Main menu

Background

Tuesday, 30 Apr 2013

ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင် ခွင့် လိုင်စင်ရရှိခဲ့ပါက မြေနေရာနှင့် လျှပ်စစ်အခက်အခဲကြောင့် အချိန် တစ်နှစ်ခန့် ကြာမှသာ ဖုန်းရောင်းချ ပေးနိုင်မည်ဟု ဆက်သွယ်ရေးဝန် ဆောင်မှုုလုပ်ငန်းလိုင်စင်အတွက် ပဏာမ အဆင့်ရွေးချယ် ခံထားရသည့် နော်ဝေအခြေစိုက် Telenor ဆက်သွယ် ရေး ကုမ္ပဏီမှ ဒုတိယအမှုဆောင် ဒါရိုက်တာ Mr. Sigve Brekke က ဧပြီ လ ၂၆ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

"အော်ပရေတာအောင်ခဲ့ရင်တောင် ကျွန်တော်တို့မှာ အခက်အခဲတွေရှိ နေပါတယ်။ မြေနေရာကအစ လျှပ်စစ် မီးအဆုံးပေါ့။ အခုဆိုရင် မြန်မာနိုင်ငံ မှာက  မြေကွက်တွေက ဈေးအဆ မတန်ကြီးနေတယ် ။ အဲဒါက ဘယ်လို မှ ရှောင်လွှဲလို့ မရဘူး။ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းရရှိရင်လည်း ဖုန်းလိုင်းတွေအတွက် မြန်မာ့ဆက် သွယ်ရေးကွန်ရက်ကို အသုံးပြုမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က  ကိုယ် ပိုင်ကွန်ရက်နဲ့ပဲ အသုံးပြုမှာပါ "ဟု ၎င်း က ပြောကြားခဲ့သည်။တာဝါတိုင်များတည်ဆောက်ရာ တွင် အနည်းဆုံး ၆ လ ခန့်ကြာမြင့်မည် ဖြစ်သည့်အပြင် ဖုန်း SIM ကတ်များ ထုတ်လုပ်မှုတွင်လည်း ခုနစ်လ နီးပါး ကြာနိုင်မည်ဖြစ်၍ ဖုန်းများရောင်း ချမှုမှာ တစ်နှစ်ခန့်ကြာမြင့်နိုင် ရခြင်း ဖြစ်ကြောင်း သိရသည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ အတွက် အော်ပရေတာနှစ်ခုကို ပုဂ္ဂလိက လုပ်ကိုင်ခွင့် တင်ဒါခေါ်ယူခဲ့ ရာတွင် ယခုနော်ဝေကုမ္ပဏီအပါအဝင် ပြည်တွင်း ပြည်ပ ကုမ္ပဏီ ၁၂ ခု ပဏာမအဖြစ် ရွေးချယ်ခံခဲ့ရသည်။မယ်သီတာ
 

Tuesday, 30 Apr 2013

ပြည်တွင်းမှာ ငါးအစာကုန်ကြမ်း ရှားပါးကာ ငါးထုတ်လုပ်မှုစရိတ်မြင့် တက်ပြီး တွက်ခြေမကိုက်ခြင်းကြောင့် ငါးမွေးမြူမှုလုပ်ငန်းများမှာ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ ၇၀ ရာခိုင်နှုန်းနီးပါး ကျဆင်းလာကြောင်း သိရပါတယ်။ ပြည်တွင်းမှာ ငါးမွေးမြူမှု ဧရိယာ ၂၂၀၀၀၀ ဧကရှိရာ လက်ရှိ ထုတ်လုပ် မှုမှာ ၃၀ ရာခိုင်နှုန်းနီးပါးသာ ငါးမွေးမြူ ထုတ်လုပ်မှုရှိကြောင်းသိရပါတယ်။

မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသန်းလွင်က "ငါး ထုတ်လုပ်မှုအတွက် အစာကုန်ကြမ်းက တဖြည်းဖြည်းရှားလာတယ်။ အဓိက က ပဲဖတ်၊ နှမ်းဖတ်ကို အားထားပြီး အစာ ထုတ်တယ်။ ဝါဖတ်၊ နေကြာဖတ်၊ ပန်း နှမ်းဖတ်ကလည်း မလုံလောက်ဘူး။ ဒီလထဲမှာ ဦးလေးတို့ ကုမ္ပဏီကနေ အိန္ဒိယနိုင်ငံက ပဲပုပ်ဖတ်ဝယ်သုံးရ တယ်။ ဆီထွက်သီးနှံမကြိတ်ရတော့ အစာဈေးမြင့်ပြီး ကုန်ထုတ်လုပ်မှု လည်း မြင့်တယ်။ ဒေါ်လာငွေလဲနှုန်းက လည်း အရင်တုန်းကထက် ဈေးကျနေ တော့ ငါးထုတ်လုပ်မှုမြင့်ပြီး ရတဲ့နှုန်း ကကျတဲ့အတွက် တွက်ချေမကိုက်လို့ ကုန်ထုတ် လုပ်မှုလျော့ကျလာတာ။ ငါး တစ်ပိဿာကို ၂ ဒေါ်လာရရင် အရင် ကငွေလဲနှုန်းနဲ့ဆို ၂၂၀၀ ကျပ်ရတယ်။ ခုကျတော့ ငါးဈေးက ၂ ဒေါ်လာပဲရ ပြီး၊ ငွေလဲနှုန်းကြောင့် ၁၆၀၀ ကျပ်ပဲရ တော့ မကိုက်တော့ဘူး။ ငါးမွေးမြူတဲ့ သူ တွေလည်း ရှုံးတော့ ရင်းနှီးမြှုပ်နှံမှု ပျောက်သွားတယ်။ ငါးမွေးမြူမှု ဧရိယာ လုံလောက်ပေမယ့် ရင်းနှီးမြှုပ်နှံမှုနည်း တဲ့အ တွက် နောက်ဆို ငါးထုတ်လုပ်မှုပို ပြီး နည်းလာနိုင်တယ်။ ခုတောင်ငါးဈေး မြင့်တက်နေတာ အစာဈေးလည်းထပ် ပြီး တက်လာနိုင်တယ်" လို့ ပြောပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ငါးမွေးမြူ မှုဧရိယာ ၂၂၀၀၀၀ ဧကမှာ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်က ၈၀ ရာခိုင်နှုန်းသာ မွေးမြူမှုရှိပြီး၊ ယခုနှစ်မှာ ၃၀ ရာခိုင်နှုန်းနီးပါးသာ မွေးမြူမှုရှိကြောင်း၊ ပြည်တွင်းမှာ ငါးစားသုံးမှု ၆၅ ရာခိုင် နှုန်းရှိပြီး၊ ပြည်တွင်းစားသုံးမှု မလုံ လောက်နိုင်ကြောင်း ၎င်းင်းကဆက်လက် ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးမှ မွေးမြူတဲ့ ငါးများကို အရှေ့ အလယ်ပိုင်းနိုင်ငံ များကို တင်ပို့မှုရှိ ကြောင်း၊ ယခုနှစ်မှာ ငွေလဲနှုန်းအရ ငါး ဈေးနှုန်းထိုးကျလာ ကြောင်း၊ တစ်နှစ် ထက် တစ်နှစ် ငါးမွေးမြူ မှု လျော့ကျ လာပြီး၊ ယခင်နှစ်က မွေးမြူမှု ဧရိယာရဲ့ ၇၀ ရာခိုင်နှုန်းသာ မွေးမြူမှုရှိရာမှ ယခု နှစ်မှာ ၃၀ ရာခိုင်နှုန်း နီးပါးသာ မွေးမြူမှု ရှိတော့ကြောင်း သိရပါတယ်။ဇူးဇူး - မန္တလေး
 

