Main menu

Background

Thursday, 11 Apr 2013

ပြည် ကုန်စည်ဒိုင်မှာ မတ်လ တတိယပတ်အထိ နှမ်းအရောင်းအ ဝယ်ဖြစ်ခဲ့ပြီး၊ မတ်လနောက်ဆုံးပတ်မှ စပြီး၊ ယခုနှစ်လဆန်းအထိ နှမ်းလက် ကျန်မရှိဘဲ အရောင်းအဝယ် ပါးနေပါ တယ်။ ဆီစက်သမားများက မိမိတို့ လှောင်ထားတဲ့  နှမ်းတွေကို ထုတ်ပြီး ဆီကြိတ်ကြလို့ နှမ်းဆီဈေးမှာလည်း တစ်ပိဿာ ၄၀၀၀ ကျပ်ကျော်ထိရှိပါ တယ်။ နှမ်းအဝင်အထွက် မရှိပေမယ့် နှမ်းလက်ကျန်များနဲ့ ဆီစက်များလည် ပတ်နေပါတယ်။ မတ်လဆန်းကစပြီး၊ တတိယပတ်အထိ နှမ်းနက်တစ်တင်းကို ၄၀၀၀၀ ကျပ်နဲ့ နှမ်းနီတစ်တင်း ၃၄၂၀၀ ကျပ်ထိရှိခဲ့ပြီး၊ နောက်ဆုံးပတ် က စပြီး ဧပြီပထမပတ်ထိ ဈေးမရှိတာ တွေ့ရပါတယ်။

Thursday, 11 Apr 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်မှ မတ်လ ၂၇ ရက်မှ ဧပြီလ ၂ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၉၂ သန်းတန်ဖိုးရှိတဲ့ နှမ်းရောင်စုံတန်ချိန် ၃၅၀ ကျော်တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့ နှမ်းရောင်စုံအမယ်တွေကတော့ နှမ်းနီ ၂၃၅ တန်၊ နှမ်းဖြူ ၇၅ တန်ကျော်နဲ့ နှမ်းနက်တန် ၄၀ နီးပါးဖြစ်ပါ တယ်။ ယခင် အပတ်က နှမ်းရောင်စုံ ၂၀၆ တန် ကျော်တင်ပို့ခဲ့တဲ့အတွက် ယခု အပတ်မှာ ၁၄၄ တန် ပိုမိုတင်ပို့လာ တာတွေ့ရပါတယ်။  စခန်းအသီးသီးမှ ၂၀၁၃ ခုနှစ် မတ်လ အတွင်းတင်ပို့ခဲ့တဲ့ နှမ်းရောင်စုံ တန်ချိန် ကတော့ ၄၃၁၃ တန်ကျော်ရှိပါတယ်။ ဖေဖော်ဝါရီလက ၂၉၇၀ တန်နီးပါးသာ တင်ပို့ခဲ့တာမို့ ယခုမတ်လမှာအနီးစပ်ဆုံး ဖေဖော် ဝါရီလ ထက်တန်ချိန် ၁၃၀၀ ကျော်ပိုမို ခဲ့ပါတယ်။ နှစ်ဖက်နိုင်ငံနှမ်းဈေးများကို ယခု အပတ်နဲ့ ယခင် အပတ် နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ် -

Thursday, 11 Apr 2013

ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ နှမ်း ၅၉၃ ဒသမ ၉၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ် ပတ်မှာ ဂျပန်နိုင်ငံကို တန်ချိန် ၁၂၀၊ မလေးရှားနိုင်ငံကို ၁၈၈ ဒသမ ၉၉ တန်၊ စင်ကာပူနိုင်ငံကို ၉၂ တန်၊ ထိုင်းနိုင်ငံကို ၈၄ ဒသမ ၉၉ တန်နဲ့ ကိုရီးယားနိုင်ငံကို ၁၀၈ တန် တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံကို အများဆုံး တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ် နှမ်းတင်ပို့မှုက တန်ချိန် သုံးရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန်နှစ်ရာ့ခြောက် ဆယ်ကျော် တင်ပို့မှုပိုခဲ့ပါတယ်။ ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ ရှစ်သိန်းကျော် ရှိခဲ့ပါတယ်။

လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဖေဖော်ဝါရီလအတွင်း နှမ်းတင်ပို့မှုက တန်ချိန် သုံးထောင်နီးပါးရှိခဲ့ပြီး မတ်လ အတွင်းတင်ပို့မှုမှာတန်ချိန် တစ်ထောင့် လေးရာနီးပါးရှိတာကြောင့် မတ်လမှာ တန်ချိန် တစ်ထောင့်ငါးရာကျော် အပို့ လျှော့ခဲ့ပါတယ်။ မတ်လအတွင်း နှမ်း တင်ပို့မှုမှ ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ် လာ နှစ်ဆယ့်လေးသိန်းနီးပါး ရရှိခဲ့ပါ တယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း နှမ်းတင်ပို့မှုမှာ တန်ချိန် လေး သောင်းကျော်ရှိခဲ့ပြီး ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ ၇၀၈ ဒသမ ၆၄ သိန်း ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။MIRT - DTP
 

Tuesday, 9 Apr 2013

ဗမာပဲပုပ်နဲ့ ရှမ်းပဲပုပ်ဆိုပြီး မြန်မာ ပြည်မှာ စိုက်ပျိုးတဲ့ ပဲပုပ်အမျိုးအစား နှစ်မျိုး ရှိပါတယ်။ ဗမာပဲပုပ်ကို မတ္တရာ၊ တံတားဦး၊ အမရပူရ၊ ပုသိမ်ကြီး၊ မြင်းမူ၊ ငါန်းဇွန်၊ မြို့သာစတဲ့ဒေသများနဲ့ ရှမ်း ပဲပုပ်ကို မိုးညှင်း၊ မိုးကောင်း၊ နမ့်ဆန်၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ ပြင်ဦးလွင်၊ လွိုင်ကော်၊ တောင်ကြီး၊ အောင်ပန်း၊ ကလောစတဲ့ ဒေသများမှာ အဓိကစိုက် ပျိုးပါတယ်။ စိုက်ပျိုးထွက်ရှိတဲ့ ပဲပုပ်တွေ ကို မန္တလေး ကုန်စည်ဒိုင် (ပွဲစား၊ ကုန် သည်၊စက်ပိုင်များကထိန်တော် အသင်း) မှာ အရောင်းအဝယ်ပြုလုပ်ပြီး၊ အဲဒီ အဆင့်မှ တစ်ဆင့် ပြည်တွင်း အနယ် နယ် အရပ်ရပ်နဲ့ ပြည်ပသို့ တင်ပို့ ရောင်းချကြပါတယ်။

Tuesday, 9 Apr 2013

မုံရွာကုန်စည်ဒိုင် မတ်လ လကုန် ပတ် ဆီထွက်သီးနှံဈေးကွက်မှာ နှမ်းမျိုး စုံ ပစ္စည်းရှားပေမယ့်လုပ်ငန်းသုံး သမား တွေအဝယ်ပါးလို့ဈေးငြိမ်သွားတာတွေ့ ရပါတယ်။ ပေါက်ဈေးအနေနဲ့ နှမ်းညို တစ်တင်း ၃၆၅၀၀ ကျပ်၊ နှမ်းဝါ တစ် တင်း ၃၆၀၀၀ ကျပ်၊ နှမ်းဖြူတစ်တင်း အောက်စ  ၃၇၅၀၀ ကျပ်၊ အထက်စ ၃၉၀၀၀ကျပ်အသီးသီးပေါက်ခဲ့ ပါတယ်။

Tuesday, 9 Apr 2013

ဥရောပကြွေးမြီးအကျပ်အတည်းဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်လို့ သုံးစွဲမှုအများ ဆုံးစားသုံးဆီဖြစ်တဲ့စားအုန်းဆီ ဝယ်လိုအား ကျဆင်းမှာကို ပူပန်သည့်အတွက် စား အုန်းဆီဈေးဟာ စတုတ္ထမြောက်သုံးလပတ်အဖြစ် ဆက်လက်ကျ ဆင်းမယ့် အခြေ အနေရှိနေပါတယ်။

