Background
အောင်ပန်းဈေးကွက်မှ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေတဲ့ ရှမ်းနနွင်း အောင်ပန်းဈေးကွက်မှ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေတဲ့ ရှမ်းနနွင်း ဒီတစ်ပတ်ရှမ်းနနွင်းဈေးက အနည်းငယ်အေး နေပါတယ်။ ချင်းအသစ် တွေ ထွက်လာပေမဲ့ နနွင်းကတော့ လှောင်လက်တွေထံမှာ လက်ကျန်သာကျန်ပါတော့တယ်။ ပြီးခဲ့တဲ့ လတွေမှာ နနွင်းဝယ်လိုအား ကောင်းတာ ကြောင့် နနွင်းခေါင်း၊နနွင်းခါးတွေပါ အရောင်းအဝယ်ကောင်းလာပါတယ်။ အသစ်ထွက်မဲ့ နနွင်းကလည်း မိုးရွာတဲ့ အပေါ်မူတည်ပြီး ထွက်လာမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ် အတွင်း မှာလည်း မိုးကောင်း နေတာရယ်၊ လက်ကျန်အတော်များများ ကလည်း ပင်လောင်းမှာသာရှိတာရယ်ကြောင့် အောင်ပန်း ဈေးကွက် မှာတော့ အရောင်းအဝယ် အေးနေပါတယ်။ ပင်လောင်းမှာလည်း အရင်တစ်ပတ်ကလိုပဲ ကြိုက်ရောင်းကြိုက်ဝယ် ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်နေပြီး တစ်ပိဿာ ၃ဝဝဝ ကျပ်ရှိပါ တယ်။ အောင်ပန်းဈေးကွက်မှာ ဈေးအနည်းငယ် ကျလာပြီး တစ်ပိဿာ ၂၇ဝဝကျပ်ရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ တစ်ပိဿာ ၃ဝဝဝ ကျပ် ဈေးငြိမ်နေပါတယ်။ နနွင်းခါး တစ်ပိဿာ ၁၄ဝဝ ကျပ်၊ နနွင်းခေါင်းမှာ တစ်ပိဿာ ၂ဝဝဝကျပ်ရှိတယ်လို့ ဒေသခံ ကုန်သည်တွေထံက သိရပါတယ်။ဧဧခိုင်
ပြည်ကြက်သွန်နီဈေးကွက် ဈေးငြိမ် ပြည်ကြက်သွန်နီဈေးကွက်သို့ အောင်လံ၊ ပခုက္ကူ၊ ရေနံချောင်းနဲ့ ကျောက်ပန်းတောင်းမြို့များမှ တစ်ပတ်ကို အိတ် ၃ဝဝဝ ခန့် အဝင် ရှိပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးမှ ပြည်ဈးကွက်သို့ အဝင်မရှိပေမဲ့ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှမြို့ များသို့ ဘုရင့်နောင်ဈေးကွက်မှတစ်ဆင့် တစ်ပိုင်တစ်နိုင် တစ်ရက်ခြား အိတ် ၁၂ဝခန့်အဝင်ရှိနေပါတယ်။ လက်ပံတန်းဘက်မှ ကြက်သွန်ဝယ်လက်များ အနေဖြင့် သယ်ယူကုန်ကျစရိတ် သက်သာမှုရှိအောင် ပြည်ဈေးကွက်မှ တစ်ဆင့် ဝယ်ယူ ရောင်းချခြင်း မပြုတော့ဘဲ အမြတ်ပိုမိုရရှိရန်အတွက် နီးစပ်ရာဒေသမှ ဝယ်ယူ ရောင်းချနေတာ တွေ့ရပါတယ်။ ပြည်ဈေးကွက်မှလည်း တစ်ပတ်ကို အိတ် ၈ဝဝ ခန့် ရန်ကုန်ကို တင်ပို့ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မှာတော့ လက်လီ ဝယ်ယူသူများဖြင့်သာ အရောင်းအဝယ်ဖြစ်ပြီး ဒီတစ်ပတ်ကြက်သွန်နီအကြီး တစ်ပိ ဿာ ၅ဝဝ ကျပ်၊ အလတ် ၄ဝဝ ကျပ်၊ အသေး ၃ဝဝ ကျပ်၊ အညံ့စား ၂ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေကြောင်းလည်း သိရပါတယ်။
