Main menu

Background

Friday, 27 Jun 2014

ဒဂုံမြို့သစ်မြို့နယ်များဖြစ်သည့် ဒဂုံအရှေ့၊ဒဂုံတောင်မြို့နယ်၊ဒဂုံဆိပ်ကမ်း မြို့နယ်များရှိ ပါမစ်မြေကွက်များ ယခုလပိုင်းအတွင်း အရောင်း အဝယ်သွက် လာကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုး ဆောင်မှ ဦးသန်းဦးကပြောသည်။
 

Monday, 12 May 2014

 

မာစီဒီးဘင့်ဇ်ကားအရောင်းပြခန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ၇ မိုင်ခွဲရှိ အဆိုပါအရောင်းပြခန်းနေရာ၌ မေလ ၈ ရက်နေ့ညနေရး၄၅ အချိန်ကကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး

Tuesday, 18 Mar 2014

တန်ဖိုးနည်းအိမ်ရာများကို ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးအတွက်အထောက် အကူဖြစ်စေဖို့စနစ်တကျစိစစ်ပြီး၊ရောင်း ချပေးမှာဖြစ်ကြောင်းသိရပါတယ်။ တန်ဖိုးနည်းအိမ်ရာများကိုမန္တလေး မြို့ မြရည်နန္ဒာ၊ ကန်ကြီးကုန်းနဲ့ ဇီးအုပ် ရပ်အပါအဝင်ရောင်းမှားဝယ်မှားရှိခဲ့သူ များနဲ့ ဥပဒေနဲ့အညီ ဖယ်ရှားခဲ့ရသော အိမ်ပိုင်ရှင်များ၊

Monday, 24 Feb 2014

ဖေဖော်ဝါရီလနှောင်းပိုင်း ရန်ကုန်    မြို့ကားဈေးကွက်၏အခြေအနေမှာ ကားအရောင်းအဝယ်အသင့်အတင့် ကောင်းလာသလို ယာဉ်ဟောင်းအပ်နှံ စလစ်ဈေးနှုန်းများတဖြည်းဖြည်းမြင့်လာ ကြောင်းသိရသည်။

Thursday, 13 Feb 2014

ယခုရက်သတ္တပတ်ဖေဖော်ဝါရီ လဆန်းပိုင်းအခြေအနေမှာ ရန်ကုန်မြို့ တွင်းရှိကားအရောင်းစင်တာများနှင့် ကားပွဲစားတန်းများတွင် အရောင်းအ ဝယ်ပြန်ဖြစ်လာပြီး ရန်ကုန်ကားဈေး ကွက်လှုပ်ရှားလာကြောင်း သိရသည်။

Thursday, 13 Feb 2014

ဒီတစ်ပတ်ထိုင်း နှင့် အိန္ဒိယ မှ ဘိလပ်မြေများဝင်
ပြည်တွင်းကို ကန်ဒေါ်လာ သုံးဆယ့်နှစ်သိန်းသုံးသောင်းကျော်တန်ဖိုးရှိ ဘိလပ် မြေ ၂၉၁၆၀ ဒသမ ၃၅၂ တန်ကို ဇန်နဝါရီနောက်ဆုံးသီတင်းပတ်အတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံ မှ ဘိလပ်မြေတန်ချိန် ၁၁၅၃၆ ဒသမ ၀၅ တန်နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၁၇၆၂၄ ဒသမ ၃၀၂ တန်ဝင်လာပါတယ်။

Thursday, 6 Feb 2014

ဒီတစ်ပတ်ဆင်တံဆိပ်ဘိလပ်မြေအဝင်များ သီတင်းတစ်ပတ်ဖြစ်တဲ့ ဇန်နဝါရီ ၁၉ ရက်မှ ၂၅ ရက်နေ့အတွင်းမှာ ကန် ဒေါ်လာနှစ်ဆယ့်နှစ်သိန်းကျော်တန်ဖိုးရှိ ဘိလပ်မြေ ၂၆၁၇၆ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ ဆင် ဘိလပ်မြေ ၁၉၅၂၅ တန်နဲ့ အခြားဘိလပ်မြေများမှာ ၆၆၅၁  တန်ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ဆင်ဘိလပ်မြေအများဆုံးဝင်လာတာတွေ့ ရပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် သုံးသောင်းခြောက်ထောင်ကျော်ဝင်လာ ခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင်လျော့ခဲ့တယ်လို့ ဆိုရပါမယ်။                                                                               MIRT (DOT)

