Main menu

Background

Sunday, 20 Feb 2011

Energy NYMEX 18-2-2011                                                                                                   Price          Change        Change %Brent Crude Futr (USD/bbl)        102.580           -0.010          -0.01Gas Oil Fut (ICE) (USD/MT)           864.500         -13.000         -1.48Gasoline Rbob Fut (Cent/gal)       273.000           -0.240           -0.09Heating Oil Futr (Cent/gal)           3.863               -0.005          -0.13Natural Gas Futr (USD/MMBtu)    252.860           0.090             0.04WTI Crude Future (USD/bbl.)      86.110             -0.250           -0.29

Sunday, 20 Feb 2011

နယ်စပ်ငွေလဲလှယ်နှုန်း                   ဖေဖော်ဝါရီလ ၂ဝ၁၁(1US$) ရက်       တရုတ်        ထိုင်း       ဘင်္ဂလားဒေ့ရှ်           အိန္ဒိယ               (ယွမ်)       (ဘတ်)       (တာကာ)             (ရူပီး)14           6 .60       30.74       70.95                  45.5015           6.59        30.72       71.15                  45.4916           6 .59        30.67      71.15                  45.5317           6 .57        30.62      71.15                  45.1618           6.58         30.62       71.15                 45.17

Sunday, 20 Feb 2011

Currency Exchange Rate                    February 18, 2011               Base Currency is           United States Dollar - USD           Currency Unit Units per USDAUD Australia Dollars               0.99BDT Bangladesh Taka           71.15CAD Canada Dollars               0.98CNY China Yuan Renminbi      6.58EUR Euro                               0.74HKD Hong Kong Dollars          7.79INR India Rupees                   45.17IDR Indonesia Rupiahs        8853.00JPY Japan Yen                      83.27MYR Malaysia Ringgits            3.04PKR Pakistan Rupees             85.42PHP Philippines Pesos            43.36RUB Russia Rubles                 29.25SGD Singapore Dollars            1.28KRW South Korea Won       1113.64LKR Sri Lanka Rupees           110.99THB Thailand Baht                  30.62GBP United Kingdom Pounds   0.62VND Vietnam Dong               20880 .00Source : xe.com

Sunday, 20 Feb 2011

World Gold Price                          February 2011 (USD/OZ)Date      NY      London     Zurich14        1356    1358       135815        1360    1362       136216        1372    1373       137417        1373    1375       137518        1381    1381       1383Domestic Gold Price                                  Kyats(Thousand)Date            Yangon      Mandalay14-2-2011     644.50     644.4015-2-2011     656.00     658.0016-2-2011     675.50     673.5017-2-2011     670.50     670.5018-2-2011     656.00     658.00

