Background
ပြည်ပမှတင်သွင်းလာသော စားအုန်းဆီများ၊ ရန်ကုန်ဆိပ်ကမ်းအရောက် တစ်ပိဿာ အရင်းဈေး တွက်ချက်ပုံ (၈-၇ -၂ဝ၁၁)နေ့ အကြောင်းအရာ တွက်ချက်နှုန်း တစ်ပိဿသာကုန်ကျစရိတ် (ကျပ်)CIF ဈေး (1160 x 808)/ 612 ၁၅၃၁ .၅ဝFDA ထောက်ခံစာ 58 .20/ 612 ဝ .၁ဝသွင်းကုန်လိုင်စင်ကြေး 50/ 612 ဝ .ဝ၈L/C စရိတ် (CIF 1160 x 0.25% x Earning 808/)/612 ၃ .၈၃Bill စရိတ် (CIF 1160 x 0.25% x Earning 808/)/612 ၇ .၆၆စားအုန်းဆီအလျော့ 0.5% x 2000 ၁ဝ .ဝဝဆီကန်သိုလှောင်ထိန်းသိမ်းခ 5/ -1% ၄ .၉၅အကောက်ခွန် (CIF 1160 x ကောင်တာဈေး ၄၅ဝ 450 x 5%) ၄၂ .၆၅ဆိပ်ကမ်းခွန် (50000/ 1000) 612 ဝ .ဝ၈MITS စစ်ဆေးခ (FDA အပါအဝင်) ဝ .၆ဝအမြတ်ခွန် (CIF 1160 x 35/-) 612 ၆၆ .၃၄ဆိပ်ကမ်းကပ်ခ (3x Earning 808) 612 ၃ .၉၆ ရန်ကုန်ဆိပ်ကမ်းအရောက် အရင်းဈေး ၁၆၇၁ .၇၅မှတ်ချက။် ၁။ အထက်ပါတွက်ချက်မှုမှာ (၈-၇-၂ဝ၁၁)နေ့ (CIF ဈေး ၁၁၆ဝ ဒေါ်လာနှင့် Earning ဒေါ်လာဈေး ၈ဝ၈) ကျပ်ဖြင့်တွက်ချက်ထား ခြင်း ဖြစ်ပါသည်။ ၂။ (၈-၇-၂ဝ၁၁)နေ့ ဝယ်ယူပြီးနောက် (၁ဝ) ရက်ခန့်အကြာ ရန်ကုန် ဆိပ်ကမ်းရောက်ရှိမည့်ဈေးဖြစ်ပါသည်။ ၃။ တင်သွင်းလာသော ကုမ္ပဏီ၏ အမြတ်၊ ဆိပ်ကမ်းမှ ဖြန့်ဖြူးမည့် ဈေးကွက်အရောက် သယ်ယူစရိတ်၊ လုပ်သားခ၊ လက်လီဆိုင်များ၏ အမြတ်များ မပါဝင်သေးပါ။
ရပ်စောက် ရေသွင်းပဲပုပ်တွေ ဈေးကွက်ဝင်နေ ဒီတစ်ပတ်ဈေးကွက်ကို ရေသွင်း ပဲပုပ်တွေ ဝင်နေပါသေးတယ်။ အဓိက ဝင်နေတာကတော့ ရေသွင်းစိုက်တဲ့ ရပ်စောက်အနောက်ဖက် ဖောင်းတော တိုက်နယ်က ဝင်နေတာဖြစ်ပြီး အဲဒီ နယ်က တစ်ရာသီကို ပိဿာချိန်နှစ် သိန်းခွဲခန့်ထွက်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်နှစ်က မိုးအဆက်မပြတ် ရွာတာ ကြောင့်ပဲပုပ်တချို့မိုးမိလို့အရည်အသွေး အနည်းငယ်ညံ့တယ်လို့လည်း သိရပါတယ်။ တောင်ကြီး တောင် ဖက်ခြမ်းဖြစ် တဲ့ မိုးနဲ၊ မိုင်းပွန်၊ တောင်ကြားစတဲ့ နယ် တွေကလည်းဝင်နေပါသေးတယ်။ တောင်ခြမ်းကထွက်တဲ့ ပဲပုပ်တွေက တော့ ရပ်စောက်ပဲပုပ်ထက် အစိုဓာတ်ပို တယ်လို့လည်း သိရပါတယ်။ ရေသွင်း ပဲပုပ်တွေကတော့ ဒီလလယ်ပိုင်း လောက်မှာ ပစ္စည်းပြတ်သွားမယ်လို့ ခန့်မှန်းနေကြပါတယ်။ ပဲပုပ်ဈေးက လည်း အရည်အသွေးပေါ်မူတည်ပြီး ဝယ်ယူနေတာကြောင့် ပဲပုပ် (ထိပ်စ) တစ်ပိဿာ ၇၅ဝ ကျပ်၊ (လတ်စ) ၇ဝဝ ကျပ်၊ (ညံ့စ) က ၆၅ဝ ကျပ်ဈေးရှိပါတယ်။ ပဲပုပ်ထိပ်စတွေကိုတော့ ရန်ကုန် ဝယ်လက်တွေက ပဲပြား၊ ပဲငါးပိ၊ ပဲနို့ ရည်လုပ်ဖို့ ဝယ်ယူနေကြပါတယ်။ (လတ်စ) တွေကိုတော့ ဒေသတွင်း တိရစ္ဆာန် အစာစပ်သမားတွေက ဝယ်ယူနေကြပြီး တစ်ပတ်ကို ပိဿာ ၂ဝဝဝ -၃ဝဝဝ ခန့်ဝယ်ယူကြပါတယ်။ အညံ့စ တွေကိုတော့ ဆီကြိတ်သမားတွေက ဝယ်ယူနေတယ်လို့ သိရှိပါတယ်။ ဧဧခိုင်
