Main menu

Background

Friday, 15 Dec 2017

      ဗီယက်နမ်နိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ခေတ်မီစက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်  စီးပွားရေးကို ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှု၊ အရည်အသွေး၊ ကျွမ်းကျင်မှုနှင့် ယှဉ်ပြိုင်မှု တို့ကို ဦး တည်၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ရှန်ဖုန်က ပြောကြားခဲ့သည်။ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ရှန်ဖုန်သည် ဗီယက်နမ် နိုင်ငံတွင်ကျင်းပသညSmart Industry World 2017 တွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Friday, 8 Dec 2017

        တရုတ်လူမျိုးများသည် အနံ့စူးရှပြီး အရသာကောင်းမွန်သည့် ဒူးရင်းသီး များကို ကြိုက်နှစ်သက်ကြသဖြင့် တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့ရန် စီစဉ်လျက် ရှိကြောင်းသိရသည်။ ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဒူးရင်းသီး တင်သွင်းမှုပမာဏသည် လွန်ခဲ့ သည့် ၁၀ နှစ်ကထက် ၂၆ ရာခိုင် နှုန်းမြင့်တက်ခဲ့ကာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု၏စာရင်း ကောက်ယူမှုများအရ သိရသည်။

Friday, 8 Dec 2017

         ဗီယက်နမ်နိုင်ငံ ရော်ဘာအုပ်စု (Vietnam Rubber Group-VRG) ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Quang Tri Rubber Co.,  Ltd. သည် လာအိုနိုင်ငံ တွင် ရော်ဘာစိုက်ခင်းများ ထူထောင်သွားမည်ဖြစ် ကြောင်း ဗီယက်နမ် သတင်းတွင် ဖော်ပြထားသည်။ ဗီယက်နမ်ကုမ္ပဏီသည် လာအိုနိုင်ငံ၊ Saravane ပြည်နယ်ရှိ မြေဧရိယာဟက်တာ ငါးရာတွင် ရော်ဘာပင်များ စိုက်ပျိုးသွားမည်ဖြစ်ပြီး ရော်ဘာ ကုန်ချောထုတ်လုပ်သည့်စက်ရုံကိုပါ တည်ဆောက် သွားမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြ ထားသည်။

Tuesday, 31 Oct 2017

      ဆန်ကို အဓိကထား၍ စားသုံးနေမှုအား လျှော့ချရန် အင်ဒိုနီးရှား အစိုးရက ပြည်သူများအားတိုက်တွန်းခဲ့ကြောင်း ဂျကာတာပို့စ်တွင်ဖော်ပြ ထားသည်။ အင်ဒိုနီးရှားနိုင်ငံတွင် လူတစ်ဦးချင်း ဆန်စားသုံးမှုနှုန်းသည် အခြားေ သာ အာရှနိုင်ငံများထက် ပိုမိုမြင့်တက်နေသဖြင့် အခြားသောနည်း လမ်းများဖြင့် ကာဗိုဟိုက်ဒရိတ်ရရှိစေမည့်နည်းလမ်းများကို ရှာဖွေကြရန် တိုက်တွန်းပြောကြားခဲ့သည်။ အစိုးရအနေဖြင့် ဥအမျိုးမျိုးစိုက်ပျိုးခြင်းကို မြှင့်တင်ေ ပးမည်ဖြစ် ကြောင်း၊  အထူးသဖြင့် ဝဥ၊ အာတာလွတ်၊ ပီလောပီနံ၊ ပြောင်းဖူးနှင့်သာကူစေ့ ကဲ့သို့သော အသီးအနှံများကို စားသုံးသည့်အလေ့အထများကို ပြောင်းလဲ ကြရမည်ဖြစ်ကြောင်း၊ အဆိုပါဥအမျိုးနှင့် အသီးအ

Tuesday, 31 Oct 2017

          တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များသည် စပါးအမျိုးအစား အမျိုးမျိုးအား ပင်လယ်ရေဖြင့် စိုက်ပျိုးနိုင်ရန် သုတေသန ပြုလုပ်လျက်ရှိကြောင်း၊ ယင်းသို့ပြုလုပ်ခြင်းသည် ပြည်သူ သန်း ၂၀၀ အား စားနပ်ရိက္ခာ ဖူလုံစေရန် အ တွက်ဖြစ် ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။ ပင်လယ်ရေဖြင့် စပါးစိုက်ပျိုးခြင်းဖြင့်  စပါးအထွက် နှုန်းမှာ သုံးဆနီးပါး ထွက်ရှိနိုင်ကြောင်း သိပ္ပံပညာရှင်များက ယူဆထားကြသည်။ လွန်ခဲ့သော ဆယ်စုနှ စ်များစွာကပင် သုတေသီများ သည် ဆားငန်ရေဖြင့် စပါးစိုက်ပျိုးရန် ကြိုးစားအားထုတ်ခဲ့ကြ ကြောင်း၊ သို့သော် ယခုအခါတွင် ယင်းကဲ့သို့ ပြုလုပ်ခြင်းမှ စီးပွားရေးအရ အလားအလာရှိနိုင်သည်ဟု ယူဆခဲ့ကြသည်ဟု ဆိုသည်

