Main menu

Background

Monday, 8 Aug 2016

         အမေရိကန် ပြည်ထောင်စုရဲ့ ရေနံစိမ်းဈေးနှုန်းက ဇွန်လ အတွင်းမှာ တစ်စည်ကို အမေရိကန်ဒေါ်လာ ၅၀ အထိ ရောက်ရှိပြီး အမြင့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ နှစ်နှစ်ကြာ ရေနံ စိမ်းဈေးနှုန်း ကျဆင်းမှုလည်း အဆုံးသတ်ပြီလို့ ယူဆလာ ကြကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ နောက် ထပ်ရက်သတ္တပတ် ခြောက်ပတ်အကြာမှာတော့ ရေနံဈေးတွေ ပြန်လည်နာလန်ထူမယ်ဆိုတဲ့  ရည်မှန်းချက်  မပြည့်ဝသေး တာကို တွေ့ရပါတယ်။ ထုတ်လုပ် မှုများတိုးတက်ပြီး ရေနံတွင်းတူးစင်များ ပိုမို များပြားလာချိန်မှာ ဝယ်လိုအားက မျှော်မှန်းထားသလောက် ဖြစ်မလာတဲ့အတွက် ရေနံဈေးနှုန်းတွေ ပြန်လည်နာလန်ထူ မြင့်တက်လာဖို့အတွက် နောက်ထပ်တစ်နှစ်  သို့မဟုတ် တစ် နှစ်ကျော်လောက် အချိန်

Monday, 8 Aug 2016

   အပြည်ပြည်ဆိုင်ရာ  ဈေးကွက် အတွင်းသို့  ဗီယက်နမ် ကုန်အမှတ်တံ ဆိပ်များက ထိုးဖောက် ဝင်ရောက်ရာမှာ ဒစ်ဂျစ်တယ်နည်းနဲ့ ဈေးကွက်ရှာဖွေမှု (ဒစ်ဂျစ်တယ်မားကက်တင်း)က ပေါင်း ကူးသဖွယ် ဆောင်ရွက်ပေးတယ်လို့ ဇူလိုင် ၂၇ ရက်က ဟနွိုင်းမြို့မှာ ကျင်းပ တဲ့ ၂၀၁၆ခု ဗီယက်နမ်စီးအီးအို ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာသူ တွေကပြောကြောင်း ဗီယက်နမ်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ဒစ်ဂျစ်တယ်မားကက်တင်းက ကုန်ပစ္စည်း သစ်တွေကို ဈေးကွက်သို့ လျင်မြန်စွာ စတင်တင်ပို့ပေးနိုင်တဲ့အတွက် အနာဂတ်ကာလမှာ ဒီလုပ်ငန်းက ဗီယက်နမ်မှာ ခိုင်မာစွာ ဖွံ့ဖြိုးနိုင်ပါတယ်။ ဒါကြောင့် ကုန်အမှတ်တံဆိပ် တွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် သမားရိုး ကျ ကြော်ငြ

Monday, 8 Aug 2016

    အိန္ဒိယဒစ်ဂျစ်တယ် စီးပွားရေးရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် အွန်လိုင်းမှဆက်သွယ်မှု  လွယ်ကူ ရေး၊ ဆက်သွယ်မှု ကုန်ကျစရိတ်သက်သာရေး၊ အရည် အသွေးပြည့်  အနုပညာဖန်တီးမှု ပေါ်ပေါက်ရေးနဲ့ အွန်လိုင်းမှမီဒီ ယာ တင်ဆက်မှုများရဲ့ ပိုင်ဆိုင်ခွင့် များကို အကာအကွယ်ပေးရေးတို့က အဓိက မောင်း နှင်အားဖြစ်လိမ့်မယ်လို့ အိန္ဒိယကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (FICCI) က မကြာ သေးမီက ဆောင်ရွက်ခဲ့ တဲ့ နှီးနှော ဖလှယ်ပွဲမှာ အိန္ဒိယ ရုပ်ရှင်လုပ်ငန်းနဲ့  ဒစ်ဂျစ်တယ်  စီးပွားရေးလုပ်ငန်းမှ အကြီးတန်း အမှုဆောင်များကပြောကြောင်း  တယ် လီဗီးရှင်းပို့စ်သတင်းမှာ ဖော်ပြပါတယ်။

Monday, 8 Aug 2016

      (၄၉)ကြိမ်မြောက် အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေး (AMM)ကို လာအိုနိုင်ငံ  ဗီယင်ကျန်းမြို့မှာ ဇူလိုင် ၂၆ ရက်က ကျင်းပပြီးဆုံးခဲ့ပါ တယ်။ အစည်းအဝေးအပြီးမှာ တောင် တရုတ်ပင်လယ်ပိုင်နက်နယ်မြေ အငြင်း ပွား မှုနဲ့ ပတ်သက်ပြီး ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ " သဘောတူညီချက်အရ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေဟာ ဘုံအကျိုးစီးပွားကို ညီညီညွတ်ညွတ် ကာကွယ်ဆောင် ရွက်နေတယ်ဆိုတဲ့အချက်ကို ပြသ လျက်ရှိနေတာ ကို တွေ့ရပါတယ်"လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက် တနိုမာဆုဒီက ပြောပါတယ်။

