Background
ပဲခူးတိုင်းဒေသကြီးပြည်ပဲမျိုးစုံဈေးကွက်မှာယခုနှစ်အတွင်းအဓိကအရောင်းအဝယ်ဖြစ်လျက်ရှိတဲ့ပဲများရဲ့ဈေးနှုန်းအခြေ အနေကို လေ့လာရာမှာ ပဲတီစိမ်းသီးနှံကတော့ မန္တလေးဝယ်လက်ဝယ်လိုအားကောင်းလို့ ဈေးကောင်းရခဲ့ပေမယ့် မတ်ပဲသီးနှံကတော့ရန်ကုန်ဝယ်လက်ရှိပြီး ပဲတီစိမ်းနဲ့ယှဉ်ရင် ဈေးနိမ့်ခဲ့ပေမယ့်ယခင်နှစ်ကဈေးထက်တော့ယခုနှစ် မှာ ဈေးကောင်းရခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပဲစင်းငုံသီးနှံမှာလည်း ရန်ကုန်ဝယ်လက်အဝယ်ရှိခဲ့လို့ ယခုနှစ်မှာ
ယခင်နှစ်များကထက် ဈေးပိုရနေခဲ့ပါတယ်။ အခြားပဲများဖြစ်သောကုလားပဲ၊ပဲကြီး၊ပဲပုပ်သီးနှံများကတော့ဒေသတွင်း သာ အများဆုံး အရောင်းအဝယ်ဖြစ်ကြတာကြောင့် ပဲဈေးနှုန်းမှာ ယခုနှစ်အတွင်းဈေးအေးခဲ့တဲ့ ပဲများဖြစ်ကြပါတယ်။ ပဲမျိုးစုံသီးနှံများ၏ စက်တင်ဘာလအတွင်း နှစ်အလိုက်ဈေးနှုန်းနှိုင်းယှဉ်မှုကို လေ့လာရာမှာ အောက်ပါအတိုင်းတွေ့ရ ပါတယ်-မတ်ပဲသီးနှံမှာပဲလက်ကျန်နည်းလို့ ပဲအဝင်လည်းပါးကာ လှောင်ပဲအချို့ ထုတ်ရောင်းချမှုရှိခဲ့ပါတယ်။ ယခု တစ်ပတ်မှာ တစ်တင်း ၂၂၄၀၀ကျပ်ဖြင့်သာရန်ကုန်ဝယ်လက်ဝယ်ယူလျက်ရှိပါတယ်။မတ်ပဲသီးနှံ၏ နှစ်အလိုက်ကာ လတူဈေးနှုန်းများအရ ၂၀၁၂နဲ့ ၂၀၁၃ခုနှစ် စက်တင်ဘာမှာဈေးသိပ်မကွာခြားခဲ့ဘဲယခု ၂၀၁၄ မှာတော့ယခင်နှစ်များ ကထက် ဈေးပိုခဲ့တာကို တွေ့ရပါတယ်။ ပဲတီစိမ်းသီးနှံကတော့ ယခုနှစ်အတွင်းဈေးကောင်းတဲ့ပဲ အမျိုးအစားထဲမှာပါ ဝင်ခဲ့တာကိုတွေ့ရပါတယ်။ ယခင်နှစ်ကစက်တင်ဘာလမှာပဲလက်ကျန်ပြတ်သွားခဲ့ပေမယ့် ယခုနှစ်မှာတော့ ပဲပေါ် ချိန်နောက်ကျခဲ့တဲ့အတွက်စက်တင်ဘာလကုန်အထိ မန္တလေးဝယ်လက်သမားများနဲ့အရောင်းအဝယ်ဖြစ်ခဲ့တဲ့အတွက် ပဲဈေးမှာလည်း တစ်တင်းကို ၃၀၀၀၀ ကျပ်မှ ၃၁၅၀၀ ကျပ်ထိ ရရှိခဲ့ပါတယ်။ ၂၀၁၂ စက်တင်ဘာမှာတော့ တစ်တင်း ၁၅၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ထိသာ ဈေးရခဲ့တဲ့အတွက် ပဲတီစိမ်းဈေးမှာ ယခင်နှစ်ကာလတူဈေးထက်ဈေးကောင်းရခဲ့ ပါတယ်။ ကုလားပဲသီးနှံမှာဒေသတွင်းသာအရောင်းအဝယ်ဖြစ်မှုများတာကြောင့်ပဲဈေးနှုန်းများမှာ လည်းနှစ်အလိုက် နှိုင်းယှဉ်ရာမှာ ၂၀၁၂နဲ့ ၂၀၁၃ စက်တင်ဘာလများတွင် တစ်တင်း ၁၉၈၀၀ ကျပ်မှ ၂၄၀၀၀ ကျပ်၊ ၁၇၅၀၀ ကျပ်မှ ၁၇၉၀၀ ကျပ်ရရှိခဲ့ကြသော်လည်း ယခုနှစ်မှာတော့ပဲပေါ်ချိန်မှစ၍ ယခုချိန်ထိ ဈေးအေးခဲ့တဲ့အတွက် ယခင်နှစ်များ က ဈေးကိုမမီခဲ့ဘဲ တစ်တင်း ၁၃၀၀၀ ကျပ်မှ ၁၄၂၀၀ ကျပ်ဖြင့်သာ ဒေသတွင်း ပဲခွဲစက်သမားများ ဝယ်ယူခဲ့ကြပါ တယ်။ ပဲစင်းငုံသီးနှံဈေးနှုန်းများအရ ယခုနှစ်မှာ ဈေးကောင်းရခဲ့ပြီး မတ်ပဲနဲ့ တန်းတူနီးပါးဈေးရခဲ့တာကို တွေ့ရပါ တယ်။ ယခုနှစ် စက်တင်ဘာလအတွင်း ပဲစင်းငုံဈေးမှာ တစ်တင်း ၂၁၂၀၀ ကျပ်မှ ၂၃၆၀၀ ကျပ်ထိ ရန်ကုန်ဝယ် လက်များ ဝယ်ယူခဲ့ကြပါတယ်။ ၂၀၁၃ စက်တင်ဘာမှာတော့ တစ်တင်း ၁၆၉၀၀ ကျပ်မှ ၁၇၄၀၀ ကျပ် သာရရှိခဲ့ပြီး ၂၀၁၂ စက်တင်ဘာမှာလည်း ၂၁၃၀၀ ကျပ်ထိ ဈေးကောင်းရခဲ့တာကို တွေ့ရပါတယ်။ ပဲကြီးသီးနှံများကတော့ နှစ် အလိုက် ဈေးနှုန်းကို နှိုင်းယှဉ်ရာမှာ ၂၀၁၃ ခုနှစ် စက်တင်ဘာက (ရွှေကျွန်း)တစ်တင်း ၃၆၅၀၀ ကျပ်မှ ၃၇၅၀၀ကျပ်၊ (ကမ်းနား)တစ်တင်း ၃၅၅၀၀ကျပ်မှ ၃၆၅၀၀ ကျပ်ထိ ဈေးကောင်းခဲ့တာကို တွေ့ရပြီး ယခုနှစ်မှာတော့ ၂၀၁၂ ခုနှစ် က ဈေးနှုန်းလောက်သာ ရရှိခဲ့တာကိုတွေ့ရပါတယ်။ ဒေသတွင်း ပဲကြော်ဖိုသမားသာအဝယ်ရှိကြတာကြောင့် ပဲဈေးအေး အရောင်းအဝယ်လည်းအေးခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပဲပုပ်သီးနှံကတော့ အခြားပဲများကဲ့သို့ နှစ်အ လိုက် ဈေးနှုန်းများမှာ သိပ်ပြီးကွာခြားပြောင်းလဲမှုမရှိခဲ့ဘဲ နှစ်စဉ် တစ်တင်း ၂၀၀၀၀ ကျပ်နဲ့ ၂၁၀၀၀ ကျပ်၊ ၂၃၀၀၀ ကျပ်တစ်ပတ်လည်သာ ပဲအဝင်လှိုင်သည့်အချိန်တွင် ရန်ကုန်ဝယ်လက်အဝယ်ရှိပေမယ့်ကျန်တဲ့ ကာလများမှာေ တာ့ ဒေသတွင်းလက်လီသမားများနဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲတစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်နဲ့ အဓိက အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲများရဲ့ ပဲဈေးနှုန်းများမှာ ပဲစင်းငုံ သီးနှံသာယခင်အပတ်ထက်ဈေးအနည်းငယ်မြင့်လာပြီးကျန်ပဲများဖြစ်သောမတ်ပဲ၊ပဲတီစိမ်း၊ကုလားပဲဈေးများမှာ ဈေးလျော့ သွားကာပဲကြီးသီးနှံဈေးကတော့ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။မတ်ပဲသီးနှံမှာ ရွှေတောင်၊ ပေါက်ခေါင်း၊ ကျီးသဲဖက်မှ အိတ်အနည်းငယ်သာ ဝင်ရောက်ခဲ့ပြီး ရန်ကုန် ဝယ်လက်ကလည်း နေ့စဉ် အဝယ်မရှိဘဲ ရက်ခြားသာ