မြေပဲဆံဈေးနှင့်အတူ ဆီဈေးပါအေးတဲ့ ပြည်စားဆီဈေးကွက် ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာ ဈေးငြိမ်နေသော်လည်း ယခုအပတ်တွင် စတင်လှုပ်ရှားလာပြီး ဈေးကျလာတာ တွေ့ရပါတယ်။ ကံမဘက်မှ တစ်နေ့ကို အိတ် ၅ဝဝ ခန့်သာ အဝင်ရှိပြီး ဆီစက်သမားများမှ အဝယ်ရှိပေမဲ့ မြေပဲဆံဈေးမှာ ယခင်အပတ်ထက်ဈေးကျလာတာတွေ့ရပါတယ်။ မြေပဲဆီဆံတစ်ပိဿာကို ၁၆၈၅ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၈ဝဝ ကျပ်ဈေးဖြင့် ဈေးအေးလာပြီး မြေပဲဆီဈေး မှာလည်း တစ်ပိဿာ ၃၉ဝဝ ကျပ်ဈေးဖြင့် ဈေးအေးလာတာတွေ့ရပါတယ်။ ဝေဝေမင်း
ယခုအပတ်နယ်စပ်မှ နှမ်းဖြူသာအပို့ရှိ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံသို့ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၁၈ သန်းတန်ဖိုးရှိ နှမ်းဖြူ ၁၃၁ တန်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က နှမ်းနက်ရော နှမ်းဖြူပါ တင်ပို့မှု ရှိခဲ့ပေမဲ့ ယခုအပတ်မှာ နှမ်းဖြူတစ်မျိုးသာ အပို့ရှိတဲ့အပြင် တင်ပို့တဲ့ ပမာဏလည်း တန် ၂၅ဝ နီးပါးလျော့နည်းခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ နှမ်းဖြူ ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းနက် ၈၇၅ဝ၃၄ ၁ဝ၅၉၂၃၄ ၁၈၄၂ဝဝ ၂၁ ၁၃၆ဝ ၁၃၇၇ ၁၇ ၁MIRT (DOBT)
သိုလှောင်ထား တဲ့ပမာဏ များတဲ့အပြင် ဝယ်လိုအားပါကျဆင်းခြင်းတို့ကြောင့် စားအုန်းဆီကြမ်းဈေး ရင်းဂစ် ၃ဝဝဝ အောက် လျော့ကျလာနိုင် မလေးရှားနိုင်ငံမှာ စားအုန်းဆီသိုလှောင်မှု ပမာဏမြင့်တက်ခြင်းနဲ့ ဝယ်လိုအား ကျဆင်းခြင်းတို့ကြောင့် နောက် ၂ ပတ်ကျော်မှာ စားအုန်းဆီကြမ်းဈေး တစ်တန်ကို ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၉၇) အောက် လျော့ကျနိုင်တယ်လို့ ကုန်သည်များနဲ့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ ၂ဝ၁ဝ အောက်တိုဘာလ ၂၁ ရက်နေ့က တစ်တန် ရင်းဂစ် ၂၉၉ဝ (ကန်ဒေါ်လာ ၉၉၃) နဲ့ ရင်းဂစ် ၃ဝဝဝ အောက်ကို နောက်ဆုံးကျဆင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စားအုန်းဆီကြမ်းလက်ကျန်နဲ့ ထုတ်လုပ်မှုဟာ ဖေဖော်ဝါရီလနောက်ပိုင်း မြင့်တက်လာခြင်းက ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ မလေးရှား စားအုန်း ဆီအဖွဲ့ (MPOB ) ရဲ့ လစဉ်စာရင်းများအရ မေလလက်ကျန်ဟာ ယခင်လထက် ၁၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပြီး ၁၆ လအတွင်း အမြင့်ဆုံး ပမာဏ ရောက်ရှိခဲ့ တယ်လို့ သိရပါတယ်။ Interband Group of Companies မှ စားအုန်းဆီကုန်သည် Jim Teh က ခန့်မှန်းရာမှာလည်း ဝယ်လိုအားကျဆင်းတာကြောင့် နောက်နှစ်ပတ်အတွင်း တစ်တန်ကိုစားအုန်းဆီကြမ်းဈေး ရူပီး ၂၈ဝဝ (ကန်ဒေါ်လာ ၉၃ဝ) ဝန်းကျင်ကို ကျဆင်း နိုင်တယ်လို့ဆိုပါတယ်။ ဝယ်လက်များဟာလက်ရှိစားအုန်းဆီကြမ်းဈေးက သိုလှောင် ထားဖို့အတွက် ဈေးမြင့်မားနေတယ်လို့ စဉ်းစားကြတဲ့အတွက် လိုအပ်သလောက် သာ ဝယ်ယူကြတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၃ လအတွင်း ရာသီဥတုကောင်းမွန်တာကြောင့် ဆီအုန်းသီးများပြီး အထွက်နှုန်းမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ အကယ်လို့ တစ်တန် ရူပီး ၂၈ဝဝ (ကန်ဒေါ်လာ ၉၃ဝ) ဈေးရောက်ရှိခဲ့ရင်လည်း စားအုန်းဆီကြမ်းထုတ်လုပ်မှုစရိတ် တစ်တန် ရင်းဂစ် ၁၂ဝဝ-၁၅ဝဝ (ကန်ဒေါ်လာ ၃၉၉-၄၉၈) ဝန်းကျင်နဲ့ ယှဉ်ရင် အကိုျးအမြတ် ကောင်းကောင်းရနေပါသေးတယ်လို့ ဆိုပါတယ်။ IJM Plantations Bhd အမှုဆောင်အရာရှိချုပ် Joseph Tek Choon Yee ကခန့်မှန်းပြောကြားရာမှာတော့ ၂ဝ၁၁ ခုနှစ်အတွက် စားအုန်းဆီကြမ်း ပျမ်းမျှ ဈေးနှုန်းဟာ ယခင်နှစ်ပေါက်ဈေးရင်းဂစ် ၂၇၄၅ (ကန်ဒေါ်လာ ၉၁၂) ထက်မြင့် တက်ပြီး ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၉၇) ဝန်းကျင်မှာ ရှိနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိပဲပုပ်ဆီနဲ့ စားအုန်းဆီဈေး ၂ ခုအကြား ကွာဟမှု တစ်တန် ကန်ဒေါ်လာ ၂၃၇ ရှိနေခြင်းက အိန္ဒိယနိုင်ငံလို ပဲပုပ်ဆီ ဝယ်လက်များအတွက် စားအုန်းဆီကို ပိုစိတ်ဝင်စားဖို့ ဖြစ်လာနိုင်တာမို့ အဲဒီအခြေအနေက လက်ရှိဈေးကို အထောက်အပံ့ ဖြစ်စေမယ်လို့ ခန့်မှန်းပြောကြားပါတယ်။ ယုဇန၊ ှSource: malaysia star
