Background
ရန်ကုန်မြို့ ကားဈေးကွက်အတွင်း စက်တင်ဘာ တတိယပတ် ဝန်းကျင် အခြေအနေမှာ မြို့တွင်းရှိ ကားပွဲစား တန်းများ၊ အရောင်းစင်တာများတွင် အရောင်းအဝယ်အေးနေပြီး တစ်ပိုင် တစ်နိုင်ရောင်းဝယ်သူများ၊ ဝယ်ရောင်း များသာ အချင်းချင်းရောင်းဝယ်မှုရှိ၍ ရောင်းကားရှားနေကြောင်း သိရသည်။ဈေးကွက်အတွင်း လက်ရှိ အပြော အများဆုံးသတင်းမှာ လာမည့် အောက် တိုဘာလတွင် ထုတ်ပြန်မည့် မော်တော် ယာဉ်များ တင်သွင်းခွင့်ဆိုင်ရာ မော်ဒယ် သတ်မှတ်ချက်များတွင် ဖရီးပါမစ်ကား၊ စလစ်ကပ်ကား၊ လုပ်ငန်းသုံးကား၊ အသစ်သွင်းကားစသည်ဖြင့် ခွဲထား သော အုပ်စုများအလိုက် မော်ဒယ်ခုနှစ် ယခုထက် ပိုမိုမြင့်မားလာနိုင်သလို နှစ်ဦး ပိုင်းကတည်းကပင် ကြားနေရပြီး နား ရည်ဝနေပြီ
ရန်ကုန်မြို့ကားဈေးကွက်အတွင်း သြဂုတ်လကုန်ပိုင်းအခြေအနေမှာ ယာဉ်အိုဟောင်းအပ်နှံစလစ်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး စလစ်ကပ်ကားများ အသွင်းနည်းကာ နံပါတ်ထွက်ရှိပြီး၊ သုံးစွဲပြီးကားလေးများသာ အရောင်းအဝယ်လုပ်ရာတွင် ထိပ်ဆုံးမှရှိနေကြောင်း သိရ သည်။ ပြီးခဲ့သည့်လများကတည်းက ဆက်တိုက်ဆိုသလို ဈေးတန်းမြင့်တက်လာသည့် စလစ်ဈေးတန်းသည် သိန်း ၁၂၀ ကျော်ဖြင့် နှစ် ၂၀ စလစ်မှာ ထိပ်ဆုံးမှရှိနေပြီး ဈေးကွက်ထဲတွင် စလစ်ကပ်ကားများ အသွင်းနည်း၊ အဝင်နည်းနေသော်လည်းစလစ်ရှားပါးမှုကြောင့် ဈေးကျဆင်းရန်မရှိဘဲ အတက်ဖက်သို့သာ ဦးတည်ရခြင်းဖြစ်ကြောင်းသိရသည်။ စလစ်ဈေးကွက်ထဲတွင် နှစ် ၂၀ အိုဟောင်း ယာဉ် အပ်နှံစလစ် မှာ ရှေ့ဆုံးမှရှိနေပ
ရန်ကုန်မြို့ ကားဈေးကွက်အတွင်း သြဂုတ်လလယ်ပိုင်း အခြေ အနေမှာ ယခင်ရက်သတ္တပတ်များကဲ့သို့ ပင် အရောင်းအဝယ်အေးနေခဲ့ပြီး အရောင်းအဝယ်ဖြစ်ပါကလည်း ပြန်ရောင်းရလွယ်ကူသည့် ကားအမျိုးအစား နှင့် ရန်ကုန်လိုင်စင်ပေါက် ကားလေးများသာ ဖြစ်ကြောင်းသိရသည်။ ယခုအခါ ရန်ကုန်ကားဈေးကွက်တွင် တစ်လအတွင်း ဈေးကွက်ခန့်မှန်း ရာတွင်ပင် ခန့်မှန်း၍မရဘဲ အတက်ဘက်သို့သာ ဦးတည်နေသဖြင့် ရန်ကုန် အမည်ပေါက် ကားလေးများ၊ ယခင်သုံးစွဲထားသည့် ဖရီးပါမစ်သွင်းကားလေးများသာ ဆိုရလျှင် လိုင်းပေါ်ရှိ ကားလေးများဖြစ်သော ဘယ်လ်တာ၊ ဖစ်၊ ဗင်၊ ဟွန်ဒါအင်ဆိုဒ် စသည်တို့သာ အရောင်းအဝယ်(သို့မဟုတ်) အချင်းချင်း ပြန် ကောက်ေ ရာင်းများသာ များကြောင်း ဝါရင့်အကျိုးဆ
