Background
လောင်စာဆီဈေးနှုန်းများ တရုတ်ပြည်တွင် တိုးမြှင့ ်သတ်မှတ် ကမ္ဘာ့လောင်စာဆီဈေးနှုန်းထားများ ယခုအခါ မြင့်တက်လာနေတဲ့အတွက် တရုတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြောင်းလဲမှုကော်မတီက တရုတ်နိုင်ငံတစ်ဝန်း လောင်စာဈေးနှုန်းများအား ဖေဖော်ဝါရီ ၂ဝ ရက်ကစပြီး ပြုပြင်ပြောင်းလဲတိုးမြှင့် သတ်မှတ်လိုက်တယ်လို့ တရုတ်နိုင်ငံထုတ်သတင်းစာများမှာ ဖော်ပြထားပါတယ် အမျိုးအစား ယွမ် /တန် ယွမ်/လီတာဓာတ်ဆီ ၉ဝ ၉ဝ၄၅ ၆.၆၉ဒီဇယ်ဆီ ဝ ၈၇၂၅ ၇.ဝ၃ဓာတ်ဆီ ၉၃ - ၇.၁၉ဓာတ်ဆီ ၉၇ - ၇.၇ဝ ၁ တန်လျှင် ယွမ်ငွေ ၃၅ဝ ခန့် ဓာတ်ဆီရောဒီဇယ်ဆီဈေးနှုန်းများကို တိုးမြှင့် လိုက်ခြင်းဖြစ်ပါတယ်။ မီးရထားခရီးသည် ပို့ဆောင်မှုယာဉ်နဲ့ မြို့ပတ်ယာဉ်များ၊ ကျေးရွာသယ်ယူပို့ဆောင်မှုနှုန်းထားများ တိုးမြင့်လာခြင်းမရှိသေးကြောင်းနဲ့ မီးရထား လမ်းနဲ့ မြို့ပတ်ယာဉ်များသယ်ပို့မှုဈေးနှုန်း မြင့်တက်လာမှုမရှိစေရေးနဲ့ ကုန်စည်စီး ဆင်းရာမှာ ကုန်းလမ်း၊ ရေလမ်းကြောင်းတို့မှ သယ်ယူပို့ဆောင်စရိတ်များ မြင့်တက် လာမှုမရှိစေရေး အလေးထားဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ လေကြောင်းလိုင်းသုံး လောင်စာဆီကိုလည်း ၁ တန်လျှင် ယွမ် ၃၅ဝ သို့ တိုးမြှင့်လိုက်တဲ့အတွက် ပြည်တွင်းလေကြောင်းလိုင်းကုမ္ပဏီများအား သင့်တင့်သော ပြုပြင်ပြောင်းလဲမှုကိုသာ လုပ်ကိုင်ဆောင်ရွက်သွားရန် လမ်းညွှန်ထားတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ ှSource: ချွန်းချိမ်ဝမ်ပေါင် သတင်းစာ ဖေကြိုင်-မူဆယ်
ဒီဇယ်တန်ချိန် နှစ်သောင်းကျော်တင်သွင်းခဲ့ ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဖေဖော်ဝါရီ ၁၄ ရက်မှ ၂ဝ ရက် တာကာလအတွင်း ဒီဇယ်ပီပါ တစ်သိန်းရှစ်သောင်းငါးထောင်ငါးရာကျော်၊ တန်ချိန် အားဖြင့် နှစ်သောင်းလေးထောင်ခုနှစ်ရာကျော်ကို ပင်လယ်ရေကြောင်း လမ်းကနေ တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဒီဇယ်ဆီအဝင်မှာ တန်ချိန် သုံးသောင်း ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန်ခြောက်ထောင်ကျော် အဝင် လျော့ခဲ့ပါတယ်။MIRT (DOT) နယ်စပ်မှ ဓာတ်ဆီတင်သွင်းမှုယခင်အပတ်ကထက်ပိုမို ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများဖြစ်တဲ့ ကန်ပိုက်တီး၊ ကော့သောင်းနဲ့ တာချီလိတ်နယ်စပ်များမှ ကန်ဒေါ်လာ ဝ ဒသမ ၁၂၄ သန်းဖိုးရှိ ဓာတ်ဆီ ၅ဝ၃၂၅ ဂါလန်တင်သွင်းခဲ့တဲ့အတွက် ယခင်အပတ်က ထက် ၂၄၆၂၅ ဂါလန် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ဒီဇယ်ဆီကိုတော့ ကန်ပိုက်တီးနဲ့ တာချီလိတ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၆၉ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၁၉၇၂၉၃ ဂါလန် တင်သွင်းခဲ့တဲ့အတွက် ယခင်အပတ်ကထက် ဒီဇယ်ဆီဂါလန် ၄၅ဝဝဝ ကျော် တင်သွင်းမှုလျော့နည်းခဲ့ပါ တယ်။ တာချီလိတ်နယ်စပ်စခန်းအနေနဲ့ MPPE မှ တင်သွင်းမှုပိုမိုခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီများမှ တင်သွင်းမှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။MIRT (DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ဖေဖော်ဝါရီ ၂ဝ၁၁ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၂၁ ၃၄ဝဝ ၃၄ဝဝ ၃၄ဝဝ ၃၇ဝဝ၂၂ ၃၄ဝဝ ၃၄ဝဝ ၃၄ဝဝ ၃၇ဝဝ၂၃ ၃၆ဝဝ ၃၄ဝဝ ၃၅ဝဝ ၃၇ဝဝ၂၄ ၃၇ဝဝ ၃၇ဝဝ ၃၆ဝဝ ၃၉ဝဝ၂၅ ၃၇ဝဝ ၃၇ဝဝ ၃၆ဝဝ ၄ဝဝဝMIRT-DOT
ဈေးကွက်အများစုမှာ ပဲစင်းငုံဈေးခိုင်မာပေမဲ့ အချို့ဈေးကွက်မှာလျော့ကျ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ပဲစင်းငုံဈေးက အတက်အကျ အပြောင်းအလဲဖြစ်နေပါတယ်။ အချို့ဈေးကွက်တွေ မှာ ပဲခွဲစက်တွေအဝယ်ပြန်သွက်လာလို့ ဈေးပြန်ခိုင်မာလာပေမဲ့ အချို့ ဈေးကွက်တွေမှာတော့ ပဲဝင်ရောက်မှုတိုးလာလို့ ဈေးလျော့တာ တွေ့ရပါတယ်။ မြန်မာပဲစင်းငုံအသစ်များ ဖေဖော်ဝါရီလ ပထမပတ် အတွင်း ဝင်ရောက်ခဲ့ကြောင်းနဲ့ ပြည်တွင်းဈေးကျဆင်းနေတာကြောင့် နိုင်ငံတကာဈေးလည်း တစ်တန်ကို ၂၅ ဒေါ်လာကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပဲအသစ်ဝင်ရောက်မှု တိုးတက်လာရင် အရောင်း အဝယ်အေးနိုင်ပေမဲ့ ဈေးများများ မကျဆင်းနိုင်ဘူးလို့ ကုန်သည် များကသုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၁၇ .၂ .၁၁ ၁၆ .၂ .၁၁ ၁၅ .၂ .၁၁ ၁၄ .၂ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၈၃၇ ၈၂၄ ၈ဝ၉-၈၁၄ ၈၅၇ဒေလီ(မြန်မာပဲစင်းငုံ) ၈၃၇ ၈၂၄ ၈၁၄ ၈၁၉ချန်နိုင်း(မြန်မာပဲစင်းငုံ) ၈၄၈ ၈၁၃ ၈၁၄ ၈၄၆
ပဲတီစိမ်းဈေး အပြောင်းအလဲမရှိငြိမ်နေ အဓိက ပဲတီစိမ်းလက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ် လည်း ဈေးအပြောင်းအလဲမရှိ တည်ငြိမ်နေပါတယ်။ ဒေစီပဲတီစိမ်း ရော မြန်မာပဲတီစိမ်းပါ ဈေးမေးအဝယ်ရှိနေတယ်လို့ သိရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းလက်ကျန် များများမရှိတော့ ကြောင်းသိရပါတယ်။ သြစတြေးလျ နယူးဆော့ဝေးမှာ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်အထိ ပဲတီစိမ်းစိုက်ဧရိယာ ဟက်တာ ၂၄၇ဝဝ ရှိကြောင်း သိရပါတယ်။ ပဲတီစိမ်းအသစ်များရဲ့ အရည်အသွေး နိမ့်ခြင်းနဲ့ ဝယ်လိုအားနည်းခြင်းတို့ကြောင့် လာမယ့်ရက်တွေမှာလည်း လက်ရှိဈေးဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြ ပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၁၇ .၂ .၁၁ ၁၆ .၂ .၁၁ ၁၅ .၂ .၁၁ ၁၄ .၂ .၁၁ချန်နိုင်း(ပဲတီရွှေဝါ) ၁၃၆၆-၁၃၈၈ ၁၃၆၂-၁၃၈၄ ၁၃၆၄-၁၃၈၆ ၁၃၆၃-၁၃၈၅ဒေလီ ၁၂၇၈ ၁၂၇၄ ၁၂၇၆ ၁၂၇၅အင်ဒိုရီ ၁၁၆၈ - ၁၁၈၈ ၁၁၈၇
