Background
စားသုံးဆီဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီများထဲတွင် ပဲဆီ၊ နှမ်း၊ နေကြာဆီ၊ စားအုန်းဆီ၊ ပဲပုပ်ဆီ၊ ပဲပိစပ်ဆီဟု စားသုံးဆီအမျိုးမျိုးထုတ်လုပ်ရောင်းချလျက်ရှိသလို ပြည်ပမှတင်သွင်းသော စားအုန်းဆီများလည်း ရောင်းဝယ်စားသုံးနေကြလျက်ရှိသည်။ သို့သော်လည်း ဈေးကွက်အတွင်း ပဲပိစပ်ဆီဟုဆိုကာ ပဲပုပ်ဆီအား လွဲမှားစွာ ခေါ်ဆိုရောင်းချမှုများရှိကြသောကြောင့် ပဲပိစပ်နှင့် ပဲပုပ်သီးနှံ၏ မတူညီသောအကြောင်းအရာများအား ရှာဖွေလေ့လာရေးသားတင်ပြရခြင်း ဖြစ်ပါသည်။
စစ်ကိုင်းခရိုင် မြောင်မြို့နယ်သည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ် မြစ်နှစ်ခုကြားတွင်တည်ရှိပြီး မြစ်ရေဝင်ဒေသများဖြစ်၍ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ အများဆုံးစိုက်ပျိုးသော မြို့တစ်မြို့ဖြစ်သည်။ မြောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် မိုးနှင့် ဆောင်းသီးနှံစိုက်ဧက နှစ်သိန်းသုံးသောင်းကျော် စိုက်ပျိုးရာ မြေပဲ(မိုး+ဆောင်း) ၃၂၁၆၇ဧက စိုက်ပျိုးသည်။
နိုဝင်ဘာ ၂၇ ရက်တွင် ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာဦးစီးဌာန နေပြည်တော်ဦးစီးမှူးရုံးနှင့် Diamond Dragon Company တို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေး၊ မြို့မဈေးနှင့် ချယ်ရီဈေးတို့တွင်လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ဈေးနှင့် တပင်ရွှေထီး (တပ်ဈေး)တို့တွင်လည်းကောင်း၊ နိုဝင်ဘာ ၂၆ ရက်တွင် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးနှင့် မြို့မဈေးတို့တွင်လည်းကောင်း ရောင်းချပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ်အတွင်း စိုက်ပျိုးထားသော ဆီထွက်သီးနှံ(မိုး)နေကြာ စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ဆီထွက်သီးနှံ (မိုး)နေကြာနှင့် (ဆောင်း)နေကြာ စုစုပေါင်း ၄၀၆၂ ဧက စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြို့နယ်အတွင်း ယခုနှစ်ဆီထွက်သီးနှံ (မိုး)နေကြာကို သီးသန့်/ သီးညှပ် ၄၀၁၄ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး (ဆောင်း)နေကြာသီးနှံကို ၄၈ ဧက ကျော် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပြည်ခရိုင်အနေဖြင့် နေကြာကိုမိုးနေကြာနှင့် ဆောင်းနေကြာဟူ၍စိုက် ပျိုးကြသည်။ စားသုံးဆီဖူလှုံရန်အတွက် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း တို့ကိုစိုက်ပျိုးကြသကဲ့သို့ နေကြာသီးနှံသည်လည်း ဆီဖူလှုံရေးအတွက် စိုက်ပျိုးသင့် သော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည်။ နေကြာသီးနှံကို စိုက်ပျိုးမည် ဆိုလျှင် မျိုးကောင်းမျိုးသန့်ဖြစ်သော ရေဆင်းစပ် မျိုးနေကြာနှင့် ဆင်း ရွှေကြာ-၂တို့ကို ရွေးချယ်၍ စိုက်ပျိုးသင့်သည်။