Tuesday, 30 Apr 2013

စားသုံးသူတိုက်ရိုက်ရောင်းချနိုင် ပြီး ဈေးအတက်အကျမကြမ်းစေဖို့ ကြက်မွေးမြူထုတ်လုပ်ရောင်းချနိုင်မယ့် စက်ရုံ တည် ဆောက်မှာဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဘဏ္ဍာရေး မှူး ဒေါက်တာနေသူရိန်က " ပြည်တွင်းမှာ ကြက်သားထုတ်လုပ်မှုက တစ်နှစ်ထက် တစ်နှစ် တက်လာတယ်။ ထုတ်လုပ်မှု တက်လာပေမယ့် ကြက်သားဈေးက စားသုံးသူအတွက် ဈေးမြင့်နေတယ်။ ကြက်တစ်ပိဿာကို ခြံဖမ်းဈေး ၂၂၀၀ ကျပ်နဲ့ ၃၅၀၀ ကျပ်ကြားရောင်းတယ်။ စားသုံးသူဈေးကွက် မှာက ကြက်သား တစ်ပိဿာကို ၆၀၀၀ ကျပ်ဈေးရှိတယ်။ ဈေးတက်တက် ကျကျဒီဈေးနဲ့ ဝယ်စား ရတယ်။ ဒါကကြက်သတ်စက်ရုံ မရှိလို့ ဖြစ်ရတာ။ ဒါကြောင့် ကြက်သတ်စက်ရုံ တည်ဆောက်ဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားပါတယ်။ စက်ရုံ တည်ဆောက်ပြီးရင် ကြက်သား တစ်ပိဿာကို ၄၀၀၀ ကျပ်ဈေးနဲ့ တစ်နှစ်ပတ်လုံး ရောင်းချနိုင်ေ အာင် ဆောင်ရွက်သွားမယ်" လို့ ပြောပါတယ်။

Tuesday, 30 Apr 2013

တံတားဦး ဟိုတယ်ဇုန်စီမံကိန်းကို တံတားဦးမြို့နယ် ကတိုးဆိပ်ကျေးရွာ အနီးမှာ ရက်ပိုင်းအတွင်း အကောင် အထည်ဖော်ဖို့ စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဟိုတယ်ဆိုင် ရာ လုပ်ငန်းရှင်များအသင်း (မန္တလေး ဇုန်) ဥက္ကဋ္ဌဦးမြင့်အောင်က "အများပိုင် ကုမ္ပဏီဖွဲ့စည်းခွင့်ရရှိပြီး အစုရှယ်ယာ ခေါ်ဖို့ စီစဉ်နေပါတယ်။ ဟိုတယ်ဇုန်စီမံ ကိန်းကို ရက်ပိုင်းအတွင်း အကောင် အထည်ဖော်မယ်။ အသင်းက ရေ၊ မီး၊ လမ်းအတွက် တာဝန်ယူပေးမယ်။ အစုရှယ်ယာ ဝင်တဲ့သူတွေက စီမံကိန်း မှာပါဝင်လို့ရပါတယ်။ ဘယ်သူမဆို ရှယ်ယာဝယ်ယူလို့လည်း ရပါတယ်။ ဟိုတယ်ဇုန် စီမံကိန်းအတွင်းမှာ အများ ပြည်သူတည်းခိုနိုင်တဲ့ တည်းခိုခန်း အဆင့်ကနေ နိုင်ငံခြားသားတည်းခိုနိုင် မယ့် 5 Star အဆင့်ရှိ ဟိုတယ်ပါတည် ဆောက်သွားမယ်" လို့ ပြောပါတယ်။

အစုရှယ်ယာများကို အစုတစ်စုကို အနည်းဆုံးကျပ်တစ်သောင်းမှ အများ ဆုံး ကျပ်သိန်းပေါင်းတစ်သောင်း ထိရောင်းချပေးမှာဖြစ်ပါတယ်။ ဟိုတယ် ဇုန်စီမံကိန်းမှာ ပြည်ပနိုင်ငံများမှ ရင်းနှီး မြှုပ်နှံမှုပြုလုပ်ဖို့ ကမ်းလှမ်း ထားကြောင်း သိရပါတယ်။       ဇူးဇူး - မန္တလေး
 