ဈေးအနည်းငယ်မြင့်လာတဲ့ ပြည်ချင်းဈေးကွက် ပြည်မြို့နယ် ချင်းဈေးကွက်ကို အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းများ နှစ်ပတ်လည် ပုံမှန်ဝင်ရောက်မှု ရှိနေပြီး မန္တလေးတိုင်း၊ မိတ္ထီလာချင်း ကတော့ ဒီဇင်ဘာလဆန်းပိုင်းလောက်မှာ ဝင်ရောက်လေ့ရှိပါတယ်။ မိတ္ထီလာချင်း အနေနဲ့ ရှမ်းချင်းနဲ့ ယှဉ်ရင် ချင်းအရည်အသွေးအရ ဈေးသိပ်မရပါဘူး၊ ရှမ်းချင်းက တော့ စားသုံးသူအကြိုက်ဖြစ်ပြီး ပြည်ဈေးကွက်မှာ တစ်နေ့ကို ပိဿာချိန် ၁ဝဝဝ ခန့်ပုံမှန် အရောင်းအဝယ်ဖြစ်နေပါတယ်။ တောင်ကြီးဈေးကွက်တွင် ချင်း(စို) တစ် ပိဿာ ၁၁ဝဝ ကျပ်ဈေးဖြင့် အဝယ်ရှိပြီး ပြည်ဈေးကွက်လက်ကားပွဲရုံများမှာ ယခင် တစ်ပတ်ကထက်ဈေးအနည်းငယ်တက်လာပြီး ဒီတစ်ပတ် ချင်း (စို) တစ်ပိဿာ၁၅ဝဝ ကျပ်ဖြင့်ရောင်းချ ပါတယ်။ လက်လီဈေး အသေးလေးတွေ မှာတော့ ချင်းစို တစ်ပိဿာ ၂ဝဝဝ ကျပ်နဲ့ ချင်း (ခါးလှီး) တစ်ပိဿာ ၃ဝဝဝ ကျပ်ဖြင့် ရောင်းချ နေတယ်လို့ သိရပါတယ်။ ဝင်းလဲ့ဝါ
ကလောချင်းတွေ အောင်ပန်းဈေးကွက်စဝင် စက်တင်ဘာနောက်ဆုံးပတ်မှာ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ချင်းဈေး ကွက်ကြီး ဖြစ်တဲ့ အောင်ပန်း ဈေးကွက်ကို ချင်းအသစ်တွေ စဝင်လာပါပြီ။ ကလော မြို့နယ် လယ်ကြားရွာ၊ ပင်ဂျီရွာတွေကနေ စပြီးဝင်လာတယ်လို့ သိရပါတယ်။ ဒီနှစ်ကဈေးကောင်းရတဲ့အတွက် စောစောပြန်စိုက်ကြပြီး ဈေးကွက်အမှီ ပြန်ဖော်ကြတယ်လို့ သိရပါတယ်။ ယခုထွက်နေတဲ့ ချင်းက ချင်းအနုလေးတွေသာဖြစ်ပြီး ဈေးကွက်ကိုပိဿာချိန် တစ်သောင်းကျော်ခန့်သာ ဝင်လာပါသေးတယ်။ ရှင်းချင်း တွေကိုတော့ ပြည်ပဝယ်လက်နဲ့ ပြည်တွင်းဝယ်လက်တွေက ပုံမှန်ဝယ်ယူ နေကြတုန်းပါပဲ။ အောက်တိုဘာ ပထမပတ်၊ ဒုတိယပတ်လောက်ဆိုရင် ချင်းတက် အသစ်တွေ ဈေးကွက်ကို အတော်များများ ဝင်လာ တော့မှာဖြစ်ပါတယ်။ ဒီတစ်ပတ် ချင်းစို ဥမ အဟောင်းဈေးက တစ်ပိဿာ ၁၁ဝဝ ကျပ်၊ ချင်းတက်အစိုအသစ်ဈေးက ၈ဝဝ ကျပ်၊ ၈၅ဝ ကျပ်ရှိပါတယ်။ ချင်းခြောက်ဈေးက တောင်ကြီး၊ အောင်ပန်း ဈေးတူ ဖြစ်ပြီး တစ်ပိဿာ ၂၇ဝဝ ကျပ်ရှိတယ်လို့ သိရပါတယ်။ဧဧခိုင်
မန္တလေးမြို့ရဲ့ ဂံျုဈေးကွက် မန်းဈေးကွက်ကို စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ ဂံျုများဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ နောက်ဆုံး ပတ်အထိ ၁၂၈ဝဝ အိတ်ခန့် ဝင်ရောက်မှုရှိခဲ့ပြီး သြဂုတ်လအတွင်းမှာတော့ ၁၂၃ဝဝ အိတ်ခန့် ဝင်ရောက် ခဲ့ပါတယ်။ ဂံျုဈေးအနေနဲ့ စက်တင်ဘာလ နောက်ဆုံးပတ်မှာ မြင်းမူ၊ မြောင်၊ ငါန်းဇွန် မြို့နယ်များမှ ဂံျုဈေးတစ်ပိဿာကို ၇၇၅ ကျပ်၊ ဆားတောင်၊ ဘုတလင်၊ မုံရွာမြို့နယ်များမှ ဂံျုဈေးကတော့ ၇၆၆ ကျပ်ဈေးရှိပြီး ရှမ်းဂံျုနဲ့ အထွက်တိုးဂံျုက တစ်ပိဿာ ၆၃၃ ကျပ်ဖြင့် ရောင်းဝယ်လျက် ရှိကြပြီး သြဂုတ်လမှာ မြင်းမူ၊ မြောင်၊ ငါန်းဇွန်မြို့နယ်များမှ ဂံျုဈေး တစ်ပိဿာ ၇၈၃ ကျပ်၊ ရှမ်းဂံျုနဲ့ အထွက်တိုး ဂံျုတစ်ပိဿာ ၆၄၁ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် ဂံျုဈေး အနည်း ငယ်တိုးပြီး ဂံျုစက်များကို ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။ခင်ဆန်းဦး
မြင်းခြံဈေးကွက် ပြောင်းအသစ်ဝင် မြင်းခြံဈေးကွက်သို့ အစေ့ထုတ်ပြောင်း CP အသစ်များစက်တင်ဘာ ဒုတိယပတ်မှ အသစ်စတင် ဝင်ရောက်နေပါပြီ။ ပထမပတ်အဟောင်း တစ်ပိဿာ ၃၆ဝ ကျပ် ရှိပြီး၊ အသစ်စတင်ဝင်ရောက်ချိန်မှာ အဟောင်း CP မှာ ၃ဝဝ ကျပ်၊ အသစ် CP ၂၈ဝ ကျပ် ဈေးရှိခဲ့ပါတယ်။ ပြောင်းအသစ်များမှာ နေပြည်တော် ပျဉ်းမနား၊ နေပြည်တော်တပ်ကုန်းမှ ဝင်ရောက်ပြီး ယခုစက်တင်ဘာ နောက်ဆုံးပတ် မှာ အသစ်တစ်ပိဿာ ၃၂ဝ ကျပ်နဲ့ အဟောင်း ၃၇ဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ မြို့ပေါ်လုပ်ငန်းသမားများက အဟောင်းကိုသာ အဝယ်လိုက် အသုံး ပြုတယ်လို့ သိရပါတယ်။ တင်ဇော်ထွေး
ပင်လယ်ရေကြောင်း တင်ပို့မှု တက်လာ စက်တင်ဘာ ၂ဝ ရက်မှ ၂၆ ရက်ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁၁၄၃ တန် ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၄၃၉ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၉ဝ၃ တန်တင်ပို့ခဲ့တာ ကြောင့် ယခုအပတ်မှာ ၂၄ဝ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ် တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကို RSS (၃) ၉၄ တန်၊ RSS (၅) ၁၃၅တန်၊ ကိုရီးယားကို RSS (၃) ၂ဝ၁ တန်၊ ဗီယက်နမ်ကို RSS (၃) ၁၆ဝ တန်၊ မလေးရှားကို RSS (၅) ၁၆ဝ တန်နဲ့ RSS(၃) ၃၉၃ တန် အသီးသီးတင်ပို့ခဲ့ကြောင်းသတင်းရရှိပါတယ်။ KZW
ဘိလပ်မြေအဝင်ပိုခဲ့ ပြည်တွင်းကို စက်တင်ဘာလ ၂ဝ ရက်မှ ၂၆ ရက်နေ့ကာလအတွင်း ပင်လယ် ရေကြောင်းလမ်းကနေ ဘိလပ်မြေတန်ချိန် ၃ဝ၁၄၃ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၅၂၃ဝ၂၂ ဒေါ်လာဖိုးတင်သွင်းခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဘက်က တန်ချိန် ၇ဝဝ နဲ့ အိန္ဒိယနိုင်ငံဘက်က တန်ချိန် ၁၇၆၈ တန် ထိုင်းနိုင်ငံဘက်က ၂၇၆၇၅ ဒသမ ၄၅တန်နဲ့ သြစတြေးလျက ၅ဝတန် အသီးသီးဝင်ခဲ့ပါတယ်။ ယခင်အပတ်က အဝင်တန်ချိန် နှစ်ထောင့်ငါးရာကျော်သာရှိခဲ့တာမို့ ဒီအပတ် အဝင်က ယခင်အပတ်ထက် ၁ဝ ဆကျော် ပိုမိုဝင်ခဲ့တာတွေ့ရပါတယ်။ ဘိလပ်မြေတစ်တန်ကို စီအိုင်အက်ဖ် ၈၅ ဒေါ်လာနှုန်းနဲ့ တင်သွင်းခဲ့တာဖြစ်ပါတယ်။MIRT (DOT)
