Background
စားအုန်းဆီကြမ်းဈေးနှုန်း ယခုနှစ် ကန်ဒေါ်လာ ၁၃ဝဝ ကျော်အထိ မြင့်တက်လာနိုင် ဇီဝလောင်စာအတွက် ဝယ်လိုအားတက်နေတာကြောင့် ယခုနှစ်မှာ စားအုန်းဆီကြမ်းဈေးဟာ တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၃၁၈) ထိမြင့်တက်ဖွယ်ရှိတယ်လို့ ထုတ်လုပ်လေ့လာဆန်းစစ်Dorab Mistry က ပြောကြားပါတယ်။ ၎င်းပြောကြားချက်အရ အနောက်အာရှနဲ့ မြောက်အာဖရိက နိုင်ငံတွေမှာ မသေချာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဇီဝ လောင်စာအတွက် ဝယ်လိုအားဟာ အနည်းဆုံး တန်ချိန် ၂ ဒသမ ၅ သန်းထိ တိုးလိမ့်မယ်လို့ ဆိုပါ တယ်။ ရှေ့လတွေမှာ နိုင်ငံရေးမတည်မငြိမ်မှုများ ဆက်ဖြစ်နေမယ်ဆိုရင် စွမ်းအင်ဈေးနှုန်းတွေ ဆက်လက်မြင့်တက် နိုင်တာကြောင့် ဇီဝလောင်စာ အဝယ်ဘက်ကို တိုးလာမှာဖြစ်တယ်လို့ စားအုန်းဆီညီလာခံနဲ့ ၂ဝ၁ဝ ပြပွဲမှာပြောကြားခဲ့ကြောင်း သိရပါတယ်။ နိုင်ငံရေး အခြေအနေအရ ရေနံဈေးနှုန်း မြင့်တက်ခြင်းနဲ့အတူ လက်ရှိ စားအုန်းဆီကြမ်းဈေးလည်း လိုက်ပါမြင့်တက် နေတယ်လို့ ဆိုပါတယ်။ ရေနံဈေးနှုန်းမြင့်တက်ခြင်း၊ စားအုန်းဆီလက်ကျန်နည်းခြင်းနဲ့ ဝယ်လိုအား တိုးတက်နေခြင်းကြောင့် နောက်သီတင်း ၁ဝ ပတ်အတွင်းမှာ စားအုန်းဆီ ကြမ်းဈေးနှုန်းဟာ စံချိန်သစ် တင်လောက်တဲ့အထိ မြင့်တက်နိုင် တာကြောင့် ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၃၁၈)ကို မကြာမီ သီတင်းပတ် တွေမှာ ရောက်ရှိ လာနိုင်တယ်လို့ ၎င်းက ထပ်လောင်းပြောကြားပါတယ်။ ယျေဘုယျဘဏ္ဍာရေးအခြေအနေ ကျဆင်းခြင်းနဲ့ ရုတ်တရက် ဈေးကွက် ကျဆင်းသွားခြင်းမျိုးမရှိဘူးဆိုရင် ဒီနှစ်ရဲ့ စားအုန်းဆီကြမ်း ဈေးနှုန်း က ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၈၉) အောက် ရောက်ရှိနိုင်မှာ မဟုတ်ဘူး လို့ ဆိုပါတယ်။ ထုတ်လုပ်မှုအနေနဲ့ မလေးရှားနိုင်ငံက တန်ချိန် ၁၇ ဒသမ ၃ သန်း ထွက်ရှိနိုင်ပြီး အင်ဒိုနီးရှားကတော့ မနှစ်ကထက် တန်ချိန် ၁ ဒသမ ၅ သန်းပိုပြီး တန် ချိန် ၂၄ သန်းအထိ ထွက်ရှိနိုင်တယ်လို့လည်း ၎င်းက ပြောကြားပါတယ်။ ယုဇန၊ ှSource: Bernama. com
အဝင်နည်းလို့ ဈေးမာနေတဲ့ ပြည်နှမ်း ပြည်ဈေးကွက်ကို နှမ်းအဝင်နည်းသွားသဖြင့် နှမ်းဈေးမှာ ဆက်လက်မာလျက်ရှိပါတယ်။ မြန်အောင်၊ ကြံခင်းနဲ့ မင်းတုန်းဘက်မှ တစ်နေ့ကို အိတ် ၃ဝဝ ခန့်ဝင်ရောက်လာသဖြင့် ဆီစက်သမားများမှ ဆီကြိတ်ဖို့ လုံလောက်မှု မရှိခြင်းကြောင့် မိုးနှမ်းလက်ကျန်များကို ဆီကြိတ်နေသဖြင့် နှမ်းဈေးမှာ ဆက်လက်ဈေးမာလျက်ရှိပါတယ်။ နှမ်းနီ ၊ နှမ်းနက် ၄၅ ပိဿာ တစ်အိတ်ကို ၈၂ဝဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် တစ်နေ့ကို အိတ် ၅ဝဝ-၆ဝဝ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါ တယ်။ နှမ်းဆီ တစ်ပိဿာကို ၃၆ဝဝ ကျပ်ဈေးဖြင့် ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ ဝေဝေမင်း
