း ဒီဇယ်ဆီ ၂၇၉ဝ၆ ဂါလန် လျော့ နည်းတင်သွင်းခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းမှုများကတော့ ဓာတ်ဆီကို တာချီလိတ်မှ ၁၆၅၄၃၅ ဂါလန်၊ ကော့သောင်းမှ ၂ဝ၁၅ဝ ဂါလန်၊ ဒီဇယ်ဆီကို ကန်ပိုက်တီးမှ ၆၉၅၆၂ ဂါလန်၊ တာချီလိတ်မှ ၇၉၈၆၇ ဂါလန်၊ တာချီလိတ်မှ သဘာဝ ဓာတ်ငွေ့ရည် ၁၂၁၂ဝ ကီလိုဂရမ် အသီးသီးတင်သွင်းခဲ့ပါတယ်။MIRT (DOBT)

Tuesday, 28 Sep 2010

 ပရဆေးကုန်ကြမ်း  ဒီတစ်ပတ်လည်း ကျပ်သန်း ၄ဝဝနီးပါးပဲ           စက်တင်ဘာလ ၁၅ ရက်မှ၂၁ ရက်အတွင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ တင်ပို့ခဲ့တဲ့ ပရဆေး ကုန်ကြမ်း တွေကတော့ ချဉ်ပေါင်ဖာလာ၊ မာလာဥ၊ မာလာဥခေါင်း၊ ရွေးရွက်၊ ရှားစေး၊ ကျောက်ဂျင်း၊ တောဂျင်း၊တောဂျူးမြစ်၊ တောင်လုံးကျော်၊ ဒရင်ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့နဲ့ ဖန်ခါးသီးခြောက်တို့ ဖြစ်ပြီးတန်ချိန်အားဖြင့် ၂၃၇ ဒသမ ၅၅ တန်၊တန်ဖိုးကျပ်သန်း ၄ဝဝ နီးပါး ရရှိခဲ့ပါတယ်။ ယခင်အပတ်က ၃ဝ၄ ဒသမ၁၁ တန်တင်ပို့ခဲ့လို့ တန်ချိန် ၆၆ တန်လျော့ခဲ့ပေမဲ့ ချဉ်ပေါင်ဖာလာ (အခွံပါ)တစ်ခုတည်း ကျပ်သန်း ၂ဝဝ ကျော်ခဲ့လို့ ယခုအပတ်မှာလဲ ကျပ်တန်ဖိုး ၄ဝဝနီးပါးပဲရခဲ့တာပါ။ မန္တလေးကုန်စည်ဒိုင်ပေါက်ဈေးတွေနဲ့တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ် -ပစ္စည်းအမည်                    မိမိဘက်              တစ်ဘက်နိုင်ငံ                                  (ကျပ်/တန်)              (ယွမ်/တန်)ချဉ်ပေါင်ဖာလာ(အခွံပါ)       ၂၉၈ဝ၃၆ဝ                ၂ဝ၆ဝဝချဉ်ပေါင်ဖာလာ(အခွံမပါ)     ၃၄ဝဝဝဝဝ                 ၂၃၅ဝဝမာလာဥ                          ၂ဝ၉၃၉ဝဝ               ၁၄၅ဝဝကွမ်းစားဂမုန်း                     ၉၄၆၇၃ဝ                ၆၅ဝဝရှားစေး                              ၈၂၄၈၇ဝ                ၅၆၇ဝမာလာဥခေါင်း                      ၇၄၇၉၄ဝ               ၅၁၄၁ကျောက်ဂျင်း                        ၆၉၂၁၉၆               ၄ဝ၅ဝတောဂျုးမြစ်                          ၅၅၆ဝ၂ဝ               ၃၈၁၇ရွေးရွက်                              ၄၄၁ဝ၄၅                ၃ဝဝဝတောဂျင်း                            ၃ဝဝဝဝဝ               ၂၁၂၇ဖန်ခါးသီးခြောက်                   ၂၆၂၂၅ဝ                ၁၈၅ဝတောင်လုံးကျော်                   ၂၅ဝ၈ဝဝ                ၁၇၂၂ဒရင်ကောက်မြစ်                   ၂၁၄၅ဝဝ                 ၁၄၄၉မော်မော်အောင(MIRT)