ကုလားပဲဈေးသိသိသာသာလျော့ကျ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ရောင်းအားများ ပြီး အဝယ်အနည်းငယ်သာရှိလို့ ဒီတစ်ပတ်ကုလားပဲဈေး သိသိသာသာ ကျဆင်းခဲ့ပါတယ်။ မွန်ဘိုင်းဆိပ်ကမ်းမှာ သြစတြေးလျ ကုလားပဲဖြူလုံးကြီး တန် ၂၄ဝဝဝ ဝင်ရောက်လာပေမဲ့ ဝယ်လက်များက အရည်အသွေးနိမ့်တဲ့ သြစတြေးလျ ကုလားပဲကို တစ်တန် ရူပီး ၂၄၅ဝဝ (ကန်ဒေါ်လာ ၅၄ဝ)နဲ့ဝယ်ယူဖို့ စိတ်မဝင်စားကြဘူးလို့ ကုန်သည်များက ဆိုပါတယ်။ မကြာခင်က ရာဂျက်စသန်မှာ မိုးရွာသွန်း ခြင်းက ကုလားပဲပင်များ မနှစ်ကနဲ့နှိုင်းယှဉ်ရင် အထွက်ပိုမယ်လို့ ခန့်မှန်းကြပါတယ်။ ရာဂျက်စသန်နဲ့ အတ္တရာပရာဒေ့ရှ်က ကုလားပဲ သစ်များ ဧပြီလပထမပတ်မှ စတင်ဝင်ရောက်မှာဖြစ်ပြီး အဲဒီကာလ မှာတော့ ပြည်တွင်းမှာ ရောင်းအားများနိုင်လို့ ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၁၇ .၂ .၁၁ ၁၆ .၂ .၁၁ ၁၅ .၂ .၁၁ ၁၄ .၂ .၁၁မွန်ဘိုင်း ၅၄ဝ ၅၂၇-၅၄၉ ၅၃၄-၅၅ဝ ၅၇၇ဒေလီ ၅၆၇-၅၇၃ ၅၇၁ ၅၆၇-၅၇၂ ၅၈၇-၅၈၈ကန်ပါ ၅၈၄ ၅၈ဝ ၅၈၅ ၅၉၁
ပဲမျိုးစုံ၊ ဂံျုနဲ့ အာလူးဈေးနှုန်းကျဆင်းလာတာကြောင့် ဖေဖော်ဝါရီ ၅ ရက်မှာကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း အိန္ဒိယစားနပ်ရိက္ခာ ဈေးနှုန်းဖောင်းပွမှုဟာ ၁၁ ဒသမ ဝ၅ ရာခိုင်နှုန်းကို ကိုးပတ်ဆက် တိုက် ကျဆင်းလာတယ်လို့ သိရပါတယ်။ အာလူးဈေးက ၁၃ ဒသမ ၆၃ ရာခိုင်နှုန်း၊ ပဲမျိုးစုံဈေးနှုန်းက ၅ ဒသမ ၈၈ ရာခိုင်နှုန်းနဲ့ ဂံျုဈေးက ၂ ဒသမ ၅၄ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့တာကြောင့် စားနပ် ရိက္ခာဈေးနှုန်း ဖောင်းပွမှုကလည်း ယခင်တစ်ပတ်ထက် ၂ ဒသမ ဝ၂ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးပြန်မာလာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုသီတင်းပတ် အစော ပိုင်းက အဝယ်နည်းခဲ့တာကြောင့် မတ်ပဲဈေး လျော့ကျနေရာက သီတင်းပတ်နှောင်းပိုင်းမှာတော့ ပဲခွဲစက်လုပ်ငန်းရှင်များ အဝယ်တက် လာတာကြောင့် ဈေးပြန်မာလာခဲ့ပါတယ်။ ဒါပေမဲ့ ဆောင်းမတ်ပဲ များက မတ်လပထမပတ် လောက်မှာဝင်ရောက်တော့မှာဖြစ်လို့ အဲဒီ ကာလမှာတော့ ဈေးကွက်တွေမှာ ရောင်းအားများလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကမတ်ပဲအသစ်များ လာ မယ့်ရက်တွေမှာ ဝင်ရောက်လာတော့မှာဖြစ်လို့ ဈေးနှုန်းမြင့်တက်မှုကို ထိန်းခုျပ်နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်းမှာတော့ လက်ရှိဈေးနဲ့ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၁၇ .၂ .၁၁ ၁၆ .၂ .၁၁ ၁၅ .၂ .၁၁ ၁၄ .၂ .၁၁မွန်ဘိုင်း ၈၈၁-၈၈၇ ၉ဝ၁ ၈၆၉-၈၈ဝ ၈၇၉ဒေလီ ၉ဝ၃ ၈၆၈ ၈၅၈ ၈၆၈ချန်နိုင်း ၉ဝ၃-၁ဝ၃၃ ၈၅၇-၁ဝ၁၁ ၈၅၈-၁ဝ၁၂ ၈၈၅-၁ဝ၂၂
