Main menu

Background

Thursday, 24 May 2018

အမေရိကန် ကုန်ပစ္စည်းများကို ဝယ်ယူရန် အဆိုပြုထားသော အစီအစဉ် နှင့်  တရုတ်နိုင်ငံနှင့်   ကုန်သွယ်ရာတွင် အမေရိကန်ပြည်ထောင်စု၏ လိုငွေပြမှု ကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ခန့်လျှော့ချရန် အခြား အစီအမံများကို  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား   တရုတ်နိုင်ငံက ကမ်းလှမ်းထားသည်ဟု အဆိုပြုချက် နှင့် နီးစပ်သူများက ပြောကြောင်း  ရိုက် တာသတင်းတွင် ဖော်ပြသည်။

Friday, 30 Mar 2018

    ထိုင်းနိုင်ငံအစိုးရအနေဖြင့်၎င်းး၏တောင်သူလယ်သမားများကိုခိုင်မာစွာထောက်ပံ့နိုင်ရေးကြိုးပမ်းမှုတစ်ခု အဖြစ် အစိုးရအချင်းချင်းပူးပေါင်း၍   တိုက်ရိုက်ဆန်တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။ ထိုသို့ ပူး ပေါင်းဆောင်ရွက်နိုင်ရေးအတွက်သက်ဆိုင်ရာထိုင်းအစိုးရအာဏာပိုင်များမှအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်သည်။

Thursday, 28 Dec 2017

       ဗီယက်နမ်နိုင်ငံက ထုတ်လုပ် သည့်  ပင်လယ်စာထုတ်ကုန်များကို တောင်ကိုရီးယားနိုင်ငံသို့ ယခုနှစ် ပထမရှစ်လအတွင်း   အမေရိကန် ဒေါ်လာ ၄၇၅ သန်းဖိုး တင်ပို့နိုင်ခဲ့ရာ ယခင်နှစ် ကာလတူထက် ၂၇ ရာခိုင် နှုန်း ပို မိုတင်ပို့နိုင်ခဲ့ကြောင်း ဗီယက်နမ် နယူးစ်တွင်ဖော်ပြထားသည်။ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပင်လယ်စာထုတ်ကုန်များ တင်ပို့လျက်ရှိသည့် ဗီယက်နမ်နိုင်ငံမှ Nha Trang Seafood (F17) ကော်ပိုရေးရှင်းသည် ယခုနှစ် ပထမခြောက် လအတွင်း တောင်ကို ရီးယားနိုင်ငံသို့ တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၂၀ ကျော်  ရရှိခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၅ သန်းရရှိခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော

Thursday, 28 Dec 2017

        ဗီယက်နမ်နိုင်ငံ၏ စပါးကျီဟု တင်စား ခေါ်ဝေါ်လျက်ရှိသည့် မဲခေါင်မြစ်ဝှမ်းဒေသ သည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများ ကြောင့် မဲခေါင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စက်ရုံ များတွင် ရေများနည်းပါးနေပြီဖြစ်၍  မဲခေါင် မြစ်ဝှမ်းဖွံ့ဖြိုးတိုးတက်မှုကို ကြီးမားစွာ စိန်ခေါ် လျက်ရှိကြောင်း၊ မဲခေါင်မြစ်ဝှမ်း  ဂေဟဗေဒ ပညာရှင် ငုယင်ဟူသိမ်က ပြောကြားခဲ့သည်။ မဲခေါင်မြစ်ဝှမ်းတွင်  ဖြစ်ပေါ်လျက်ရှိ သည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် ဗီယ က်နမ်ပြည်သူများ၏  နေထိုင်မှုဘဝနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အကျိုးသက် ရောက်မှုရှိလာနိုင်သည်ဟုဆိုသည်။ အပူချိန်များမြင့်တက်လာပြီး ရာသီဥတု ပူပြင်းခြောက်သွေ့လာမှုကြောင့် အချိန်

Thursday, 28 Dec 2017

       တရုတ်နှင့်ထိုင်းသို့ဆက်သွယ်သည့် ပထမဦးဆုံး အဆင့်မြင့်ရထားလမ်း ဖောက်လုပ်မည့်စီမံကိန်းစတင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နာခွန်ရာချတ်စီမာတွင် ကျင်းပခဲ့သည်။ ထိုင်းနိုင် ငံနှင့် ရထားလမ်းဖောက်လုပ်ရန် သဘောတူညီမှုရရှိခဲ့သည့် အတွက် တရုတ်နိုင်ငံဝန်ကြီးချုပ် လီကျင်းပင်က ဂုဏ်ပြုစကားပြောကြားခဲ့သည်။အဆိုပါရထားလမ်းသည် တရုတ်နိုင်ငံက အကောင်အထည်ဖော်လျက်ရှိသည့် ရပ်ဝန်း တစ်ခု လမ်းကြောင်းတစ်ခုစီမံကိန်းကို အကျိုးပြုစေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်လီက ပြောကြားခဲ့သည်။ အဆိုပါရထားလမ်း၏ ပထမဆုံးလမ်းပိုင်းအဖြစ် ထိုင်းနိုင်ငံ၏ မြို့တော် ဗန်ကောက်နှင့် နာခွန်ရာချတ်စီမာပြည်နယ်ကို ဆက်သွယ်