သိပ္ပံနှမ်းနက်ဈေးတန့်နေသော်လည်း ဝယ်လိုအားရှိတဲ့ ရိုးရိုးနှမ်းနက်ဈေးမြင့်တက် အောင်လံဈေးကွက်မှာရှိတဲ့ နှမ်းမျိုးစုံကတော့ ဖေဖော်ဝါရီ တတိယပတ်ကစ လကုန်အထိဈေးငြိမ် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဈေးငြိမ်နေတဲ့ ကာလတစ်လျှောက် သိပ္ပံနှမ်းနက်တစ်ပိဿာ ၂၄၄၅ ကျပ်နဲ့ ရိုးရိုးနှမ်းနက်ကတော့ တစ်ပိဿာ ၁၇၇၈ ကျပ်တွေနဲ့အတူ နေ့စဉ်ပျမ်းမျှအိတ် ၁ဝဝ ဝန်းကျင်စီလောက် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်ကို ပုံမှန်တင်ပို့နိုင်ခဲ့ပါ တယ်။ မတ်လ ပထမပတ်မှာတော့ သိပ္ပံနှမ်းနက်အနေနဲ့ ပုံမှန်ဈေးနှုန်းအတိုင်း ဆက်လက်ရပ်တည်နေပြီး ပြည်ပတင်ပို့ဖို့ ဝယ်လိုအားမြင့်တက်လာတဲ့ ရိုးရိုးနှမ်းနက်ကတော့ တစ်ပိဿာ ၁၈၂၃ ကျပ်ထိဈေးမာလာကာ တစ်ပတ်အတွင်း ရန်ကုန်ကို သိပ္ပံနှမ်းနက်အိတ် ၁၅ဝဝ ခန့်နဲ့ ရိုးရိုးနှမ်းနက်ကတော့ ပုံမှန်ထက်တိုးပြီး အိတ် ၂ဝဝဝ ခန့် ထိတင်ပို့လာကြောင်း ကုန်သည် ကြီးများထံမှ သိရပါတယ်။ တောင်သူလက်ကျန်နည်းပါးလာပြီး မြို့ပေါ်လက်ကျန်အနေနဲ့ သိပ္ပံနှမ်းနက်အိတ် ၁၅ဝဝဝ ခန့်နဲ့ ရိုးရိုးနှမ်းနက်ကတော့ အိတ် ၄ဝဝဝဝ ခန့်သာကျန်ရှိတာကြောင့် ပြည်ပပို့ကုန်နှမ်းသီးနံှရဲ့ ဈေးကွက်ဟာ ပုံမှန်အရောင်း အဝယ်ဖြစ်မှုနဲ့ အတူ ဈေးမာနေနိုင်ကြောင်းလည်း သုံးသပ်သူအခိုျ့က ဆိုပါတယ်။ ကျော်မျိုးမင်း
နှမ်းနက်နဲ့ နှမ်းဖြူအခွံချွတ်သာ နယ်စပ်မှအပို့ရှိ ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်းမှာ နှမ်းဖြူတင်ပို့နိုင်မှုမရှိဘဲ နှမ်းနက် ၁၅၇ တန် ကျော်နဲ့ နှမ်းဖြူ အခွံချွတ် ၂၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၂၈ သန်းဖိုးတင်ပို့နိုင်ခဲ့ပါ တယ်။ယခင်အပတ်က နှမ်းနက် ၁၉၂ တန်နီးပါးတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ယခင်အပတ်ကထက် နှမ်းနက်တင်ပို့မှု ၃၄ တန်ကျော်လျော့နည်းခဲ့ပြီး နှမ်းဖြူအခွံချွတ်ကိုတော့ ယခင်အပတ်က တင်ပို့နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။နှမ်းဝယ်လိုအားရှိပေမဲ့ လက်ရှိပြည်တွင်းဈေး၊ သယ်ယူ စရိတ်တွေကြောင့် အရောင်းအဝယ်ပါးနေတာလို့ နှမ်းကုန်သည်တစ်ဦးထံမှ သိရပါတယ်။နှမ်းဈေးနှုန်းမှာ နှမ်းနက် (ရိုးရိုး) ၁ တန်ကျပ် ၁ ဒသမ ၁၉၈ သန်းမှ ၁ ဒသမ ၂၃၉ သန်း၊ နှမ်းနက်အလတ်စ ကျပ် ၁ ဒသမ ဝ၈၉ သန်းကျပ်မှ ပြောင်းလဲမှုမရှိပဲ ရွှေလီဘက်မှာ နှမ်းနက်တစ်တန် ယွမ် ၁ဝ၂၈ဝ မှ ၁၁၂၈ဝ ထိ ဈေးပေါက်နေပါတယ်။ မူဆယ်နဲ့ ရွှေလီမြေပြင်ပေါက်ဈေးများကို ယခင်အပတ်တိုင်းပဲရှိနေပြီး ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဖက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းနက် (ကောင်း) ၁၄၅ဝ၇၃ဝ ၁၄၅ဝ၇၃၁ဝ - - ၁၆၅၆ ၁၆၅၆ - -နှမ်းဖြူ (ကောင်း) ၁၂၅၃၇၉၁ ၁၂၅၃၇၉၁ - - ၁၄ဝ၉ ၁၄ဝ၉ - -MIRT (DOBT)