ရေကြောင်းလမ်းမှနို့ဆီသာအဝင်ရှိခဲ့ ဒုတိယသီတင်းပတ်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက်တာ ကာလ အတွင်း နို့ဆီတန်ချိန် ၁၄၈ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁၃၄၅၅ဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန် သွယ်ဖက်နိုင်ငံကတော့ စင်ကာပူနိုင်ငံ ဖြစ်ပြီး ဒွန်းတံဆိပ်နို့ဆီ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ယခင်သီတင်းပတ် နို့ဆီ အဝင်တန်ချိန်မှာ ၂၅ဝ ကျော်ရှိခဲ့တာမို့ ဒီတစ်ပတ်မှာ အဝင်တန်ချိန် အနည်း ငယ် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ပြည်တွင်းမှာထုတ်လုပ်တဲ့ နို့ဆီများနဲ့ အစားထိုး သုံးစွဲမှုတွေကြောင့်လည်း နို့ဆီအဝင်အားပျော့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ သွင်းအားကောင်း ကောင်းနဲ့ တင်သွင်းလာခဲ့တဲ့ နို့စိမ်းက ဒီတစ်ပတ်မှာ အဝင်မရှိခဲ့ပါဘူး။ နို့မှုန့်ကတော့ နယူးဇီလန်၊ မလေး ရှား၊ ဘူဂေးရီးယား စတဲ့နိုင်ငံအသီးသီး ကနေ တန်ချိန် ၂၄ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ၇ဝ၃၄၅ ဖိုးကို တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ တန်ချိန် တစ်ရာ့လေးဆယ်ကျော် တင်သွင်းနိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တော့ အဝင်လျော့နည်းခဲ့တာ တွေ့ရပါ တယ်။ MIRT (DOT) နို့ဆီ နို့မှုန့် နို့စိမ်းနယ်စပ် ပုံမှန်ပြန်ဝင်လာ ပြီးခဲ့တဲ့အပတ်က တရုတ်နှစ်သစ် ကူးပွဲတော်ကာလဖြစ်တဲ့အတွက် နို့ဆီ၊ နို့မှုန့်၊ နို့စိမ်းနယ်စပ်မှ တင်သွင်းမှုမရှိပေ မဲ့ ယခုအပတ်မှာ ပြန်လည်တင်သွင်းမှု တွေရှိလာတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလ အတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေး ဇုန်မှ လိပ်ပြာနှစ်ကောင်တံဆိပ် ၅ဝဝ ဂရမ်ပါ အထုပ်ကြီးနဲ့ ၂ဝ ဂရမ်ထုပ် ၂ဝ ပါ ၄ဝဝ ဂရမ်အထုပ်ကြီးများ တင်သွင်းမှုရှိခဲ့ပါတယ်။ကန်ဒေါ်လာ၉၆၈ဝ၅ တန်ဖိုးရှိ နို့မှုန့် ၃၄ တန် တင်သွင်းနိုင်ခဲ့ တာဖြစ်ပါတယ်။ ကော့သောင်းနယ်စပ် မှ ဒေါ်လာ ၄၉၆ဝဝ တန်ဖိုးရှိ နို့ဆီ ၅၈ ဒသမ ၇၇၆ မက်ထရစ်တန် ၃၁ဝဝ ကာတွန်းနဲ့ ဒေါ်လာ ၄၂၅ဝဝ တန်ဖိုးရှိ နို့စိမ်း ၄၇ ဒသမ ၄ (၂၅ဝဝ) ကာတွန်း တင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကတော့ နယ်စပ်စခန်း များက နို့ဆီ၊ နို့မှုန့်၊ နို့စိမ်း တင်သွင်းမှု မရှိခဲ့ပါဘူး။MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇ဝဝ ၇၁၅ဒွန်း( နို့စိမ်း) ၆၇ဝ ၆၈၅Falcon နို့ဆီ ၆၂ဝ ၆၃၅Happy Cow ၆၂ဝ ၆၃၅မာရီဂိုး(နို့ဆီ) ၆၅ဝ ၆၆၅အိုကေနို့ဆီ ၆၇ဝ ၆၈၅MIRT (DOT)
