Main menu

Background

Friday, 17 Feb 2017

        ပူးတွဲကုန်အမှတ်တံဆိပ်အသုံး ပြုမှုသည် အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် အသုံးတွင်ကျယ်လာသော နည်းလမ်းတစ်ခု ဖြစ်လာသည့်အတွက် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများက ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက် ဝင် ရော က်ရာတွင် အလွယ်ကူဆုံးနည်းလမ်းတစ်ခု အဖြစ်အသုံးပြုလာကြောင်း ဗီယက်နမ်နယူးစ်သတင်းတွင် ဖော်ပြသည်။ ဤနည်းလမ်းကို  အသုံးပြုသော ဗီယက်နမ်စီးပွားရေးလုပ်ငန်းများတွင် ဖိနပ်ထုတ်လုပ်ရေးလုပ်ငန်း Biti နှင့် လ က်ဝတ်ရတနာ ထုတ်လုပ်ရေးလုပ် ငန်း PNJ တို့မှာ ပထမဆုံး ပြည်တွင်း စီးပွားရေးလုပ်ငန်းများဖြစ်ကြသည်။

Friday, 17 Feb 2017

       စည်းမျဉ်းတင်းကျပ်ပြီး ထိပ်ပိုင်းမှ အောက်ခြေအဆင့်သို့သွားသော ကုမ္ပဏီ၏ဆက်ဆံရေးကို ပြုပြင်ရန်အတွက် ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီက လာမည့်လတွင် အလုပ်အကိုင်အဆင့်သတ်မှတ်ချက်ကို ထူးထူးြ ခားခြား ပြုပြင်သွားမည်ဟု ကုမ္ပဏီအရာရှိများက ပြောကြောင်း ယွန်းဟပ်သတင်းတွင်ဖော်ပြသည်။ ဆမ်ဆောင်းကုမ္ပဏီရှိ အလုပ်အကိုင်ရာထူးနေရာများ၏ အမှုဆောင်အဆင့်ရာထူးနေရာများအောက်ရှိ အလုပ်အကိုင် အဆင့်များ ကို မူလကအဆင့် ခုနစ်ဆင့်ထားရှိရာမှ လေးဆင့်သို့ လျှော့ချမည်ဖြစ်ကြောင်း ဆမ်ဆောင်းဂရုပ်က ပြောသည်။ စနစ်သစ် အဆင့်လေးဆင့်ကို သတ်မှတ်ရာ တွင် ဝါစဉ်အလိုက်သတ် မှတ်ခြင်းမဟုတ်ဘဲ အလုပ်အကိုင် စွမ်းဆောင် ရည်အရ သတ်မှတ်ခြင်းဖြစ်သည်။

Friday, 10 Feb 2017

        ၂၀၁၆ ခုနှစ်တွင် နယူးဇီလန် နိုင်ငံ၏ အဓိကထိပ်တန်းပို့ကုန်နှစ်မျိုး ဖြစ်သည့် အသားနှင့် နို့ထွက်ပစ္စည်း တို့၏ ပို့ကုန်တန်ဖိုးများ ကျဆင်းခဲ့ ကြောင်း ဇန်နဝါရီ ၃၀ ရက်တွင် အစိုးရ စာရင်းအင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိ ရသည်။ ၂၀၁၆ ခုနှစ်တွင် စုစုပေါင်း ပို့ကုန် တင်ပို့မှုတန်ဖိုးသည်  အမေရိကန် ဒေါ်လာ ၃၅ ဒသမ ၂၄ ဘီလီယံရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ထက် အမေရိကန်ဒေါ်လာ ၃၉၅ ဒသမ ၈၇ သန်းလျော့နည်းခဲ့ ကြောင်း အဆိုပါဌာန၏စာရင်းများ တွင်ဖော်ပြထားသည်။ ယင်းကဲ့သို့ကျဆင်းမှုသည် ဒုတိယအကြိမ်မြောက် ဆက်လက်ကျဆင်းခဲ့ခြင်းဖြစ်သည်။