Sunday, 20 Feb 2011

 ရွှေဝယ်လိုအား ၁ဝ နှစ်အတွင်း အမြင့်ဆုံးဖြစ်                     ရွှေဈေးကို ဝယ်လိုအားက ၂ဝ၁ဝ ပြည့်နှစ်က ဆယ်နှစ်အတွင်းအမြင့်ဆုံး ဈေးနှုန်းကိုရောက်ခဲ့ရာကနေ ယခုနှစ် အတွင်းမှာ ထပ်ပြီးမြင့်တက်နိုင်တယ်လို့ ကမ္ဘာ့ရွှေကောင်စီက ပြောပါတယ်။ လက်ဝတ်ရတနာပြုလုပ်သူတွေနဲ့ အီ လက်ထရွန်းနစ်စက်အစိတ်အပိုင်းထုတ် လုပ်သူတွေရဲ့ ဝယ်လိုအားမြင့်တက်လာ တဲ့အတွက် ရွှေဈေးဟာ ၂ဝ၁ဝ ပြည့် နိုဝင်ဘာလက တစ်အောင်စကို ၁၄၂၁ ဒေါ်လာထိမြင့်တက်ခဲ့ပါတယ်။                     ရင်းနှီးမြှုပ်နံှမှုဘက်မှာလည်း ရွှေ ရဲ့ဝယ်လိုအားက မြင့်တက်ခဲ့ပါတယ်။ ၂ဝ၁ဝ ပြည့်မှာ ဗဟိုဘဏ်တွေက ရွှေ ရောင်းသူအဖြစ်ကနေ ရွှေဝယ်သူအဖြစ် ကိုပြောင်းလဲလာပါတယ်။ ဒါကြောင့်ဈေးကွက်မှာ ဈေးနှုန်း တွေထူးထူးကဲကဲမြင့်တက်လာပါတယ်။ ဗဟိုဘဏ်တွေနဲ့ ရင်းနှီးမြှုပ်နံှသူတွေက ငွေကြေးဖောင်းပွမှာကို ကာကွယ်တဲ့အ နေနဲ့ ဝယ်ယူလာတဲ့အတွက် ရွှေဟာလူ ကြိုက်များတဲ့ ကုန်ပစ္စည်းအဖြစ် တစစ ပြောင်းလဲလာပါတယ်။                    အမေရိကန်ပြည်ထောင်စုမှာ လှည့်လည်ငွေကြေး တိုးတက်လာအောင် ဆောင်ရွက်နေတာတွေကလည်း ရွှေ ဈေးနှုန်းတက်အောင် မီးထိုးပေးသလို ဖြစ်နေပါတယ်။ ကမ္ဘာ့ရွှေကောင်စီရဲ့ အဆိုအရ နှစ်စဉ် ရွှေဝယ်လိုအားက ၃၈၁၂ တန်ရှိပြီး တန်ဖိုးအားဖြင့် ဒေါ်လာဘီလီယံ ၁၅ဝ နီးပါးရှိလို့ ၁ဝ နှစ်အတွင်း အမြင့်ဆုံးဖြစ်ပါတယ်။ အာရှဒေသမှာ ရွှေကိုရုပ်ဝတ္ထုပစ္စည်းအဖြစ် ရင်းနှီးမြှုပ်နံှစရာလို ယူဆထားရာ ဒီအ ယူအဆက ပြောင်းလဲသွားနိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောပါ တယ်။                 ယခုအခါ ရွှေကိုကုမ္ပဏီရှယ်ယာ တွေလို နိုင်ငံခြားငွေရောင်းဝယ်ရေးရန် ပုံငွေအဖွဲ့တွေကတစ်ဆင့် ဝယ်လို့ရောင်း လို့လွယ်ကူနေတဲ့အတွက် ငွေဖြစ်လွယ် တဲ့ပစ္စည်းတစ်ခုဖြစ်လာပါပြီလို့ ကမ္ဘာ့ ရွှေကောင်စီ (အရှေ့ဖျား) ပီတီအီးလီမိ တက်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာအယ်လ်ဘတ်ချန်းက ပြောပါတယ်။ Source:CNA ဉာဏ်တင်

Sunday, 20 Feb 2011

ဒေါ်လာဈေးနှုန်းနှင့်အတူ ရွှေဈေးနှုန်းများ မြင့်လာ                ရန်ကုန်ရွှေဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်းနှင့်အတူ ရွှေဈေးနှုန်းများ မြင့်လာကြောင်း ရွှေကုန်သည်များထံက သိရသည်။ ''ဖေဖော်ဝါရီ ၁ဝ ရက်နောက်ပိုင်းကစပြီး ရွှေဈေးနှုန်းတွေ ခပ်စိပ်စိပ် တက်လာတာ တွေ့ရတယ်။ ဒေါ်လာဈေးနှုန်းတွေလဲ တက်လာတယ်။ အရပ်ဝယ် လက်တွေရဲ့ ရွှေအဝယ်က အခုထိရှိနေတယ်။ ဖေဖော်ဝါရီ ၁၆ ရက်က အခေါက်ရွှေ ဈေးက တစ်ကျပ်သားကို ကျပ် ၆၈ဝဝဝဝ ဖြစ်ခဲ့တယ်''ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖေဖော်ဝါရီ ၁၇ ရက်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၅၇ဝဝဝ- ၆၅၃၅ဝဝ ဖြစ်ခဲ့ပြီး ၁၈ ရက်က ကျပ် ၆၅၆ဝဝဝ-၆၅၃ဝဝဝ ဖြစ်ပေါ်ခဲ့သည်။MN

