Main menu

Background

Thursday, 16 Mar 2023

ငွေလွှဲလုပ်ငန်း‌များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထား သည့် ဥပဒေနှင့် စည်းမျဉ်းများ၊ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင် ရွက်ရန်လိုအပ်ကြောင်း ယင်းဘဏ်က အသိပေးပြောကြားထားသည်။
ယင်းအပြင် လိုင်စင်အသစ်များ ထုတ်ပေးခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်းနှင့် ပတ်သက်သည့်မူဝါဒများကို သိရှိရန်လည်းလိုအပ်ပြီး နေ့စဉ် စာရင်းများဖြင့် ဘဏ္ဍာ ရေးနှစ်ချုပ် အစီရင်ခံစာများကို မပျက်မကွက် ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

Thursday, 16 Mar 2023

လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းကျော်တွင် ဆက်လက်တည်ရှိနေကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။ 
မတ် ၉ ရက် ဈေးနှုန်းများအနေဖြင့် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၈၁၁ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး တစ်ကျပ်သား ကျပ် ၂၈၃၅၀ဝ၀ ဖြစ်ကြောင်း သိရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ မတ် ၁ ရက်တွင် တစ်အောင်စ ၁၈၃၀ ဒေါ်လာ၊ ၂ ရက်တွင် ၁၈၃၃ ဒေါ်လာ၊ ၃ ရက်တွင် ၁၈၃၉ ဒေါ်လာ၊ ၄ ရက်တွင် ၁၈၅၅ ဒေါ်လာ၊ ၆ ရက် တွင် ၁၈၅၄ ဒေါ်လာ၊ ၇ ရက်တွင် ၁၈၄၈ ဒေါ်လာ၊ ၈ ရက်တွင် ၁၈၄၃ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။

Wednesday, 1 Mar 2023

ရွှေဆိုင်များအားလုံး   မီးလင်းအခေါက်ရွှေ  တစ်ကျပ်သားလျှင် ကျပ် ၂၇၉၀ဝ၀ဝ ဖြင့် တစ်ပြေးညီရောင်းချရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း (YGEA) က ဖေဖော်ဝါရီ ၂၂ ရက်တွင် အသိပေးထုတ်ပြန်သည်။
ရွှေဈေးတက်ခြင်း၊ ဈေးကစားနေများကို ထိန်းချုပ်နိုင်ရန်အတွက် ယခုကဲ့သို့ ဈေးတန်းတစ်ခု သတ်မှတ်ပေးခြင်းဖြစ်ကြောင်းYGEA အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဖေဖော်ဝါရီ  ၂၃ ရက်တွင် ပြောသည်။

Tuesday, 28 Feb 2023

မွန်ပြည်နယ်  ကျိုက္ခမီမြို့နယ်နှင့်   ရေးမြို့နယ်တို့မှ ထွက်ရှိသည့် ငါးခြောက်များမှာ  ငါးနှပ်ခြောက် (အာပြဲ ခြောက်)၊ ငါးပုပ်ခြောက်၊ ငါးနီတူခြောက်၊ ငါးလိပ်ကျောက် ခြောက်၊ ငါးရွှေခြောက်၊ ငါးအူမြင်းခြောက်၊ ငါးကွင်းဆက် ခြောက်၊ ငါးတံခွန်ခြောက် (အကောင်သေး)၊ ငါးတံခွန်ခြောက် ခွဲခြမ်း၊ ငါးဖောင်ရိုးခြောက်၊ ငါးစရိုင်းခြောက်၊ ပုစွန်ခြောက် (အကြီး)၊  ပုစွန်ခြောက်(အလတ်)၊  ပုစွန်ခြောက် (အသေး)၊ ပုစွန်ခြောက်အခွံပါ အမှုန့်ခြောက်တို့ဖြစ်သည်။

Tuesday, 21 Feb 2023

လက်ရှိ ကမ္ဘာ့ရွှေဈေး အတက်အကျကြမ်းနေသော်လည်း ပြည်တွင်းရွှေဈေး ကွက်အတွင်း ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)  မှ သိရသည်။

ပြီးခဲ့သည့်  ရက်ပိုင်းအတွင်းက ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည်လည်း ဈေးအနည်းငယ် မြင့်တက်လာပြီး အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းအထက်တွင် ပေါက်ဈေးရှိနေကြောင်းYGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဖေဖော်ဝါရီ ၉ ရက်တွင် ပြောသည်။

Wednesday, 15 Feb 2023

မွန်ပြည်နယ်အတွင်းရှိ   နေလှန်းဆားဈေးကွက်ပေါက် ဈေးမှာ ပြီးခဲ့ သည့် ၂၀၂၂ ခုနှစ် ကာလတူထက် ဈေးနှစ်ဆ ကျော်ရရှိနေကြောင်း   ဆားလုပ်ငန်း  လုပ်ကိုင်သူများထံမှ သိရသည်။
ဒေသဆားဈေးကွက်သည်  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက ဆားအသစ် တစ်ပိဿာလျှင် ကျပ် ၈၀ ဝန်းကျင်ရရှိခဲ့ပြီး  ယခု ၂၀၂၃ ခုနှစ်တွင်  ဇန်နဝါရီလကုန် ပိုင်းအထိ ဆားအသစ်  တစ်ပိဿာ ၁၈၀ ကျပ် ဝန်းကျင်ပေါက် ဈေးရရှိနေခြင်းဖြစ်သည်။
"ဒီထက်  ဈေးပိုရလာရင်တော့ အဆင်ပြေလာမယ်။ ဒါပေမဲ့ ဆားထွက်တဲ့ မတ်လနဲ့ဧပြီလတွေမှာ မိုးမမိဖို့လည်း လိုတယ်"ဟု  မွန်ပြည်နယ် ရေးမြို့နယ်အတွင်းမှ ဆား လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

Wednesday, 15 Feb 2023

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၀လအတွင်း  သတ္တုနှင့် တွင်းထွက် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၅ သန်းကျော် ရရှိခဲ့ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန် သွယ်ရေးဦးစီးဌာနမှ သိရသည်။
၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ်  ဇန်နဝါရီလကုန် အထိ စာရင်းများအရ ပြည်ပသို့ သတ္တုနှင့်တွင်းထွက်ပစ္စည်း တင်ပို့ မှုမှ အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၄၇၇ သန်း ရရှိထားခြင်းဖြစ် သည်။        

Monday, 13 Feb 2023

မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် အိမ်ခြံဝင်းအတွင်း အလေ့ကျပေါက်သော မန်ကျည်းပင်မှ ဝင်ငွေရလျက်ရှိသည်။ ယခုနှစ်တွင် အသီးနှုန်းကောင်း၍ အထွက်နှုန်းကောင်းကြောင်း သိရသည်။ မန်ကျည်းသီးမှည့်သည် ဟင်းလျာများချက်ပြုတ်ရာတွင်လည်း အသုံး ပြုကြသည့်အပြင် မြန်မာတိုင်းရင်းဆေး ဖော်စပ်ရာတွင်လည်း အသုံးဝင်သော ဒေသထွက်ကုန်တစ်မျိုးဖြစ်သည်။ 

Pages