Tuesday, 9 Apr 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ မတ်လ ၂၀ ရက်မှ ၂၆ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၆၇ သန်းတန်ဖိုးရှိတဲ့ နှမ်းရောင်စုံ ၂၀၆ တန်ကျော်တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းရောင် စုံတွေကတော့ နှမ်းနက် ၁၂၂ တန်ကျော်၊ နှမ်းဖြူ ၅၁ တန်နဲ့ နှမ်းနီ ၃၃ တန်တို့ ဖြစ်ပါတယ်။ ယခင် အပတ်က နှမ်းရောင်စုံတင်ပို့မှု ၅၉၃ တန်ကျော်ရှိခဲ့တာမို့ ယခုအပတ်မှာ ၃၈၇ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ပခုက္ကူဒေသ ဆီကြိတ်သမားများဟာ ဈေးကောင်း တဲ့နှမ်းဖြူ၊ နှမ်းနက်ကိုချန်ပြီးကျန်နှမ်းတွေကို ဆီကြိတ် ကာ မြန်မာပြည်အရပ်ရပ်ကိုတင်ပို့ရောင်းချပါတယ်။ ၂၀၁၁ ခုနှစ်မှာ တရုတ်ဝယ်လက် အကြိုက် နှမ်းနက် တစ်တင်း ၁၇၅၀၀ ကျပ်၊ နှမ်းညိုတစ်တင်း ၈၀၀၀ ကျပ်နဲ့ နှမ်းနီတစ်တင်း ၉၀၀၀ ကျပ် ဈေးပေါက်ခဲ့တယ် လို့သိရပါ တယ်။ မူဆယ်-ရွှေလီနှစ်ဖက်နှမ်းဈေးများကို ယခုအပတ်နဲ့ ယခင်အပတ်နှိုင်းယှဉ်ဖော်ပြ ပေး လိုက်ပါတယ် - မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)           ယခု           ယခင်      ပြောင်းလဲမှု     %       ယခု      ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ    ၁၄၃၉၀၃၀    ၁၄၃၄၉၉၃      ၄၀၃၇        ၀ .၃    ၁၆၅၅    ၁၆၅၃            ၂       ၀ .၁နှမ်းနက်    ၁၅၇၉၆၇၇    ၁၅၇၅၂၄၅    ၄၄၃၂        ၀ .၃    ၁၈၁၆    ၁၈၁၃             ၃      ၀ .၂မော်မော်အောင်၊ MIRT (DOBT)

Monday, 8 Apr 2013

ပဲခူးတိုင်းဒေသကြီး အနောက်မှာ ယခုအချိန်ဟာ နွေနှမ်းများစိုက်ပျိုးနေချိန်ဖြစ် လို့ နှမ်းလက်ကျန်ရှားပြီး၊ အရောင်းအဝယ်မှာ အေးနေသလို ဈေးနှုန်းလည်းပုံမှန်ဖြစ် နေပါတယ်။ ယခင်နှစ် နွေနှမ်းစိုက်ပျိုးချိန် မှာ နှမ်းဈေးနှုန်းမှာ နှမ်းနက်တစ်တင်းကို အမြင့်ဆုံး ၃၀၀၀၀ ကျပ်မှ အနိမ့်ဆုံး ၂၅၀၀၀ ကျပ်အထိရှိပြီး၊ နှမ်းနီ တစ်တင်းကို အမြင့်ဆုံး ၂၃၀၀၀ ကျပ်မှ အနိမ့်ဆုံး ၂၂၀၀၀ ကျပ်ထိရှိခဲ့ပါတယ်။ ယခုနှစ်မှာ နှမ်းနက်တစ်တင်းကို ၄၀၀၀၀ ကျပ်နဲ့ နှမ်းနီတစ်တင်းကို ၃၄၂၀၀ ကျပ်ထိ မနှစ်က ထက်စာရင် ဈေးပိုလာပါတယ်။ ပြည်ဈေးကွက်မှာ ပစ္စည်းလက်ကျန်ရှားလို့ ဝယ်ချင် တိုင်း ဝယ်မရဘဲ ဆီစက်များကလည်း မိမိတို့လှောင်ထားတဲ့ နှမ်းများကိုထုတ်ပြီး၊ ဆီကြိတ်ရတာကြောင့် နှမ်းဆီဈေးမှာ အမြင့်မှာရပ်တည်နေတာတွေ့ရပါတယ်။ နှမ်းနက်ကို ရန်ကုန်ဝယ်လက်များက အဝယ်ရှိပေမယ့် ပစ္စည်းမရှိသဖြင့် အရောင်း အဝယ်မှာတစ်နေ့ကိုအိတ် ၂၀၀ ခန့်သာအရောင်းအဝယ်ဖြစ် ပါတယ်။ နှမ်းလက်ကျန် ရှားခြင်း၊ အဝယ်လိုက်ခြင်းကြောင့် နှမ်းဈေးမှာ ဆောင်းနှမ်းပေါ်စမှ ခုချိန် နွေနှမ်း စိုက်ချိန်ထိ နှမ်းဈေးမှာ တစ်တင်းကို ၃၀၀၀၀ ကျပ်အောက်ကို မဆင်းဘဲ ၃၀၀၀၀ ကျပ်အထက်မှ ရပ်တည်နေပါ တယ်။ နှမ်းဆီဈေးမှာလည်း ၂၀၁၃ နှစ်မှစပြီး၊ ယခုအချိန်ထိ တစ်ပိဿာကို ၄၀၀၀ ကျပ်နဲ့ ၄၂၀၀ ကျပ်ထိရှိနေတာတွေ့ရပါ တယ်။                       ဝေေ၀မင်း - ပြည်