Thursday, 9 Feb 2017

        အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၁ရက်မှ ၂၇ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုညဒသမ ၆၄၅ သန်း တန်ဖိုးရှိ ကွမ်းသီး ၇၉၂ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ် ပတ်က ၆၁၈တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၇၄ တန်ပိုမို တင်ပို့နိုင်တယ်လို့သိရပါတယ်။ ပိုမိုရခြင်းမှာ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းရော ရိဒ်ကုန်သွယ်ရေးစခန်းပါ ကွမ်း သီးများ ပိုမိုတင်ပို့နိုင်တဲ့အတွက်ေ ကြာင့်ဖြစ်တယ်လို့  သိရ ပါတယ်။

Thursday, 9 Feb 2017

        မောင်းသူမဲ့မော်တော်ကား ရှေ့ ပြေးပုံစံများကို ကယ်လီဖိုးနီးယားလမ်း များနှင့် အဝေးပြေးလမ်းမများပေါ်တွင် လူ့ အကူအညီမပါဘဲ စမ်းသပ်မောင်း နှင်ရာတွင်   အခြေအနေ  တိုးတက် ကောင်းမွန်သည်ဟု  ကယ်လီဖိုးနီး ယားသယ်ယူပို့ဆောင်ရေး ကြီးကြပ် ရေးအဖွဲ့က ဖေဖော်ဝါရီ ၁ ရက်တွင် အများပြည်သူသို့ ထုတ်ပြန်ချက်အရ သိရကြောင်း အေပီသတင်းတွင် ဖော်ပြသည်။ ယခုထုတ်ပြန်ချက်သည် အများ ပြည်သူလမ်းမများပေါ်တွင် မော်တော် ကား ၁၀၀ ကျော်ကို  စမ်းသပ်မောင်းနှင်ပြီး ကုမ္ပဏီ ၁၁ ခုကထုတ်ပြန်ခဲ့သည့် အစီ ရင်ခံစာများနှင့်လည်း ကိုက်ညီမှုရှိသည် ကိုတွေ့ရသည်။ ကုမ္ပဏီ ၁၁ ခု၏ စမ်း သပ်မောင်းနှင်မှုမှာ နည်းပညာဖွံ့ဖြိုး တိုးတက်ရာနေရာဖြစ်သော စီလီကွန်ဗ

Thursday, 9 Feb 2017

           မလေးရှားနိုင်ငံ၏ ရော်ဘာဈေးနှုန်းများမှာ ကျဆင်းလျက်ရှိပြီး တိုင်းပြည်စီးပွားရေးတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။ တွေ့ကြုံနေရ သော အခက်အခဲများ လျော့ပါးသက်သာစေရန်အတွက် အစိုးရက မလေးရှားနို င်ငံအတွင်းတွင် ရော်ဘာကိုခင်းထားသော မော်တော်ကားလမ်းများ ဖောက်လုပ်ရေးစီမံကိန်း ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း Speedlux သတင်းတွင်ဖော်ပြသည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းရော်ဘာ ထုတ်လုပ် သူများကို ကယ်တင်နိုင်ရုံသာမက နိုင်ငံအတွင်းရှိ မော်တော်ကား မောင်းနှင်သူများအတွက် ပိုမိုကောင်းမွန်သော အဝေးပြေးလမ်းမကြီးများကို အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။

