Main menu

Background

Tuesday, 15 Feb 2011

၂ဝ၁ဝ ပြည့်နှစ် ကမ္ဘာ့ရွှေထုတ်လုပ်မှုမှာ တရုတ်နိုင်ငံ ထိပ်ဆုံးရောက်လာ              ၂ဝဝ၇ ခုနှစ်ကစပြီး ကမ္ဘာ့ရွှေထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ ၂ဝ၁ဝ ပြည့်နှစ်မှာ သူ့ရဲ့အနေအထား ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပြီး နှစ်အလိုက် တိုးတက်မှုနှုန်း ၂ ဒသမ ၅၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ပမာဏအားဖြင့် ၃၄ဝ ဒသမ ၈၈ တန်ရှိခဲ့တယ်လို့ တရုတ်ရွှေအသင်းက ဖေဖော်ဝါရီ ၆ ရက်က ပြောကြားပါ တယ်။ ရွှေထုတ်လုပ်မှု တိုးတက်ခဲ့တဲ့ အတွက် ဘဏ္ဍာရေးစွန့်စားရမှုနဲ့ ငွေ ဖောင်းပွမှုအန္တရာယ်က လွတ်ကင်း အောင် အကာအရံအဖြစ် ဆောင်ရွက် နိုင်ခဲ့သလို စီးပွားရေးကို အန္တရာယ်လုံခြုံ မှုရှိအောင် ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ အသင်းက ပြောပါတယ်။              ရွှေထုတ်လုပ်သူ အရေအတွက်က ၂ဝဝ၂ ခုနှစ်က ၁၂ဝဝ ခန့်ရှိခဲ့ရာမှ ၂ဝ၁ဝ ပြည့်နှစ်ကုန်မှာ ၇ဝဝ ပတ်ဝန်း ကျင်အထိ ကျဆင်းခဲ့ပါတယ်။ လောလောဆယ်မှာ တရုတ်နိုင်ငံမှာရှိတဲ့ တရုတ်ထိပ်တန်း ရွှေထုတ်လုပ်ရေး လုပ်ငန်း ၁ဝ ခုက တရုတ်ရွှေစုစုပေါင်း ထုတ်လုပ်မှုရဲ့ ၄၉ ဒသမ ၁၉ ရာခိုင်နှုန်းကို ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ ရှန်ဒေါင်း၊ ဟီနန်၊ ကျန်စီ၊ ယူနန်နဲ့ ဖူကျန်ပြည်နယ်ငါးခုက အဓိကရွှေ့ထုတ် လုပ်ရာ ပြည်နယ်ကြီးတွေဖြစ်ပြီး စုစုပေါင်းရွှေထုတ်လုပ်မှုရဲ့ ၅၉ ဒသမ ၈၂ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။ ဘဏ္ဍာရေး အကျပ်အတည်း ကြောင့် ရယူပိုင်ခွင့် စာချုပ်စာတမ်းတွေ ရဲ့ ဈေးနှုန်းတွေ အတက်အကျကြမ်းခဲ့ တဲ့အတွက် ရွှေကို လုံခြုံစိတ်ချစရာ ပစ္စည်းအဖြစ် တရုတ်ရင်းနှီးမြုပ်နံှသူ တွေရဲ့ ဝယ်လိုအားက မြင့်တက်ခဲ့ရပါ တယ်။ ဉာဏ်တင် Source : Xinhua 