Tuesday, 28 Sep 2010

 ယခုအပတ်တန် ၄ဝ ကျော်ပြန်ပို့နိုင်      မန်ကျည်းတင်ပို့နိုင်မှုအနေနဲ့ စက်တင်ဘာ ၁၃ ရက်မှ ၁၉ ရက် အတွင်း ပင်လယ်ရေကြောင်းလမ်း ကနေ မန်ကျည်းတန်ချိန် ၄၄ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁၉၈ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံ ကတော့ အာရပ်စော်ဘွားများပြည် ထောင်စုနိုင်ငံကို တင်ပို့ခဲ့တာဖြစ်ပြီး၊တစ်တန် ကို ပျမ်းမျှ  FOB  ၄၅ဝ ဒေါ်လာနဲ့ တင်ပို့ခွင့်ရရှိခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုမရှိခဲ့ပဲ ယခု အပတ်မှသာ ပြန်လည်စုဆောင်း တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။                                                                                                                                                       MIRT (DOT)

Tuesday, 28 Sep 2010

 အဝယ်သွက်လာတာကြောင့် အိန္ဒိယနနွင်းဈေးမြင့်လာ      အိန္ဒိယဈေးကွက်များကို နနွင်းဝင်ရောက်မှု ပုံမှန်ရှိနေပေမဲ့ ဝယ်လိုအားကောင်းနေတာကြောင့် ကြိုပွိင့် ဈေးရော၊ လက်ငင်းဈေးပါ မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ NCDEX ကုန်စည်ဒိုင်မှာ နိုဝင်ဘာလပို့ရမယ့် နနွင်းဈေးဟာ ၂ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ရူပီး ၁၂၅ဝဝဝ (ကန်ဒေါ်လာ ၂၇၄၆ ) ဖြစ်ခဲ့ပြီးအောက်တိုဘာလ စာချုပ်ဈေးဟာ ၁ ဒသမ ၉၅ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ရူပီး ၁၂၈၆၂ဝ (ကန်ဒေါ်လာ ၂၈၂၆) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။     လက်ငင်း ဈေးကွက်တွေမှာလည်း အိန္ဒိယမြောက်ပိုင်းဝယ်လက်များ အဝယ်ရှိနေတာကြောင့် တစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂ ) စီ မြင့် တက် ခဲ့ပြီး၊ နီဇမ်မာဘတ်မှာ တစ်တန်ကို ရူပီး ၁၃၇ဝဝဝ (ကန်ဒေါ်လာ ၃ဝ၁ဝ)နဲ့ အီရော့ ဈေးကွက်မှာ ရူပီး ၁၄၁ဝဝဝ (ကန်ဒေါ်လာ ၃ဝ၉၈) ဖြစ်ခဲ့တယ်လို့သိရပါတယ်။ နနွင်း ဝင်ရောက်မှုအနေနဲ့ နီဇမ်မာဘတ်ကို အိတ် ၂ဝဝ တိုးလာပြီး၊ အိတ် ၅ဝဝ နဲ့ အီရော့ဈေးကွက်ကိုလည်း အိတ် ၁ဝဝဝ တိုးပြီး၊ အိတ် ၅ဝဝဝ ထိ ဝင်လာခဲ့ တယ်လို့သိရပါတယ်။     ၂ဝ၁ဝ စက်တင်ဘာလ ၁၅ ရက်နေ့အထိ အင်ဒရာပရာဒေ့ရှ် စိုက်ပျိုးရေးဌာနရဲ့စာရင်းအရ ယင်းပြည်နယ်မှာ နနွင်းစိုက်ပျိုးပြီးစီးမှုဟာ ဟက်တာ ဝဒသမ ၆၄ သိန်းရှိလို့ ယခင်နှစ်စိုက်ဟက်တာ ဝ ဒသမ ၅၉ သိန်းထက်မြင့်တက်ခဲ့တာ တွေ့ရပါတယ်။ ယင်းဒေသမှာ နနွင်းစိုက်ပိုျးမှုက ရာနှုန်းပြည့်ပြီးစီးပြီလို့သိရပါတယ်။      ဟင်းခတ်အမွေးအကြိုင်အဖွဲ့စာရင်းအရ နယူးယောက်မှာ နိုင်ငံတကာဈေးဟာ စက်တင်ဘာလ ၁ဝ ရက်မှာ ပြီးဆုံးတဲ့သီတင်းပတ်အတွင်း တစ်တန်ကို ကန်ဒေါ်လာ ၅ဝ၇ဝ ဖြစ်ခဲ့ပြီး၊ ယမန်နှစ်ကာလတူက တစ်တန်ကို ကန်ဒေါ်လာ၂ဝ၉ဝ ဈေးရှိခဲ့တယ်လို့သိရပါတယ်။ ယမုံနာ၊Source: commodityonline

