Background
တောင်ကြီးမြို့နယ် နမ့်ဟောင်း ကျေးရွာအုပ်စု ဘန့်ကွဲကျေးရွာက ဦးထွန်းရွှေ၊ ဦးပေါက်စီတို့နဲ့ စာရေးသူ ဆွေးနွေးဖြစ်ပါတယ်။ ဘန့်ကွဲကျေးရွာ ဟာ တောင်ကြီးမြို့ကနေပြီး ၁၉ မိုင် လောက်ပဲ အရှေ့မြောက် ဆက်သွားရ တာပါ။ ယခင်က နယ်မြေအခြေအနေ ကလည်း သိပ်မကောင်း၊ ဒေသခံတွေ ကလည်း အခြားဒေသကို အရောက် အပေါက်နည်းတော့ ပြောင်း၊ ပဲစင်းငုံ လောက်ပဲ စိုက်ဖြစ်ကြတယ်။
ကုန်သွယ်လယ်ယာ ဝန်ထမ်းဟောင်းများအချင်းချင်း ရိုင်းပင်းကူညီရေး အသင်းမှကြီးမှူးကျင်းပသော (၇)ကြိမ်မြောက် ကျေးဇူးရှင်ဆရာများ ကန်တော့ ပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် မေလ ၂၇ ရက် (တနင်္ဂနွေနေ့) နံနက် ၀၉ း ၀၀ နာရီအချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ ကုန်သွယ် လယ်ယာဓမ္မာရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ဝန်ထမ်းများနှင့် ဝန်ထမ်းဟောင်း များ မပျက်မကွက်ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။အကျိုးဆောင်အဖွဲ့
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းကုန်သွယ်မှုမြှင့်တင်ရေး၊ ပို့ကုန်တိုးမြှင့်ရေး၊ ကုန်သွယ်မှု လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးတို့အတွက် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့မှုများနှင့် ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေး အစီအစဉ်အပါ အဝင်၊ မော်တော်ကားတင်သွင်းခွင့်ဆိုင်ရာလုပ်ငန်းများ၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေများအား သတင်းမီဒီယာအဖွဲ့များနှင့် တွေ့ဆုံရှင်းလင်း ပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော် ရုံး အမှတ်(၃) အစည်းအဝေးခန်းမတွင် မေ ၇ ရက် မွန်းလွဲ ၁ နာရီခွဲမှာ ကျင်းပ ခဲ့ပါသည်။
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ဖေဖော်ဝါရီ ၉ ရက်က အနိမ့်ဆုံးအပူချိန် ၈ ဒသမ ၈ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိပြီး ဆယ်နှစ်အတွင်း ဖေဖော် ဝါရီလမှာ အအေးဆုံးဖြစ်ခဲ့ပါတယ်။ ဆန်တာဂရုမှာ ၂၄ နာရီအတွင်း အပူချိန် ၅ ဒီဂရီကျော်ကျဆင်းပြီး ပုံမှန် အပူချိန်ဖြစ်တဲ့ ၁၆ ဒီဂရီအောက် ၇ ဒီဂရီလောက်ကျဆင်းခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ကာလရှည်အအေး လွန်ကဲတာကြောင့် ဈေးကွက်များမှာ လတ်ဆတ် သီးနှံဈေးနှုန်းများ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိ အချိန်ဟာ နှစ်တစ်နှစ်ရဲ့အအေးဆုံးအချိန်ဖြစ်သလို ၁၀ စုနှစ်များစွာအတွင်းမှာလည်း အအေးအပိုဆုံး ဖြစ်ခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ရဲ့ တာဝန်ပေးချက် အရ တစ်ဧကတင်း ၂၀၀ ကျော်ထွက် ရှိမယ့် ပုလဲသွယ်စပ်မျိုးစပါး ဧက ၁၀၀ မျိုးစေ့ထုတ်မြေနေရာအား ဧရာဝတီ တိုင်းဒေသကြီး ကျုံပျော်မြို့နယ် ပျဉ်ချ ဆိပ်ကျေးရွာတွင်ပြုလုပ်ရန် ရွေးချယ် ထားရာ ဧရာဝတီတိုင်းဒေသကြီး