Monday, 29 Apr 2013

နိုင်ငံစုံမှ မြေသြဇာများအဝင်ပို ပြည်တွင်းမှာအသုံးပြုရန် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဧပြီလ ၇ ရက် မှ ၁၃ ရက်နေ့အတွင်း ကန်ဒေါ်လာ ရှစ်သိန်း နှစ်သောင်းကျော်တန်ဖိုးရှိ မြေသြဇာ ၂၅၀၇ ဒသမ ၁၅ တန်  တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီသီတင်းပတ် ဝင်ခဲ့တဲ့ မြေသြဇာများက မလေးရှားနိုင်ငံမှ ကွန်ပေါင်းမြေသြဇာတန်ချိန် ၉၄၀ ၊ ထိုင်းနိုင်ငံမှ မြေသြဇာ ၄၁၈ ဒသမ ၇၅ တန်၊ ရုရှားနိုင်ငံမှ မြေသြဇာ ၅၃၅ ဒသမ ၄၀တန် ၊ စင်ကာပူနိုင်ငံမှ မြေသြဇာ တန်ချိန်၂၅၀၊ အီရန်နိုင်ငံမှ ပိုတက် ဆီယမ်နိုက်တြိတ်မြေ သြဇာ ၃ တန်၊ တရုတ်နိုင်ငံမှ နိုက်တြိုဂျင်အမျိုးအစား မြေသြဇာတန်ချိန် ၁၀၀ နဲ့ ကောမတ် မြေသြဇာတန်ချိန်၂၆၀ တင်သွင်းလာ တယ်လို့  သိရ ပါတယ်။ ဧပြီလ လဆန်းပိုင်း မြေသြဇာတင်သွင်းမှုမှာ တန်ချိန်တစ်ထောင့်နှစ်ရာ ကျော်ရှိတာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်ထောင်ကျော် အဝင်ပိုခဲ့ပါတယ်။ MIRT (DOT)

Thursday, 11 Apr 2013

အိန္ဒိယနဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေများဝင် သီတင်းတစ်ပတ်ဖြစ်တဲ့ မတ်လ ၂၄ ရက်မှ ၃၀ ရက်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ကန်ဒေါ်လာ တစ်ဆယ့်ခုနှစ်သိန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၂၀၆၈၅ ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံမှ ဘိလပ်မြေ ၆၇၅၅ တန်နဲ့ ထိုင်းနိုင်ငံမှ တန်ချိန် ၁၃၉၁၀ တန်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ မှတင်သွင်းလာတဲ့ ဘိလပ်မြေများမှာ မောင်းတိန်းဘိလပ်မြေ တန်ချိန် ၇၄၀၀၊ ဆင်တံဆိပ်ဘိလပ်မြေ ၂၁၀ တန်၊ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၄၄၀၀ နဲ့အခြား ဘိလပ်မြေတန်ချိန် ၁၉၀၀ တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်က တန်ချိန် တစ်သောင်းငါးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ငါး ထောင်နီးပါးအဝင်ပိုခဲ့ပါတယ်။

Tuesday, 9 Apr 2013

အပြည်ပြည်ဆိုင်ရာ ရော်ဘာလေ့လာရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး Stephen Evans က လာမဲ့ ၁၀ စုနှစ်အတွင်း တာယာလိုအပ်ချက်များ ကမ္ဘာနဲ့ အဝှမ်း မြင့်မားလာနိုင်တယ်လို့ ဟောကိန်းထုတ်ပြောကြားလိုက် ပါတယ်။