Tuesday, 15 Feb 2011

အရပ်ဝယ်လက် အဝယ်လိုက်သဖြင့် ရွှေဈေးမြင့်လာ                ရန်ကုန်ရွှေဈေးကွက်အတွင်း အရပ်ဝယ်လက် အဝယ်လိုက်သဖြင့် ရွှေဈေး များမြင့်လာကြောင်း ရွှေကုန်သည်ကြီးများထံက ကြားသိရသည်။ ''အခေါက်ဈေးကွက်ထဲမှာ အရပ်ဝယ်လက်က အဝယ်လိုက်လာတယ်။ အရပ် ဝယ်လက်က ဝယ်လက်ကုန်သည်ကြီးတွေနဲ့မတူဘူး။ ရွှေဝယ်မယ်ဆိုရင် ရွှေကိုရ အောင်ဝယ်တာ။ ငွေဈေးအေးတာ၊ ကမ္ဘာ့ရွှေဈေး ဒေါ်လာဈေးနှုန်းတွေ ဘာမှမ ကြည့်ဘဲကို ဝယ်တာ။ သူတို့ရဲ့ဝယ်ယူမှုကို ကမ္ဘာ့ဈေး၊ အန်နီဈေး ဘယ်လိုကိစ္စကမှ မသက်ရောက်ဘူး။ သူတို့ဝယ်ပြီဆိုရင် တအားလိုက်ဝယ်တော့တာပဲ။ ဖေဖော်ဝါရီ ပထမပတ်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ၆၃ဝဝဝဝ ဝန်းကျင်နဲ့ ငြိမ်နေခဲ့ပြီး၊ ဖေဖော်ဝါရီ ၁ဝ ရက်က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၆၄၁ဝဝဝ-၆၄၁၅ဝဝ ရှိခဲ့ကာ၊ ဖေဖော်ဝါရီ ၁၂ရက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ၆၄၂ဝဝဝ-၆၄၄ဝဝဝ ကျပ်ရှိခဲ့ပါတယ်''ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။                 ကမ္ဘာ့ရွှေပေါက်ဈေးမှာ ဇန်နဝါရီပထမပတ်တွင် တစ်အောင်စကို ၁၃၄ဝ- ၁၃၅၁ ဒေါ်လာဝန်းကျင်ရှိခဲ့ပြီး ဇန်နဝါရီ ၁ဝ ရက်နဲ့ ၁၁ ရက်တို့တွင် ဒေါ်လာ ၁၃၆ဝ ဝန်းကျင်ရှိနေသည်ဟု ဆိုသည်။ ခင်မျိုးသွယ်

Tuesday, 15 Feb 2011

 အမေရိကန်တွင် ဓာတ်ဆီသိုလှောင်ထားရှိမှုပမာဏသည် ၁၈ နှစ်အတွင်း အမြင့်ဆုံးနှုန်းသို့ရောက်လာ၍ ရေနံဈေးနှုန်းပြန်လည် အားနည်းလာ             အီဂျစ်ရဲ့ နိုင်ငံရေးအုံြွကမှု အခြေအနေ အေးသွားပြီဖြစ်တာကြောင့် အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်း ရောင်းလိုအားအပေါ် စိုးရိမ်ပူပန်မှု လျော့ကျသွားပြီး ရေနံစိမ်းဈေးနှုန်းများ ယခုရက်သတ္တပတ်အတွင်း အနိမ့်ဆုံး နှုန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ၎င်းအပြင် အမေရိကန် စွမ်းအင်ဌာန အဆိုအရ အမေရိကန် တွင်ဓာတ်ဆီသိုလှောင်ထားရှိမှု ပမာဏ က ၁၈ နှစ်အတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိလာတယ်ဆိုတဲ့ သတင်းက လည်း ရေနံစိမ်းဈေးနှုန်းကို ဖိအားပေး ခဲ့ပါတယ်။ ဒါကြောင့် မတ်လစာချုပ် ဈေးနှုန်းက တစ်စည်ကို ၈၉ ဒသမ ၂၆ ဒေါ်လာနဲ့ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးတွင် ဖေဖော်ဝါရီလ ၇ ရက်က အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။                    မတ်လငွေချေရမယ့် ဘရန့်အမျိုး အစား ရေနံစိမ်းမှာလည်း တစ်စည်ကို ၁ဝဝ ဒသမ ၃ဝ ဒေါ်လာနဲ့ လန်ဒန် ှုICE Futures Europe Exchange တွင် အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ၎င်း အပြင် အမေရိကန်ရဲ့ လောင်စာ သို လှောင်ထားမှု မြင့်မားလာပြီး လောင်စာသုံးစွဲမှု လျော့ကျသွားရာယခုအပတ် တွင် ရေနံစိမ်းဈေးနှုန်း ဆက်လက် ကျဆင်းဖွယ်ရှိကြောင်း bloomberg  သတင်းဌာနရဲ့ သုတေသနအဖွဲ့က သုံး သပ်ထားပါတယ်။ Source:bloomberg.com ပပ

