Main menu

Background

Tuesday, 5 Aug 2025

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စိုက်ဧကငါးသန်းကျော်အတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ် ၆၈၈ ဘီလီယံ ထုတ်ချေးမည်ဖြစ်ကြောင်း ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ အစည်းအဝေး (၁/၂၀၂၅) မှသိရသည်။ 

Monday, 7 Jul 2025

၂၀၂၅-၂၀၂၆ ခုနှစ် အိန္ဒိယအပြည်ပြည်ဆိုင်ရာ မီဂါ ကုန်စည်ပြပွဲတွင် ပါဝင်ပြသရန်  မြန်မာစီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။
ယင်းပြပွဲကို လာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၅ ရက်အထိ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့တွင် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့်G.S Marketing Associationတို့ ပူးပေါင်းကျင်းပသွားမည်ဖြစ်သည်။

Monday, 7 Jul 2025

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် စက်မှုနယ်မြေရှိ အမှတ် (၃၆)အကြီးစားစက်ရုံ (ကျောက်ဆည်) နှင့် မြစ်သား မြို့နယ်ရှိ အမှတ်(၇)အထည်စက်ရုံတို့မှ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား စစ်ဆေးပြုပြင်လျက်ရှိပြီး ကုန် ထုတ်လုပ်မှုများ ဆောင်ရွက်လျက်ရှိရာ အမှတ် (၃၆)အကြီး စားစက်ရုံ (ကျောက်ဆည်)မှ တစ်ရက်လျှင် ဘိလပ်မြေ တန် ၅၀ဝ၀ အမြန်ဆုံး ထွက်ရှိနိုင်ရေး ဆောင်ရွက်သွားမည်ဟု သိရ သည်။

Monday, 7 Jul 2025

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၁၉၀ ကျော်ကို အမည်မည်းစာရင်းသွင်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန် ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။ နိုင်ငံတော် အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများ အပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ ခြင်းဖြစ်ပါက  ပို့ကုန်တင်ပို့သည

Monday, 5 May 2025

ရန်ကုန်တိုင်းဒေသကြီး  ရင်းနှီးမြှုပ်နှံမှုကော်မတီမှ  အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇၇ သန်းပမာဏရှိ  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်နှစ်ခုကို  ရန်ကုန်တိုင်း ဒေသကြီး  ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၅) ကြိမ် အစည်းအဝေးတွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။

Monday, 5 May 2025

ပြည်တွင်းစက်သုံးဆီဈေး ပြန် လည်ကျဆင်းလာပြီး  တစ်လီတာလျှင် ကျပ် ၃၀ဝ၀ အောက်သို့ ကျဆင်းလာ ကြောင်း စက်သုံးဆီအရောင်းဆိုင်များ ၏ ဈေးနှုန်းများအရ သိရသည်။
စက်သုံးဆီဈေးမှာ ဧပြီ ၃၀ ရက် ရန်ကုန်ဈေးကွက်တွင် လက်လီဈေး အောက်တိန်း ၉၂ ျွသည တစ်လီတာလျှင် ၂၈၀၅ ကျပ်၊ အောက်တိန်း ၉၅ ျွသည တစ်လီတာလျှင် ၂၈၆၅ ကျပ်၊  ဒီဇယ် တစ်လီတာ ၂၄၃၅ ကျပ်၊    ပရီမီယံ (ဏမနာငကာ) ဒီဇယ်   တစ်လီတာလျှင် ကျပ် ၃၀၁၀ ဝန်းကျင်ဖြင့်  ဈေးကျဆင်း လာခြင်းဖြစ်သည်။

Monday, 5 May 2025

ငလျင်ဒဏ်သင့်ဒေသများရှိ  အများပြည်သူများနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ အဆောက်အအုံများ ပြုပြင်ရန် နှင့် ပြည်သူလူထု၏ တိုက်တာ‌နေအိမ်များ တည်ဆောက်နိုင် ရန်အတွက်Max Cement  မှ စက်ရုံတိုက်ရိုက်ဈေးများ သတ် မှတ်ကာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 
အများပြည်သူများနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ အဆောက်အအုံများ ပြုပြင်တည်‌ဆောက်ရန်အတွက် ဝယ်ယူ ပါက တစ်အိတ်လျှင် ကျပ် ၁၇၅၀ဝ နှုန်းဖြင့် ရောင်းချပေးလျက် ရှိပြီး ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ပြည်သူများအနေဖြင့် မိမိ တို့၏ တိုက်တာနေအိမ်များ ပြုပြင်တည်ဆောက်ရန် ဝယ်ယူ မည်ဆိုပါက တစ်အိတ်လျှင် ကျပ် ၂၀ဝ၀ဝ ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။ 

Monday, 5 May 2025

ရတနာကမ်းလွန်စီမံကိန်း  သဘာဝဓာတ်ငွေ့မြေတွင် အထွက်နှုန်းကျဆင်း လာခြင်းကို ကုစားနိုင်ရန်အ တွက် တိုးမြှင့်သဘောတူညီချက်ကို စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် PTTEP International  တို့အကြား ဧပြီ ၉ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ 

Wednesday, 9 Apr 2025

ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော် မတီရုံး၌ မတ် ၂၂ရက်က ကျင်းပခဲ့သည့် ရန်ကုန်တိုင်း ဒေသ ကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် အမေရိကန်‌ဒေါ်လာ သုံးသန်းကျော် တန်ဖိုးရှိ ရင်းနှီး မြှုပ်နှံမှုနှစ်ခုကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရ သည်။

Wednesday, 9 Apr 2025

Investment Management Exhibition (IME)-2025  (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅) အား ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်မှ ၁၈ ရက်အထိ ပြသသွားမည်ဖြစ်ပြီး မြန်မာသံရုံးအပါအဝင် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့်ပတ် သက်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက် လေ့လာနိုင်ကြောင်း သိရသည်။ 

Pages