Friday, 3 Feb 2017

       အခက်အခဲများနှင့် ကြုံတွေ့နေရသော်လည်း ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း ဆန်တန်ချိန် ငါးသန်းကို ပြည်ပသို့တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဗီယက်နမ်အစားအစာအသင်းက ပြော ကြောင်း ဗီယက် နမ်နယူးစ်သတင်းတွင် ဖော်ပြသည်။ ဗီယက်နမ် အစားအစာအသင်း၏ ၂၀၁၆ ခုနှစ် လုပ်ငန်းဆောင် ရွက်မှု ပြန်လည်လေ့လာသုံးသပ်ရေး အစည်းအဝေးကို ဟိုချီမင်းစီးတီး တွင် ဇန်နဝါရီ ၂၃ ရက်က ကျင်းပခဲ့သည်။ ၂၀၁၆ ခုနှ စ်က ဗီယက်နမ်နိုင်ငံ သည် ဆန်တန်ချိန် ၄ ဒသမ ၈၉ သန်းကို  ရောင်းချခဲ့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၂ ဘီလီယံ ရှိခဲ့သည့်အတွက် ပမာဏ အားဖြင့် ၂၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး တန်ဖိုးအားဖြင့် ၂၀ ဒသမ ၅၇ ရာခိုင်နှုန်

Wednesday, 1 Feb 2017

        တရုတ်နှစ်သစ်ကူးရာသီကြောင့် ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများရှိ ဆန်ပို့ကုန်ဈေးကွက်များတွင် ဝယ်လက်မရှိ သဖြင့် ဈေးကွက်အေးနေသော်လည်း အိန္ဒိယနိုင်ငံတွင်မူ  အစိုးရကိုယ်စားလှယ်များနှင့် ပို့ကုန်လုပ်ငန်းရှင်များက ဆန်ကို သူ့ထက်ငါ အပြိုင်အဆိုင်ဝယ်ယူလျက်ရှိခြင်းကြောင့် အိန္ဒိယနိုင်ငံတွင် ဆန်ဈေးနှုန်းသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ လ တတိယပတ်အတွင်း ဈေးတက်ခဲ့ကြောင်း သိရှိရသည်။ ကမ္ဘာတွင် ဆန်အများဆုံးတင်ပို့သည့် အိန္ဒိယနို င်ငံ တွင် အစိုးရကိုယ်စားလှယ်များနှင့် ပို့ကုန်လုပ်ငန်းရှင်များ က ပြည်တွင်းဈေးကွက်ရှိ မကြိတ်ခွဲရသေးသည့် ဆန်များကို ဈေးမြှင့်၍ ဝယ်ယူမှုကြောင့် ဆန်ကွဲငါးမှတ်ပါ ပေါင်းဆန် ဈေးနှုန်းသည် တစ်တ

Thursday, 19 Jan 2017

ဇန်နဝါရီ  ၉ ရက်က ထုတ်ပြန်ခဲ့သော အဂရီ  ဝပ်ချ် ရက်သတ္တပတ် အစီရင်ခံစာတွင် အိန္ဒိယနိုင်ငံ ဆောင်းရာသီပဲမျိုးစုံ စိုက်ပျိုးမှုအခြေအနေနှင့် မွမ် ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိသော ပြည်တွင်း ပဲဈေးနှုန်း၊ မြန်မာ ပဲမျိုး စုံနှင့် ပြည်ပမှဝင်ရောက်လာ သော ပဲမျိုးစုံတို့၏  ဈေးနှုန်းများကို ဖော်ပြထားသည်။
ပဲမျိုးစုံဆောင်းရာသီစိုက်ပျိုးမှု

Wednesday, 18 Jan 2017

၂၀၁၇ ဇန်နဝါရီလ ပထမပတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းသုံးခုမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၀၂ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၄၆၀၈၉ တန်ကျော် တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ် ၄၀၆၃၂ တန်ကျော်၊ လွယ်ဂျယ်မှ ၆၆၄တန်နီးပါးနဲ့ ချင်းရွှေဟော်မှ ၄၇၉၂ တန်ခန့်ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးစခန်းစုံမှ ပြောင်းတန်ချိန် ၄၉၃၂၀ ကျော်အထိ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ပြောင်းတန်ချိန် သုံးထောင်ကျော် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ဒီဇင်ဘာ ၃၁ရက်မှ ဇန်နဝါရီ ၆ရက် အထိ သီတင်းပတ်တွင် ပြောင်းတစ်တန်ရဲ့ မိမိဘက်ဈေးမ

Pages