Tuesday, 15 Feb 2011

ဒီဇယ်တန်ချိန် သုံးသောင်းကျော်တင်သွင်းခဲ့            ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဒီဇယ် ပီပါနှစ်သိန်းသုံးသောင်းကျော်၊ တန်ချိန်အားဖြင့် သုံးသောင်းတစ်ထောင် ကျော်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တစ်ပတ်ကို ပျမ်းမျှ ဒီဇယ်တန်ချိန် သုံးသောင်းကျော် တင်သွင်းနေကြအတိုင်း ဒီတစ်ပတ်မှာလည်း တင်သွင်းခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ဒီဇယ်ဆီအဝင်မှာ တန်ချိန်လေး သောင်းရှစ်ထောင် ကျော်တင်သွင်းနိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ ယခင်သီတင်း ပတ်ထက် လျော့နည်းပြီး တင်သွင်းခဲ့ပါတယ်။ MIRT-DOT ယခုအပတ် ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းမှုလျော့နည်း              ဖေဖော်ဝါရီလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း ကော့သောင်းနဲ့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၁၉၇ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၂၂၇၅ဝ ဂါလန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၃ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၃၅၂၃ဝ ဂါလန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီရော ဒီဇယ်ဆီပါတင်သွင်းမှု လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT-DOBTပြည်တွင်း လက်လီအရောင်းအဝယ်ဈေးပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ဖေဖော်ဝါရီ ၂ဝ၁၁             ဝယ်ဈေးဓာတ်ဆီ(ကျပ်)           ဝယ်ဈေးဒီဇယ်(ကျပ်)ရက်     ရန်ကုန်      မန္တလေး              ရန်ကုန်        မန္တလေး၇           ၃၂ဝဝ       ၃၄ဝဝ                ၃ဝဝဝ         ၃၂ဝဝ၈           ၃၂ဝဝ       ၃၄ဝဝ                 ၃ဝဝဝ        ၃၂ဝဝ၉           ၃၂ဝဝ       ၃၄ဝဝ                ၃ဝဝဝ         ၃၂ဝဝ၁ဝ        ၃၂ဝဝ        ၃၄ဝဝ                ၃ဝဝဝ         ၃၂ဝဝ၁၁        ၃၂ဝဝ      ၃၄ဝဝ                  ၃၁ဝဝ         ၃၂ဝဝMIRT-DOT

Sunday, 6 Feb 2011

 ပဲစင်းငုံဈေးလျော့ကျရာမှ ပြန်လည်ခိုင်မာလာ               ယခုသီတင်းပတ်အစပိုင်းမှာ လက်ငင်းဈေးကွက်များအတွင်း ဈေးအမြင့်မှာ ဝယ်လိုအားနည်းတာကြောင့် ဈေးကျဆင်းခဲ့ပေမဲ့ သီတင်းနှောင်းပိုင်းမှာတော့ ပြန်လည်ခိုင်မာလာခဲ့ပါတယ်။ မြန်မာ နိုင်ငံမှာ ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုကြောင့် ပဲစင်းငုံအသစ် အရည် အသွေးများ နိမ့်တယ်ဆိုတဲ့သတင်းများက ပြည်တွင်းဈေးကို မြင့်တက် စေခဲ့ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ပဲစင်းငုံဈေး ဆက်လက်ကျဆင်းနေတာကြောင့် ဝယ်လက်များ ဈေးအနိမ့်နဲ့ ပိုမို ဝယ်ယူလာကြတယ်လို့ သိရပါတယ်။ အာကိုလာမှ ပဲအသစ်များ လာမယ့်ရက်တွေမှာ ဝင်ရောက်ဖွယ်ရှိပြီး အဲဒီကာလမှာတော့ ဈေးနှုန်းကို ထိန်းခုျပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄                                                                                                        ဒေါ်လာ/တန်  ဈေးကွက်                                ၃ .၂ .၁၁                  ၂ .၂ .၁၁              ၁ .၂ .၁၁           ၃၁ .၁ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ)                ၈၆၆                     ၈၂၂-၈၂၇                ၈၂၄              ၈၄၉-၈၅၄ဒေလီ(မြန်မာပဲစင်းငုံ)                    ၈၆ဝ                          ၈၄၄                   ၈၄၆                 ၈၄၃ချန်နိုင်း(မြန်မာပဲစင်းငုံ)              ၈၃၃-၈၅၅                       ၉၂ဝ                  ၈၇၃                  ၈၇၁