Tuesday, 28 Sep 2010

 ဒေသအရောက်ဆင်းဝယ်နေရတဲ့ ပင်လောင်းနနွင်း    အောင်ပန်းဈေးကွက်မှာ အရောင်းအဝယ်အနည်းငယ်သာဖြစ်ပြီး၊အထွက်များတဲ့ ပင်ရင်းဒေသ ပင်လောင်းနယ်မှာ ပိုပြီး အရောင်းအဝယ်ဖြစ်နေ ပါတယ်။ ပင်လောင်းနယ်က တောင်သူတွေကလည်း အောင်ပန်း ဈေးကွက်ကိုပို့ရင်သယ်ယူ စရိတ်ကြောင့် ပင်လောင်းပွဲရုံတွေဆီကိုသာ ပို့ကြပါတော့တယ်။ ဝယ်လက်တွေကလည်း အခုဆိုပင်လောင်းထိ ဆင်းဝယ်နေကြပါတယ်။ ကလောနယ် တစ်ဝိုက်က ထွက်တဲ့ လက်ကျန်နနွင်းတွေသာ အောင်ပန်းဈေးကွက်မှာ ကျန်တော့တာကြောင့် အရောင်းအဝယ်ကလည်း အေးနေတယ်လို့သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ တစ်ပိဿာ ၃၁ဝဝ ကျပ်ရှိပြီး၊ ပင်လောင်းမှာလည်း ကြိုက်ရောင်းကြိုက်ဝယ် ဈေးနဲ့ တစ်ပိဿာ ၃၁ဝဝ ကျပ်ဖြစ်နေပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ တစ်ပိဿာ ၃၃ဝဝ ကျပ်နဲ့ ဈေးငြိမ်နေတယ်လို့ ဒေသခံကုန်သည်တွေထံကသိရပါတယ်။                                                                                               ဧဧခိုင်

Tuesday, 28 Sep 2010

 မူဆယ်နဲ့ စစ်တွေက နနွင်းအပို့ရှိနေ   စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း မူဆယ်၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ နနွင်းတက် ၃၂ ဒသမ ၆  တန် နဲ့   စစ်တွေနယ်စပ်မှ ၄တန်၊ စုစုပေါင်း ၃၆ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က စစ်တွေ နယ်စပ်မှ ၃ တန်သာတင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလမှ သြဂုတ်လအထိ နယ်စပ်မှ နနွင်းတက် တန်ချိန် ၉၃ဝ နီးပါ တင်ပို့ထားပြီးဖြစ်ပါတယ်။မူဆယ်နယ်စပ်မှာ နနွင်းတက် တစ်တန်ကို ၁၄ဝ၃၆ဝဝ ကျပ်ဈေးပေါက်ပြီး တစ်ဘက်နိုင်ငံမှာ ၂၃ဝဝဒေါ်လာ ဈေးပေါက်လျက်ရှိပါတယ်။စစ်တွေနယ်စပ်မှာ နနွင်းတက်တစ်တန်ကို၁၄ဝ၇၆ဝဝ ကျပ်ဈေးပေါက်ပြီး တစ်ဖက်နိုင်ငံပေါက်ဈေးက ၁၃ဝ၅ဝဝ တာကာဖြစ်ပါတယ်။ တင်တင်ထွန်း (MIRT )