Sunday, 20 Feb 2011

 ဝယ်အားရှိရင် အိုပက်က ရေနံရောင်းအား တိုးပေးမည်                   အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)က ရေနံတင်ပို့တဲ့နိုင်ငံများ (အိုပက်) ခွဲတမ်းနဲ့အညီ တစ်ရက်ကို ရေနံစည် ၂ ဒသမ ၂သန်း ထုတ်လုပ်နေတယ် လို့ စွမ်းအင်ဝန်ကြီး မိုဟာမက်အယ်လ်ဟမ်လီက ပြောပါတယ်။ ဈေးကွက်ထဲကို အလုံအလောက် ဖြန့်ဖြူးထားပြီလို့လည်း ပြောပါတယ်။                 ဝယ်လိုအား ပျက်စီးသွားမှာကို စိုးရိမ်တဲ့အတွက် ကုန်ကျစရိတ်တက်မလာ အောင် အိုပက်နိုင်ငံတွေက ဈေးနှုန်းတွေကို စောင့်ကြည့်နေတယ်လို့ မစ္စတာ အယ်လ်ဟမ်မလီက ပြောပါတယ်။ ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ဝယ်လိုအားကို မထိခိုက်စေချင်ဘူး။ ဈေးနှုန်းတွေက ဈေးကွက်အခြေခံတွေဖြစ်တဲ့ ရောင်း လိုအားနဲ့ ဝယ်လိုအားကို ရောင်ပြန်ဟပ်မပေးပါဘူးလို့ ပြောပါတယ်။ ဈေးနှုန်းတွေတက်တာဟာ ကမ္ဘာ့အရေးအခင်း တေေွ ကြာငသ့် ာ ဖြစရ် တယ် လို့ သူကပြောပါတယ်။ ဥရောပနဲ့ အာဖရိကအတွက် အခြေခံစံထားဈေးနှုန်းဖြစ်တဲ့ ဘရင့်ရေနံစိမ်းဈေးနှုန်းက ပြီးခဲ့တဲ့လက တစ်စည်ကို ဒေါ်လာ ၁ဝဝ အထိဖြစ်ခဲ့ ပါတယ်။                  ဘရင့်ရေနံဈေးနှုန်းနဲ့ တက္ကဆပ်အနောက်ပိုင်းရှိ အခြေခံဈေးနှုန်းတွေအကြား အဆက်အစပ်မရှိဘူးလို့ ဆိုပါတယ်။ ဒီလိုဖြစ်ရတာဟာ အမေရိကန်ပြည်ထောင်စု ရဲ့ လက်ကျန်အခြေအနေနဲ့ ကုန်သည်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုစတဲ့ အကြောင်း တရားတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။                     ဘဏ္ဍာရေးအကျပ်အတည်း မပေါ်ပေါက်မီအခြေအနေထိ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာရင် ဝယ်လိုအားနဲ့အညီ အိုပက်အဖွဲ့ကရောင်းလိုအားကို မြှင့်တင်သွားမယ်လို့ ဆော်ဒီအာရေးဗီးယားဝန်ကြီး မစ္စတာအလီအယ်လ်နိုင် မီက ပြောပါတယ်။ အိုပက်အဖွဲ့ရဲ့ မူဝါဒက ရောင်းလိုအားနဲ့ ဝယ်လိုအား ချိန်ခွင်ညှာ ညီမျှအောင် ဆောင်ရွက်ဖို့ဖြစ်တယ်လို့ သူကပြောပါတယ်။ Source:bloomberg.com, ဉာဏ်တင်

Sunday, 20 Feb 2011

ယခုအပတ် နယ်စပ်မှ ဒီဇယ်ဆီတင်သွင်းမှု ဂါလံ ၆ သိန်းကျော်              ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများမှ ဓာတ်ဆီနဲ့ ဒီဇယ်ဆီတင်သွင်းမှုများ ယခင်အပတ်ကထက် ပိုမိုခဲ့ပါတယ်။ ဒီဇယ်ဆီကို ကန်ပိုက်တီး၊ ကော့သောင်းနဲ့ တာချီလိတ်တို့မှ ၆၄၈ဝ၆ဝ ဂါလန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၁၅ သန်းဖိုး တင်သွင်းခဲ့ပါတယ်။              ယခင်အပတ်က ကော့သောင်းနဲ့ တာချီလိတ်နယ်စပ် ၂ ခုမှ ၃၅၂၃ဝ ဂါလန် သာတင်သွင်းနိုင်ခဲ့တာမို့ ယခုအပတ်မှာ ဂါလန် ၆၁၂၈၃ဝ ယခင်အပတ်ကထက် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ဓာတ်ဆီတင်သွင်းမှုက ကန်ဒေါ်လာ ဝ ဒသမ ၁၁ သန်း တန်ဖိုးရှိ ၃၅၇ဝဝ ဂါလန် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဂါလန် ၁၂၉၅ဝ တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး          ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ဖေဖော်ဝါရီ ၂ဝ၁၁                   ဝယ်ဈေးဓာတ်ဆီ(ကျပ်)         ဝယ်ဈေးဒီဇယ်(ကျပ်)ရက်       ရန်ကုန်     မန္တလေး                ရန်ကုန်         မန္တလေး၁၄         ၃၂ဝဝ      ၃၄ဝဝ                     ၃ဝဝဝ          ၃၂ဝဝ၁၅         ၃၂ဝဝ      ၃၄ဝဝ                     ၃၁ဝဝ          ၃၂ဝဝ၁၆         ၃၃ဝဝ      ၃၄ဝဝ                     ၃၂ဝဝ          ၃၃ဝဝ၁၇         ၃၄ဝဝ      ၃၄ဝဝ                     ၃၄ဝဝ           ၃၅ဝဝ၁၈         ၃၄ဝဝ      ၃၄ဝဝ                     ၃၄ဝဝ            ၃၅ဝဝMIRT-DOT 