Sunday, 6 Feb 2011

 ပဲတီစိမ်း ဈေး ပိုမိုမြင့်တက်လာ            အိန္ဒိယပြည်တွင်း ဈေးကွက်တွေမှာ အရည်အသွေးကောင်း ပဲတီစိမ်းနည်းခြင်းကြောင့် ယခုတစ်ပတ်ဈေးနှုန်း ပိုမိုမြင့်တက်လာ ခဲ့ပါတယ်။ အရည်အသွေး နိမ့်လက်ကျန်ပဲ အလုံအလောက်ရှိပေမဲ့ အရည်အသွေးကောင်းပဲကိုသာ အဝယ်ရှိလို့ ဈေးတက်နေခြင်းဖြစ် တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံက ပဲတီစိမ်းများ ဖေဖော်ဝါရီလ လယ်မှာ ဈေးကွက်တွေကိုဝင်ရောက်လာဖွယ်ရှိတယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ လတ်တလောမှာတော့ ဝယ်လိုအားနည်းတာ ကြောင့် လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့ တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃                                                                                     ဒေါ်လာ/တန်  ဈေးကွက်                      ၃ .၂ .၁၁                ၂ .၂ .၁၁              ၁ .၂ .၁၁                        ၃၁ .၁ .၁၁ချန်နိုင်း(ပဲတီရွှေဝါ)            ၁၃၃၇                   ၁၃၁၅                  ၁၁၃၅                           ၁၁၃၂ဒေလီ                               ၁၂၇၁                   ၁၂၇၁                 ၁၂၆၆                        ၉၇၉-၁၁၉၇အင်ဒိုရီ                             ၁၂ဝ၅                        -                    ၁၂ဝ၁                          ၁၂၁၉

Sunday, 6 Feb 2011

 ကုလားပဲဈေး အနည်းငယ်လျော့             အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ် ကုလားပဲဈေးအနည်းငယ် လျော့ကျလာပါတယ်။ မဒ္ဒရာပရာဒေ့ရှ်မှ ်ပဲအသစ်များ ဈေးကွက်ကို မတ်လပထမပတ်မှာ ဝင်ရောက်မှာဖြစ်ပြီး အဲဒီကာလမှာတော့ ရောင်းအားများလာမယ်လို့ ဈေးကွက်မှ ခန့်မှန်း ထားပါတယ်။ မဟာရပ်ရှတရာမှာ မိုးများစွာရွာသွန်းလို့ သီးနံှတော် တော်များများ ပျက်စီးဖွယ်ရှိခြင်းနဲ့ လက်ကျန်နည်းခြင်းတို့ကတော့ ပြည်တွင်းဈေးမြင့်တက်အောင် အထောက်အပံ့ ဖြစ်စေပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နိုင်ပြီး ဖေဖော်ဝါရီလမှာ ပဲအသစ်ဝင်ရောက်ခဲ့မယ်ဆိုရင် ဈေးနှုန်းကျဆင်း နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထား ပါတယ် ဇယား-၂                                                                              ဒေါ်လာ/တန်  ဈေးကွက်       ၃ .၂ .၁၁           ၂ .၂ .၁၁             ၁ .၂ .၁၁                   ၃၁ .၁ .၁၁မွန်ဘိုင်း          ၅၇၅-၅၈၁           ၅၇ဝ                   ၅၇၄                      ၅၇၁-၅၇၇ဒေလီ               ၅၇၅               ၅၇၅               ၅၇၂-၅၇၅                   ၅၇၇-၅၇၉ကန်ပါ               ၅၉၇             ၅၉ဝ-၅၉၂          ၅၉၃-၅၉၄                       ၅၈၈

Sunday, 6 Feb 2011

အိန္ဒိယစားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုဟာ ယခင်သီတင်းပတ် က ၁၅ ဒသမ ၅၇ ရာခိုင်နှုန်းရှိရာမှ ဇန်နဝါရီလ ၂၁ ရက်မှာ ကုန်ဆုံး တဲ့ သီတင်းပတ်အတွင်း ၁၇ ဒသမ ဝ၅ ရာခိုင်နှုန်းကို မြင့်တက်ခဲ့ပြန် ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီမှာ ပုံမှန်အားဖြင့် အသီးအရွက်နဲ့ ဟင်းသီးဟင်းရွက်များဈေးကွက်ကို လှိုင်လှိုင်ဝင်ရောက်ချိန်ဖြစ်လို့ လာမယ့် ကာလတွေမှာတော့ စားနပ်ရိက္ခာဈေးနှုန်း ပြန်လည်လျော့ကျနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ မတ်ပဲ လက်ရှိဈေးနဲ့မာနေ            အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ယခုတစ်ပတ်အတွင်း မတ်ပဲ ဈေးက လက်ရှိဈေးဝန်းကျင်မှာ ခိုင်မာနေပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်နည်းနေပြီဖြစ်ပြီး လက်ကားဈေးကွက်မှာ မတ်ပဲလက်ကျန် အိတ် တစ်သောင်း-တစ်သောင်းခွဲခန့်သာရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက ပဲအသစ်များ မတ်လလယ်မှာ ဝင်ရောက်လာဖွယ်ရှိပြီး ပြည်တွင်းပဲအသစ်များမှာ ဖေဖော်ဝါရီလကုန်မှာ ဝင်ရောက်ဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ပဲအသစ်ဝင်လာချိန်ထိ ဈေးကွက်ထဲမှာ မတ်ပဲဈေးခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီး သီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်း တွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁                                                                                        ဒေါ်လာ/တန်  ဈေးကွက်           ၃ .၂ .၁၁              ၂ .၂ .၁၁               ၁ .၂ .၁၁                 ၃၁ .၁ .၁၁မွန်ဘိုင်း                 ၉၅၉                      ၉၄၂                   ၉၅ဝ                       ၉၅၂ဒေလီ                    ၉၉၇                      ၉၅၄                ၉၆ဝ-၉၆၆                ၉၅၈-၉၆၃ချန်နိုင်း              ၉၆၄-၁ဝ၅၂               ၉၈၆-၁၁၁၈          ၉၅ဝ-၁ဝ၅၉                ၉၆၃-၁ဝ၈၈ 

