Main menu

Background

Thursday, 1 Sep 2016

အိန္ဒိယနိုင်ငံတစ်ဝန်းရှိ တောင်သူ လယ်သမားများသည် လက်လီ စားသောက်ကုန်လုပ်ငန်းများ၌ ရာနှုန်း ပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ကြိုဆိုလျက်ရှိသည်။ နိုင်ငံတကာအဆင့်မီကုမ္ပဏီများဝင်ရောက်လာပြီး အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ ကာ၊ စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နေသည့် လူ့အသိုက်အဝန်း အား ကူညီမှသာလျှင် ၎င်းင်းတို့အနေဖြင့် ကိုယ်တိုင်   ရပ်တည်လာနိုင်မည်ဖြစ် သည်။ နိုင်ငံတကာ  ကုမ္ပဏီ များ ဝင် ရောက်လာမှသာလျှင် လက်ဝါးကြီးအုပ် ခြယ်လှယ်ခြင်းနှင့်ထိန်းချုပ်မှု အလေ့ အထများဖြင့် အကျည်းတန်နေသည့် ဈေးကွက်တွင်ယှဉ်ပြိုင်မှုများပေါ်ပေါက် လာမည်ဖြစ်သည်ဟု လယ်သမားများက ယုံကြည် ထား သည်။ သ

Thursday, 25 Aug 2016

    တောင်တရုတ် ပင်လယ်ပြင် အငြင်းပွားမှုကြောင့် ဖြစ်ပေါ်ရသော တင်းမာမှုများကို    လျော့ပါးစေရန် အတွက်  Code Of Conduct မူဘောင် ကို ၂၀၁၇ ခုနှစ် အလယ်ပိုင်းမှာ အပြီး သတ်ဆောင်ရွက်ဖို့ တရုတ်နဲ့  အာဆီ ယံ တို့က ဆောင်ရွက်နေကြတယ်လို့ သြဂုတ် ၁၇ ရက်က နိုင်ငံပိုင် မီဒီယာ တွေမှာ ဖော်ပြထားကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံနဲ့   အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတို့က မဟာဗျူဟာရေကြောင်း လမ်းမှာ ပဋိပ က္ခဖြစ်ပွားမှုတွေ ဆက်လက်ဖြစ်ပေါ်လာမှာကို ရှောင်ရှားနိုင် ဖို့အတွက် စည်းမျဉ်းဥပဒေတွေ ချမှတ် ဖို့ ၂၀၁၀ ခုနှစ်ကတည်းက စတင်ဆောင် ရွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံက တောင် တရုတ်ပင်လယ်မှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံ ရဲ့ အချုပ်

Thursday, 18 Aug 2016

     မြန်မာနိုင်ငံတွင် ကော်ဖီပင်၊ လက်ဖက်ပင်များအား အအေးပိုင်း ဒေသဖြစ်သည့် ရှမ်းပြည်နယ် မြောက် ပိုင်း ကျောက်မဲနဲ့ ပြင်ဦးလွင်မြို့တို့တွင် အများဆုံး စိုက်ပျိုးဖြစ်ထွန်းပြီး၊ ယခင်က ပြင်ဦးလွင် ခြင်္သေ့ကော်ဖီမှုန့်သည် အေ ရာအနှောမပါသဖြင့် (PureCoffee) ဟု နာမည်ရခဲ့ပါသည်။ ယခုအခါနည်းညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စားသုံးကုန်များသည် ရောင်းလိုအား မြှင့်တင်သကဲ့သို့ ဝယ်လိုအားလည်း အရှိန် မြင့်လာခဲ့ပါသည်။ ယခင်က ပို့ကုန်တင်ပို့ရာတွင် ကော်ဖီစေ့သာ တင်ပို့နိုင်ခဲ့ပြီး ယခုအခါ Coffee Mix အသင့်ပြုလုပ်နိုင်သော Raw For Instant Coffee Powder အား ပြည်ပနိုင်ငံများမှ ဈေးကွက်ဝယ်လိုအားရှိသဖြင့် စင်ကာပူနိုင်ငံသို့

Monday, 15 Aug 2016

        ဆော်ဒီအာရေးဘီးယား နိုင်ငံ မှာ အလုပ်လုပ်ကိုင်လျက်ရှိကြတဲ့ အိန္ဒိယနိုင်ငံသား အလုပ်သမား အများ အပြားဟာ အလုပ်မှထုတ်ပယ်ခံရတဲ့ အတွက် စားသောက်ရေးကိစ္စသာမက လေယာဉ်လက်မှတ် ဝယ်ယူဖို့အတွက် ပါ ငွေကြေးအခက်အခဲ ကြုံတွေ့နေရ တာကြောင့် ဆော်ဒီအာရေးဘီးယား မှာ သောင်တင်လျက်ရှိပါတယ်။ အဆိုပါ အလုပ်သမားများအား ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အိန္ဒိယ Junior Foreign Minister ဗီဂျေးကူမာ ဆင်း က သြဂုတ် ၃ ရက်မှာ ဆော်ဒီအာ ရေးဘီးယားနိုင်ငံသို့ သွားရောက်ခဲ့ပါ တယ်။  ဒီအခက်အခဲများကို   အမြန်ဆုံး ဖြေရှင်းပေးမှာဖြစ်ကြောင်း ဆော်ဒီအာ ရေးဘီးယားကလည်း ပြောပါတယ်။