မုံရွာကုန်စည်ဒိုင် စက်တင်ဘာလလယ် ပဲဈေးကွက်မှာ ပဲအများစုဈေး အေးခဲ့ပေမဲ့ ပဲလက်ကျန်လျော့လာတဲ့ ငုံနီကတော့ ဈေးဆက်လက်မာနေတာ တွေ့ရပါတယ်။ ယခုအပတ်အတွင်း ဒေသခံလှောင်လက်တွေဆီမှာ ငုံနီ လက်ကျန်အိတ်၅သောင်းဝန်းကျင်သာကျန်ရှိနိုင်ဖွယ်ရှိတယ်လို့ကုန်သည်တွေခန့်မှန်းထားကြပြီးလာမဲ့ အောက်တိုဘာမှာ
မိုးရာသီမှာ မိုးရေလုံလုံလောက် လောက် မရရှိတဲ့အတွက် မိုးပဲအထွက် ကျဆင်းဖွယ်ရှိနေကြောင်း၊ ဒါကြောင့် အိန္ဒိယနိုင်ငံ ဒေသတော်တော်များများ မှာပဲတီစိမ်းလို အဓိကပဲတွေရဲ့ လက်လီ ဈေးနှုန်းတွေ ကသိသိသာသာမြင့် တက် နေတယ်လို့ သိရပါတယ်။ ချန်နိုင်းမှာရှိတဲ့ စားသုံးသူတွေအနေနဲ့ ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းတွေ ကို ဈေးအမြင့် ဆုံး ပေးဝယ်နေကြရပြီး အဲဒီနောက်မှာ ဒေလီ၊ မွန်ဘိုင်းနဲ့ ကိုလ်ကတ္တား ဈေး ကွက် ဈေးနှုန်းက ကြီးမြင့်နေတယ်လို့ ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ မကြာသေးခင်က ကြက်သွန်နဲ့ ခရမ်းချဉ်သီး ဈေး နှုန်းေ တွ စံချိန်တင ်နီးပါးမြင့် တက်မှု နဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ယခုအခါ ပဲမျိုး စုံ ဈေးနှုန်းကြီးမြင့်မှုနဲ့ ရင်ဆိုင်နေရ ပါတယ်။
ဇူလိုင်လ တတိယပတ် ပြည်ပဲမျိုးစုံ ဈေးကွက်မှာ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီး သီးနှံများမှာ ပဲအဝင် သိပ်မရှိတော့ဘဲ လက်ကျန်ပဲ များနဲ့သာ အရောင်းအဝယ် ဖြစ်နေသလို ပဲစင်းငုံသီးနှံမှာလည်း ရန်ကုန်ဝယ်လက် ဝယ်ယူတဲ့ရက်မှာ လက်ကျန်ပဲများ အရောင်း အဝယ်ဖြစ်ခဲ့ ကြပါတယ်။ ပဲတီစိမ်းအသစ်များ
မလေးရှား ရင်းဂစ်တန်ဖိုး ခိုင်မာမှုက စားအုန်းဆီဈေးနှုန်းကို ဆွဲချခဲ့တဲ့ အတွက်မလေးရှားစားအုန်းဆီက ယခင် ကမြင့်တက် ခဲ့တဲ့ဈေးနှုန်း ကိုထိန်းမထား နိုင်ဘဲ ဇူလိုင် ၁၇ ရက်နေ့က ဈေးနှုန်း ကျဆင်းခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့ ပို့ကုန် ဝယ်လို အား မြင့် မားလာတာနဲ့ ယခုလအတွင်းမှာ ဟင်းသီးဟင်းရွက်ဆီ ရောင်းလိုအားနည်းလာတာတွေ ကြောင့် စားအုန်း ဆီဈေးနှုန်း ကျဆင်း တာကို သက်သာမှု ရရှိစေခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင် ဇူလိုင်လ ဒုတိယ ပတ် ဆီထွက်သီးနှံဈေးကွက်မှာ ပြီးခဲ့တဲ့ ရက်ပတ်ကထက် မြေပဲ၊ နှမ်းနဲ့ ပဲဆီေ တွ ဈေး တက်လာတာ တွေ့ရပါတယ်။