Wednesday, 6 Sep 2017

    မြောက်အမေရိကနိုင်ငံ တစ်နိုင်ငံဖြစ်သည့်  ကနေဒါနိုင်ငံက အိန္ဒိယနိုင်ငံမှ သလဲသီး၊ ငှက်ပျောသီးနှင့် ရုံးပတီသီးများတင်သွင်းရန် ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုလိုက်ပြီဖြစ်သည့် အတွက်  မကြာမီကာလတွင် ယင်းကုန် စည်များကို ကနေဒါ၌ ရရှိနိုင်တော့မည်ဖြစ်ကြောင်း၊ ကနေဒါသည် အခြားသောဖွံ့ဖြိုးပြီးနိုင်ငံအချို့နှင့် မတူဘဲ အိန္ဒိယအတွက် အထောက်အကူပြု နိုင်မည့် ၎င်းင်းတို့၏ဈေးကွက်ကို ဖွင့်ပေးနေပြီဖြစ်ကြောင်း သိရှိရပါသည်။ ပြီးခဲ့သည့်နှစ်ကလည်း အိန္ဒိယ စပျစ်သီးများ တင်သွင်းခွင့်ကို ကနေဒါ က ခွင့်ပြုပေးခဲ့ပြီးဖြစ် ကြောင်း၊ ယခုထပ်မံခွင့်ပြုလိုက်သည့် အမယ်များအနက် သလဲသီးကို ဈေးကောင်းကောင်းနှင့် အမြောက်အများတင်ပို့နိုင်မည်ဟု

Thursday, 31 Aug 2017

       ထိုင်းနိုင်ငံ စီးပွားရေးခေါင်းဆောင်များ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (FTA) အတွက် ဆွေးနွေးနိုင်ရေး ပြင်ဆင်လျက်ရှိကြောင်းနှင့် ၎င်းသည် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံသူ များအတွက် ဖြေလျှော့မှု အခွင့်အလမ်း ပိုမိုရရှိစေမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။ သို့သော်လည်း ထိုင်းနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခွဲတမ်းကင်းလွတ်ခွင့်(Free Quota) အား ခွင့်ပြုရန်မှာ ကာလတိုအတွက်သာ မဟုတ်၍ သေချာစွာ စဉ်းစားသင့်ကြောင်း၊အကောက်ခွန်နှုန်းမဲ့ (Tariff-free) ပေးအပ်ခြင်းသည် ထိုင်းပြည်တွင်းထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့် စိုက်ပျိုးသူတောင်သူလယ်သမားများအတွက် ထိခိုက်

Friday, 25 Aug 2017

      တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ လုပ်ဆောင်နေမှုများအား ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌမစ္စတာ ဂျင်ယောင်ကင်က သြဂုတ် ၁၇ ရက်က ချီးကျူးပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ သန်းေ ပါင်းများစွာအတွက်ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အစီအစဉ်ကို လုပ်ဆောင်လျက်ရှိရာ  အောင်မြင်မှုများရရှိ နေပြီဖြစ်ကြောင်း ဆင်းရဲနွမ်းပါးမှုတိုက် ဖျက်ရေးအစီရင်ခံစာပါအချက်အလက် များကို ကိုးကားပြီး ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ က ထုတ်ဖော်ချီးကျူးခဲ့ခြင်းဖြစ်သည်။ "၁၉၉၀ ခုနှစ်ကတည်းက ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်းပါးသူပေါင်း ၁ ဒသမ ၁ သန်းနီးပါးရှိခဲ့ပါတယ်။ အဲဒီလူဦးရေအနက် တရုတ်နိုင်ငံက အများ ဆုံးဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်င

Friday, 18 Aug 2017

        မနီနိုင်ငံ၏ အကြီးဆုံးတစ်ပိုင်းလျှပ် ကူးပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Infineon နည်းပညာကုမ္ပဏီက မလက်ကာရှိ လျှပ်စစ် ဓာတ်အားပေးရေးလုပ်ငန်းအတွက် ရင်းဂစ်သန်း ၂၄၀ ရင်းနှီးမြှုပ်နှံ မည်ဖြစ် ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ ဂျာမနီနိုင်ငံမှ Infineon နည်းပညာကုမ္ပဏီသည် မလေးရှားနိုင်ငံတွင် ရုံးခွဲ တစ်ခုလာရောက်ဖွင့်လှစ်ပြီး မလက်ကာရှိ လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းတွင် ရ င်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Pages