Main menu

Background

Friday, 20 May 2011

်နေပြည်တော်တပ်ကုန်း မြို့နယ် ရေသွင်းမြေပဲများ စတင်ထွက်ရှိ                      နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ရေသွင်းမြေပဲများ မြို့ပေါ်ပွဲရုံများကို စတင် ဝင်ရောက်နေပြီဖြစ်ပါတယ်။ တပ်ကုန်းမြို့နယ်တွင်ရေသွင်းမြေပဲ စိုက်ဧက ၅ဝဝ ခန့်ရှိပြီး၊ သစ်ဆိမ့်ပင်၊ အုန်းပင်၊ ကံကြီး၊ ထုံးဘို၊ သပြေကုန်းကျေးရွာအုပ်စုများတွင် အဓိက အများဆုံးစိုက်ပျိုးကြပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စတင်စိုက် ပျိုးခဲ့ပြီး ပင်သက် ၃ လတွင် ခူးဆွတ်ရပါတယ်။ စိုက်စရိတ် တစ်ဧက ၁၂ဝဝဝဝ ကျပ် ဝန်းကျင်ရှိပြီး၊ တစ်ဧကကို တင်း ၄ဝ နဲ့ ၅ဝ ကြားထွက်ရှိပါတယ်။ ယခု ဒေသပေါက်ဈေး တစ်တင်းကို ၇ဝဝဝ ကျပ်ရတဲ့အတွက် တစ်ဧကကို ၁၅ဝဝဝဝ ကျပ်ဝန်းကျင် အကျိူးအမြတ် ရရှိနေကြောင်း သိရပါတယ်။ ခင်မောင်ဆွေ

Friday, 20 May 2011

ပြည်ဈေးကွက်တွင် နှမ်းဈေးငြိမ် ဆီဈေးတက်                   ပြည်ဈေးကွက်တွင် နှမ်းနီဈေးမှာ တည်ငြိမ်လျက်ရှိပါတယ်။ အဝင်မရှိသဖြင့် လှောင်နှမ်းနီများကို ဆီစက်သမားများက ဝယ်ယူကြိတ်ခွဲနေသဖြင့် နှမ်းဈေးမှာ ငြိမ်နေပြီး ဆီဈေးမှာမြင့်တက်လာခဲ့ပါတယ်။ နှမ်းနီ ၄၅ ပိဿာ တစ်အိတ်ကို ၈၃ဝဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် အိတ် ၇ဝဝ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ နှမ်းဆီဈေးမှာ တစ်ပိဿာ ၃၆ဝဝ ကျပ်ဈေးဖြင့် တစ်နေ့ကို ၇ ပေပါခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။                   ဝေဝေမင်း

Friday, 20 May 2011

နယ်စပ်မှ နှမ်းတန်ချိန် ၃ဝဝ ကျော်ယခုအပတ်အပို့ရှိ                   မေလ ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ်လာ ဝ ဒသမ ၄၈၇ သန်းတန်ဖိုးရှိ နှမ်းရောင်စုံတန် ၃၂၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ် နယ်စပ်ပေါက်တစ်ခုတည်းမှ တန် ၂၁ဝ နီးပါးတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ နှမ်းတန်ချိန် ၁၁၈ တန်ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ယခုအပတ် နှမ်းရောင်စုံ တင်ပို့နိုင်မှုများကတော့ မူဆယ်မှ နှမ်းနက် တန် ၂၅ဝ၊ နှမ်းဖြူအခွံချွတ် ၂၈ တန်နဲ့ ချင်းရွှေဟော်မှ နှမ်းဖြူ တန် ၅ဝ အသီးသီးဖြစ်ပါတယ်။ မူဆယ်မှ တင်ပို့တဲ့ နှမ်းတွေက စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးထွက်များဖြစ်ပြီး ချင်းရွှေဟော်နယ်စပ်မှ တင်ပို့တဲ့ နှမ်းတွေက မကွေးနဲ့မန္တလေးတိုင်းဒေသကြီးထွက်များဖြစ်ပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ နှမ်းဈေးများမှာ နှမ်းဖြူ မိမိဘက် ဈေးအနည်းငယ်ကျသော်လည်း တစ်ဖက်နိုင်ငံ ဈေးများ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ မိမိဖက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                   မိမိဘက်(ကျပ်/တန်)                            တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု             ယခင်     ပြောင်းလဲမှု   %          ယခု        ယခင်   ပြောင်းလဲမှု         %နှမ်းဖြူ           ၁၁၈၅၈၂ဝ    ၁၁၉၁၂၈ဝ     ၅၄၆ဝ     ဝ .၅        ၁၃၇ဝ      ၁၃၆၉       ၁               ဝ .ဝ၇နှမ်းနက်         ၁၃၆၇၅၆ဝ     ၁၃၆၇၅၆ဝ       -                      ၁၈၄၈     ၁၅၃၉       ၃ဝ၉              ၁၇MIRT (DOBT)