နှမ်းတန် ၅ဝဝ ခန့်တင်ပို့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှုက တန်ချိန် ၅ဝဝ ခန့် ရှိတာတွေ့ရပါတယ်။ ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှုကတော့ နည်းနည်းနဲ့ မှန်မှန်သွားနေပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ ဆွီဒင်တို့ဖြစ်ပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိနေတဲ့ နှမ်းဟာ ပြည်တွင်း တောင်သူလက်ထဲမှာ တော့ လက်ကျန်မရှိသလောက်နည်းပြီး ကုန်သည်လက်ထဲ ရောက်နေပြီလို့ သိရပါတယ်။ ၂ဝ၁၁ ဇန်နဝါရီလအတွင်း နှမ်းတန်ချိန် ၂၃ဝဝ ခန့် တင်ပို့မှုရှိပြီး၊ ဖေဖော်ဝါရီလမှာ တန်ချိန် ၁၇ဝဝ ခန့်ရှိပါတယ်။ ယခင်နှစ်ကာလတူ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလရဲ့ တန်ချိန် ၃ဝဝဝ ခန့်ထက်တော့ လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေး အနေနဲ့ ယခင်သီတင်းပတ်များအတိုင်း ပြောင်းလဲခြင်းမရှိဘဲ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT- MAPT
ပြည်ပ စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက် မြင့်တက်လို့ စားအုန်းဆီကြမ်းဈေးလည်း ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက် ဖေဖော်ဝါရီလ သိုလှောင်လက်ကျန်ပမာဏက ၇ လအတွင်း အနိမ့်ဆုံး ကို ကျဆင်းနိုင်တဲ့ မျှော်လင့်ချက်များအရ မလေးရှားကုန်စည်ဒိုင် စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးဟာ မတ်လ ၂ရက်နေ့မှာ မြင့်တက်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပ စိုက်ပျိုး ရေးထွက်ကုန်ဈေးကွက်များ မြင့်တက်လာခြင်းကလည်း စားအုန်းဆီဈေးကို အထောက်အပံ့ဖြစ်စေပါတယ်လို့ ဈေးကွက်က ဆိုပါတယ်။ မလေးရှားဘာစာကုန်စည်ဒိုင်မှာ မေလ အခြေခံစာချုပ်ဈေးဟာ ရင်းဂစ် ၄၄ (ကန်ဒေါ်လာ ၁၄ ဒသမ ၅၁) ၊ ၁ ဒသမ ၂ ရာခိုင်နှုန်းပိုမိုလာပြီး တစ်တန်ကို ရင်းဂစ် ၃၅၉ဝ (ကန်ဒေါ်လာ ၁၁၈၄) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ မေလ ပဲပုပ်ဆီကြိုပွိုင့်ဈေးကလည်း ၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ၅၈ ဒသမ ၃၈ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၈၇) နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။ စိုက်ပျိုးရေးကုန်စည်တွေအပေါ် ယုံကြည်မှုခိုင်မာနေပြီး ရောင်းဝယ်မှု