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ NSIC Complex, Okhla Indl. Estate တွင် Media Today Pvt.Ltd ၏ဦးဆောင်မှုဖြင့် ၂၀၁၂ ခုနှစ် မတ် ၃ရက်မှ ၅ရက်အထိ ကျင်းပပြုလုပ်မည့် 4th International Horti Expo 2012 ၊ India Potato Expo 2012 နှင့် 7th International Flora Expo 2012 သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသရန် ဖိတ်ကြားလာပါသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံတဲ့ နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ မြင့်မား တိုးတက်ရန်နဲ့ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲ အတားအဆီးများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အလေးအနက်ထားပြီး လစဉ်လာ ရောက်ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း
စစ်ကိုင်းမြို့ အနောက်ဘက် ငါးထပ်ကြီးဘုရားလမ်းပေါ် ဘော်ဂါရပ် ကွက်မှာ ဆိုင်ခန်းပေါင်း ၁၂၀ နဲ့ ကျောက်စိမ်းပုတီးဈေးကွက် ဖြစ်ပေါ်လျက်ရှိပါတယ်။ ကျောက်စိမ်းပုတီးဈေး ကွက်အတွင်းကို တရုတ်နိုင်ငံသား အများဆုံး လာရောက်ဝယ်ယူမှုရှိပြီး၊ ဈေးနှိမ်ဝယ်ယူနေတာကြောင့်အရောင်း အဝယ် ပြုလုပ်သူများက စည်းလုံးညီ ညွတ်မှုနဲ့ ရောင်းချမှသာ အမြတ်ရပြီး ဈေးကွက် ရေရှည်တည်တံ့နိုင်မှာဖြစ် ကြောင်း၊ ကျောက်စိမ်းပုတီးရောင်းဝယ် လုပ်ကိုင်သူ ဒေါ်အေးစိုးက ပြောပါ တယ်။ ကျောက်စိမ်းပုတီးဈေးကွက်အတွင်း အရောင်းအဝယ်ပြုသူ ၂၀၀ ကျော်ရှိပြီး၊ နံနက် ၇ နာရီမှ ၉ နာရီအတွင်း ဈေးကွက် ဖြစ်တည်လျက်ရှိပါတယ်။ ယခုနှစ် တန်ခူးလနောက်ပိုင်းမှစပြီး ဈေးကွက် အေးလျက်ရှိတာကြောင့် ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြင့်သာအရောင်းအဝယ် ပြုလုပ်ရကြောင်း သိရ ပါတယ်။ စစ်ကိုင်းမြို့ ကျောက်စိမ်းအသား ကျောက်၊ ပန်းပု၊ ပုတီးလုပ်ငန်းကော် မတီအဖွဲ့ဝင် ဦးကျော်သန်းက " ဒီမှာ ကျောက်စိမ်းပုတီးဈေးကွက် ဖြစ်နေတာ ၅ နှစ်ရှိပြီး ဈေးကွက်စဖြစ်စက တစ်ပိုင် တစ်နိုင်လုပ်တော့ ဈေးကွက်ကောင်း တယ်။ တဖြည်းဖြည်းနဲ့ ဒီလုပ်ငန်းလုပ်တဲ့သူများလာတဲ့အတွက် ဝယ်ရောင်း သမားများလာပြီး ဝယ်တဲ့သူကလည်း ဈေးနှိမ်ပြီး ဝယ်ယူတယ်" လို့ ဦးကျော်သန်းက ပြောပါတယ်။ ကျောက်စိမ်းပုတီးကိုလက်ကောက် ပြုလုပ်တဲ့ ဘေးထွက်ပစ္စည်းမှထွက်တဲ့ အရိုင်းကျောက်ကို လက်မှုဖြင့် ပြန်လည် လုပ်ကိုင်လျက်ရှိရာ ယခုအခါ ကုန် ကြမ်း ရှားသွားခြင်းကြောင့် ပစ္စည်း အထွက် နည်းလာကြောင်း သိရပါ တယ်။ ဒေါ်အေးစိုးက " ဈေးကွက်ထဲမှာ တစ်ဦးနဲ့တစ်ဦး စည်းလုံးမှုမရှိတော့ တရုတ်က ဈေးနှိမ်ဝယ်မှာပဲ၊ ကျောက် စိမ်းကို ဟင်းသီးဟင်းရွက် အပုံလိုက် ရောင်းချသလို ကျောက်စိမ်းအပုံလိုက် ရောင်းချနေတဲ့ အကောက်စနစ်ကို ပျောက်ကွယ်သင့်ပြီး ကိုယ့်ဘက်က ဈေးကိုတင်းခံပြီး မရောင်းနိုင်ဘူး။ စား ဝတ်နေရေး ရှိသေးတော့ ရတဲ့ဈေးနဲ့ ရောင်းနေကြတာ။ ဒါကြောင့် ကျောက်မျက်လုပ်ငန်းအသင်းခွဲဖွဲ့တာ နှစ်လ ရှိပြီ၊ အဖွဲ့အစည်းနဲ့အဆင်ပြေအောင် ဆောင်ရွက်သွားဖို့ စည်းရုံးနေတယ်။ သူတို့ဘက်က ကျောက်စိမ်းအပုံလိုက် ဈေးဖြတ်ပြီး၊ မကြိုက်တဲ့အလုံး ဖယ်ထား ပြီး ဈေးဖြတ်တယ်။ ကော်မရှင်လည်း ၅ ရာခိုင်နှုန်း ပြန်ပေးရတယ်။ ဒါ့အပြင် ဖယ်ထားတဲ့ပစ္စည်းလည်း အပိုယူသွား တယ်"လို့ ပြောပါတယ်။ စစ်ကိုင်းမြို့မှာ ကျောက်မျက် ရောင်းဝယ်ရေးစခန်း တရားဝင်ဝိုင်းကို ဆင်များရှင်ဘုရားဝင်းအတွင်းမှာ အခု နှစ်ကုန်ပိုင်းမှာ ပြောင်းရွှေ့ဖွင့်လှစ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ရန္တပိုရွာဟာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့ အိုးလုပ်ငန်းပြုလုပ်တဲ့ ကျေးရွာဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ပစ္စည်းများမှာ အိုးအရွယ်အစား ဆိုဒ်မျိုးစုံ၊ ပန်းစိုက်အိုး ကရားညောင်ရေအိုး၊ မီးဖိုတို့ဖြစ်ပါတယ်။ အိုးတစ်လုံးကို ဝယ်ယူသူအနေနဲ့ မသိသာသော် လည်း အမှန်တစ်ကယ် လုပ်ကိုင်ပုံ ကိုကြည့်ပါက အနုစိပ်ကာ အနုပညာဆန်လှပါတယ်။ " ကျွန်တော်တို့ရွာမှာ အိုးလုပ်ငန်းကို မိရိုးဖလာမိသားစု လုပ်ငန်းအဖြစ် လုပ်ကိုင်လာကြရာမှ အိုးလုပ်ငန်း လုပ်ကိုင်သူ ၆၉ ဦးရှိပါတယ်။ မိသားတစ်စုမှာ တစ်နေ့ကို အိုးစိမ်း ၇၀-၁၀၀ လုံးထိ လုပ်နိုင်ပါတယ်။ အိုးစိမ်းတစ်လုံး ကုန်ကျစရိတ် ၁၁၀ ကျပ်ရှိပြီး၊ မီးဖုတ်ခကတော့ တစ်လုံးကို ၈၀- ၁၀၀ ကျပ်ကြားရှိကာ ဒေါင်ဒေါင်မြည်အိုးတစ်လုံးရရန်ကုန်ကျစရိတ်မှာ ၂၀၀-၂၅၀ ကျပ်ကြားရှိ နေပါတယ်။ မြေကိုသမအောင် နင်းနယ်သူများက အိုး ၃၅ လုံးစာအတွက် နင်းခ ၅၀၀ ကျပ်နှုန်းနဲ့ ကျွမ်းကျင်မှုလိုက်ပြီး တစ်နေ့ကို ၁၀၀၀ ကျပ် ၁၅၀၀ ကျပ် အိုးစိမ်းကျွမ်းကျင်သူအနေနဲ့ ရာသီဥတု မိုးလေဝသမှန်မှ တစ်နေ့ ၁၅၀၀-၂၅၀၀-၃၀၀၀ ကျပ်ရရှိပါတယ်။ ဈေးကွက်ကတော့ ၁၂ လရာသီပွဲ တော်ဖြစ်တဲ့ ကျောက်ရစ်၊ ပရိမ္မ၊ မြောင်စတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့သို့ တင်ပု့ိရောင်းချရပါတယ်" လို့ လုပ်ငန်းရှင် ဦးခင်မောင်ကြည်က ပြောပြပါတယ်။ ဒါကြောင့် မြစ်ညာတစ်ကြော စုန်၊ ဆန်မျောတဲ့ ဒေါင်ဒေါင်မြည် ရန္တပိုအိုးကို ဝယ်ယူလိုက ထုတ်လုပ်တဲ့နေရာမှာ အထိုင်ရောင်းဈေးတစ်လုံးကို ၃၃၀ ကျပ်နှုန်းဖြင့် လက်လီ၊ လက်ကား ဝယ်ယူ ရရှိနိုင်ပါကြောင်း။ အောင်မြိုင်