ဇွန်လတတိယပတ်၏ ရန်ကုန်ကားဈေးကွက် အခြေအနေမှာ အရောင်းအဝယ်များအေးစက်နေပြီး ကားအရောင်း ပြခန်းများနှင့်ကားပွဲစားတန်းများတွင်ပါ လူဝင်လူထွက်နည်း ပါးနေကြောင်း သိရသည်။ ရန်ကုန်ကားဈေး ကွက်အတွင် ယခုရက်သတ္တပတ် ကာလအရောင်းအဝယ်များ သိသိသာသာ ကောင်းမွန်လာ ခြင်းမရှိသည့်အပြင် ယခင်တစ်ပတ်ကထက် စလစ်ဈေးတန်း များ သိသာစွာမြင့်တက်လာခဲ့ပြီး ဈေးမြင့်တက်လာမှုနှင့်အတူ အရောင်းအ ဝယ်ပါ ရပ်တန့်သလောက် အေးစက်လာကြောင်း သိရသည်။
ရန်ကုန်မြို့ ကားဈေးကွက် အတွင်း မေလဒုတိယပတ် အခြေအနေ မှာ ကားဈေးတန်းများမာနေသော်လည်း အရောင်းအဝယ်ထင်သလောက်မဖြစ် ဘဲ ဈေးကွက်အေးစက်နေကြောင်း သိရ သည်။ရန်ကုန်မြို့ကားဈေးကွက် သာမက မန္တလေးဈေးကွက်နှင့် ဝယ်လိုအား ရှိသည့် အခြားနယ်ဈေးကွက်များမှာပါ ကားဈေးတန်းများ မာနေသော်လည်း အဝယ်များအေးနေကြောင်း ယခင်ရှိပြီး၊ သုံးပြီး အက္ခရာနိမ့်ကားဟောင်းများသာ အရောင်းအဝယ် အနည်းငယ်ရှိ ကြောင်း၊ ရန်ကုန်ကားဈေးကွက်မှာမူ ရန်ကုန်လိုင်စင် ကားဟောင်းများသာ အဝယ်ရှိပြီး၊ နယ်လိုင်စင်ထွက်ကား သစ်များမှာ လက်ရှိအမြင့်ဈေးတန်းများ နှင့်ပင်ရှိနေပြီး ဝယ်ယူသူများမှာလည်း လတ်တလော နယ်လိုင်စင်နှင့်ပတ်သက် ၍ ကြားရသော သတင်းများကြောင့်
ရန်ကုန်မြို့ကားဈေးကွက် မတ်လ ဆန်းပိုင်း အခြေအနေမှာ ယခင်လများ ကဲ့သို့ပင် ကားတစ်စီးအတွက် ထပ်မံ တိုးမြှင့်ကောက်ခံသွားမည့် အခွန်ဆိုင် ရာကိစ္စရပ်များသတင်းကြောင့် အင်ဂျင် ပါဝါသေးကားလေးများ အဝယ်ရှိလာ သလို စလစ်ကပ်ကားများလည်း အရောင်း အဝယ်ဖြစ်လာကြောင်း သိရသည်။
ရန်ကုန်မြို့ကားဈေးကွက်အတွင်း ကားအရောင်းအဝယ် ဈေးတန်းများ အမြင့်ဆုံးမဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ မြင့်တက်လာချိန်တွင် ကားအဝယ်များလည်း နည်းပါးသွားကာ ကားအရောင်းစင်တာများနှင့် ကားပွဲစားတန်းများတွင်ပါ အရောင်းအဝယ်များ အေးစက်လာကာ ဈေးတန်းများမှာလည်း အတက်ဈေးနှင့်ပင်ရပ်တန့်နေသည့်ပုံစံဖြင့်တွေ့နေရကြောင်းသိရသည်။ နှစ်ဆန်းပိုင်း၏ ဒုတိယလပထမဆုံးပတ်တွင် သက်ဆိုင်ရာမှ ထု တ်ပြန်ခဲ့သည့် ကားတင်သွင်းခြင်း၏ ဆိပ်ကမ်းအရောက်ဈေးနှုန်း (စီအိုင်အက်ဖ်) သတ်မှတ်ပေးမှုကလည်း အများမျှော်လင့်နေကြပြီး ဖြစ်ပေါ်ချင်သည့် ဈေးတန်းတစ်ရပ် (အင်ဂျင်ပါဝါ ၁၃၅၀ စီစီအောက် ကားများ ၅၀၀၀ ဒေါ်လာ) သတ်မှတ်ချက်ဖြစ်သော်လည်း တင်သွင်းခွင့