ဈေးကွက်တွင်းက ဈေးနှုန်း ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၂ဝဝဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂ဝ၂ဝဝ ယူရီးယား-ယူအေအီး ၂ဝ၅ဝဝ ပိုတက်(ကနေဒါ) ၂ဝ၅ဝဝ ပိုတက်(ကနေဒါ) ၂ဝ၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်)ရွှေတောင် ၂ဝ၄ဝဝ ယူရီးယား(တရုတ်)ပန်းဖူး ၂၁၄ဝဝ တီဆူပါ GTSP ၄၆% ၂ဝ၆ဝဝ တီဆူပါ GSSP ၁၆% ၁ဝ၅ဝဝ တီဆူပါ GSSp ၁၂% ၉၈ဝဝ ကွန်ပေါင်း(တရုတ်) ၁၅:၁၅:၁၅ ၂၆၅ဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈ဝဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၁၈၅ဝဝ ကုလားအုတ် (တရုတ်) ၁၈၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ် ၂၂၅ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၂၅ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၂၅ဝဝ တီဆူပါ-(တရုတ်) ၁၂% ၉၈ဝဝ တီဆူပါ-(တရုတ်) ၁၆% ၁ဝ၈ဝဝ တီဆူပါ ၁၅:၁၅:၁၅ (တရုတ်) ၄ဝဝဝဝ ပိုတက်(တရုတ်) ၁၉၅ဝဝ ဓာတ်ဆား (တရုတ်) ၁၄ဝဝဝမော်လမြိုင် ပုလဲ(သေး) (ရွှေတုံး ၄၆% တရုတ်) ၂ဝဝဝဝ ပုလဲ(သေး) (ရွှေပျား ၄၆% တရုတ်) ၂ဝဝဝဝ ပုလဲ(သေး) (ရွှေတောင် ၄၆% တရုတ်) ၂ဝဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း ၁၅:၁၅:၁၅ ၃၆၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း ၁၅:၁၅:၁၅ ၃၂၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း ၁၆:၁၆:၈ ၃ဝဝဝဝ တီစူပါ (တရုတ်)သံကွင်း ၄၆% ၂ဝဝဝဝ တီစူပါ (တရုတ်) မျှား ၄၆% ၁၉ဝဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ ၁၆% ၁ဝဝဝဝMIRT (MAPT)
ဒီသီတင်းပတ်မှာ တန် ၄ဝဝ ဝင် ပင်လယ်ရေကြောင်းလမ်းကနေ စက်တင်ဘာလ ၂ဝ ရက်မှ ၂၆ ရက်နေ့ ကာလအတွင်း ဓာတ်မြေသြဇာ အဝင်တန်ချိန် ၃၉၈ ဒသမ ၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၁၈၂၇ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က အဝင်တန်ချိန်၆ဝဝရှိခဲ့တာမို့ ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် ရေကြောင်းလမ်းဘက်က တန်ချိန် တစ်ဝက် နီးပါးလျော့ပြီး ဝင်လာခဲ့ပါတယ်။ ဒီတစ်ပတ်ဓာတ်မြေသြဇာများကို အီရန်နိုင်ငံက တန်ချိန် ၁၆၈တန်၊ ချီလီနိုင်ငံဘက်ကနမူနာအနေနဲ့ ၁၄ တန်နဲ့ ထိုင်းနိုင်ငံ ဘက်ကနေ အများဆုံးတန်ချိန် ၂၁၆ တန်ကျော် တင်သွင်းလာခဲ့ပါတယ်။ ယခင်အပတ်အဝင် ကတော့ ထိုင်းနိုင်ငံဘက်ကပဲ တင်သွင်းလာခဲ့တာဖြစ်ပြီး ဒီရက်သတ္တပတ်မှာတော့ နိုင်ငံစုံအမယ်စုံ ဓာတ်မြေသြဇာ တန်ချိန်စုစုပေါင်း ၄ဝဝ တန်လောက် ဝင်လာတာ တွေ့ရပါတယ်။ MIRT (DOT)