Main menu

Background

Thursday, 17 Aug 2017

        ဥရောပနိုင်ငံအနှံ့အပြားနှင့် ဟောင်ကောင်တို့တွင် ပိုးသတ်ဆေးသင့်ကြက်ဥများ ပျံ့နှံ့ရောက်ရှိနေကြောင်း ဘီဘီစီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ ဥရောပနိုင်ငံများတွင် ဖြန့်ချိလျက်ရှိသည့် ကြက်ဥများတွင် Fipronil ဟုခေါ်သည့် တိရစ္ဆာန်များတွင် တွယ်ကပ်တတ်သည့် သန်းများ သတ်ရာတွင် အသုံးပြုသည့် ပိုးသတ်ဆေးများကို ကြက်ဥပြုတ်များတွင် တွေ့ရှိရကြောင်း ဒိန်းမတ်နိုင်ငံမှ တာဝန် ရှိသူများကပြောကြားခဲ့သည်။ ဒိန်းမတ်နိုင်ငံတွင် အဆိုပါကြက်ဥ တန်ချိန် ၂၀ ကို ရောင်းချခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

Thursday, 17 Aug 2017

       ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ယခုနှစ်ဆန်တင်ပို့ မှုအား တန်ချိန် ၁၁ သန်းအထိ ရောက်ရှိပြီး အမြင့်ဆုံး စံချိန်တင်နိုင်မည်ဖြစ်ကြောင်း၊ ဒုတိယ နှစ်ဝက်အတွင်း သဘာဝဘေးအန္တရာယ် တွေ့ကြုံ ရသောနိုင်ငံများမှ ဝယ်လိုအားအသစ်များမြောက် မြားစွာရရှိခဲ့၍ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စအပီရာဒီတန်တရာဘွန်းက ဝန်ကြီးဌာနအနေဖြင့် ယခင် ခန့်မှန်းထားသည့် တန်ချိန် ၁၀ သန်းအစား တိုးမြှင့်ခန့်မှန်းထားခြင်း ဖြစ်ကြောင်း၊ နိုင်ငံအများစုမှ ထိုင်းဆန်ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။ အချို့သော  ရိုးရာဓလေ့အရ ဝယ်ယူသူများမှာ

Monday, 14 Aug 2017

         ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကုန်သွယ်မှုမြှင့်တင်ရေး အားထုတ်နိုင်ရန်အတွက်  ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သွားမည်ဟု ဖော်ပြထားပါသည်။ နိုင်ငံခြားကုန်သွယ် မှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ အဒူချိုတီနီဆခွန်းက ခရီးစဉ်အား သြဂုတ် ၇  ရက်မှ၁၂ ရက်အထိ သွားရောက်ရန် စီစဉ်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များကို လည်း ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ရန်ေ ဆာင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်တွင် ထိုင်းနိုင်ငံမှ  နယ်စပ်ကုန်သွယ်မှု ပမာဏအား ငါးရာခိုင်နှုန်း မြင့်တက်ပြီး  တန်ဖိုး ဘတ် ၁ ဒသမ ၈ ထရီလီယံရရှိရန် မျှော်မှန်းထားပါသည်။

Friday, 11 Aug 2017

       ချက်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ နှစ်  နိုင်ငံ  ကုန်သွယ်ရေးပူးပေါင်းဆောင် ရွက်မှုအစီအစဉ်အရ ကုန်တင်ရထား ဖြင့် ကုန်သွယ်မှုပြုလျက်ရှိရာ ချက်နိုင်ငံ မှ ကုန်ပစ္စည်းများကို တင်ဆောင်ခုတ် မောင်းလာသည့် ကုန်တင်ရထား သည် တရုတ်နိုင်ငံ၊ ဂျေးဂျန်းပြည်နယ်၊ Yiwu မြို့သို့    ပြန်လည်ဆိုက်ရောက်လာခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေး သားဖော်ပြခဲ့သည်။ အဆိုပါ ကုန်တင်ရထားသည် ပရာ့ဂ်မြို့မှ ဇူလိုင် ၂၀ ရက်က ထွက် ခွာလာခဲ့ခြင်းဖြ စ်ပြီး တရုတ်နိုင်ငံ၊ ဂျေးဂျန်းပြည်နယ်၊ Yiwu မြို့သို့ သြဂုတ်လ ၄ ရက် နံနက် ၁၁ နာရီတွင် ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည်  ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု  အစီအစဉ်ဖြင့် ဥရောပနိုင်

Friday, 11 Aug 2017

         ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၅ နှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တန်ချိန် တစ်သန်းဝယ်ယူ ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနဝန်ကြီး Pan Sorasak နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားသောက်ကုန်ဝန်ကြီးဌာနဝန်ကြီး Qamrul Islam တို့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် သြဂုတ်လ ၂ ရက်က နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း ဆင်ဟွာသတင်း တွင် ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စားသောက်ကုန်ဝန်ကြီးဌာနဝန်ကြီးက မိမိတို့အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တန်ချိန် နှစ်သိန်းနှင့် ပေါင်းဆန်တန်ချိန်ငါးသောင်းတို့ကို အမြန်ဆုံးဝယ်ယူလို

Wednesday, 9 Aug 2017

          ကမ္ဘောဇဘဏ်လီမိတက်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြားရှိ စီးပွားရေး၊ဘဏ်လုပ်ငန်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားသောကဏ္ဍများစွာအား  ပူးပေါင်းမြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံရှိ Export-Import ဘဏ်(EXIM Thailand) နှင့် ဇူလိုင် ၃၀ ရက်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ကမ္ဘောဇဘဏ်၏သတင်းထုတ်ပြန်ချက်အရသိရသည်။ အဆိုပါနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကိုStrand Square ရှိ ကမ္ဘောဇဘဏ်၏ International Banking Division ၌ကျင်းပခဲ့ရာ ကမ္ဘောဇဘဏ် International Banking Division ၏ Managing Director ဖြစ်သူ ဦးဝင်းလွင်နှင့် EXIM Thailand ဘဏ်မှ Mr.

