Main menu

Background

Tuesday, 12 Oct 2010

ပြည်တွင်းဘိလပ်မြေဈေးကွက် ဈေးနှုန်း       ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ်       အမျိုးအစား               ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်                      ဘိလပ်မြေ(ဆင်)ထိုင်း                ၅၁ဝဝ(လက်ကား)               ဘိလပ်မြေ TPI                          ၅ဝဝဝ                               ဘိလပ်မြေ (စိန်)                       ၅ဝဝဝမန္တလေး                     ဘိလပ်မြေ(စိန်)ထိုင်း                  ၆၃ဝဝ                               ဘိလပ်မြေ(ဆင်)ထိုင်း                 ၆၄ဝဝ                               ဘိလပ်မြေ (AAA)                     ၆၂ဝဝ                               ဘိလပ်မြေ(မြန်မာဆင်)               ၆၁ဝဝ                               ဘိလပ်မြေ (TPI) ထိုင်း                ၆၂ဝဝ                               ဘိလပ်မြေ(ဆင်မင်း)                   ၅၆ဝဝ                               ဘိလပ်မြေ(မြင်းခေါင်း)                 ၆ဝဝဝတောင်ငူ                   ဘိလပ်မြေ(ကြံ့)ထိုင်း                    ၆၂ဝဝ                               ဘိလပ်မြေ(ဆင်)ထိုင်း                  ၇ဝဝဝ                               ဘိလပ်မြေ(မြင်းခေါင်း)                  ၅၃ဝဝ                               ဘိလပ်မြေ(Lucky)                      ၆၅ဝဝတောင်ကြီး                 ဘိလပ်မြေ(စိန်)ထိုင်း                    ၇၂ဝဝ                               ဘိလပ်မြေ(ခြင်္သေ့)                      ၅၆ဝဝမော်လမြိKင်                ဘိလပ်မြေ(ဆင်)ထိုင်း                  ၆၁ဝဝ                                ဘိလပ်မြေ(ကြံ့)မြိုင်ကလေး           ၅၂၅ဝ                                ဘိလပ်မြေ(စိန်)ထိုင်း                    ၅၉ဝဝ                                ဘိလပ်မြေ(မြင်းခေါင်း)                  ၄၃ဝဝမကွေး                        ဘိလပ်မြေ(ဆင်)ထိုင်း                   ၆၅ဝဝ                                ဘိလပ်မြေ(မြင်းခေါင်း)                  ၅၆ဝဝ                                 ဘိလပ်မြေ(စိန်)ထိုင်း                    ၆၂ဝဝMIRT (MAPT)

Tuesday, 12 Oct 2010

စက်တင်ဘာလအတွင်း နယ်စပ်မှဘိလပ်မြေတန်ချိန် ၄ဝဝဝဝနီးပါးတင်သွင်း     နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာလအတွင်းမှာ ဘိလပ်မြေ တန်ချိန် ၄ဝဝဝဝ နီးပါး တင်သွင်းနိုင်ခဲ့တယ်။ နယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ မြိတ်၊ တာချီလိတ်၊ ကော့ သောင်းနဲ့ မောင်တော တို့မှ စက်တင်ဘာလနောက်ဆုံးအပတ်မှာ ဘိလပ်မြေတန်ချိန် ၅၁၃၇ တန်ကျော်၊တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၅၅၉ သန်းဖိုး တင်သွင်းခဲ့တာပါ။ စက်တင်ဘာလနောက်ဆုံးပတ်မှာ စခန်းအလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ မူဆယ် မှ ၄၄၄ တန်၊ ကန်ပိုက်တီးမှ ၂၈၁ဝ တန်၊ လွယ်ဂျယ်မှ ၅ဝ၉ တန်၊ တာချီလိတ်မှ ၆၁၈ တန်ကျော်၊ မြိတ်မှ ၆၅၆ တန်၊ မောင်တောမှ ၇၅ တန်ခန့်နဲ့ ကော့သောင်းမှ ၂၅ တန်ခန့် အသီးသီးတင်သွင်းခဲ့တယ်လို့ သိရပါတယ်။                                MIRT (DOBT)

