Background
မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများသည် စားဖိုဆောင်သီးနှံမျိုးစုံကို ဧကထောင် ပေါင်းများစွာ စိုက်ပျိုး လျက်ရှိသည်။ ထို့ပြင် ထန်း၊ မန်ကျည်း၊ တမာနှင့် ဆီးကဲ့သို့သော သီးနှံပင်များသည် သဘာဝအလျောက် အလေ့ကျပေါက် ရောက် ပြန့်ပွားခြင်းကြောင့်လည်းကောင်း၊ လူတို့စိုက်ပျိုးခြင်းကြောင့်လည်းကောင်း တိုင်းဒေသကြီးအတွင်း နေရာအနှံ့ အပြားတွင် ဖြစ်ထွန်းလျက်ရှိသည်။ တိုင်းဒေသကြီးအတွင်း၌ ပခုက္ကူခရိုင်နှင့် မကွေးခရိုင်တို့သည် ဆီးသီးပင်များကို စိုက် ပျိုးလျက်ရှိရာ စိုက်ဧကအများဆုံးဖြစ်ကြောင်း သိရှိရသည်။
မော်လမြိုင်မြို့၌ မေလတတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိ နေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ် ပုံမှန်ဖြစ်နေသော ဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၂၀ဝ၀၊ ဆင်(ထိုင်း) ကျပ် ၁၆၅၀ဝ၊ ကြံ့တံဆိပ် (အပြာ)ကျပ် ၁၁၂၀ဝ ဖြင့် အရောင်းအဝယ်ဖြစ် နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ် ဆေးဈေးနှုန်းမှာ အရောင်းအဝယ် အေးနေပြီး ဈေး နှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရှိရ သည်။ အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ကွန် ပေါင်း (မြန်မာ့သြဘာရွှေကောမက်) ၁၅း၁၅း၁၅ 50Kg ပါတစ်အိတ် ကျပ် ၁၂၄၀ဝ၀၊ ကွန်ပေါင်း ၂၀း ၁၂း၁၂ 50Kg ပါ တစ်အိတ်မှာ
ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၃ ခုနှစ် ဧပြီ ၂၇ ရက်တွင် ရွှေတစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀ဝ၁ ဒေါ်လာ ပေါက်ဈေးရှိ ခဲ့ရာမှ မေ ၄ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၃၃ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။
ပြည်တွင်းရွှေဈေးသည်လည်း ၂၀၂၃ ခုနှစ် ဧပြီ ၂၇ ရက် တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၉၉၅၀ဝ၀ ပေါက် ဈေးရှိခဲ့ရာမှ မေ ၄ ရက်တွင် ကျပ် ၂၉၉၇၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရ သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိ ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန် အတိုင်းသာရှိကြောင်း သိရသည်။
ပြည်တွင်း ရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်စေရန်အတွက် ဗဟိုဘဏ် အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်အတူ ဆက်လက် ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ပြင်ပဈေးအတိုင်း ရောင်းဝယ်မှုများ ပြုလုပ်နေသည့် ၎င်းတို့ လိုင်စင်ထုတ်ပေးထားသော ငွေလဲကောင်တာများကိုလည်း ဗဟိုဘဏ်အနေဖြင့် အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ် သိန်း ၃၀ နီးပါး ဖြစ်ပေါ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ မေ ၄ ရက် ဈေးနှုန်းများအနေဖြင့် ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၂၀၁၆ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး တစ်ကျပ်သား ကျပ် ၂၉၉၈၀ဝ၀ ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းရွှေဈေးနှုန်းမှာ ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်က ကျပ်သိန်း ၃၀ ကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်တွင် လက်ဖက်များကို အဓိကထားစိုက်ပျိုးကြကြောင်း သိရှိရ သည်။ လက်ဖက်မှာ မိုးလွတ်ရွှေဖီဦးနှင့် မိုးမလွတ်သည့် ခက်ကန့်(သို့မဟုတ်) ခါးကန့်ဟူ၍ နှစ်မျိုးရှိကြောင်း သိရှိရ သည်။ မိုးလွတ် ရွှေဖီလက်ဖက်ကို မတ်လအကုန် ဧပြီလပိုင်းတွင် ခူးဆွတ် ပြီး ခက်ကန့် (သို့မဟုတ်)ခါးကန့်ကို မတ်လမှ စက်တင်ဘာလအထိ ခူးဆွတ် ရကြောင်း၊ ခက်ကန့်(သို့မဟုတ်)ခါးကန့် အရွက်များကို မိုးကြောင့် လက်ဖက်စို ပြုလုပ်ကြကြောင်း သိရှိရ သည်။
ရော်ဘာ
မတ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာ တန်ချိန် ၁၆၅၆၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ဝ၇၆ သန်းရရှိခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာ ၁၃၀၈၅ တန်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၉၈၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၅၁၉ တန်၊ ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၈၀ ကျော်၊ တောင်ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ကျော်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝကျော်နှင့် ထိုင်ဝမ်သို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။