Wednesday, 4 May 2011

လက်လီဝယ်ယူသူများသာရှိတဲ့ ပြည်ပဲပုပ်             ပြည်ပဲပုပ်မှာ ယခုတစ်ပတ်တွင် ပိဿာ ၂၀ တစ်တင်းကို ၁၆၀၀၀ ကျပ် ၁၆၅၀၀ ကျပ်အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ပြည်ပဲပုပ်ကို ယခုလအတွင်း အခြားတိုင်းမှ ဝယ်လက်များ မရှိသော်လည်း တိုင်းအတွင်းရှိ လက်လီဝယ်ယူသူများသာ ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း  လက်လီသမားများဖြင့် အိတ် အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။.        ဆုမွန်ဆွေ

Wednesday, 4 May 2011

အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့ခွန်ကို ထပ်မံလျော့ချ                စားအုန်းဆီကြမ်းဈေးနှုန်း ကျဆင်းနေတာကြောင့် အင်ဒိုနီးရှားအစိုးရဟာ မေလ သင်္ဘောတင်အတွက် စားအုန်းဆီ တင်ပို့ခွန်ကို ၅ ရာခိုင်နှုန်းထပ်မံလျော့ချခဲ့တယ်လို့သိရပါတယ်။ အင်ဒိုနီးရှားအစိုးရရဲ့ မူဝါဒအရ နိုင်ငံတာ ကုန်စည်ဈေးနှုန်းပြောင်းလဲမှုအပေါ်အခြေခံပြီး စားအုန်းဆီကြမ်းခွန်ကို အပြောင်းအလဲ ဆောင်ရွက်လျက်ရှိရာ မေလအတွက် အခွန်ကို ၂၂ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၇ ဒသမ ၅ ရာခိုင်နှုန်းကို လျော့ချခဲ့တယ်လို့ သိရပါတယ်။        ယခုလို လျော့ချလိုက်တဲ့အတွက် စားအုန်းဆီကြမ်းခွန်ဟာ နှစ်လကျော်အတွင်း ၃၀ ရာခိုင်နှုန်း လျော့ချကျခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားစားအုန်းဆီထုတ်လုပ်သူများနဲ့ ပြည်ပတင်ပို့သူများဟာ အစိုးရရဲ့ ကြမ်းခင်းဈေးနဲ့ပြည်ပ တင်ပို့ခွန်ကို အပေါ် ပြောင်းလဲသတ်မှတ်တဲ့ စည်းမျဉ်းအရ အပြောင်းအလဲပြုလုပ်နေတဲ့ အခွန်စနစ်ကို ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။             ယုဇန၊Source: C P O

Wednesday, 4 May 2011

ဈေးပြန်ငြိမ်နေသော ပြည်မြေပဲဆံ                ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာ ဈေးငြိမ်လာတာတွေ့ရပါတယ်။ မင်းတုန်း၊ကံမနဲ့ အောင်လံဘက်မှ နေ့စဉ်တစ်နေ့ကို အိတ် ၂၀၀၀ ခန့် ဝင်ရောက်လာသော်လည်း ဆီစက်သမားများနဲ့ ရန်ကုန်ဝယ်လက်များက အဝယ်ရှိသဖြင့် ဝင်လာ သလောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို ၁၇၀၀ ကျပ် နဲ့ လုံးဆံတစ်ပိဿာကို ၁၉၀၀ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် ဈေးငြိမ်နေတာ တွေ့ရပါတယ်။ မြေပဲဆီဈေးမှာလည်း သြင်္ကန်မတိုင်မီသကဲ့သို့ တစ်ပိဿာကို ၄၀၀၀ ကျပ်ဈေးဖြင့် ခုချိန်ထိ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။            ဝေေ၀မင်း

Wednesday, 4 May 2011

ဒီတစ်ပတ် နယ်စပ်အပို့မရှိ              ဧပြီလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ် ရေးဇုန်မှ နှမ်းတင်ပို့ နိုင်ခဲ့ခြင်းမရှိပါဘူး။ သြင်္ကန် နှစ်သစ်ကူးကာလ နှစ်ပတ်တာမှာ တော့ တန် ၆ဝ ခန့်သာတင်ပို့ခဲ့တာတွေ့ရပါတယ်။ မိမိဘက်မှနှမ်းဈေးများပြောင်း လဲမှု မရှိပေမဲ့ တစ်ဘက်နိုင်ငံဈေးနှုန်းများ မြင့်တက်လျက်ရှိတာ တွေ့ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု              ယခင်     ပြောင်းလဲမှု     %     ယခု         ယခင်   ပြောင်းလဲမှု          %နှမ်းဖြူ        ၁၁၉၁၂၈ဝ     ၁၁၉၁၂၈ဝ         -            -       ၁၃၈၁     ၁၃၇၈         ၃                ဝ .၂နှမ်းနက်     ၁၃၆၇၅၆ဝ     ၁၃၆၇၅၆ဝ          -           -       ၁၅၃၅     ၁၅၃၁          ၄                ဝ .၂MIRT (DOBT)

Wednesday, 4 May 2011

ပင်လယ်ရေကြောင်းက နှမ်းပုံမှန်သာအတင်ရှိ                ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ သြင်္ကန်မတိုင်မီ သီတင်းပတ်အတွင်း တန် ၄ဝဝ ခန့်တင်ပို့မှုရှိခဲ့ပြီး သြင်္ကန်အပြီး ( ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အတွင်း) မှာလည်း တန်ချိန် ၃ဝဝ ကျော်နဲ့ ပုံမှန်တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ပမာဏ အားလုံး တောင်ကိုရီးယားကို တင်ပို့တယ်လို့လည်း သိရပါ တယ်။ ယခင်ဘဏ္ဍာနှစ် နှမ်းတင်ပို့မှုကို လေ့လာရာမှာ တန်ချိန် ၈ဝဝဝဝ နီးပါးရှိပြီး ၂ဝ၁ဝ ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာ တန်ချိန် ၁၂ဝဝ ခန့် တင်ပို့ခဲ့တာတွေ့ရ ပါတယ်။ ယခု ဘဏ္ဍာနှစ် ကာလတူမှာတော့ တန်ချိန် တစ်ထောင်အောက်သာ တင်ပို့မှုရှိနေတာ တွေ့ရပါတယ်။ နှမ်းကုန်သည်ကြီးတစ်ဦးရဲ့ ပြောကြားချက်အရ နှမ်း ဟောင်းလက်ကျန်များလည်း နည်းလာပြီဖြစ်ပြီး လက်ရှိ ပြည်တွင်းဈေးက မြင့်နေတဲ့အတွက် နှမ်းတင်ပို့မှု အားနည်း တယ်လို့ သိရပါတယ်။ ဧပြီလ ၂၉ ရက် ရန်ကုန် FOB ဈေးများကတော့ ယခင် ဈေးများဖြစ်တဲ့ သိပ္ပံနှမ်းနက်တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅ ၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူတစ်တန် ကန်ဒေါ်လာ ၁၃၆ဝ-၁၄ဝဝ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT - MAPT

Sunday, 24 Apr 2011

စစ်ကိုင်းဆောင်းပဲပုပ်ပေါ်ပြီ              ၂ဝ၁ဝ-၁၁ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းပဲပုပ်စိုက်ပျိုးရန် လျာထားဧက ၃ ဒသမ ၃ သောင်း အနက် ဧက ၃ သောင်း၊ ရာခိုင်နှုန်း အားဖြင့် ၉၃ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ပါ တယ်။ စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ ကသာ၊ ထီးချိုင့်၊ ဗန်းမော်၊ ကလေး၊ မင်းကင်းမြို့ နယ်များမှာ ပဲပုပ်အများဆုံး စိုက်ပျိုး ကြပြီး ထွက်ပေါ်နေတဲ့ ပဲပုပ်များ မုံရွာ ကုန်စည်ဒိုင်သို့ ရက်ခြား တင်း ၅ဝဝ၊ ၆ဝဝ ဝင်ရောက်သလို မန္တလေးသို့လည်း တိုက်ရိုက်တင်ပို့မှုရှိကြောင်းသိရှိရပါတယ်။ မြောင်မြို့နယ်မှာ ပဲပုပ်စိုက်ပျိုးမှု တစ် ဧကကုန်ကျစရိတ် ၁ ဒသမ ၃၃ သိန်း ခန့်ကုန်ကျပြီး တစ်ဧကအထွက်နှုန်း ၁ဝ တင်းခန့်ထွက်ရှိကြောင်း သိရှိရပါတယ်။ ဧပြီလပထမပတ်အတွင်း မုံရွာကုန်စည်ဒိုင်မှာ ပဲပုပ်တစ်တင်းကို ပေါက်ဈေး ၁၄၅ဝဝ ကျပ်ဖြစ်လို့ တောင်သူတစ်ဦးရဲ့ တစ်ဧကအမြတ်မှာ ၁၂ဝဝဝ ကျပ်ခန့် ဖြစ်ကြောင်းသိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ နေ့စဉ်ပုံမှန်ပဲပုပ်တင်း ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရှိ ရပါတယ်။ သန်းသန်းတင်

Sunday, 24 Apr 2011

ပြည်ဈေးကွက်တွင် ပဲပုပ် အရောင်းအဝယ်အေး               ပြည်ဈေးကွက်သို့ ပဲပုပ်များမှာ ဧပြီတစ်လလုံး အဝင်မရှိကြောင်း သိရပါတယ်။ ဧပြီလ ပထမပတ်မှာတော့ လက်လီသမားများဖြင့် အရောင်း အဝယ်ရှိခဲ့သော်လည်း ကြားရက်များမှာ သြင်္ကန်ပိတ်ရက်များကြောင့် အဝင်မရှိ သလို အရောင်းအဝယ်မရှိကြောင်း သိရပါတယ်။ ဧပြီလပထမပတ်မှာ ပိဿာ ၂ဝ တစ်တင်းကို ၁၆ဝဝဝ ကျပ် ဈေးရှိခဲ့သော်လည်း ယခုတစ်ပတ်မှာ တော့တစ်တင်းကို၁၆၅ဝဝကျပ်အရောင်း အဝယ်အေးနေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ

Pages