Tuesday, 12 Oct 2010

ဒီနှစ်စက်တင်ဘာမှာ ရေကြောင်းအဝင်ပို            ယခုသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်နေ့ ကာလအထိ ဘိလပ်မြေတန်ချိန် ၄၇၉၃၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ဝ၆၅၇ဝ၇ ဒေါ်လာဖိုး ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင် များရဲ့ ဝယ်လက်နိုင်ငံတွေကတော့ ပါကစ္စတန်နိုင်ငံဘက်က ၂ဝ၈၁၄ တန်နဲ့ ထိုင်းနိုင်ငံဘက်က ၄၅၁၁၉ ဒသမ ၈၅ တန်အသီးသီး ခွဲခြားဝင်ခဲ့ တာတွေ့ရပါတယ်။ အဝင်တံဆိပ်တွေကတော့ စိန်တံဆိပ်၊ ဆင်တံဆိပ်နဲ့ White  တံဆိပ်စတဲ့ တံဆိပ်မျိုးစုံနဲ့ တင်သွင်းလာခဲ့ကြပြီး ယခင်သီတင်းပတ်ရဲ့ ဘိလပ်မြေ အဝင်တန်ချိန် ၃ဝ၁၄၃ ဒသမ ၅ တန်ရှိကာ ဒီတစ်ပတ် အဝင်တန်ချိန်မှာ ၄၇၉၃၄ တန်ဖြစ်ခဲ့တာကြောင့် တန်ချိန် ၁၇၇၉ဝ တန်လောက်အဝင်ပိုခဲ့တာတွေ့ရပါတယ်။ လချုပ်အနေနဲ့ ယှဉ်ကြည့်ရင် ပြီးခဲ့တဲလသြဂုတ် တစ်လလုံးရဲ့ ဘိလပ်မြေအဝင်တန် ချိန်မှာ ၂၉၉၉၈ တန်ရှိခဲ့ပြီး စက်တင်ဘာ တစ်လလုံးရဲ့ ဘိလပ်မြေအဝင်တန်ချိန်မှာ ၆၄၁၂၇ ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ တန်ချိန် ၃၄၁၂၉ တန်ပိုမိုဖြန့်ဖြူးဖို့ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဘိလပ်မြေဈေးနှုန်း များကလည်း လက်ကားဈေး ဘုရင့်နောင်မှာ ထိုင်းဆင်တစ်အိတ်ကို ၅ဝဝဝ-၅၁ဝဝ ဝန်းကျင် နဲ့ပဲ ပုံမှန်အရောင်း အဝယ်ခပ်အေးအေးပဲဖြစ်နေတယ်လို့ ဘုရင့်နောင်ကုန်သည်က ပြောပါတယ်။ ရေကြောင်းအဝင်ကို ယခင် နှစ်အလားတူကာလအဝင်နဲ့ ယှဉ်ရင် ယခုနှစ် စက်တင်ဘာလက တည်ဆောက်ရေးလုပ်ငန်းသုံးအတွက် ပြည်တွင်းအသွင်း နှစ်ဆ ကျော်ကျော် ပင်လယ်ရေကြောင်းကအသွင်းပိုခဲ့တာတွေ့ရပါတယ်။ MIRT (DOT)

Tuesday, 12 Oct 2010

တံဆိပ်အမျိုးမျိုးနဲ့ ဈေးအမျိုးမျိုး       ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက် ပေါက်ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါ တယ် တိုင်း ဒေသကြီး/ပြည်နယ်                           အမျိုးအစား                        ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်)                            ယူရီးယား(တရုတ်)ရွှေတောင်                     ၂၁၅ဝဝ                                           ယူရီးယား(တရုတ်)ကမ္ဘာလုံး                      ၂၁၃ဝဝ                                           ယူရီးယား-ယူအေအီး                              ၂၁၅ဝဝ                                           ပိုတက်(ကနေဒါ)                                  ၂ဝ၅ဝဝ                                           ပိုတက်(အိန္ဒိယ)                                   ၂ဝ၅ဝဝမန္တလေးတိုင်းဒေသကြီး                ယူရီးယား(တရုတ်) ရွှေတောင်                    ၁၈၃ဝဝ                                           ယူရီးယား(တရုတ်) ပန်းဖူး                        ၁၈၉ဝဝ                                           တီဆူပါ GTSP ၄၆%                              ၁၉၁ဝဝ                                           ကွန်ပေါင်း(တရုတ်) ၁၅း၁၅း၁၅                  ၂၃ဝဝဝ                                           အာမို(ဒိုင်းမွန်းစတား)                              ၄ဝဝဝဝတောင်ငူ                                 ယူရီးယား-ပုလဲ(ယူအေအီး)                       ၁၈ဝဝဝ                                           ယူရီးယား (ရွှေတောင်-တရုတ်)                   ၁၈၅ဝဝ                                           ယူရီးယား (ကမ္ဘာလုံး-တရုတ်)                     ၁၈၅ဝဝ                                           ကုလားအုတ် (တရုတ်)                             ၁၈၅ဝဝတောင်ကြီး                               ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်)               ၁၉၅ဝဝ                                           ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်)                   ၂ဝ၅ဝဝ                                            ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်)             ၂ဝဝဝဝ                                            တီဆူပါ-(တရုတ်) ၁၂%                            ၉ဝဝဝ                                            တီဆူပါ ၁၅း၁၅း၁၅ (တရုတ်)                     ၃၅ဝဝဝ                                            ပိုတက်(တရုတ်)                                    ၁၉ဝဝဝ                                            ဓာတ်ဆား (တရုတ်)                                ၁၃ဝဝဝမော်လမြိုင်                               ပုလဲ(သေး)(ရွှေတုံး ၄၆% တရုတ်)                ၂၂ဝဝဝ                                            ကွန်ပေါင်း(အစိမ်း)ထိုင်း ၁၅း၁၅း၁၅                ၃၈ဝဝဝ                                            ကွန်ပေါင်း(ပန်းရောင်)ထိုင်း ၁၅း၁၅း၁၅            ၃၄ဝဝဝ                                            ကွန်ပေါင်း(မြင်းပံျ)ထိုင်း ၁၆း၁၆း၈                   ၃၃ဝဝဝ                                            တီစူပါ(တရုတ်)သံကွင်း ၄၆%                      ၂၁၅ဝဝ                                            တီစူပါ(တရုတ်) မျှား ၄၆%                          ၂ဝ၅ဝဝ                                            တီစူပါ(တရုတ်) မျှားကမ္ဘာ ၁၆%                    ၁၃ဝဝဝMIRT (MAPT)