Thursday, 21 Dec 2017

     အိန္ဒိယနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင် ရွက်မှုကို တိုးမြှင့်မည်ဖြစ်ကြောင်း၊ အိန္ဒိယ-အာဆီယံပူးတွဲတည်ထောင်မှု ၂၅ နှစ် ပြည့်အခမ်းအနားတွင် အိန္ဒိယနိုင်ငံရေနံနှင့်သဘာဝဓာတ်ငွေ့ဝန်ြ ကီး Dharmendra Pradhan က ဒီဇင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။ "အာဆီယံဒေသတွင်းနိုင်ငံတွေဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ ပါပဲ။ ဒါကြောင့် အဲဒီနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ဖို့နဲ့ အိန္ဒိယ နိုင်ငံရဲ့နက်ရှိုင်းတဲ့ သံတမန်ဆက်သွယ်မှုနဲ့အတူ အာဆီယံဒေသတွင်းနိုင်ငံများရဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် တိုးမြှင့်လုပ် ဆောင်သွားမှာ

Thursday, 21 Dec 2017

       တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ကို ဆက်သွယ်ပေး မည့် ပထမဆုံးလိုဏ်ခေါင်းကို လာအိုနိုင်ငံ ဗီယန်ကျင်း ပြည်နယ်တွင် တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ လိုဏ်ခေါင်း၏အရှည်မှာ ၃၀၁ မီတာ ရှည်လျားပြီး တရုတ်-လာအို မီးရထားလမ်း၏ ပထမဆုံးလိုဏ်ခေါင်း တစ်ခုဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော် ပြခဲ့သည်။ အဆိုပါလိုဏ်ခေါင်းကို စီနိုကော်ပိုရေးရှင်းအင် ဂျင်နီယားရင်းဗျူရို ၁၅ ကုမ္ပဏီက တည်ဆောက်ပေးခြင်း ဖြစ် သည်။ ယင်းကုမ္ပဏီ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Bai Jian က လိုဏ်ခေါင်းကို အဆင့်မြင့်အရည်အသွေးမြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံမှုကိုဦးစားပေးပြီး တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ လို ဏ်ခေ

Thursday, 21 Dec 2017

       ဆဋ္ဌမအကြိမ်မြောက် အာဆီယံ-အီးယူ စီးပွားရေးညီလာခံ (ASEAN- EU Business Summit 2018) ကို ၂၀၁၈ ခုနှစ် မတ် ၂ ရက် တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါညီလာခံတွင် ဥရောပကုန်သည်ကြီး များကော်မရှင် အစည်းအဝေးနှင့်အတူ အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးတို့ကိုပါ ပူးတွဲ၍ ကျင်းပမည်ဖြစ်သည်။ အဆိုပါကြေညာချက်ကို ဒီဇင်ဘာ ၁၂ ရက် က အီးယူ-အာဆီယံစီးပွားရေးကောင်စီ  (EU-Asean Business Council)၊ စင်ကာပူနိုင်ငံမှ ဥရောပ စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်- ယူရိုချန်း (EuroCham) နှင့် စင်ကာပူစီးပွားရေးအဖွဲ့ချုပ် (Singapore Business Federation-SBF) တို့ ပူးတွဲ၍ သတင်းထုတ်ပြန်  ကြေညာခဲ့ြ ခင်းဖြစ်သည်။

Friday, 15 Dec 2017

         ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိသည့် ဂျပန်နိုင်ငံမှ ကုမ္ပဏီများသည် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်း နှီးမြှုပ်နှံမှုများအား တိုးချဲ့မြှင့်တင်မည်ဖြစ်ကြောင်း ခမာတိုင်းမ်သတင်းတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံလျက်ရှိသည့်  မင်နီဘာအာ ကမ္ဘောဒီးယားကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ တစ်ခုဖြစ်သည့်  မင်နီဘာအာမတ်ဆုမိကုမ္ပဏီသည် ကမ္ဘောဒီးယား နိုင်ငံတွင် ဆေးနှင့်ဆေးပစ္စည်း ကိရိယာများ၊ အခြားသော ကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့လျက် ရှိရာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၆၃သန်း တိုးမ

Pages