(ယခင်တစ်ပတ်မှအဆက်)
ကသာခရိုင်၏ ဆီထွက်သီးနှံများနှင့်ပတ်သက်ပြီး မြေပြင်ကိန်းဂဏန်းအချက်အလက်များအရ ခရိုင်တွင်း လူဦးရေ၏ တစ်နှစ် စားသုံးမှုမှာ ၂၄၇၂၆၃၇ပိဿာဖြစ်ပြီး တစ်နှစ်ဆီပိဿာအထွက်နှုန်းမှာ ၉၂၇၇၂၈၈၇ ပိဿာဖြစ်သောကြောင့် ၉၀၃၀ဝ၂၅၀ ပိဿာ ပိုလျှံလျက်ရှိကြောင်း၊ ရာခိုင်နှုန်းမှာ ၉၇ဒသမ ၃၃ရာခိုင်နှုန်းပိုလျှံကြောင်း စိစစ်တွေ့ရှိရသည်။ကသာခရိုင်အတွင်း SMEs ဆီစက်များ၏တည်ရှိမှု၊ ကြိတ်ခွဲထုတ်လုပ်နိုင်မှုနှင့် စားသုံးဆီအသုံးပြု ကုန်ထုတ် လုပ်ငန်း များ အား လေ့လာကြည့်မည်ဆိုပါက ခရိုင်တွင်းမြို့နယ်များဖြစ်သည့်ကသာမြို့နယ် တွင် ဆီစက်၃၂စက်၊အင်းတော်မြို့နယ်တွင် ၅၆စက်၊ ထီးချိုင့်မြို့နယ်တွင်၃၅ စက်နှင့် ဗန်းမောက်မြို့နယ် တွင် ခုနစ်စက် စုစ
ပြည်ပမှ မြန်မာနိုင်ငံအတွင်း တင်သွင်းလာသော စားအုန်းဆီ (RBD PALM OLEIN OIL) သင်္ဘောများ စက်တင် ဘာလအတွင်း သင်္ဘောခြောက်စင်း၊ တန်ချိန် ၂၈၀၃၈ ဒသမ ၇၅၅ တန် ဝင်ရောက်ခဲ့သည်။ အောက်တိုဘာ ၄ ရက်တွင် ထီးတန်းဆိပ်ကမ်း၌ MT.Senar Morotae V.26/2022 သင်္ဘောဖြင့် စားအုန်းဆီတန်ချိန် ၃၁၇၀ တန်နှင့် အောက်တိုဘာ ၅ ရက်တွင် သီလဝါ WILMAR MYANMAR INTERNATIONAL PORT တွင်MT.Royal 79 V.14/22 သင်္ဘောဖြင့် တန်ချိန် ၆၄၉၉ တန် စုစုပေါင်း ၉၆၆၉ တန် ဝင်ရောက်ခဲ့ပြီး အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် စားအုန်းဆီသင်္ဘော နှစ်စင်း၊ တန်ချိန် ၈၆၀ဝ ထပ်မံဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။
MITS (Import Section)
စက်တင်ဘာလ တတိယပတ်တွင် မုံရွာမြို့၌ ဖြစ်ပေါ် နေသော လယ်ယာထွက်ကုန်သီးနှံများထဲမှ ပဲစင်းငုံသီးနှံဈေး ဆက်လက်မြင့်တက်နေပြီး မတ်ပဲ၊ ပဲတီစိမ်း(ကြီး)၊ ဆန်ပြောင်း ဖြူနှင့် (cp) ဈေးငြိမ်နေကာ ဂျုံ၊ ကုလားပဲ(မျိုးစုံ)နှင့် ပြောင်းနီ ဈေးနှုန်းများ ဈေးကျသွားကြောင်း သိရသည်။ စက်တင်ဘာလ တတိယအပတ်တွင်း ဂျုံသီးနှံပေါက်ဈေးနှုန်းသည် ဂျုံဖြူသန့် တစ်တင်းလျှင် ကျပ် ၆၄၀ဝ၀၊ ၆၃၀ဝ၀၊ ဂျုံထွက်တိုးတစ်တင်း လျှင် ကျပ် ၆၃၅၀ဝ ပေါက်ဈေးရှိသည်။ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းမှာ ဂျုံဖြူသန့် တစ်တင်းလျှင် ကျပ် ၆၇၀ဝ၀-၆၆၀ဝ၀၊ ဂျုံထွက်တိုး တစ်တင်း လျှင် ကျပ် ၆၅၀ဝ၀ ရှိ၍ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် နှိုင်းယှ