Tuesday, 12 Oct 2010

နယ်စပ်မှ တင်သွင်းမှုလျော့        နယ်စပ်စခန်းများမှ စက်တင်ဘာလနောက်ဆုံးပတ် ဓာတ်မြေသြဇာတင်သွင်း မှုဟာ အရင်အပတ်ကနဲ့နှိုင်းယှဉ်ရင် သုံးပုံတစ်ပုံပဲ တင်သွင်းနိုင်တာကို တွေ့ရပါ တယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၆၂၇၆ တန်၊ ကော့ သောင်းမှ ၂၁၂ တန်၊ မြဝတီမှတန် ၁၉ဝ၊ ရိဒ်မှ တန် ၁၄ဝ၊ တာချီလိတ်မှ တန်ချိန် ၁၃ဝ နီးပါး အသီးသီးတင်သွင်းခဲ့တဲ့အတွက် စုစုပေါင်းတန်ချိန် ၇၃၉၉ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းနီးပါးဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်   က အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာကတော့ ယူရီးယား ဓာတ်မြေသြဇာဖြစ်ပြီး တန်ချိန် ၃၇၈ဝ နီးပါး တင်သွင်းခဲ့ပါတယ်။ ကော့သောင်းမှ ကွန်ပေါင်းဓာတ် မြေသြဇာ၊ မြဝတီမှ အမိုးနီးယမ်းဆာလဖိတ်နဲ့ ရိဒ်မှ ပိုတက်ရှ်တို့ကို အဓိကထား တင်သွင်း တယ်လို့သိရပါတယ်။ စက်တင်ဘာလ တစ်လလုံး နယ်စပ် စခန်းများမှ ဓာတ်မြေသြဇာတန်ချိန် ၉၈၅ဝဝကျော်   တင်သွင်း နိုင်ခဲ့ပါတယ်။MIRT(DOBT)