Tuesday, 9 Apr 2013

ယခုနှစ်ဆန်းမှာ မန္တလေးကားဈေး ကွက်အတွင်း အရောင်းအဝယ်ဖြစ်လာ ပြီး၊ ကားဈေးတက်ရိပ်ပြလာပါတယ်။ လမ်း ၆၀ကားဝိုင်းမှ ကားဝယ်ရောင်း လုပ်သူ ဦးဝင်းမြင့်ဝင်းက "နှစ်ကုန်ပိုင်း ကထက် ယခုနှစ်ဆန်းမှာ  အရောင်း အဝယ် ပြန်ဖြစ်လာပြီး၊ လူကြိုက်များတဲ့ ကားတွေဆို ကျပ် ၅ သိန်းနဲ့ ၁၀ သိန်း ကြားဈေးတက်တယ်။  အပ်ကားတွေ တောက်လျှောက် အပ်ခံနေတော့ ကား အပ်တဲ့သူတွေကပြန်ဝယ်ကြတဲ့အတွက် အရောင်းအဝယ်ဖြစ်နေ တာ။ ကားသွင်း ရတဲ့ အခွန်အခလျှော့မယ်ဆို လမ်းပေါ် မှာတွေ့နေရတဲ့ကားဟောင်းတွေပျောက် သွားမယ်။ နယ်စပ်အရောက်ကားဈေးနဲ့ စလစ်ဈေးက တန်ဖိုးမကွာဘူးဖြစ်နေ တယ်။ ကားတစ်စီး ကျပ်သိန်း ၂၅၀ လောက်ဖြစ်တဲ့ ကားက  နယ်စပ် အရောက် ကျပ်သိန်း ၁၀၀ လောက်ပဲ ရှိတာ။ အခွန်အခနဲ့ သယ်ယူစရိတ်က ကျပ်သိန်း ၁၅၀ လောက်ရှိနေတယ်။ အခွန်အခတွေ  လျှော့မယ်လို့လည်း ကြားပါတယ်။ လျှော့လိုက်ရင် ကားတန် ဖိုးကျပြီး လူတိုင်းကားစီးနိုင်မယ်။ ကား ဈေးကျပြီး အရောင်းအဝယ်ကလည်း ဆက်ရှိနေဦးမှာပါလို့ ပြောပါတယ်။

Tuesday, 9 Apr 2013

သြင်္ကန်ပွဲတော်နီးကပ်လာသည့် နွေရာသီကျောင်းပိတ်ရက်ရှည် ကာလများ ဖြစ်သဖြင့် ရန်ကုန်မြို့တွင်းနေရာ  အသီးသီးရှိ ပွဲစားတန်းများတွင် ရာသီဥတု ပူပြင်းမှုကြောင့် လူအဝင်ကျဲပါးနေပြီး နံနက်ခင်းပိုင်းနှင့် ညနေခင်းမှာ လူပြန်စည် ကားလာကြောင်း ပွဲစားတန်းမှ အကျိုးဆောင်များအပြောအရ သိရသည်။

Tuesday, 9 Apr 2013

ရေလမ်းမှ ဘိလပ်မြေအဝင်လျော့ ပြည်တွင်းမှာ ဘိလပ်မြေ ရောင်းအားများနေတာကြောင့် နယ်စပ်ရော ရေ လမ်းကပါ ဆက်တိုက်ဆိုသလို အဝင်များနေပါတယ်။ ဒါပေမဲ့ မတ် ၁၇ ရက်မှ ၂၃ ရက်အတွင်းမှာ ဘိလပ်မြေ အဝင်နည်းခဲ့ပါတယ်။  အဲဒီရက်များမှာ ကန်ဒေါ်လာ တစ်ဆယ့်သုံးသိန်းကျော် တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၁၅၆၀၆ ဒသမ ၈၀ ကိုသာ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဗီယက်နမ်၊ ထိုင်းနဲ့ ကိုရီးယားနိုင်ငံများမှ ဘိလပ် မြေများ ဝင်လာခဲ့သလို တင်သွင်းလာခဲ့တဲ့တန်ချိန်မှာ ဗီယက်နမ်မှ ဘိလပ်မြေ တန်ချိန် ၆၀၊ ထိုင်းနိုင်ငံမှ ဘိလပ်မြေ တန်ချိန် ၁၅၅၄၂၊ ကိုရီးယားနိုင်ငံမှ ဘိလပ်မြေ တန်ချိန် ၄ဒသမ ၈တန်တင်သွင်းလာခဲ့ကြောင်း သိရ ပါတယ်။ ယခင်သီတင်းပတ်မှာ ဘိလပ်မြေအဝင်က တန်ချိန် သုံးသောင်းငါးထောင် ကျော်ရှိတာကြောင့် ဒီတစ်ပတ် တန်ချိန် တစ်သောင်းကိုးထောင်ကျော် အဝင်လျော့ ခဲ့ပါတယ်။ MIRT (DOT)

Pages