Monday, 15 Aug 2016

       အိန္ဒိယအထက် လွှတ်တော် (ပါလီမန်)က အခွန်ပြောင်း လဲရေး ဥပဒေကြမ်းကို သြဂုတ် ၃ ရက်က အတည် ပြုခဲ့ကြောင်း အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။ ဥပဒေကြမ်းကိုအတည် ပြုပေးခြင်းအားဖြင့် အမျိုးသားရောင်း ခွန် ဥပဒေသစ်ကို စတင် မိတ်ဆက်ပေးနိုင်တော့မှာဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးမှာ ဘုံဈေးကွက် တစ်ခုကို ပထမအကြိမ်အဖြစ် ထူထောင်ပေးနိုင်တော့မှာ ဖြစ် ပါတယ်။ ဥပဒေမူကြမ်းကို လွှတ်တော်သို့ မတင်ပြမီ ဝန်ကြီးချုပ် နရိန္ဒရာ မိုးဒိအစိုးရအဖွဲ့က ကွန်ဂရက်ပါတီနဲ့ တခြား အတိုက် အခံပါတီဝင်များရဲ့ သဘောတူညီမှုရရှိအောင် ဆောင်ရွက် နိုင်ခဲ့ပါတယ်။ လွှတ်တော်မှာ နာရီပေါင်း များစွာဆွေးနွေးပြီး နောက် ကုန်စည်နဲ့ ဝန်ဆောင်မှုအခွန် (Goods and Ser

Monday, 15 Aug 2016

       ယခုနှစ် ပထမ ခုနစ်လအတွင်း ဗီယက်နမ်နိုင်ငံမှာ စီးပွားရေးလုပ်ငန်း ပေါင်း ၆၄၀၀၀ တည်ထောင်ခဲ့ရာ စုစုပေါင်း မှတ်ပုံတင် ရင်းနှီးမြုပ်နှံမှု ပမာဏ ဗီယက်နမ်ဒေါင် ၄၉၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၃၆ ဘီလီယံ)  ရှိတယ်လို့ အထွေထွေစာရင်းရုံးက ထုတ်ပြန်ကြောင်း ဗီယက်နမ် နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ လုပ်ငန်းသစ်တွေရဲ့ နှစ်အလိုက် တိုးတက် မှုနှုန်းက အရေအတွက်အားဖြင့် ၂၃ ဒသမ ၃ ရာခိုင်နှုန်းနဲ့ မတည်ရ င်းနှီးငွေ အရ ၅၄ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြပါတယ်။

Monday, 8 Aug 2016

      ယခုနှစ် ဒုတိယ  သုံးလပတ်မှာ အလုပ်လက်မဲ့နှုန်း မြင့်တက်ပြီး ခုနစ်နှစ်အတွင်း  အလုပ်မှ  ထုတ်ပယ်မှု အမြင့်ဆုံးကို  ရောက်ရှိလာတဲ့အတွက် စင်ကာပူ လုပ်သားဈေးကွက်မှာ အကျပ် အတည်းဖြစ်မယ့် လက္ခဏာတွေ မြင့် တက်လာခဲ့ကြောင်း စထရိတ်တိုင်းမ် သတင်းမှာ ဖော်ပြပါတယ်/ စင်ကာပူ နိုင်ငံရဲ့ ပြည်ပဝယ်လို အားကလည်း နှေးကွေးနိမ့်ကျနေဆဲ ဖြစ်ပြီး ဖော်ပြပါ ပြည်ပဝယ်လိုအားကိုပဲ စင်ကာပူစီးပွားရေးက မှီခိုနေရတဲ့ အ တွက်  လက်ရှိ အခြေအနေအတိုင်း ယခုနှစ်ကုန်ထိ   ဆက်လက်တည်ရှိနေ လိမ့်မယ်လို့   စီးပွားရေးကျွမ်းကျင်သူ တွေက ခန့်မှန်းပါတယ်။ စင်ကာပူ နိုင်ငံသားနဲ့ အမြဲတမ်း နေထိုင်ခွင့်ရသူ တွေရဲ့ အလုပ်လက်မဲ့နှုန်းက ဇွန်မှာ ၃ရာခိုင် နှုန်းရ

Monday, 8 Aug 2016

    နိုင်ငံခြားငွေမတည်ငွေများ အလုံးအရင်းနဲ့ စီးထွက်သွားပါက ကောင်းစွာ ထိန်းသိမ်းထားရှိနိုင်ဖို့အတွက် လာမယ့်နှစ်ကစပြီး အရန်ငွေကြေးများကို ပိုမိုထား ရှိဖို့ ပြဋ္ဌာန်းမယ်လို့ ဇူလိုင် ၂၅ ရက်က တောင်ကိုရီးယား  ထိပ်တန်း ဘဏ္ဍာရေး ကြီး ကြပ်မှုအဖွဲ့ကပြောကြောင်း ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။

Monday, 8 Aug 2016

     မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေမှာ အလုပ်သမား သပိတ်များ  အဆက်မပြတ်  ဖြစ်ပွားခဲ့ တဲ့အတွက် တောင်ကိုရီးယား ရဲ့ဇူလိုင် ပို့ကုန်က ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် ဆက်လက်ကျဆင်းခဲ့တယ်လို့  ဇူလိုင် ၂၅ ရက် မှာ ကုန်သွယ်ရေးဝန်ကြီးက ပြောကြောင်း ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။ မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ ဟွန်ဒိုင်းမော်တာကုမ္ပဏီနဲ့ ကီးယာမော်တာကုမ္ပဏီ တွေမှာ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ် ေ ပါ် လာတဲ့ အတွက်  ဇူလိုင် မော်တော် ကားထုတ်လုပ်မှုက ကားစီးရေ ၁၆၀၀၀ ထိ ကျဆင်းနိုင်ကြောင်း ဆီဂျောင်းမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ကုန်သွယ် ရေးဝန်ကြီး ဂျူးဟွန်ရှန်က  သတင်း ထောက်တွေကို ပြောပါ တယ်။

Pages