Tuesday, 12 Mar 2013

မတ်လ ၇ ရက်နေ့က မလေးရှားစားအုန်းဆီကြိုပွိုင့်ဈေးများကျဆင်းခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတို့က အဓိကစက်မှု လုပ်ငန်းကိန်းဂဏန်းများ မထုတ်ပြန်မီ အခြေ အနေကို အကဲခတ်နေခြင်း၊ ကမ္ဘာ့ဆီထွက်သီးနှံ ပေးသွင်းမှု အခြေအနေနှင့် ဝယ်လိုအား အလားအလာအခြေအနေ ကို ပြတ်ပြတ်သားသားရှိအောင် စောင့် ကြည့်နေခြင်း၊ ကုန်သည်တို့က သောကြာနေ့မှာ ထုတ်ပြန်မဲ့အမေရိကန် လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) အစီရင်ခံစာကို အကဲခတ်စောင့်ကြည့်နေကြပါ တယ်။ ထိုအစီရင်ခံစာမှာ ပဲပုပ်ရောင်းလိုအားအလားအလာရှိမယ့်လက္ခဏာ များ တွေ့နေရကြောင်း ရိုက်တာသတင်းဌာနကကောက်ခံသော သဘောထားစစ်တမ်းမှာ တွေ့ရပါတယ်။ မတ်လ ၆ ရက်ကပြီးဆုံးခဲ့တဲ့စားသုံးဆီဆိုင်ရာ နှစ်ပတ်လည် အစည်း အဝေးကြီးမှာ ဈေးနှုန်းလေ့လာဆန်းစစ်သူတို့က ဈေးနှုန်း အလားအလာကို အမျိုး မျိုး ခန့်မှန်းနေကြလို့ ဈေးကွက်အတွက် လမ်းကြောင်းရှင်းလင်းပြတ်သားမှု ကင်းမဲ့ နေတာ ကို တွေ့ရပါတယ်။

Tuesday, 12 Mar 2013

မြန်မာ-တရုတ်နယ်စပ်စခန်းရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော် ဝါရီလ၂၇ ရက်မှ မတ်လ ၅ ရက်တာ ကာလအတွင်းကန်ဒေါ်လာ ၁ ဒသမ ၅၉၄ သန်းတန်ဖိုးရှိတဲ့နှမ်းနက် ၈၃၉ တန်နီးပါးနဲ့ကန်ဒေါ်လာ သုည ဒသမ ၁၉၆ သန်း တန်ဖိုးရှိ နှမ်းဖြူ ၁၁၅ တန်တင်ပို့ခဲ့သလို မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေး ဇုန်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၅၁၀ သန်းဖိုးရှိ နှမ်းနက် တန်ချိန် ၁၅၀၀ ကို တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ် က မြဝတီစခန်းမှ နှမ်းနက် ၃၇ တန် ကျော်နဲ့ မူဆယ်စခန်းမှ နှမ်းနက် ၃၆၈ တန်ကျော်၊ နှမ်းဖြူ ၂၆၆ တန်ခန့် တင်ပို့ခဲ့တာ မို့ ယခုအပတ်မှာ နှမ်းနက်ရော နှမ်းဖြူပါ ပိုမိုတင်ပို့ခဲ့ပါတယ်။ မူဆယ်-ရွှေလီနှစ် ဖက် နှမ်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်-

Pages