Background
နှမ်းနက်သာပုံမှန်အဆွဲရှိ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၂၈၆ သန်းတန်ဖိုးရှိ နှမ်းနက် တန် ၁၉ဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂ဝ နီးပါး တင်ပို့မှုပိုမိုခဲ့ပါတယ်။စစ်ကိုင်းမန္တလေးနဲ့ မကွေးတိုင်းဒေသကြီးထွက်နှမ်းများ ကို တင်ပို့နေခြင်းဖြစ်ပါတယ်။တရုတ်နိုင်ငံ အနေနဲ့ နှမ်းဝယ်လိုအားရှိပေမဲ့ ပြည်တွင်းသယ်ယူပို့ဆောင်စရိတ် ကြီးမြင့်မှု ကြောင့် အရောင်းအဝယ်သွက်လက်မှုမရှိဘူးလို့ သိရပါတယ်။ပြည်တွင်းနှမ်းဈေးနှုန်းမှာ နှမ်းဖြူ(အလတ်စ) တစ်တန်ကျပ် ၉၉၃၄၄၁ မှ ၁ဝ၃၄၄၄၄ ထိ၊ နှမ်းဖြူ(ကောင်း) တစ်တန် ကျပ် ၁ဝ၆၁၄၈၅ မှ ၁ဝ၈၈၈၈ဝ ထိ၊ နှမ်းနက်(ညံ့) တစ်တန်လျှင် ၁ဝ၈၈၇ဝ၂ နှမ်းနက်(ကောင်း) တစ်တန် ၁၂၂၄၇၉ဝ ကျပ်ရှိနေပါတယ်။ မိမိဘက်ဈေးဟာ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် နှမ်းဖြူဈေးကျနေသော်လည်း နှမ်းနက်ဈေးကတော့ မြင့်နေပါတယ်။ တစ်ဖက်နိုင်ငံမှာတော့ ဈေးပြောင်းလဲမှုမရှိဘဲ နှမ်းဖြူ ၉ဝ၈ဝ ယွမ်မှ ၉၂၈ဝ ယွမ်ထိနဲ့ နှမ်းနက် ၁ဝ၂၈ဝ ယွမ်မှ ၁၁၇၈ဝ ယွမ်ထိ ဈေးနှုန်းပေါက်လျက်ရှိပါတယ်။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံနှမ်းမြေပြင် ပေါက်ဈေး များကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ (ကောင်း) ၁၂၅၃၇၉ဝ ၁၂၈၈၉၈၇ ၃၅၁၉၇ ၃ ၁၄ဝ၉ ၁၄ဝ၉ - -နှမ်းနက် (ကောင်း) ၁၄၅ဝ၇၃၁ ၁၄၃၇၂၅၆ ၁၃၄၇၅ ၁ ၁၆၅၆ ၁၆၅၆ - - MIRT (DOBT)
နှမ်းတင်ပို့မှု ပုံမှန်သာရှိ ယခုဖေဖော်ဝါရီလ တတိယပတ်မှာလည်း ယခင်သီတင်းပတ်လိုပဲ နှမ်းတင်ပို့မှုက တန်ချိန် ၄ဝဝ နီးပါးသာရှိ တာတွေ့ရပါတယ်။ ဒီတစ်ပတ် နှမ်းတင်ပို့တဲ့ နိုင်ငံတွေက ကိုရီးယား၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဖြစ်ပါတယ်။ ဂျပန် ဝယ်လက်တွေက မြန်မာနှမ်းကို ဝယ်လိုအားကောင်းပေမဲ့ နှမ်းတင်ပို့ရာမှာတော့ ဓာတုဓာတ်ြွကင်းပါဝင်မှုကိုတော့ အလေးထား စစ်ဆေးတင်ပို့ရတယ်လို့ နှမ်းကုန်သည်တွေက ဆိုပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာလည်း ဆီစက်သမားတွေရော နယ်စပ်တရုတ်ဘက်ကပါ အဝယ်ရှိနေလို့ ဈေးကောင်းနေဆဲဖြစ်တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင် သီတင်းပတ်အတိုင်း သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၈၈၅ -၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ဆီထွက်သီးနံှ နယ်အဝင်နည်းလို့ မုံရွာမှာ ဈေးမာလာ မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီ ဒုတိယပတ်ဆီထွက်သီးနံှဈေးကွက်မှာ နယ်စုံက နှမ်းအဝင်လျော့လို့ နှမ်းဈေးအနည်းငယ်မြင့်လာခဲ့ပေမဲ့ မြေပဲဆံဈေး ကတော့ ငြိမ်နေတာတွေ့ရပါတယ်။ ယခုအပတ်အတွင်း နှမ်းနဲ့မြေပဲ နယ်အနည်း ငယ်ဆွဲခဲ့ပြီး အဓိကဝယ်လက်ကတော့ စက်မှုလုပ်ငန်းလိုင်းကဖြစ်တယ်လို့ ပွဲရုံ ရပ်ကွက်က ကြားသိရပါတယ်။ ဖေဖော်ဝါရီလထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆီထွက်သီးနံှနဲ့ စားဆီပေါက်ဈေးတွေကို လေ့လာတဲ့အခါ နှမ်းညိုတစ်တင်း ၂၂၅ဝဝ ကျပ်မှ ၂၃ဝဝဝ ကျပ်၊ နှမ်းနီတစ်တင်း ၂၄၃ဝဝ ကျပ်မှ ၂၅၅ဝဝ ကျပ်၊ အဖြူတစ်တင်း ၂၄၅ဝဝ ကျပ်မှ ၂၆၂ဝဝ ကျပ်သို့ ယခုရက်ပတ်အတွင်း အသီးသီးတက်ဈေးဖြစ်ပေါ်ခဲ့ကာ မြေပဲ လုံးဆံကတော့ တစ်တင်း ၃၂၅ဝဝ ကျပ်မှာ ငြိမ်နေခဲ့ပါတယ်။ ဆီဈေးအနေနဲ့ ယခုလအတွင်း တစ်ပိဿာ ၁ဝဝ ကျပ်မှ ၁၅ဝ ကျပ်ထိဈေးမြင့်လာခဲ့ရာ မြေပဲဆီ တစ်ပိဿာ ၃၈ဝဝ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၃၃ဝဝ ကျပ်နဲ့ စားအုန်းဆီ တစ်ပိဿာ ၂၈၈ဝ ကျပ်အသီးသီး အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုရက်ပတ်အတွင်း ဆီထွက် သီးနံှစီးဆင်းတင်ပို့မှုအနေနဲ့ မန္တလေးကို နှမ်းတင်း ၂ဝဝဝ ခန့်နဲ့ မြေပဲတင်း ၃ဝဝ ခန့်၊ ပခုက္ကူကို နှမ်းတင်း ၄၅ဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ယခုအပတ် နယ်စပ်က နှမ်းနက်သာမက နှမ်းဖြူအခွံချွတ်ပါ တင်ပို့မှုရှိ ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ နှမ်းနက် သာမက နှမ်းဖြူအခွံချွတ်ပါ တင်ပို့နိုင်ခဲ့ပါတယ်။ ကန်ဒေါ်လာ ဝ ဒသမ ၂၅၈ သန်းတန်ဖိုးရှိ နှမ်းနက် ၁၇၂ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၂ဝ သန်းတန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၁၃ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင် အပတ်က နှမ်းနက် ၁၅၉ တန်နီးပါးတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ နှမ်းနက်နဲ့ နှမ်းဖြူအခွံချွတ် ၁၃ တန်ခန့်စီ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ယခု အပတ်မှာ တရုတ်ဘက်မှ ဝယ်လိုအားပြန်လည်ရှိလာတာ တွေ့ရပါတယ်။ ပြည်တွင်း နှမ်းဈေးနှုန်းများကတော့ နှမ်းဖြူ (လတ်) တစ်တန် ၉၇၉၈၃၂ မှ ၉၉၃၄၄၁ ကျပ်၊ နှမ်းဖြူ (ကောင်း) တစ်တန် ၁ဝ၂ဝ၆၅၈ မှ ၁ဝ၇၅ဝ၉၃ ကျပ်ရှိပြီး နှမ်းနက် (ညံ့) တစ်တန် ၁ဝ၄၈ဝ၅၅ ကျပ်မှ ၁၂၉၃ဝ၅၅ ကျပ်၊ နှမ်းနက် (ကောင်း) တစ်တန် ၁၂၂၅ဝဝဝ ကျပ်မှ ၁၂၉၃ဝ၅၅ ကျပ်အထိ ရှိနေတယ်လို့ သိရပါတယ်။တရုတ် နိုင်ငံ ရွှေလီ ဝယ်ယူဈေးတွေကတော့ နှမ်းဖြူ တစ်တန် ၉ဝ၈ဝ မှ ၉၂၈ဝ ယွမ်နဲ့နှမ်းနက် တစ်တန် ၁ဝ၂၈ဝ မှ၁၁၇၈ဝယွမ်ထိရှိနေတယ်လို့ သိရပါတယ်။ နယ်စပ်နှစ်ဖက်ရှိ ယခုအပတ်နဲ့ ယခင်အပတ်နှမ်းဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၂၃၄၆၅၄ ၁၂ဝ၈၄၆၈ ၂၆၁၈၆ ၂ ၁၄ဝ၉ ၁၄၁၁ ၂ ဝ .၁နှမ်းနက် ၁၄၃၇၂၅၆ ၁၄၃၇၂၅၆ - - ၁၆၇၁ ၁၆၇၂ ၁ ဝ .ဝ၆MIRT (DOBT)