၂၀၁၄ ခုနှစ် ဇူလိုင်လ ၅ ရက်မှ ၁၁ ရက်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၃၇၁ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၁၄၉ တန်ကျော်ကို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်စခန်း တို့မှ တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ချင်းရွှေဟော် ကနေ နှမ်း ရောင်စုံ ၁၃၆၃ တန်တင်ပို့နိုင်ခဲ့လို့ ယခုအပတ် နှမ်းတင်ပို့မှု ၂၁၃ တန်ခွဲ လျော့နည်းသွားခဲ့တာ တွေ့ရပါတယ်။
မန္တလေး ကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော် အသင်း) ကို အနယ်နယ်အရပ်ရပ်မှ ပဲစင်းငုံနီနဲ့ ပဲစင်းငုံရွှေများဝင်ရောက်ပြီး ရောင်းချလျက် ရှိပါတယ်။ နွားထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော်၊ ရွှေဘို၊ ဒီပဲယင်းစတဲ့ဒေသများမှ အများဆုံးဝယ်ယူရောင်းချကြောင်းသိရပါတယ်။ မန္တလေးတိုင်းဒေသကြီးမှ ကုန်သည် ပွဲစားများဟာ ပဲသီးနှံမျိုးစုံကို ဝယ်ယူရာမှာ မိမိတို့ ယုံကြည်စိတ်ချရသော တောပွဲစား၊ မြို့ပွဲစားများအား သီးနှံပေါ်ချိန်မှာ ငွေကြိုတင်ပေးပြီး ဝယ်ယူခြင်း၊ မိမိပွဲရုံ အရောက် ဝယ်ယူခြင်း၊ ပစ္စည်းရောက် ငွေချေစနစ်နဲ့ ကျင့်သုံးဝယ်ယူကြောင်း သိရပါ တယ်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ယခုဇူလိုင်လအထိ ဖြစ်ပေါ်ပြောင်းလဲတဲ့ ပဲစင်းငုံနီ နဲ့ ပဲစင်းငုံရွှေတို့ရဲ့ ဈေးနှုန်းများမှာ -
မုံရွာကုန်စည်ဒိုင် ဇူလိုင်လ ဒုတိယပတ် ဝါဝင်ကာလ အကြိုပဲဈေးကွက်မှာ ပဲအများစုအရောင်းအဝယ်အေးခဲ့တယ် လို့ သိရပါ တယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ အဓိကပဲဈေးကွက်ထဲက ငုံနီ၊ စိမ်းကြီး၊ မတ်ပဲနဲ့ ထောပတ်ပဲတွေဟာ Export မျှော်လင့် ချက် နဲ့ ဈေးကွက်မှာပဲလက်ကျန် နည်းခြင်းတို့ကြောင့် မနှစ်ကနဲ့ ကာလတူထက် ပေါက်ဈေး မြင့်နေကြ တာ တွေ့ရပါတယ်။ Export မရှိ၊ ပဲ လက်ကျန်များနေတဲ့ ကုလားပဲမျိုးစုံ၊ ပဲကြီးနဲ့ စွန်တာနီပဲတွေကတော့မနှစ်က ကာလတူထက် ဈေးလျော့နေ တာ တွေ့ ရပါတယ်။