အခြေအနေကတော့ ၎င်းတို့ရဲ့ လကုန်ထုတ်လုပ်မှုနဲ့ လက်ကျန်အစီရင်ခံစာတွေ အပေါ် ဂရုပြုရမယ်လို့ ဆစ်ဒနီအခြေစိုက် ကုန်စည်လေ့လာ ဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။ အစိုးရနဲ့ ဆက်စပ်တဲ့ မလေးရှားစားအုန်းဆီအဖွဲ့MPOB က ဖေဖော် ဝါရီလရဲ့ ထုတ်လုပ်မှု၊ လက်ကျန်နဲ့ ပြည်ပတင်ပို့မှု စာရင်းတွေကို မတ်လ ၁ဝ ရက်မှာ ထုတ်ပြန်ဖွယ်ရှိကြောင်း သိရပါတယ်။ MPOB ရဲ့ အစီရင်ခံစာအရ ဇန်နဝါရီက စားအုန်းဆီကြမ်း ထုတ်လုပ်မှု တန်ချိန် ၁ ဒသမ ဝ၆ သန်းနဲ့ လကုန်လက် ကျန် တန်ချိန် ၁ ဒသမ ၄၂ သန်းရှိတယ်လို့ သိရပါတယ်။ ကုန်သည်တွေနဲ့ စိုက်ပျိုးသူတွေရဲ့ ခန့်မှန်းချက်ကတော့ ဖေဖော်ဝါရီ လကုန် စားအုန်းဆီလက်ကျန်က တန်ချိန် ၁ ဒသမ ၃၅ သန်း - ၁ ဒသမ ၃၉ သန်းရှိလို့ ၇ လအတွင်း အနိမ့်ဆုံးအဖြစ် ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ လစ်ဗျား နိုင်ငံမှာ မတည်ငြိမ်မှု ဆက်ဖြစ်နေခြင်းက ရေနံဈေးနှုန်းကို မြင့်တက်စေတာမို့ တစ်ဆက်တည်းမှာပဲ ဇီဝလောင်စာအသုံးပြုနိုင်တဲ့ စားအုန်းဆီနဲ့ ဟင်းသီးဟင်းရွက် ဆီဈေးတွေကိုလည်း သက်ရောက်နေတာဖြစ်ပါတယ်။ မတ်လပို့ရမယ့် စားအုန်းဆီခဲဈေးဟာ တစ်တန်ကို ၁ဝ ဒေါ်လာ မြင့် တက်ပြီး ကန်ဒေါ်လာ ၁၂၅ဝ ဈေးဖြစ်ပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း ဈေးက ရင်းဂစ် ၃ဝ မြင့်တက်ပြီး တစ်တန် ရင်းဂစ် ၃၆၆ဝ (ကန်ဒေါ်လာ ၁၂ဝ၇) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com
တစ်ရိပ်ရိပ်တက်ဈေးနဲ့ မုံရွာပဲပုပ်အရောင်းအဝယ်သွက်နေ မုံရွာကုန်စည်ဒိုင် ပဲပုပ်ဈေးကွက်မှာ ဖေဖော်ဝါရီလအတွင်း တက်ဈေးအဆင့်ဆင့်ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ ကလေးနယ်က ပဲပုပ်တွေ မန္တလေးတိုက်ရိုက်စီးဆင်းမှုရှိလို့ မုံရွာဈေးကွက်မှာ ပစ္စည်းအဝင် လျော့လာခဲ့ကာ မန်းအဆွဲပိုလာတဲ့ အတွက် ယခုလိုတက်ဈေး ဖြစ်ပေါ်ခြင်းဖြစ်တယ်လို့ ဒေသခံကုန်သည်တွေက ပြောပါတယ်။ ဒီလထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မုံရွာပဲပုပ်ဈေးတွေကို လေ့လာတဲ့အခါ လဆန်းပိုင်းမှ တစ်တင်း ၁၂၅ဝဝ ကျပ်ထိအနိမ့်ဆုံးဈေးဖြစ်ခဲ့ပြီး ယခုတတိယပတ်မှာတော့ တစ်တင်း ၁၃ဝဝဝ ကျပ်၊ ၁၄၅ဝဝ ကျပ် အဆင့်ဆင့်တက်လာခဲ့ကာ ဖေဖော်ဝါရီ ၂၃ ရက်ဈေးကွက်မှာ တစ်တင်း ၁၅၈ဝဝ ကျပ်ထိ ဈေးအမြင့်ဆုံး ပေါက်ခဲ့တာတွေ့ရပါတယ်။ ယခုလအတွင်း တတိယပတ်အထိ မုံရွာဈေးကွက်ကနေ မန္တလေးကို ပဲပုပ်စီးဆင်း တင်ပို့နိုင်မှုမှာ တင်း ၁၅ဝဝ ခန့်ရှိတယ်လို့ ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုင်