ဖေဖော်ဝါရီ ဒုတိယပတ်မှာ နှမ်းတန် ၃၄ဝ သာအတင်ရှိ ယခုဖေဖော်ဝါရီလ ဒုတိယပတ်မှာ ပင်လယ်ရေကြောင်းက နှမ်းတန် ၃၄ဝ သာ တင်ပို့မှုရှိလို့ ယခင်တစ်ပတ် တင်ပို့တဲ့ တန်ချိန် ၅ဝဝ ခန့်ထက် လျော့ကျ တင်ပို့ခဲ့တာတွေ့ရပါတယ်။ နှမ်းတင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှားနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ဆောင်းနှမ်း ဝင်ရောက်မှုရှိသလောက် ပြည်ပတင်ပို့သူရော ဆီစက်သမားများပါ အဆွဲရှိလို့ နှမ်း ဈေးကောင်းနေတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ဖေဖော်ဝါရီလ ၁၇ ရက်မှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန်ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ- ၁၅ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
စားအုန်းဆီကြမ်းဈေးနှုန်း ဆက်လက်ခိုင်မာဖွယ်ရှိ အထွက်လျော့ကျခြင်းနဲ့ နောက် ၂ လအတွက် လက်ကျန်နည်းတဲ့ အခြေ အနေတွေကြောင့် မလေးရှားစားအုန်းဆီ ကြမ်းဈေးနှုန်းက တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၃၁၃) နီးပါးအထိ ဆက်လက်ခိုင်မာ ဖွယ်ရှိတယ်လို့ သိရပါ တယ်။ မလေးရှားကုန်စည်ဒိုင်မှာ ဧပြီလ စားအုန်းဆီကြမ်းစာချုပ်ဈေးဟာ တစ်တန် ကို ၂၉ ရင်းဂစ်ပိုလာပြီး ရင်းဂစ် ၃၉၅၅ (ကန်ဒေါ်လာ ၁၂၉၈) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က မလေးရှားစားအုန်းဆီအဖွဲ့ရဲ့ ပြော ကြားချက်အရ ဇန်နဝါရီလ စားအုန်းဆီ ကြမ်းထုတ်လုပ်မှုဟာ တန်ချိန် ၁ ဒသမ ဝ၆ သန်းရှိလို့ ၄ နှစ်နီးပါးမှာ အနိမ့်ဆုံးကို ကျဆင်းတယ်လို့ သိရပါတယ်။ စားအုန်း ဆီလက်ကျန်ကလည်း တန်ချိန် ၁ ဒသမ ၄ သန်းသာရှိလို့ ယခင်နှစ် ဇူလိုင်လ နောက်ပိုင်း အနိမ့်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလ တင်ပို့မှု ကတော့ တန်ချိန် ၁ ဒသမ ၂၁ သန်းပိုမိုလာတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၆ လအတွင်း စားအုန်းဆီကြမ်းဈေးက ၅ဝ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ ပါ တယ်။ ဒါပေမဲ့ လက်ရှိတစ်တန် ရင်းဂစ် ၃၈ဝဝ အထက် မြင့်တက်နေတာကြောင့် အချို့ ဝယ်လက်တွေက ဈေးပိုမို သက်သာတဲ့ အခြားဟင်းသီးဟင်းရွက်ဆီများကို ပြောင်း လဲဝယ်ယူလာကြတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ လက်ရှိစားအုန်းဆီကြမ်းဈေးနှုန်းခိုင်မာနေခြင်းမှာ ရာသီဥတုအပြောင်း အလဲကြောင့် စားအုန်းဆီ၊ ပဲပုပ်နဲ့ ပြောင်းရောင်းချမှုနည်းခြင်းနဲ့ အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ၂ဝ၁၁ ဒုတိယ နှစ်ဝက်အတွင်းမှာ စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၃၁၁) ဝန်းကျင်ထိမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယုဇန၊ှSource: malaysiastar