Monday, 8 Aug 2016

     ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို) အဖွဲ့ဝင်နိုင်ငံများ အချင်း ချင်း ကုန်သွယ်မှုပြုရာမှာ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး  အစီအမံ များထက် ကုန်သွယ်မှုကန့်သတ်ချက် အစီအမံများကို ပိုမိုဆောင်ရွက်လာ ကြောင်း ဂျီတီရီဗျူးသတင်းမှာ ဖော်ပြပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလလယ်မှ ၂၀၁၆ ခုနှစ် မေလလယ်ထိ ပြန်လည်သုံးသပ်တဲ့ ကာလအတွင်း အဖွဲ့ဝင်နိုင်ငံများက ကျင့်သုံးခဲ့တဲ့ ကုန် သွယ်ရေး ကန့်သတ်ချက် အစီအမံပေါင်း ၁၅၄ခု ရှိခဲ့ကြောင်း ဒဗလျူတီအိုမှ နောက်ဆုံးထုတ်ပြန်တဲ့  အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ယခုပမာဏက ယခင်စစ်တမ်း ကောက်ယူခဲ့တဲ့ကာလနဲ့ နှိုင်းယှဉ်ပါက ၄၇ရာခိုင်နှုန်း ပိုမို တိုးတက်လာတာဖြစ်ပါတယ်။  လစဉ် ပျမ်းမျှ တွက်ချက်

Monday, 8 Aug 2016

     တောင်တရုတ်ပင်လယ်အတွက် ဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုတွေ ကြီး ထွားနေတာကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)က ရပ်တန့် အောင် မဆောင်ရွက်နိုင်ရင် ဒေသတွင်းမှာ စီးပွားရေးဂယက်ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့  ကျွမ်းကျင်သူတွေက သတိပေးထားကြောင်း စတန်းဒတ် ဘစ္စနက်သတင်းမှာ ဖော်ပြပါတယ်။ "တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီး နှစ်စဉ် ကုန်သွယ်ရေး လမ်းကြောင်း ဖြတ်သန်းမှုက အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ထရီလီယံအထိရှိပါတယ်။ စုစု ပေါင်းကုန်သွယ်မှုအနက် အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၁ဒသမ ၂ထရီလီယံရှိပါတယ်။ အကျပ်အတည်း ပေါ်လာပြီဆိုရင် အာမခံကြေး တိုးတက် လာပြီး တစ်ဆင့်ခံသယ်ယူမှုလမ်းကြောင်းမှ သယ်ယူစရိတ်  မြ

Thursday, 4 Aug 2016

          အိန္ဒိယဗဟိုအစိုးရသည် ပြည် နယ်အစိုးရများနှင့်ပူးပေါင်း၍ ကျေးရွာပေါင်း ၁၂၅၀၀၀ အား  ဆက်သွယ်ချိတ်ဆက်နိုင်ရန် မီနီ ဘတ်(စ်) ၈၀၀၀၀ ဝယ်ယူအသုံးပြုမည်ဖြစ်ကြောင်း၊  ထိုသို့ဆောင် ရွက်ခြင်းသည် Tata Motors Ltd နှင့် Mahindra and Mahindra Ltd ESifh Ashok Leyland Ltd ကဲ့သို့သော အိန္ဒိယနိုင်ငံအတွင်း မီနီဘတ်(စ်) ထုတ်လုပ်သူများအတွက် မမျှော်လင့်ဘဲ ရရှိလာသည့် ဈေးကွက် အခွင့်အလမ်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဈေးကွက်ဝင်ရောက်မှု လွယ်ကူစေရေး၊ အလုပ် အကိုင်ရရှိမှုနှင့် ပညာရေးအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာ စေရေး စီစဉ်ဆောင်ရွက်ပေးနိုင်ရန်နှင့်   နိုင်ငံ၏ စီးပွားရေး အချက် အချာဒေသ

Monday, 18 Jul 2016

တရုတ်စားအုန်းဆီကြမ်းဈေးနဲ့   အမေရိကန်ပြည် ထောင်စု  ပဲပုပ်ဆီဈေးကျဆင်းမှုတို့ကြောင့် မလေးရှားစားအုန်း ဆီ ကြိုရောင်းကြိုဝယ်ဈေးမှာလည်း ဇူလိုင် ၁၄ ရက်မှာ ကျ ဆင်းလာခဲ့ကြောင်း ဘီရီကော်ဒါသတင်း မှာ ဖော်ပြပါတယ်။

Wednesday, 6 Jul 2016

အရေးကြီးတဲ့    ဆေးဝါးများရဲ့ ဈေးနှုန်းတွေကို  ထိန်းချုပ်လိုက်တဲ့ လုပ်ရပ်ကြောင့်   မျှော်လင့်မထားတဲ့ အခက်အခဲများကို ကြုံတွေ့ခဲ့ရကြောင်း အသည်းဆေး၊  ကင်ဆာဆေး၊ ခွေးရူး ရောဂါ ကာကွယ်ဆေးနဲ့ မြွေဆိပ်ဖြေ ဆေး အပါအဝင် ဆေးဝါးအများအပြား နဲ့ နောက်ဆုံးIV Saline    ဓာတ်ဆားရည် အထိ  ဖြန့်ဖြူးမှုကျဆင်းခြင်း သို့မဟုတ် ဆေးရုံများနဲ့ ဆေးဆိုင်တွေမှာ   ဆေး များပြတ်လပ်ခဲ့ကြောင်းတိုင်းမ်အော့ အိန္ဒိယသတင်းမှာ    ဖော်ပြပါတယ်။

Tuesday, 5 Jul 2016

ရောင်းလိုအားနဲ့ ဝယ်လိုအား အခြေအနေများ အား နည်းခြင်းနဲ့ ရင်းဂစ်တန်ဖိုးပိုမိုမြင့်တက်မှုတို့ကြောင့် ဇွန် ၂၉ ရက်မှာ မလေးရှား စားအုန်းဆီဈေးတွေက ခုနစ်လအတွင်း အနိမ့်ဆုံးနှုန်းကို ကျရောက်ခ

Pages