ဒီတစ်ပတ်လည်းဝင်အားကောင်းနေတဲ့ ဘိလပ်မြေ ဒီသီတင်းတစ်ပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်တာကာလအတွင်း ဘိလပ် မြေတန်ချိန် ၂၄၄၆ဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ဝ၇၇၉၇ဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါ တယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေ ကတော့ ထိုင်းနိုင်ငံဘက်မှ စိန်တံဆိပ်နဲ့ ဆင်တံဆိပ် ဘိလပ်မြေတန်ချိန် နှစ်သောင်း သုံးထောင့်သုံးရာရှစ်ဆယ်နဲ့ ပါကစ္စတန် နိုင်ငံဘက်မှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် တစ်ထောင့်ရှစ်ဆယ်တို့ကို အသီး သီးတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဝင်အားကောင်းကောင်းနဲ့ ဝင်လာခဲ့တဲ့ဘိလပ်မြေက ဒီတစ်ပတ်မှာလည်း ဆက်လက် ဝင်အားကောင်းဆဲ ဖြစ်ပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေတန်ချိန် ၄၅ဝဝ နီးပါးတင်သွင်း ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း မူဆယ်၊ ကန်ပိုက်တီးနဲ့ တာချီလိတ်နယ်စပ် စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၅၄၂ သန်းတန်ဖိုးရှိ ဘိလပ် မြေ ၄၄၈၃ ဒသမ ၅ တန် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က တင်သွင်းခဲ့တဲ့ လွယ်ဂျယ်၊ မြိတ်၊ စစ်တွေနဲ့ မောင်တောနယ်စပ်စခန်းများက ယခုအပတ်မှာ တင် သွင်းမှုမရှိတဲ့အတွက် ယခင်အပတ်ကထက် တန်ချိန် ၈ဝဝကျော် တင်သွင်းမှု လျော့နည်းသွားပါတယ်။ နယ်စပ်အလိုက် ယခုအပတ် ဘိလပ်မြေတင်သွင်းမှုတွေကတော့ မူဆယ်မှ ၆၃ တန်၊ ကန်ပိုက်တီးမှ ၂၅၆၅ တန်နဲ့ တာချီလိတ်မှ ၁၈၅၅ တန်ကျော် ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၁ဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ (AAA) ၅၃ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ဘိလပ်မြေ (TPI)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၁ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၉၅ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆ဝဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၅ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၈ဝဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၇၅ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
သီတင်းတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ဓာတ်မြေသြဇာအဝင်မရှိ သီတင်းတစ်ပတ်ကို ပျမ်းမျှ တန်ချိန် တစ်ထောင်မှ နှစ်ထောင်ကျော်ကြား တင်သွင်းနေကြ ဓာတ်မြေသြဇာက ပြီးခဲ့တဲ့သီတင်းပတ်မှာ တန်ချိန် နှစ်ရာကျော် သာတင်သွင်းခဲ့ပြီး ဒီသီတင်းပတ်မှာတော့ အဝင်မရှိခဲ့ပါဘူး။ ဈေးကွက်ထဲ အရောင်း အဝယ်ကလည်း ပုံမှန်သာရှိကြောင်း သတင်းရရှိပါတယ်။ MIRT (DOT) တစ်ပတ်အတွင်း နယ်စပ်က တန်ချိန် ၁၅ဝဝဝ နီးပါးသွင်း ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း မူဆယ်၊ တာချီလိတ်၊ ကော့သောင်း၊ မောင်တောနဲ့ ရိဒ်နယ်စပ်စခန်းများမှ ဓာတ်မြေ သြဇာ ၁၄၆၆၉ ဒသမ ၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၂၇၆ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁ဝ၇၃ဝ တန်ကျော်၊ တာချီလိတ်မှ ၅၇ ဒသမ ၅တန်၊ ကော့သောင်းမှ ၂၈၉ဝတန်၊ မောင်တောမှ ၁၂ ဒသမ ၄၅ တန်နဲ့ ရိဒ်မှ ၉၇၈ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ တီစူပါဖော့စဖိတ်၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ ကွန်ပေါင်းနဲ့ အမိုးနီးယမ်းနိုက် တြိတ်ဓာတ်မြေသြဇာကုန်ကြမ်းတို့ဖြစ်ပါတယ်။ တာချီလိတ်မှ အမိုးနီးယမ်း နိုက်တြိတ်၊ ကော့သောင်းမှ ကွန်ပေါင်း၊ ရိဒ်မှ ယူရီယားနဲ့ ပိုတက်ရှ်တို့ တင်သွင်း ခဲ့ကြတာဖြစ်ပါ တယ်။ ယခုအပတ်မှာ ယခင်အပတ်ကထက် မူဆယ်မှ ၆၅၄၉ တန်နဲ့ ရိဒ်မှ ၂၄၅ တန် သိသိသာသာပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်ထိ နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ တန်ချိန် ၅၈၁ဝဝဝ ကျော် တင်သွင်းထားပြီး ဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမိုျးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၅ဝဝ တီစူပါ မြှား(တရုတ်) ၂၄ဝဝဝ တီစူပါ သံကွင်း(တရုတ်) ၂၄ဝဝဝ ပိုတက်(တရုတ်) ၂၂၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၈ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၅ဝဝ တီစူပါ GTSP 46% ၂၂၃ဝဝ တီစူပါ GSSP 16% ၁ဝ၂ဝဝ တီစူပါ GSSP 12% ၉၄ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၈၅ဝဝ အာမို (ဒိုင်းမွန်းစတား) ၄၁ဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၃၅ဝဝ ကုလားအုတ် (တရုတ်) ၂၃၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂၂၈ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၂၈ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၂၈ဝဝ တီဆူပါ-(တရုတ်) 12% ၁ဝဝဝဝ တီဆူပါ-(တရုတ်) 16% ၁ဝ၅ဝဝ တီဆူပါ 15:15:15 (တရုတ်) ၃၇၅ဝဝ တီဆူပါ 10:10:5(တရုတ်) ၁၅၅ဝဝ ပိုတက်(တရုတ်) ၂ဝ၅ဝဝ ဓါတ်ဆား (တရုတ်) ၁၄၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄ဝဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄၅ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄၈ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၃ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၆ဝဝဝ တီစူပါ (တရုတ်) မျှား 46% ၂၅ဝဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃ဝဝဝMIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz14-February 30.08 2503.20 2501.63 10247.10 1822.0015-February 30.55 2517.98 2495.58 10248.22 1832.0016-February 30.75 2516.19 2484.61 10117.63 1830.0017-February 30.73 2516.64 2498.94 10056.93 1828.0018-February 31.69 2528.51 2512.83 9964.86 1839.00Source:kitco.com