ပြည်မြေပဲဆံဈေး ဆက်လက်မာ ဆောင်းမြေပဲများကို ပြည်ဈေးကွက်သို့ အောင်လံ၊ ကျော်စွာနဲ့ ပြလို့ဘက်မှ တစ်နေ့လျှင် အိတ် ၅ဝဝ-၆ဝဝ ခန့် ဝင်ရောက်လာတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆံမှာ ဆီစက်သမားများမှ အဝယ်ရှိနေသဖြင့် တစ်ပိဿာလျှင် ၁၈ဝဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာလျှင် ၂ဝဝဝ ကျပ်ဈေးထိ မြင့်လာတာတွေ့ရပါတယ်။ ဝယ်လက်များမှ အဝယ်ရှိနေသဖြင့် တစ်နေ့လျှင် မြေပဲဆံအိတ် ၆ဝဝ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် ၄ဝဝဝ ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ဆွေဆွေမင်း
လက်ကျန်နည်းလို့ နှမ်းဈေးမာ ပြည်ဈေးကွက်တွင် နှမ်းအဝင်မရှိသလောက် နည်းသွားသဖြင့် လှောင်လက်များမှ နှမ်းများထုတ်ရောင်းနေ တာကြောင့် နှမ်းလက်ကျန်များ နည်း သွားပြီး ဖြစ်ပါတယ်။ နှမ်းလက်ကျန်များ နည်းသွားသဖြင့် ဆီစက်များမှ ဆီကြိတ်ရန် နှမ်းကို လိုချင်သလောက်ဝယ်မရခြင်းကြောင့် ဈေးပေးဝယ်ယူမှုတွေရှိနေလို့ နှမ်းဈေးမှာ တစ်ပတ်ထက် တစ်ပတ် မြင့်တက်လျက်ရှိသလို ဆီဈေးမှာလည်း ဈေးဆက်မာနေ ပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၈၂ဝဝဝ ကျပ်ဖြင့် ဈေးမြင့်တက်လျက် ရှိပါတယ်။ နှမ်းနက်မှာ လက်ကျန်ပြတ်သဖြင့် ဈေးဖွင့်ထားခြင်းမရှိပါ။ နှမ်းဆီဈေးမှာ တစ်ပိဿာလျှင် ၃၅ဝဝ ကျပ်၊ ၃၆ဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း
နှမ်းနက်တစ်မျိုးပဲ နှစ်ကူးကာလ တရုတ်ကိုသွား မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ ကုန်သွယ်ရေးဇုန်မှတဆင့် စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်း ဒေသကြီးများက ထွက်ရှိတဲ့ နှမ်းနက်များကို ကန်ဒေါ်လာ ၂၃၃ဝဝဝ ကျော်တန်ဖိုးရှိ နှမ်းနက် ၁၅၉ တန် ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်အပတ်ကထက် နှမ်းနက်တန် ၆ဝ၊ လျော့နည်း တင်ပို့ ခဲ့ပါတယ်။ဝယ်လိုအားရှိသော်လည်း နှစ်သစ်ကူးပွဲတော်ကာလ ဖြစ်တာကြောင့် လုပ်ငန်းဆောင်ရွက်မှုနည်းပါးခြင်းကြောင့် နှမ်းတင်ပို့မှုလျော့ကျရတာဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ နှမ်းဈေးများကို ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းနက် ၁၄၃၇၂၅၆ ၁၅၉၂၅၄၇ ၁၅၅၂၉၁ ၁ .၁ ၁၆၅၆ ၁၇၈၉ ၁၃၃ ၈MIRT (DOBT)
ယခုတစ်ပတ် နှမ်းတင်ပို့မှု အနည်းငယ်လျော့ ဖေဖော်ဝါရီလ ပထမပတ်မှာ ပင်လယ်ရေကြောင်းက နှမ်းတန်ချိန် ၅ဝဝ နီးပါးသာ တင်ပို့မှုရှိလို့ ဇန်နဝါရီလ နောက်ဆုံးတင်ပို့ခဲ့တဲ့ ပမာဏထက် အနည်းငယ် လျော့လာတာ တွေ့ရပါတယ်။ နှမ်းတင်ပို့တဲ့နိုင်ငံတွေကတော့ ပုံမှန်ဖောက်သည် များဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက် အသီးသီးမှာ နှမ်းကို ဆီစက်လုပ်ငန်းရှင်တွေရော ပြည်ပ တင်ပို့သူတွေပါ အဝယ်ရှိနေလို့ ဈေးမာနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်လိုဘဲ သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