ဆီစက်သမားများအဝယ်ရှိလို့ ဈေးမြင့်နေတဲ့ ပြည်မြေပဲဆံ ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာ တစ်ပတ်ထက်တစ်ပတ် ဈေးမြင့်လာတာတွေ့ရပါတယ်။ ပြည်မြို့ရှိပွဲရုံ များသို့ အောင်လံ၊ ကံမနဲ့ ရွှေတောင်မြို့နယ်ဘက်မှ တစ်နေ့လျှင် အိတ် ၁ဝဝဝ ခန့် ဝင်ရောက်လာသဖြင့် ဆီစက် သမားများမှ ဆီကြိတ်ရန်ဈေးပေးဝယ်ယူနေသဖြင့် မြေပဲဆံဈေးမြင့်သလို မြေပဲဆီဈေးမှာလည်း ဆက်လက် မြင့်တက် လာခဲ့ပါတယ်။ ဆီကြိတ်မြေပဲဆံတစ်ပိဿာလျှင် ၁၈၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာလျှင် ၂ဝ၅ဝ ကျပ်ဖြင့် ယခင် အပတ်ထက် ဈေးဆက်လက်မြင့်တက်လာခဲ့ပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် ၄၁ဝဝ ကျပ်- ၄၂ဝဝ ကျပ်ဖြင့် ပြည်ဈေးကွက်တွင် တစ်နေ့လျှင် ၅ ပေပါခန့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ဝေဝေမင်း
တိုင်းပြင်ပမှ စီးဝင်လာတဲ့ မြေပဲ ၂ဝ၁၁ ခု ဖေဖော်ဝါရီလအတွင်း မုံရွာကုန်စည်ဒိုင်မှာ မြေပဲတစ်ပိဿာ အနိမ့်၊ အမြင့်ပေါက်ဈေးမှာ မြေပဲဆံနီ ၁၈ဝဝ ကျပ်-၁၉၅ဝ ကျပ်၊ မြေပဲဆံဖြူ ၁၇ဝဝ ကျပ်-၁၉ဝဝ ကျပ်၊ မြေပဲလုံးဆံ ၂၂၈၆ ကျပ်-၂၂၉၃ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ စောစိုက်တဲ့မြေပဲများထွက်ပေါ်နေပြီး မြင်းမူမြို့နယ်မှ မြေပဲများ မုံရွာမြို့သို့ အများအပြား ဝင်ရောက်မှုအပြင် မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ရေစကြိုမြို့နယ်များမှ မြေပဲများလည်း မုံရွာမြို့သို့ ဝင်ရောက်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံးဆံတစ်ရက်ကို ပျမ်းမျှတင်း ၇ဝဝ ကျော် အရောင်းအဝယ်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးမြို့ပေါ်သို့ ဖေဖော်ဝါရီလ ၂၂ ရက်အတွင်း တင်း ၃၈ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ မြေပဲဆံနီ (ဆီဆံ)ဈေးအတက်အကျပေါ် မူတည်ပြီး ပဲဆီဈေးအတက်အကျဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ပြောပြလို့ သိရပါတယ်။ ယခုအပတ်အတွင်း ပဲဆီတစ်ပိဿာ လက်ကား ၃၉၅ဝ ကျပ်၊ လက်လီ ၄ဝဝဝ ကျပ်-၄၁ဝဝ ကျပ်၊ ပဲဖတ် ၆၅၅ ကျပ်ဈေးပေါက်ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
အထွက်လျော့တဲ့ ရှမ်းပန်းနှမ်းအဝင်လည်းနည်းလို့ ဈေးမာ ရှမ်းပြည်နယ်တောင်ပိုင်း ပန်းနှမ်းဈေးကွက်မှာလည်း ဈေးမာလျက်ရှိတာတွေ့ရပါတယ်။ ဒီနှစ်ပန်းနှမ်းမှာ ယခင် နှစ်ထက် အထွက်အနည်းငယ်လျော့လို့ ယခင်နှစ်ကထက်စောပြီး ပစ္စည်းပြတ်သလိုဖြစ်သွားပါတယ်။ ဈေးကွက်လက်ကျန် နည်းလာလို့ ဈေးကလဲတက်လာပါတယ်။ ယခင်တစ်ပတ်က ပန်းနှမ်းတစ်ပိဿာ ၁၃၂ဝ ကျပ်မှ ယခုတစ်ပတ်မှာတော့ တစ်ပိဿာ ၁၃၂၅ ကျပ်မှ ၁၃၃ဝ ကျပ်ဈေးရှိပါတယ်။ ပန်းနှမ်းဆီ တစ်ပိဿာကို ၃၅ဝဝ ကျပ်ဈေးရှိတယ်လို့ ကုန်သည်များထံမှ သိရှိရပါတယ်။ စောယုထွေး