Tuesday, 28 Sep 2010

ယခင်အပို့ထက် တန် ၂၀ ခန့်လျော့    ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ နနွင်းတန်ချိန် ၃၁ ဒသမ ၄၇တန်ကို စက်တင်ဘာ တတိယအပတ် ်အတွင်း တင်ပို့ခဲ့ပါတယ်။ ကုန်သွယ်ဖက် နိုင်ငံတွေကတော့ ထိုင်းနိုင်ငံကို ၁၆ ဒသမ ၅ တန်နဲ့ ရီမန်နိုင်ငံကို ၁၄ ဒသမ ၉၇ တန် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်တန်ကို  FOB  တန်ဖိုးကန်ဒေါ်လာ တစ်ထောင့်လေးရာငါးဆယ်ခန့်နဲ့ စုစုပေါင်းပို့ ကုန်ဝင်ငွေ ၄၅၇ဝ၈ ဒသမ ၂ ဒေါ်လာရရှိ ခဲ့ပါတယ်။ ယခင်အပတ်က ၄၂ ဒသမ ၆၃ တန် တင်ပို့နိုင်ခဲ့ပြီး ယခု အပတ် ၃၁ ဒသမ ၄၇တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ထက် တန်ချိန် နှစ်ဆယ်ကျော် လျော့နည်းပြီး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။MIRT (DOT)

Tuesday, 28 Sep 2010

 ဝယ်လိုအားကောင်းနေပေမဲ့ ပစ္စည်းလက်ကျန်နည်းလာပြီဖြစ်တဲ့ ရှမ်းချင်း     ယခင်တစ်ပတ်ကဈေးငြိမ်နေတဲ့ ချင်းစိုတွေက စစ်တွေဝယ်လက်တွေဝယ်ယူနေတာကြောင့် ဈေးပြန်တက်လာပါတယ်။ အဝယ်လိုက်နေတာကြောင့်ပစ္စည်း ကုန်ခါနီးမှ ဈေးတွေထပ်တက်လာတယ်လို့ သိရပါတယ်။ ဟိုပုံး၊ ဆီဆိုင်နယ်တွေက ချင်းလက်ကျန်တွေနည်းလာပြီဖြစ်တာကြောင့် ချင်းအထွက်များတဲ့နမ့်ခုတ်မြို့နယ်၊ နောင်ယာဆိုင်း၊ ခိုလင်းနယ် ်တွေက လက်ကျန်ချင်းစိုတွေကို ဒေသခံ ကုန်သည်တွေက ဆင်းဝယ်နေကြပါတယ်။ ပြည်ပကဝယ်လိုတဲ့ အမှာတွေ များလာတာကြောင့် ကောက်သင်းကောက်သလို လိုက်ဝယ်နေရတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။        ဒီနှစ်သီးနံှတွေထဲမှာ ရောင်းအားအကောင်းဆုံး သီးနံှဖြစ်နေပါတယ်။ဝယ်လိုအားကောင်းနေပေမဲ့ ပစ္စည်းက တော့ ပြတ်နေပါပြီ။ အခုထွက်တဲ့ ချင်းစိုကပြုတ်ပြီး အခြောက်ခံမရတာကြောင့် လက်ကျန် ချင်းတက်ခြောက်တွေ ကလည်းဈေးထပ် တက်လာပါတယ်။ ဒီတစ်ပတ်ချင်းစိုဈေးက တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၉၅ဝ ကျပ်၊ အောင်ပန်း ဈေးကွက်မှာတစ်ပိဿာ ၁၁၅ဝ ကျပ်ရှိပါတယ်။ချင်းခြောက်ဈေးကတော့ တောင်ကြီးဈေးကွက်မှာ ဈေးအနည်းငယ် တက်လာပြီးတစ်ပိဿာ ၂၇ဝဝ ကျပ်ရှိပါတယ်။ အောင်ပန်းမှာတော့ ချင်းခြောက်တစ်ပိဿာ ၂၅ဝဝကျပ်ရှိတယ်လို့   သိရပါတယ်၊                                                                                                                                        ဧဧခိုင်

