Main menu

Background

Wednesday, 18 Dec 2013

ဘိလပ်မြေတန်ချိန် ငါးသောင်းငါးထောင်ကျော် တင်သွင်း
ပြည်တွင်းကို ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်နေ့တာကာလအတွင်း ကန်ဒေါ်လာ ငါးဆယ့်ရှစ်သိန်းကျော်တန်ဖိုးရှိ ဘိလပ်မြေ ၅၅၀၅၀ ဒသမ ၈၆၈ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံ မှဘိလပ်မြေ တန်ချိန် ၅၀ ၊ စင်ကာပူနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၇၀၀ ၊ အာရပ်စော် ဘွားများပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၇၈၀ ဒသမ ၇၀ နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၅၃၅၂၀ ဒသမ ၁၆၈ တန်တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ထိုင်းနိုင်ငံဘက် မှ အများဆုံးတင်သွင်းလာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင် မှာ တန်ချိန် သုံးသောင်းနှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် နှစ်သောင်းနှစ်ထောင်ကျော်အဝင်ပိုခဲ့ပါတယ်။         MIRT(DOT)   

Tuesday, 29 Oct 2013

ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ်နဲ့ အာရပ်မှ ဘိလပ်မြေများဝင်
အောက်တိုဘာ ၁၃ ရက်မှ ၁၉ ရက်သီတင်းတစ်ပတ်မှာ ကန်ဒေါ်လာ ခြောက် ဆယ့်တစ်သိန်းကျော်ဖိုးရှိ ဘိလပ်မြေ ၇၂၆၉၅ ဒသမ ၅၀ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၆၆၃၃ ဒသမ ၅ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံမှ ဘိလပ်မြေတန်ချိန် ၆၁၀၀၊ အိန္ဒိယမှ ဘိလပ်မြေတန်ချိန် ၁၃၇ ဒသမ ၅၀၊ ဗီယက်နမ် နိုင်ငံမှ ဘိလပ်မြေ ၁၂၆ ဒသမ ၅၀ တန်တင်သွင်းလာခဲ့ပါတယ်။ ယခင် သီတင်းပတ် ဘိလပ်မြေအဝင်မှာ တန်ချိန် နှစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ် ဘိလပ်မြေအဝင်နဲ့ ယှဉ်ရင် တန်ချိန် လေးသောင်းသုံးထောင်ကျော် အဝင်ပို ခဲ့တယ်လို့ သိရပါတယ်။                   MIRT (DOT)
တစ်ပတ်အတွင်း အရောင်းအဝယ်ငြိမ်နေခဲ့တဲ့ ဘိလပ်မြေဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ-အောက်တိုဘာလ ၁၃  ရက်မှ အောက်တိုဘာလ ၁၉ ရက် သီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန်ခုနှစ်သောင်း နှစ်ထောင် ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဘိလပ်မြေအဝင်မှာ တန်ချိန် နှစ်သောင်း ရှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် လေးသောင်း သုံးထောင်ခုနှစ်ရာကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ် မြေအဝင်က ယခင် တစ်ပတ်မှာတန်ချိန် ခြောက်ထောင်တစ်ရာကျော်အဝင်ရှိခဲ့ပြီး ယခုတစ်ပတ် ဘိလပ်မြေအဝင်မှာ တန်ချိန် ကိုးထောင့်ခြောက်ရာကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန်သုံးထောင့်လေးရာကိုးဆယ်ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။

Monday, 21 Oct 2013

မန္တလေးတိုင်းဒေသကြီးအတွင်း မြေစံနှုန်းသတ်မှတ်ရန် သတင်းများ ထွက်ပေါ်ပြီးနောက် မြေအရောင်း အဝယ်တန့်သွားကြောင်း သိရပါတယ်။ မန္တလေးမြို့မှာ အရောင်းအဝယ် ပြုလုပ်သူတစ်ဦးက "မြေအရောင်း အဝယ်ကောင်း နေရာက မြေစံနှုန်း သတ်မှတ်မယ်ဆိုတော့ အရောင်း အဝယ်တွေ တန့်သွားတာ။ သတင်း မထွက်ပေါ်ခင်က အရောင်းအဝယ် ကောင်းတယ်။

Monday, 21 Oct 2013

သီတင်းကျွတ် မီးထွန်းပွဲတော် ကာလရန်ကုန်မြို့ကားဈေးကွက် အခြေ အနေမှာအရောင်းအဝယ်သိသိသာသာ ထူးခြားမလာသော်လည်း အချို့နေရာ များတွင် အပြောင်းအလဲလေးများနှင့် အဝယ်အနည်းငယ်လိုက်လာကြောင်း သိရသည်။