Wednesday, 9 Aug 2017

          ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများ ပါဝင်သော BRICS နိုင်ငံများမှ ကုန်သွယ်ရေးဝန်ကြီးများ၏ နှစ်ပတ်လည်အစည်းအဝေးကို သြဂုတ်လ ၁ ရက်က ရှန်ဟိုင်းတွင် ကျင်းပခဲ့သည်။ ၎င်းအစည်း အဝေးတွင် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး၊ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစုံကုန်သွယ်မှုစနစ်တို့နှင့်စပ်လျဉ်း ၍ အဓိကထားဆွေးနွေးကြမည်ကြောင်း ရှန်ဟိုင်းတွင် နှစ်ရက်ကြာ ကျင်းပခဲ့သော ခုနစ်ကြိမ်မြောက် ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေး၏ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံစီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး  မစ္စတာကျုံရှန်

Wednesday, 2 Aug 2017

       သြစတြေးလျနိုင်ငံအစိုးရ ၊ စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ်ဝန်ကြီးဌာနမှ သြစတြေးလျနိုင်ငံသို့ ပုစွန်စိမ်းတင်သွင်းမှုကို ယာယီဆိုင်းငံ့ထားရာမှ ဇူလိုင် ၆ ရက်မှစတင်၍ ဖြေလျှော့လိုက်ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာ နမှ ပေးပို့ ချက်အရသိရှိရပါတယ်။ အဲဒီလိုဖြေလျှော့ရာမှာလည်း စည်းကမ်းချက်တွေနဲ့အညီ ဖြေလျှော့ခြင်း ဖြစ်ပြီး ပုစွန်စိမ်းတင်သွင်းသည့် နိုင်ငံများအနေနဲ့ World Organization for Animal Health (OIE) သတ်မှတ်ထား သည့် စံနှုန်းအတိုင်း White Spot Syndrome Virus (WSSV) ရောဂါပိုးနှင့် Yellow Head Virus (YHV)ရောဂါပိုးများအား စမ်းသပ်စစ်ဆေးထားကြောင်း ထောက်ခံချက်လိုအပ်ပြီး ထောက်ခံချက်ပုံစံတို့ကို

Wednesday, 12 Jul 2017

     ပြည်ပသို့  နှစ်စဉ်ဆန်တန်ချိန် တစ်သန်းတင်ပို့ရန် ကမ္ဘောဒီးယားနိုင်ငံ၏ ရည်မှန်းချက်ကို ပြည့်မီရန်အတွက် လို အပ်နေသည့်စပါးသိုလှောင်မှုဆိုင်ရာကိစ္စရပ်အား ဖြည့်ဆည်း ပေးနိုင်ရန် ဆန်သိုလှောင်ရုံများနှင့် စပါးကျီ အမြောက်အများ ဆောက်လုပ်မည့် အဆိုပြုစီမံချက်သည်တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုကုမ္ပဏီနှစ်ခုအား ဆွဲဆောင်လျက်ရှိကြောင်း သိရှိရ ပါသည်။ကမ္ဘောဒီးယားနိုင်ငံက တစ်နှစ်ဆန်တန်ချိန်တစ်သန်း ကို ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် လက်ရှိတွင်အဆိုပါပမာဏ ၏ ဆန် ၄၀ ရာခိုင်နှုန်းအတွက်သာ သိုလှောင်ရုံများရှိပြီး ၆၀ ရာခိုင်နှုန်းခန့်လိုအပ်လျက်ရှိကြောင်းသိရှိရသည်။

Thursday, 29 Jun 2017

        ဗြိတိသျှနိုင်ငံမှ စစ်တမ်းကောက် ယူရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အီကောနော်မစ်က နိုင်ငံပေါင်း ၁၃၀ ကျော်ကို ကောက်ယူထားသော  စစ်တမ်းအရ စင်ကာပူနိုင်ငံသည် နေထိုင်စရိတ် အကြီးမားဆုံးနိုင်ငံများတွင် ထိပ်ဆုံးက ပါဝင်နေဆဲဖြစ်ကြောင်း အက်စ်ဘီအာ အွန်လိုင်းသတင်းတွင် ဖော်ပြသည်။ ထိုကဲ့သို့ နေထိုင်စရိတ်ကြီးမား သော နိုင်ငံ တစ်နိုင်ငံအဖြစ် တည်ရှိနေသော်လည်း ကုန်စည်များအတွက် သုံးစွဲရာတွင် မြင့်တက်လျက်ရှိနေသော ကုန် ကျစရိတ်ကို  ရရှိနိုင်ရေးအတွက် အလုပ်အကိုင်  ရှာဖွေသူများသည် စင်ကာပူတွင်   လစာကောင်းကောင်း ရသော အလုပ်အကိုင်ကိုရရှိနိုင်စေရန် အသည်းအသန်  ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

Pages