Tuesday, 12 Oct 2010

စက်တင်ဘာလအတွင်း နိုင်ငံစုံမှ ဓာတ်မြေသြဇာ အဝင်ရှိ      ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းက မြေသြဇာတင်သွင်းမှုက နယ်စပ် အဝင်လောက် ကျယ်ကျယ်ပြန့်ပြန့် မဝင်ပေမဲ့ လည်း ယခုစက်တင်ဘာလအဝင်က နိုင်ငံအစုံက တင်သွင်းလာတာတွေ့ရပါတယ်။ တရုတ်နိုင်ငံဘက်က သတင်းများအရပြည်တွင်းသုံးလိုအပ်ချက်အတွက် Export  တင်ပို့မှုကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားခဲ့ကြောင်း သိရပြီး၊ တရုတ် ပြည်တွင်း ဈေးကွက်အတွင်း ဖော့စပိတ် ဓာတ်မြေသြဇာဈေးနှုန်းဟာ ဇွန်လမှစတင်ပြီး ဈေးနှုန်းမြင့်မားခဲ့ကြောင်း ပြည်တွင်း သုံးအတွက် လက်ကျန်ပြတ်လပ်နေကြောင်း သိရပါတယ်။      စက်တင်ဘာဓာတ်မြေသြဇာအဝင်ထဲမှာ ချီလီနိုင်ငံဘက်က တန်ချိန် ၁၃၄ တန်၊ တရုတ်နိုင်ငံဘက်က ၂၃ တန်၊ အီရန်ဘက်က ၁၆၈ တန်နဲ့ ထိုင်းနိုင်ငံဘက် က ၉၇၆ တန်ကျော်ဝင်လာခဲ့ပါတယ်။ ၂ဝ၁ဝ စက်တင်ဘာကပြီးခဲ့တဲ့ သြဂုတ်လလောက် အဝင်မကောင်းခဲ့ပေမဲ့လည်း ၂ဝဝ၉ စက်တင်ဘာလထက်တော့ သွင်းအား စုအခြေခံ ဓာတ်မြေသြဇာကို ဒေါ်လာ သုံးသိန်းဖိုးခန့် အဝင်ပိုမိုသွင်းခဲ့တာ တွေ့ရပါ တယ်။ ရက်သတ္တပတ်လချုပ်အနေနဲ့ယှဉ်ကြည့်ရင် စက်တင်ဘာ ၂၇ ရက်နေ့က အောက် တိုဘာ ၃ရက်နေ့ကာလထိ ဓာတ်မြေသြဇာအဝင်တန်ချိန် ၁၆၁၅ ဒသမ ၈၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၆၃၇၄ ဒသမ ၄၈ ဒေါ်လာဖိုး ပင်လယ်ရေ ကြောင်းလမ်းကနေ တင်သွင်းလာတာတွေ့ရပါတယ်။ ဒီတစ်ပတ် မှာတော့ ဆွစ်ဇာ လန်နိုင်ငံနဲ့ ထိုင်းနိုင်ငံထုတ် ဓာတ်မြေသြဇာများကို တင်သွင်းလာတာဖြစ်ပြီး ယခင် သီတင်းပတ် ဓာတ်မြေသြဇာအဝင်ထက် တန်ချိန်တစ်ထောင်ကျော် ပိုမိုတင်သွင်း လာတာတွေ့ရပါတယ်။                                                                                                                                      MIRT (DOT)

Monday, 11 Oct 2010

ဘဏ္ဍာနှစ်ဝက်ကာလအတွင်း နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ်ဆီဂါလန် ၃၄ သိန်းကျော်တင်သွင်း       နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့    တာချီလိတ်၊     မြဝတီ၊  ကော့သောင်း၊  ကန်ပိုက်တီးတို့မှ  ပြည်တွင်းစက်သုံးဆီ ဈေးကွက်အတွက် ဓာတ်ဆီ၊ ဒီဇယ်ဆီ ဂါလန် ၃၄ ဒသမ ၈၈ သိန်းကျော်ကို ဘဏ္ဍာနှစ်ဝက်ကာလဖြစ်တဲ့ ဧပြီလမှ စက်တင်ဘာလထိ ၆ လတာကာလအတွင်း တင်သွင်းခဲ့ပါတယ်။ သဘာဝဓာတ်ငွေ့ရည်ကိုတော့ သြဂုတ် လမှစတင်ပြီး တာချီလိတ်နယ်စပ်က တင်သွင်းလျက်ရှိရာ သြဂုတ်လမှာ ၂၄ဝ၉ဝ ကီလိုဂရမ်နဲ့ စက်တင်ဘာလမှ ၄၈၃၈ဝ ကီလိုဂရမ် တင်သွင်းထားပြီး ဖြစ်ပါတယ်။ နယ်စပ်စခန်းများမှ စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၅ ရက်ထိကာလအတွင်း ဓာတ်ဆီ ၁ဝ၂၇၆ဝ ဂါလန်၊ ဒီဇယ်ဆီ ၇၅၅၅ဝ ဂါလန်နဲ့ သဘာဝ ဓာတ်ငွေ့ရည် ၁၂၁၂ဝ ကီလိုဂရမ် အသီးသီးတင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။MIRT (DOBT)