Sunday, 6 Feb 2011

တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက နို့ဆီတန်ချိန် ငါးရာကျော်ဝင်                     ဇန်နဝါရီလရဲ့ နောက်ဆုံးအပတ် မှာ နို့ဆီတန်ချိန် ၄၄ဝ နဲ့ နို့စိမ်း တန်ချိန် ၆၅ တန်၊ စုစုပေါင်းတန်ချိန် ၅ဝ၅တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၈၃၁၈ဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ ဖောက်သည် စင်ကာပူနိုင်ငံက ဖြစ်ပါတယ်။ နို့စိမ်းက သုံးပတ်ဆက်တိုက် အဝင်ပျောက်နေ ခဲ့ရာ ဒီတစ်ပတ်မှ ပြန်လည်အဝင်ရှိခဲ့ပါတယ်။ နို့ဆီက ပြီးခဲ့တဲ့သီတင်းပတ်ထက် လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါ တယ်။                    ဇန်နဝါရီလ လခုျပ်အနေနဲ့ နို့ဆီ နို့စိမ်း အဝင်တန်ချိန် ၁၇၅ဝကျော်ရှိခဲ့ပြီး ယခင်လ ဒီဇင်ဘာလအဝင်က တန်ချိန် ၁၁၃ဝကျော်ရှိခဲ့တဲ့အတွက် အဝင်တန် ချိန် ပိုမိုတင်သွင်းခဲ့တာတွေ့ရပါတယ်။ နို့မှုန့်အနေနဲ့ ဇန်နဝါရီလ နို့မှုန့်အဝင် တန်ချိန်မှာ ၃၆ဝ ကျော်ရှိခဲ့ပြီး ယခင် လ နို့မှုန့်အဝင်မှာ တန်ချိန် ၄၂ဝ ကျော် ရှိခဲ့တာကြောင့် နို့မှုန့်အဝင်လျော့ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နို့စိမ်းတင်သွင်းမှုပိုမို                       ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်ထိကာလအတွင်း ကော့သောင်း နယ်စပ်မှ နို့စိမ်း ၅၃၁၇ကာတွန်း (၁ဝ၁) တန်၊ တန်ဖိုး ၉ဝ၃၈၉ ဒေါ်လာနဲ့ နို့ဆီ ၄ဝ၈၃ ကာတွန်း (၇၇ တန်) တန်ဖိုး ၆၅၃၂၈ ဒေါ်လာ တင်သွင်းနိုင်ခဲ့ပါ တယ်။ ယခင်အပတ်က နို့စိမ်း ၁၈၁၃ ကာတွန်း (၃၄ တန်ကျော်) သာ တင် သွင်းခဲ့တာမို့ ယခုအပတ်မှာ ၃၅ဝ၄ ကာတွန်း (၆၇ တန်) တင်သွင်းမှု ပိုမိုခဲ့ ပါတယ်။နို့ဆီတင်သွင်းမှုကတော့ ယခင် အပတ်ကထက် ၃၇၁၇ ကာတွန်း (၇ဝ တန်) လျော့နည်း တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က နို့ဆီကို နို့စိမ်းထက် တင်သွင်းမှုပိုမိုခဲ့ပြီး ယခုအပတ်မှာ နို့စိမ်း က နို့ဆီထက် တင်သွင်းမှုပိုမိုခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ဧပြီလမှ ၂ဝ၁၁ ဇန်နဝါရီလကုန်ထိ နယ်စပ်မှ နို့ဆီနို့စိမ်း ၂၂၆၁၂၈ ကာတွန်း(၄၂၈၇ တန်) တင်သွင်းထားပြီး ဖြစ်ပါတယ်။ ယခု အပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ ၆၈၃ဝဝ ကျော် တန်ဖိုးရှိ နို့မှုန့် ၂၄ တန် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က နယ်စပ်မှ နို့မှုန့် တင်သွင်းခဲ့ခြင်းမရှိခဲ့ပါဘူး။ ၂ဝ၁ဝ ပြည့် နှစ် ဧပြီလမှ ၂ဝ၁၁ ဇန်နဝါရီလကုန်ထိ နို့မှုန့် တန် ၇၈ဝ ခန့် တင်သွင်းထားပြီး ဖြစ်ပါတယ်။MIRT (DOBT) ုပြည်တွင်းနို့ဆီ လက်လီဈေးများ              နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်လက်လီဈေး              ကျပ်/တစ်ဘူး                       ရန်ကုန်        မန္တလေးဒွန်း( နို့ဆီ )          ၇ဝဝ           ၇၁၅ဒွန်း( နို့စိမ်း)          ၆၇ဝ           ၆၈၅ၤေူခသည နို့ဆီ        ၆၃ဝ           ၆၄၅မာရီဂိုး(နို့ဆီ)         ၆၅ဝ           ၆၆၅အိုကေနို့ဆီ           ၆၇ဝ           ၆၈၅MIRT (DOT)