ဈေးငြိမ်ပြီးအရောင်းအဝယ်သွက်တဲ့ ပြည်မြေပဲဆံ ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာယခင်အပတ်အတိုင်း ဈေးငြိမ်နေတာတွေ့ရပါတယ်။ အောင်လံနဲ့ ကံမဘက်မှ တစ်နေ့ ကို မြေပဲဆံအိတ် ၁ဝဝဝ ခန့် ဝင်ရောက်လာသဖြင့် ဆီစက်သမားများကြောင့် အရောင်းအဝယ်သွက်လျက်ရှိပါတယ်။ ဆီကြိတ် မြေပဲဆံတစ်ပိဿာကို ၁၈ဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေပြီး လုံးဆံကို ရန်ကုန်ဝယ်လက်များမှ အဝယ်ရှိသဖြင့် တစ်ပိဿာကို ၂ဝဝဝ ကျပ်ဈေးထိ ဈေးမြင့်လာတာတွေ့ရပါတယ်။ မြေပဲဆံဈေးမှာလည်း ယခင်အပတ်အတိုင်း တစ်ပိဿာ ၄ဝဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း
ဈေးအတက်အကျမမှန်တဲ့ ပြည်နှမ်း ပြည်ဈေးကွက်တွင်းနှမ်းဈေးမှာ ယခင်အပတ်ထက်ဈေးကျသွားသဖြင့် ဈေးမှာငြိမ်မနေဘဲ တက်လိုက် ကျလိုက်ဖြစ်နေတာ တွေ့ရပါတယ်။ ဆီစက်သမားများမှလည်း ဆီကြိတ်ရန် အဝယ်သိပ်မရှိခြင်းကြောင့် ပွဲရုံများတွင် အရောင်းအဝယ်မှာတစ်နေ့ကို အိတ် ၃ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ နှမ်းဈေးကျသဖြင့် နှမ်းဆီဈေးမှာလည်း ယခင်အပတ်ထက် သိသာစွာဈေးကျလာတာတွေ့ရပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၇ဝဝဝဝ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာတစ်အိတ်ကို ၇၂ဝဝဝ ကျပ်ဖြင့်ဈေးကျလာတာတွေ့ရပါတယ်။ နှမ်းဆီဈေးမှာလည်း တစ်ပိဿာ ၃၁ဝဝ ကျပ်-၃၂ဝဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးကျလာတာတွေ့ရပါတယ်။ ဝေဝေမင်း
နှမ်းတင်ပို့မှု တိုးတက် ဇွန်လ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ နှမ်းဖြူ ၃၇၈ တန်နဲ့ နှမ်းနက် ၁၂၈ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၇ဝ၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတန် ၁ဝဝ ကျော် သာ တင်ပို့ခဲ့တာ ကြောင့် ယခုအပတ်မှာ တန် ၂ဝဝ ကျော်တိုး တက်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ မိမိဘက်ရော တစ်ဘက် နိုင်ငံနှမ်း ဈေးများ မြင့်တက်လာတာတွေ့ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၉၉၁၉၃၉ ၉၈၅၁၇၅ ၆၇၆၄ ဝ .၇ ၁၃၇၇ ၁၃၇၄ ၃ ဝ .၂နှမ်းနက် ၁၁၂၅၇၉၃ ၁၁၂၅၇၉၃ - - ၁၄၇ဝ ၁၄၆၇ ၃ ဝ .၂MIRT (DOBT)
်ပဲပုပ်ဆီဈေး မြင့်လို့ စားအုန်းဆီကြမ်း ဈေးမြင့်လာ ဂရိနိုင်ငံရဲ့ ဆန့်ကျင်ဆန္ဒပြမှု ပြင်းထန်တဲ့ အတိုင်းအတာက ကျော်လွန်လာပြီး ပြန်လည်ကောင်းမွန်လာတဲ့ အခြေအနေကြောင့် ပဲပုပ်ဆီကြိုပွိုင့်ဈေး အတက်ဘက် ကို ဦးတည်လာခြင်းနဲ့အတူ ဇွန်လ ၂၉ ရက် မလေးရှားစားအုန်းဆီကြမ်းကြိုပွိုင့်ဈေး လည်း မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ စက်တင်ဘာလအခြေခံစံနှုန်း စားအုန်းဆီကြမ်း စာခုျပ်ဈေးဟာ ၁ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၁ဝ၉ (ကန်ဒေါ်လာ ၁ဝ၂၉) ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ ဝ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၅၆ ဒသမ ၉၄ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၅၄) ဈေးနဲ့ရောင်းဝယ်ခဲ့ကြပါတယ်။ ဇွန်လအတွက် မလေးရှားစားအုန်းဆီ တင်ပို့မှုကို အစောပိုင်းက တန်ချိန် ၁ ဒသမ ၅၅ သန်းခန့်မှန်းရာမှ ဈေးကွက်အား လျော့လာလို့ တန်ချိန် ၁ ဒသမ ၄၄ သန်းကို လျော့ကျနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ မေလအတွင်းမှာ စားအုန်းဆီတန်ချိန် ၁ ဒသမ ၃၅ သန်းတင်ပို့ခဲ့တယ်လို့ ကုန်ပစ္စည်းစစ်ဆေးသူများက ခန့်မှန်းပါတယ်။ မလေးရှားနိုင်ငံရဲ့ မေလ သိုလှောင်လက်ကျန်ဟာ တန်ချိန် ၁ ဒသမ ၉၂ သန်းနဲ့ ၁၆ လအတွင်း အမြင့်ဆုံးကို ရှိနေပါတယ်။အဓိကဆီအုန်းစိုက်ပျိုးတဲ့ ဒေသတွေမှာ ရာသီဥတုသာယာတာကြောင့် ဆီအုန်းထွက်ရှိမှု မြင့်တက်ခြင်းက ဈေးနှုန်းကို ထပ်မံကျဆင်းစေပါတယ်။ ယခုနှစ် အတွင်း စားအုန်းဆီဈေးဟာ ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဖြစ်ပါတယ်။အမေရိကန် ပဲပုပ်စိုက်ဧရိယာ သတင်းများက ဈေးနှုန်းကို အထောက်အပံ့ဖြစ် စေပြီး ယခုနှစ် ပဲပုပ်စိုက် ဧရိယာဟာ မတ်လ ခန့်မှန်းထားတဲ့ ဧက ၇၆ ဒသမ ၆၁ သန်း ထက် လျော့ကျနိုင်တယ်လို့ လေ့လာဆန်းစစ်သူများက ခန့်မှန်းကြပါတယ်။ လက်ငင်းဈေးကွက်မှာ ဇူလိုင်လအတွက် သန့်စင်ပြီး Palm Oil ဈေးဟာ တစ်တန် ကန်ဒေါ်လာ ၁၁၁၇ ဒသမ ၈ဝ ရှိပြီး ချက်ချင်းပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးဟာ တစ်တန် ရင်းဂစ် ၃ဝ (ကန်ဒေါ်လာ ၉ ဒသမ ၉) မြင့်တက်ပြီး ရင်းဂစ် ၃၁၄ဝ (ကန်ဒေါ်လာ ၁ဝ၄ဝ)နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန Source: palmoilhq.com
အမေရိကန်ပဲပုပ်ကို တရုတ်တိုးမြှင့် တင်သွင်းမယ် အမေရိကန်ပဲပုပ်တောင်သူတွေကို နိုင်ငံရဲ့ စိတ်ဝင်စားမှု တိုးတက်နေတာကြောင့် တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှုဟာ ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းပိုမိုမြင့်တက်ဖွယ်ရှိတယ်လို့ အမေရိကန်ပဲပုပ်အသင်း ဥက္ကဌ Alan Kemper မှ ပြောကြားပါတယ်။ ပဲပုပ်ကုန်သွယ်မှုတိုးတက်ခြင်းက ၂ နိုင်ငံကုန်သွယ်မှု မျှခြေကို ညွှန်ပြနေတဲ့ တရုတ်- အမေရိကန်ဆက်ဆံရေးကို တိုးမြင့်ဖို့ အကူအညီဖြစ်နိုင်တယ်လို့ တရုတ်ကျွမ်းကျင်ရှင်များက ဆိုပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန် ပဲပုပ်ကို အများဆုံးတင်သွင်းပြီး ပဲပုပ်ကုန်သွယ်မှုဟာ တရုတ်- အမေရိကန် ကုန်သွယ်မှုမျှခြေတိုးတက်ဖို့မှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတယ်လို့ Kamper က ဆိုပါတယ်။ တရုတ်နိုင်ငံဟာ ယခင်နှစ် အမေရိကန် ထုတ်လုပ်မှုရဲ့ ၄ ပုံ ၁ ပုံကို တင်သွင်းခဲ့တယ်လို့ အသင်းက ဆိုပါတယ်။ အမေရိကန်နိုင်ငံဟာ ၎င်းရဲ့ စိုက်ပျိုးရေးကဏ္ဍကို ကြီးကြီးမားမား အထောက်အပံ့ပေးနေတဲ့အတွက် ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်အတွင်း အကျိုးအမြတ်ပိုမိုရရှိရေးဟာ နိုင်ငံ အတွက်အရေးပါတယ်လို့ တရုတ်နိုင်ငံ သတင်းအချက်အလက်ဌာန၊ စီးပွားရေးခန့်မှန်းတွက်ချက်မှုဌာနမှ သုတေသနပညာရှင် Zhang Monan က ဆိုပါတယ်။ မြေနဲ့ရေအရင်းအမြစ်ကို ကန့်သတ်ထားတဲ့အတွက် ပြည်တွင်းပဲပုပ်ထုတ်လုပ်မှုလို စိုက်ပျိုးရေးထုတ်ကုန်တွေ အတွက် တရုတ်နိုင်ငံရဲ့ ဝယ်လိုအားကြီးမားမှုကို ပြည့်မီဖို့ အခက်အခဲဖြစ်စေပါတယ်။ ဒါကြောင့် ပြည်ပက စိုက်ပျိုးရေးထုတ်ကုန်တွေကို ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။တင်သွင်းမှု တိုးတက်ခြင်းဟာ ပြည်တွင်းထုတ်လုပ်မှုကျဆင်းလို့ မဟုတ်ဘဲ ပြည်တွင်း ဝယ်လိုအား ကြီးမားလာတာကြောင့်လို့ တရုတ်ပဲပုပ်ထုတ်လုပ်မှုအသင်း ဒုတိယဥက္ကဌ Liu Denggaoမှ ပြောကြားပါတယ်။ တရုတ် နိုင်ငံရဲ့ ပဲပုပ်စိုက်ဧရိယာဟာ ယခင်နှစ်လိုပဲ ပြောင်းလဲခြင်းမရှိဘဲ ကြီးမားကျယ်ပြန့်နေဆဲဖြစ်တယ်လို့ Liu က ဆိုပါတယ်။ တရုတ်နိုင်ငံပြည်တွင်းထုတ်လုပ်မှု တန်ချိန် ၁၅ ဒသမ ၂ သန်းရှိပြီး ၂ဝ၁ဝ ခုနှစ်အတွင်း တင်သွင်းမှုဟာ တန်ချိန် ၅၄ ဒသမ ၈ သန်းအထိ သမိုင်းတင်မြင့်တက်ခဲ့တယ်လို့ အကောက်ခွန်စာရင်းများအရ သိရပါတယ်။ နိုင်ငံရဲ့ ပြည်တွင်းဖူလုံမှုနှုန်းဟာ လက်ရှိမှာ ၂၂ ရာခိုင်နှုန်းသာရှိတယ်လို့ ဆိုပါတယ်။ တင်သွင်းတဲ့ ပဲပုပ်များအားလုံးမှာ မျိုးရိုးဗီဇမြှင့်တင်ထားတဲ့ ပဲပုပ်များဖြစ်ပြီး တိရစ္ဆာန်အစာနဲ့ ဆီကြိတ်ခွဲဖို့မှာ အသုံးပြုပါတယ်။ မေလအတွင်း တင်သွင်းမှုဟာ တန်ချိန် ၄ ဒသမ ၅၆ သန်းရှိလို့ ယခင်နှစ်ထက် ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ယခုနှစ် ပထမ ၅ အတွင်း တင်သွင်းမှုကတော့ ယခင်နှစ်ကာလတူနဲ့ ယှဉ်ရင် ပိုမိုများနေတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: china Daily