Tuesday, 15 Oct 2013

ဘိလပ်မြေတန်ချိန် ရှစ်သောင်းကျော်ဝင်
ပြည်တွင်းကို စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၅ ရက် သီတင်းပတ် အတွင်း ကန်ဒေါ်လာ ခြောက်ဆယ့်ရှစ်သိန်းကျော်တန်ဖိုးရှိ ဘိလပ်မြေ ၈၄၇၆၉ ဒသမ ၈၅၁ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံမှ တန်ချိန် ၂၀၀၂၄ ဒသမ ၈၅၁ တန်၊ အိန္ဒိယ နိုင်ငံမှ ၁၁၂၀ တန်နဲ့ ထိုင်းနိုင်ငံမှ တန်ချိန် ၆၃၆၂၅ ဝင်လာခဲ့ပါတယ်။ ဝင်လာတဲ့ ဘိလပ်မြေများမှာ ွှဏှု  ဘိလပ်မြေ၊   ANCHOR ဘိလပ်မြေ၊ DIAMOND  ဘိလပ်မြေဝင်လာပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေ အဝင်မှာ တန်ချိန် သုံးသောင်း ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် တန်ချိန် ငါးသောင်းလေးထောင် ကျော်အဝင်ပိုခဲ့ပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် သြဂုတ်လအတွင်း ဘိလပ်မြေအဝင်မှာ တစ်သိန်းသုံးထောင်ကျော်ရှိခဲ့ပြီး စက်တင် ဘာလအတွင်း ဘိလပ်မြေအဝင်မှာ တန်ချိန် တစ်သိန်းရှစ်သောင်းကျော် ရှိခဲ့တာ ကြောင့် ဒီလမှာ တန်ချိန်ငါးသောင်းကျော်အဝင်ပိုခဲ့ပါတယ်။  MIRT (DOT)

Tuesday, 3 Sep 2013

ထိုင်းနဲ့ ဗီယက်နမ်မှ ဘိလပ်မြေတန်ချိန်သုံးသောင်းငါးထောင်ကျော်ဝင်
ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်နေ့တာကာလအတွင်း ကန်ဒေါ်လာ ၃၀၀၂၈၃၃ တန်ဖိုးရှိ ဘိလပ်မြေ ၃၅၈၈၈ ဒသမ ၃၀ တန်ကိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ဗီယက် နမ်နိုင်ငံမှ ဘိလပ်မြေတန်ချိန် ၁၅၇၃၄ တန်နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၂၀၁၅၄ ဒသမ ၃၀ တန်ဝင်လာခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံဘက်မှ ဘိလပ်မြေအများ ဆုံးဝင်လာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်က တန်ချိန် ခြောက်ထောင့်ငါးရာကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် နှစ်သောင်း ကိုးထောင်ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။         MIRT (DOT)

Thursday, 22 Aug 2013

ဖျာပုံ၊ ဘိုကလေးမြို့နယ် ရွှေဧရာ ခရီးသည်ပို့ဆောင်ရေး(အထူး)အမြန် ယာဉ်ငယ်အသင်းမှ ဘိုကလေး-ဒလ (ရန်ကုန်)ကို ကားလိုင်းသစ် အား သြဂုတ်လ ၉ ရက်နေ့က ဖွင့်လှစ်ပြီး စတင်ပြေးဆွဲနေပြီလို့ သိရပါတယ်။

Wednesday, 14 Aug 2013

ဇူလိုင်လအတွင်း ဘိလပ်မြေအဝင်ပို ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇူလိုင်လ ၂၈ ရက်မှ သြဂုတ်လ ၃  ရက်နေ့အတွင်း ကန်ဒေါ်လာ နှစ်ဆယ့်နှစ်သိန်းကျော် တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၂၆၅၇၆ ဒသမ ၆၀ ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၅၉၀၀ ဒသမ ၂၀ တန်၊ ဗီယက်နမ်နိုင်ငံမှ ဘိလပ်မြေတန်ချိန် ၂၆ တန်နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၂၀၆၅၀ ဒသမ ၄၀ တန်တင်သွင်းခဲ့ပါတယ်။

Tuesday, 6 Aug 2013

ဗီယက်နမ်၊ ထိုင်းနဲ့ အိန္ဒိယမှ ဘိလပ်မြေများဝင်
ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက်နေ့အ တွင်း ကန်ဒေါ်လာ နှစ်ဆယ့်ခြောက်သိန်းကျော် တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၃၂၅၉၂ ဒသမ ၂၀ ကိုတင်သွင်းလာခဲ့ပါတယ်။

Wednesday, 31 Jul 2013

စဉ်    အမျိုးအစား/MDL                         အက္ခရာ           ဈေးနှုန်း    မှတ်ချက်
၁။    တိုယိုတာ၊ မတ်(စ်) တူး (99)                  ယာယီ          ၁၇၀ သိန်း    (2.5) ဓာတ်ဆီ၂။    တိုယိုတာ၊ မတ်(စ်) တူး (2001)                 ၉င            ၂၁၅ သိန်း    (2.0) ဓာတ်ဆီ၃။    ဟွန်ဒါစီအာဗီ (99)                                ၇ဃ            ၁၆၀ သိန်း     ၄။    မာဇဒါဒီမီယို (2006)                             ဘီဘီ            ၉၀ သိန်း     ၅။    ဟွန်ဒါဖစ် (2008)                                  ၄င           ၁၂၅ သိန်း     ၆။    တိုယိုတာ (ဗဇ်) (2008)                           ၁စ           ၁၂၀ သိန်း     ၇။    တိုယိုတာ/ရက်တစ် (2008)                     ယာယီ        ၁၂၅ သိန်း    ၈။    ဟိုက်ဂျက်ပစ်ကပ် (2006)                       ယာယီ          ၅၈ သိန်း    ၉။    ကိုရီးယားပေါ်တာ II ပစ်ကပ် (2006)         ယာယီ        ၁၂၅ သိန်း    ၁၀။    စူဇူကီး (R+)                                       ၂ဂ            ၇၅ သိန်း

Pages