Tuesday, 28 Sep 2010

 နယ်စပ်ချင်း အပို့ပုံမှန်   စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း စစ်တွေနယ်စပ်မှချင်းစို ၁၁ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၁၃၅၅ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့နိုင်ခဲ့ခြင်းမရှိပေမယ့် ယခုအပတ်မှာတော့ ၁၁ တန်ကျော် တင်ပို့ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ် ဧပြီလမှ သြဂုတ်လထိ ၄၆ တန်ကျော်နယ်စပ်မှတင်ပို့ထားပြီး ဖြစ်ပါသည်။ ယခုအပတ်မှာ မူဆယ်နယ်စပ်က ချင်းခြောက် ၅၅တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဝ၁၉ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပြီး ဧပြီလမှ သြဂုတ်လထိ နယ်စပ်မှ တင်ပို့ထားသော ချင်းခြောက် ပမာဏထက် ၁ဝ တန် ကျော်ပိုမို တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်ဘက်မှာ ချင်းခြောက် တစ်တန်ကို ၁၃၅၅၂ဝဝ ကျပ်ဈေး ရှိပြီး တစ်ဖက်နိုင်ငံမှာ ၁၉၆၅ ဒေါ်လာ ဈေးပေါက်လျက်ရှိပါတယ်။ စစ်တွေနယ်စပ်မှာ ချင်းအစို တစ်တန် ကို မိမိဘက်မြေပြင်ပေါက်ဈေး၂၇၅၄ဝဝ ကျပ်ဖြစ်ပြီး တစ်ဖက်နိုင်ငံပေါက်ဈေးမှာ ၂၆၆ဝဝ တာကာဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။တင်တင်ထွန်း (MIRT)

Tuesday, 28 Sep 2010

ကန့်ဘလူဒေသထွက် ပြောင်းများ မန္တလေးဈေးကွက်ကို စတင်စီးဆင်း     စက်တင်ဘာ တတိယပတ်အတွင်း ကန့်ဘလူဒေသထွက် ပြောင်းသစ်များ စတင်ထွက်ရှိနေပြီဖြစ်လို့ ဈေးကွက်ရှိရာ မန္တလေးသို့ စတင်စီးဆင်းနေပြီလို့သိရပါတယ်။ စိုက်ပျိုးမှုကာလစောခဲ့တဲ့ မိုးပြောင်းများ ခူးဆွတ်ေြွခပြီးဖြစ်လို့ ဈေးကွက်ကို စတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ စက်တင်ဘာ တတိယပတ်အတွင်း ရွှေဘိုမှမန္တလေးသို့ ပြောင်းဖူးစေ့တင်းရေ ၃၄၅ တင်းစီးထွက်ခဲ့ပြီး ဈေးနှုန်းအနေဖြင့် ရွှေဘိုမှာ တစ်တင်း ၄၅ဝဝ ကျပ်၊ မုံရွာမှာ တစ်တင်း ၅ဝဝဝ ကျပ်ဈေးရှိပြီး နယ်ဈေးမှာ၄ဝဝဝ ကျပ်ခန့်ရှိကြောင်း သိရပါတယ်။                                                                                  အောင်မင်း

Pages