Tuesday, 15 Feb 2011

 ပဲစင်းငုံဈေးအနည်းငယ်ပြန်တိုးလာ              ယခုတစ်ပတ် အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ဝယ်လိုအား ဆက်တိုက်ရှိနေတာကြောင့် အနည်းငယ်ပြန်လည် တိုးတက်လာခဲ့ပါတယ်။ ဈေးကွက်တခိုျ့မှ ဝင်ရောက်လာတဲ့ ပဲအသစ် များမှာ အရည်အသွေးနိမ့်ကျတယ်လို့ သိရပါတယ်။ အစိုးရရဲ့ ဒုတိယ အကြိမ် ခန့်မှန်းချက်အရ ပဲစင်းငုံတန်ချိန် ၃ ဒသမ ၁၈ သန်းထွက် မယ်လို့ဆိုရာ ပထမအကြိမ်ခန့်မှန်းထားတဲ့ တန်ချိန် ၃ ဒသမ ၂၇ သန်းထက်လျော့ကျခန့်မှန်း ထားပါတယ်။ ၂ဝ၁ဝ ဒီဇင်ဘာလအတွင်း မှာ မိုးရွာသွန်းခြင်းက အထွက်နှုန်းကို လျော့ကျစေခဲ့တာကြောင့် ခုလိုလျော့ကျခန့်မှန်းခြင်းဖြစ်ပါတယ်။ အထွက်လျော့ကျမယ့် ခန့်မှန်း ချက်က ဈေးနှုန်းမြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဈေး ကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား (၄)နဲ့ ဖော်ပြထားပါတယ် - ဇယား-၄                                                                                          ဒေါ်လာ/တန်  ဈေးကွက်                       ၁ဝ .၂ .၁၁                ၉ .၂ .၁၁               ၈ .၂ .၁၁               ၇ .၂ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ)       ၈၃၆-၈၃၈                  ၈၃၈                     ၈၂၆                   ၈၂၃ဒေလီ(မြန်မာပဲစင်းငုံ)               ၈၃၄                      ၈၃၈                    ၈၃၂                    ၈၂၃ချန်နိုင်း(မြန်မာပဲစင်းငုံ)             ၈၂၃                       ၈၂၇                    ၈၅၉                   ၈၃၄

Tuesday, 15 Feb 2011

 ပဲတီစိမ်းဈေး တန့်နေ                ယခုတစ်ပတ် အိန္ဒိယပြည်တွင်း ပဲတီစိမ်းဈေးက တစ်ပတ် အတွင်း ဈေးအပြောင်းအလဲမရှိဘဲ တန့်နေပါတယ်။ ဈေးကွက်တွေ မှာ လက်ကျန်နည်းနေပေမဲ့ အဝယ်အေးတာကြောင့် ဈေးငြိမ်နေတာ ဖြစ်ပါတယ်။ အစိုးရရဲ့ ဒုတိယအကြိမ်ခန့်မှန်းချက်အရ ပဲတီစိမ်းထွက် ရှိမှုဟာ ယခင်နှစ်က တန်ချိန် ဝ ဒသမ ၆၉ သန်းရှိရာမှ ယခုနှစ်မှာ တန်ချိန် ၁ ဒသမ ၁၂ သန်းကို တိုးတက်ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အရည်အသွေးကောင်းပဲ မရရှိနိုင်ခြင်းကတော့ ဈေးအမြင့်မှာရှိနေဖို့ အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ဈေးကွက်က သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေး တွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃                                                                                                   ဒေါ်လာ/တန် ဈေးကွက်                  ၁ဝ .၂ .၁၁                 ၉ .၂ .၁၁              ၈ .၂ .၁၁              ၇ .၂ .၁၁ချန်နိုင်း(ပဲတီရွှေဝါ)         ၁၃၆ဝ                     ၁၃၆၈                 ၁၃၆၆                ၁၃၆ဝဒေလီ                           ၁၂၇၂                     ၁၂၈ဝ                  ၁၂၇၈               ၁၂၇၂အင်ဒိုရီ                        ၁၂ဝ၇                       ၁၂၁၃                 ၁၁၉ဝ               ၁၂ဝ၆

Pages