Sunday, 6 Feb 2011

ထိုင်းဘိလပ်မြေ ပိုသွင်းလာ              ဇန်နဝါရီလနောက်ဆုံးပတ်ဖြစ်တဲ့ ဇန်နဝါရီ ၂၄ ရက်မှ ၃၁ ရက်တာ ကာလ အတွင်း ဘိလပ်မြေတန်ချိန် ၂၇၁၈ဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၂၇၂၃ဝဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းလာပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံ တွေကတော့ ပါကစ္စတန်နိုင်ငံမှ တန်ချိန် ၁ဝ၈ဝ နဲ့ ထိုင်းနိုင်ငံ မှTPI ဘိလပ်မြေ တန်ချိန် ၁ဝဝဝ၊MOUNTAIN ြ ဘိလပ်မြေ ၆၆ဝဝ ၊ ဆင် တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၈၅ဝဝ တို့ကို အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင် ဘိလပ်မြေအဝင် တန်ချိန် နှစ်သောင်းလေးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် အဝင်ပိုခဲ့ပါတယ်။ ဇန်နဝါရီလချုပ်အနေနဲ့ အဝင်က တန်ချိန် တစ်သိန်းလေးသောင်းကျော်ရှိခဲ့ ပြီး ယခင်လ ဒီဇင်ဘာအဝင်က တန်ချိန် တစ်သိန်းတစ်သောင်းကျော်ရှိခဲ့တဲ့အတွက် အဝင်ပိုခဲ့ပါတယ်။ ဇန်နဝါရီလအတွင်း အသွင်းအများဆုံးနိုင်ငံကတော့ ထိုင်းနိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် ယခင်နှစ် ဇန်နဝါရီလ ဘိလပ်မြေကန်ဒေါ်လာ ၈ ဒသမ ၃၇ သန်းဖိုးသာအဝင်ရှိခဲ့ပြီး ၂ဝ၁၁ ဇန်နဝါရီလမှာတော့ ၁၂ ဒသမ ဝ၅ သန်းအထိ တည်ဆောက်ရေးလုပ်ငန်းတွေကြောင့် အဝင်သိသိသာသာတိုးလာတာ တွေ့ရပါတယ်။MIRT (DOT) နယ်စပ်က တန်ချိန် ၆၇ဝဝ သွင်း              ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်ထိ ကာလအတွင်း နယ်စပ်ကုန် သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၄၆၃ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၆၆၉၆ တန် တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းနိုင်မှုတွေ ကတော့ မူဆယ်မှ ၆၅ တန်၊ လွယ်ဂျယ်မှ ၁၁၇၉ တန်၊ ကန်ပိုက်တီးမှ ၂၉၉၇တန်၊ တာချီလိတ်မှ ၂၃၂၅ တန်၊ မြိတ်မှ တန် ၁ဝဝ နဲ့ စစ်တွေမှ တန် ၃ဝ အသီးသီး ဖြစ်ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် ၁၉ တန်သာလျော့နည်းခဲ့ပါတယ်။ ယခင် အပတ်နဲ့နှိုင်းယှဉ်လျှင် ကန်ပိုက်တီး၊ မြိတ်နဲ့ စစ်တွေမှ တင်သွင်းမှုလျော့နည်းခဲ့သော် လည်း လွယ်ဂျယ်နဲ့ တာချီလိတ်နယ်စပ်စခန်းများမှ တင်သွင်းမှု ပိုမိုခဲ့ပါတယ်။                                                            MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း   ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်  ်တိုင်းဒေသကြီး/ပြည်နယ်                  အမျိုးအစား                       ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး                  ဘိလပ်မြေ(ဆင်)ထိုင်း                  ၅၃ဝဝ(လက်ကား)                              ဘိလပ်မြေ (စိန်)                         ၅၁၅ဝမန္တလေးတိုင်းဒေသကြီး                 ဘိလပ်မြေ(ဆင်)ထိုင်း                  ၆၈ဝဝ                                             ဘိလပ်မြေ(AAA)                       ၅၃ဝဝ                                             ဘိလပ်မြေ(မြန်မာဆင်)                ၅၂ဝဝ                                             ဘိလပ်မြေ(ဆင်မင်း)                   ၄၉ဝဝ                                             ဘိလပ်မြေ(ကျားခေါင်း)                ၅၂ဝဝ                                             ဘိလပ်မြေ(မြင်းခေါင်း)                 ၅ဝဝဝတောင်ငူ                                  ဘိလပ်မြေ(ကြံ့)ထိုင်း                   ၆ဝဝဝ                                             ဘိလပ်မြေ(ဆင်)ထိုင်း                 ၇ဝဝဝ                                             ဘိလပ်မြေ(မြင်းခေါင်း)                ၅၂ဝဝ                                            ဘိလပ်မြေ(Lucky)ပါကစ္စတန်        ၆၅ဝဝတောင်ကြီး                               ဘိလပ်မြေ(စိန်)ထိုင်း                   ၇၅ဝဝ                                             ဘိလပ်မြေ(ခြင်္သေ့)                     ၅၆ဝဝမော်လမြိုင်                               ဘိလပ်မြေ(ဆင်)ထိုင်း                 ၅၈ဝဝ                                             ဘိလပ်မြေ(ကြံ့)မြိုင်ကလေး          ၄၇ဝဝ                                            ဘိလပ်မြေ(စိန်) ထိုင်း                   ၅၈၅ဝမကွေးတိုင်းဒေသကြီး                  ဘိလပ်မြေ(ဆင်)ထိုင်း                 ၈၅ဝဝ                                             ဘိလပ်မြေ(စိန်)ထိုင်း                   ၆၇ဝဝ                                            ဘိလပ်မြေ(မြင်းခေါင်း)                  ၆၅ဝဝ                                            ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည်  ၅၈ဝဝ                                                                                                                              MIRT (MAPT)

Pages