Monday, 11 Oct 2010

  ဒီဇယ်တန်ချိန် လေးသောင်းကျော် ပင်လယ်ရေကြောင်းကဝင်        ဒီသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက် ကာလအထိ ပင်လယ်ရေကြောင်းလမ်းကနေ ဒီဇယ်ဆီပီပါ သုံးသိန်းကျော်၊ တန်ချိန် အားဖြင့် ၄ဝ၈၆၄ တန်တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဒီဇယ်အဝင်မရှိ ခဲ့ပါဘူး။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် သြဂုတ်လတစ်လလုံးမှာ ဒီဇယ်အဝင် တန်ချိန် ၄၆၈၅၂ တန် ရှိခဲ့ပြီး စက်တင်ဘာလရဲ့ စုစုပေါင်းဒီဇယ်အဝင်တန်ချိန်မှာ ၆ဝ၂၃၇ တန်ရှိခဲ့တာမို့ တန်ချိန် ၁၃၃၈၅ တန်အဝင်ပိုခဲ့တာ တွေ့ရပါတယ်။MIRT-DOT

Wednesday, 6 Oct 2010

 နတ္တလင်းမှာ ကောက်စောစပါး အရောင်းအဝယ်ဖြစ်နေ     ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း လက်ပံတန်း၊ ဇီးကုန်း၊ နတ္တလင်းမြို့နယ် များမှာ ကောက်စောစပါးများ စတင်ရိတ် သိမ်းနေပြီဖြစ်ပြီး ဈေးကွက်အတွင်းသို့ဝင်ရောက်လာပြီဖြစ်ပါတယ်။        နတ္တလင်းမြို့နယ်မှာ ရိတ်သိမ်းနေပြီဖြစ်တဲ့MR ၉ စပါးဈေးနှုန်းများမှာ စပါး အရည်အသွေးပေါ်မူတည်ပြီး အရောင်း အဝယ်ဖြစ်နေကြပါတယ်။ ကုန်သည်များ အနေနဲ့ စပါးအစိုဓာတ်ပါဝင်မှုပေါ်မူတည်ပြီး၊ တင်း ၁ဝဝ ကို နတ္တလင်းမြို့နယ်တွင် ၃၃ဝဝဝဝ ကျပ်၊ ဇီးကုန်းမြို့တွင် ၃၂ဝဝဝဝ ကျပ်-၃၂၅ဝဝဝ ကျပ်၊ လက်ပံတန်းမြို့ နယ်တွင် ၃၄ဝဝဝဝ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ကျန် မြို့နယ်အချို့မှာ စက်တင်ဘာလအကုန် အောက်တိုဘာ ပထမ ပတ်တွင်စတင်ပြီး ကောက်စောစပါးများ ရိတ်သိမ်းနိုင်တော့မှာ ဖြစ်ကြောင်းသိရပါတယ်။စောစောရီ

Wednesday, 6 Oct 2010

ကျောက်ဆည်ဈေးကွက် အရောင်းအဝယ်ပြန်ဖြစ်       စက်တင်ဘာနောက်ဆုံးပတ်မှာ ကျောက်ဆည်နနွင်းတက်ဈေးကွက် အရောင်းအဝယ်ပြန်သွက်လာတယ်လို့ သိရပါတယ်။ ယခင်ရက်များက ဗမာနနွင်းတက်တစ်ပိဿာ ၄ဝဝဝ ကျပ်ဝန်းကျင်သာ ဈေးပေးဝယ်ယူမှု ကြောင့် ဒေသခံ ကုန်သည်များ အနေနဲ့ ကြိုက်ဈေးမရလို့ ထုတ်ရောင်းတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။ ယခုတစ်ပိဿာ ၄၅ဝဝ ကျပ် ထိဈေးပေး ဝယ်ယူ လာတာကြောင့် ထုတ်ရောင်းခြင်းဖြစ်ကာ အရောင်းအဝယ်ပြန်ဖြစ်လာတယ်လို့ သိရပါတယ်။ ယခုရက်ပိုင်း ဘင်္ဂလားဒေ့ရှ်မှ အဝယ်လိုက်လျက်ရှိရာ ပိဿာချိန် တစ်သိန်းဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဒေသတွင်း ကုန်ပစ္စည်းလက်ကျန်နည်း နေပြီလို့ သိရပါတယ်။ ယခုရက်ပိုင်းမှာ ကုန်တင်ခနှုန်းထားများလည်း မြင့်တက်လာရာ ကျောက်ဆည်မှ ဘင်္ဂလားဒေ့ရှ် နယ်စပ်အထိ တစ်ပိဿာ ကုန်တင်ခမှာ ယခင်က ၁ဝဝ ကျပ် သာရှိခဲ့ရာက ၁၃ဝ ကျပ်ထိ ဈေးပိုလာကြောင်း နနွင်းတက် ကုန်သည်တစ်ဦးက ပြောပါတယ်။ သင်းသင်းမြတ်

Pages