Thursday, 6 Feb 2014

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကုန်စည်ပို့ဆောင်ရေးကဏ္ဍမှာ ကုန်း လမ်းမှ ကုန်ကားများနဲ့သာ ပုသိမ် ဓာတ်မြေသြဇာစက်ရုံမှ ဓာတ်မြေသြဇာ ဆန်၊ ဆန်ထွက်၊ ငါးပိ၊ ငါးခြောက်၊ ကြက်စာ၊ ပဲပေါ်ချိန်ပဲစသည် တို့ကိုသာ အဓိကထားတင်ပို့လျက်ရှိပါတယ်။ ယခု ရက်ပိုင်းအတွင်း တရုတ်နှစ်ကူးပွဲတော် ရှိတဲ့ အတွက် ဘုရင့်နောင်ပွဲရုံအများစု ပိတ်ပြီး၊ တင်ပိုအားလျော့နည်းသွား ကြောင်း၊ကုန်စည်ပို့ဆောင်ခ၊တန်ဆာခ အနိမ့်အမြင့်မှာ ကုန်ပေါရင် ကုန်သည် စက်ပိုင်းများမှ အပြိုင်အဆိုင်ခေါ်ယူမှု ကြောင့် တန်ဆာခဈေးနှုန်းမြင့်တက်ပြီး၊ ကုန်ရှားရင် ကားဂိတ်၊ ကားအုံနာများမှ ကုန်သည်စက်ပိုင်များကို ပြန်လည်ချိတ် ဆက်ရတာကြောင့် တန်ဆာခ ဈေးနှုန်း များ ကျဆင်းမှုရှိကြောင်းသိရပါတယ်။

Monday, 6 Jan 2014

မန္တလေးမြို့ အဝေးပြေးကုန်စည် ယာဉ်ရပ်နားစခန်း(စွယ်တော်ကားကြီးဝင်း) အတွင်းကုန်စည်ပို့ဆောင်ရေးဂိတ်ပေါင်း ၂၆၀ ရှိပြီး၊ အသင်းဝင်ဦးရေပေါင်း ၃၁၉ ဦးရှိတယ်လို့ သိရပါတယ်။ ဂိတ်ပေါင်း ၂၆၀ မှာ မန်း - မူဆယ်ပြေးဆွဲတဲ့ ဂိတ် ၇၉ ဂိတ်ရှိပြီး၊ တစ်ရက်ကို ၁၂ ဘီးကား၊ ၆ဘီးကားအစီးပေါင်း၁၀၀၀ခန့်အတက် အဆင်းရှိပြီး၊ ၁၀ ဘီးကားနဲ့ ၈ ဘီးကား များအနေနဲ့ ၁၂ ဘီးကားနဲ့ ယှဉ်ပါက အခွင့်အလမ်းကွာဟမှုရှိတာကြောင့်၎င်းင်း ကားများအနေနဲ့အလုပ်အကိုင်အခွင့် အလမ်းများပျောက်သလောက်ဖြစ်နေ ကြောင်းလည်းသိရပါတယ်။

Monday, 6 Jan 2014

ထိုင်း ဆင်တံဆိပ် ဘိလပ်မြေ အဝင်များ
ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ကန်ဒေါ်လာ ခုနှစ်ဆယ့် သုံးသိန်းခုနှစ်သောင်းကျော် တန်ဖိုးရှိ ဘိလပ်မြေ ၈၉၇၂၄ ဒသမ ၀၃ တန်ကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်နေ့အတွင်းမှာ တင်သွင်းခဲ့တယ်လို့သိရပါ တယ်။ ဒီတစ်ပတ်မှာ အိန္ဒိယနဲ့ ထိုင်းနိုင်ငံဘက်မှ ဘိလပ်မြေများဝင်လာတာတွေ့ ရပါတယ်။ အိန္ဒိယမှ တန်ချိန် ၆၅၀၀ နဲ့ ထိုင်းနိုင်ငံမှ ၈၃၂၂၄ ဒသမ ၀၃ တန်ဝင် လာခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံဘက်မှ ဆင်တံဆိပ်ဘိလပ်မြေက ဒီတစ် ပတ်မှာ အင်နဲ့ အားနဲ့ ဝင်လာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေ အဝင်မှာ တန်ချိန် နှစ်ရာကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင် ပိုခဲ့ပါတယ်။                                                                      MIRT (DOT)

Pages