Main menu

Background

Monday, 31 Jul 2023

ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့သည် ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိပြီး အနောက်ဘက်တွင် ရခိုင်ရိုးမ၊ အရှေ့ ဘက်တွင် ပဲခူးရိုးမတို့ ဝန်းရံလျက်ရှိကာ ပြည်မြို့ နှင့်ထိစပ်လျက်ရှိသည့် သမိုင်းဝင်မြို့လေးတစ်မြို့ ဖြစ်သည်။  မိုးရာသီကာလ ဝါဆို၊ ဝါခေါင်၊ တော် သလင်းနှင့်သီတင်းကျွတ်လများတွင်  ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏   အထွတ်အမြတ်ထားရာ ဝါတွင်းသုံးလ  အခါသမယ၌  မြို့နယ်အတွင်းရှိ ဘုရားစေတီများ၌  နေ့စဉ် အဘိဓမ္မာတရားပွဲ များကို   ကျင်းပပြုလုပ်၍   တရားသံများဖြင့် ပြည့်လျှံဝေစည်နေပြီး  သမိုင်းဝင်  တန်ခိုးကြီး  ဘုရားများဖြစ်သည့် ရွှေမျက်မှန်ဘုရား၊ ရွှေနတ် တောင်ဘုရားများ တည

Monday, 17 Jul 2023

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၈ နိုင်ငံအနက်  အာဂျင်တီးနားနိုင်ငံသည် ယခု တစ်ပတ်တွင်  ၁၀ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့်  ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး နယ်သာလန်နိုင်ငံတွင် ၈ ဒသမ ၄၀ ရာခိုင် နှုန်း၊ ဘရာဇီးနိုင်ငံတွင် ၆ ရာခိုင်နှုန်းနှင့် ဖင်လန်နိုင်ငံတွင် ၅ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၁၅ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။

,
Monday, 17 Jul 2023

ဇူလိုင်လ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်၌ အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည် ကျပ် ၄၈၀ဝ၊ ဧရာမင်းဆန် တစ်ပြည် ကျပ် ၄၈၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ(သစ်) လက်လီဈေးမှာ(ကြီး) တစ်ပိဿာ ကျပ် ၂၀ဝ၀၊ (လတ်)  တစ်ပိဿာ ကျပ် ၁၈၀ဝ၊ (သေး) တစ်ပိဿာ ကျပ် ၁၅၀ဝ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ) တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ မှ ကျပ် ၉၀ဝ၀ ထိ၊ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၇၀ဝ၀ မှ ကျပ် ၈၀ဝ၀ ထိ၊ (ကြူကုပ်) တစ်ပိဿာ ကျပ် ၆၀ဝ၀ မှ ကျပ် ၇၀ဝ၀ ထိ၊ ချင်း တစ်ပိဿာ ကျပ် ၈၀ဝ၀ မှ ကျပ် ၁၀ဝ၀ဝ ထိ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ကျပ် ၁၇၀ဝ၀ မှ ကျပ် ၁၈၀ဝ၀ ထိ၊

Monday, 17 Jul 2023

လက်ရှိ ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့် အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်လျက်ရှိရာ ရောင်းဝယ်သူများအနေဖြင့် ငွေကြေးဈေးကွက်အတွင်း မသမာမှုများ မပြုလုပ်ကြရန် ဗဟိုဘဏ်က သတိပေးထားပြီး စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီခြင်းမရှိသည့် ဆောင်ရွက်မှုများကိုတွေ့ရှိပါက လိုအပ်သလို အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Monday, 17 Jul 2023

ပြည်တွင်းရွှေရည်ညွှန်းဈေးမှာ လက်ရှိ၌ ကျပ် ၂၂ သိန်းကျော်တွင် ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း မှ သိရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းများအနေဖြင့် ဇူလိုင် ၇ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၂၅၄၉၀ဝ၊ ၈ ရက်တွင် ကျပ် ၂၂၆၇၉၀ဝ၊ ၁၀ ရက်တွင် ကျပ် ၂၂၆၂၀ဝ၀၊ ၁၁ ရက်တွင် ကျပ် ၂၂၅၁၄၀ဝ၊ ၁၁ ရက်တွင် ကျပ် ၂၂၇၆၁၀ဝ၊ ၁၂ ရက်တွင် ကျပ် ၂၂၇၈၅၀ဝ၊ ၁၃ ရက်တွင် ကျပ် ၂၃၀၇၉၀ဝ ဖြစ်ကြောင်း သိရသည်။

Monday, 3 Jul 2023

ကြက်သွန်ဖြူတွင် တရုတ်မျိုးနှင့်ရှမ်းတောင်မျိုး ဟူ၍ နှစ်မျိုးရှိသည်။ ဈေးကွက်အခေါ် ကြူကုတ်ကြက် သွန်ဖြူမှာ အရွယ်အစားကြီးမား၍ အမြွှာကြီးပြီး ရှမ်း မြောက်ဒေသတွင် စိုက်ပျိုးမှုများသည်။ အခွံအရောင်မှာ မရန်းစေ့ရောင်အစင်းကျားများပေါ်နေပါသည်။ဒေါင်းဥ တစ်လုံးမှာ မရန်းစေ့ရောင်ဖြစ်ပါသည်။   ရှမ်းတောင် ကြက်သွန်ဖြူမှာ ရှမ်းတောင်တစ်ဝန်းအစိုက်များသည်။ စိုက်ပျိုးသည့်ဒေသမှာများ ပင်လောင်း၊ တောင်တရား၊ တီဂျစ်၊ ဟိုပုံးနှင့် ဆိုက်ခေါင်  စသည့်   ဒေသများဖြစ်ပါ သည်။ အရောင်မှာ အဖြူရောင်ဖြစ်ပြီး ဒေါင်းဥတစ်လုံး မှာလည်း အဖြူရောင်ဖြစ်ပါသည်။  ဈေးကွက်သဘော အရ ကြက်သွန်ဖြူအရွယ်အစားအလိုက် အဆင့်ခွဲခြား ထားရာတွင် ထူး(၁)မှ ထူး(၅) ထူး

Monday, 3 Jul 2023

ပြည်ပနိုင်ငံများသို့   ယခု ၂၀၂၃ခုနှစ်အတွင်း ကော်ဖီအသီး အစိမ်း တန်ချိန် ၁၈၀ တင်ပို့ထားကြောင်း ရှမ်းပြည်နယ် ကော်ဖီ စိုက် ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)မှထွက်ရှိသည့်ကော်ဖီများကိုပြည်ပ သို့ အသီးစေ့အကြမ်းခြောက်နှင့် အသီးအစိမ်းများဟူ၍ အမျိုးအစား နှစ်မျိုး ခွဲခြားတင်ပို့နေခြင်းဖြစ်သည်။

Monday, 3 Jul 2023

လက်ရှိ   ပြည်တွင်းရွှေရည်ညွှန်းဈေးမှာ ကျပ် ၂၂ သိန်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းများအနေဖြင့် ဇွန် ၂၃ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၂၅၉၆၀ဝ၊ ၂၄ ရက်တွင်  ကျပ် ၂၂၆၃၁၀ဝ၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကျပ် ၂၂၇၁၄၀ဝ၊ ၂၈ ရက်တွင် ကျပ် ၂၂၅၁၄၀ဝ၊ ၃၀ ရက်တွင် ကျပ် ၂၂၄၇၈၀ဝ ဖြစ်ကြောင်း သိရသည်။

Monday, 3 Jul 2023

ကျောက်ဆည်ခရိုင်အတွင်းရှိ   တောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့် သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း စပါးကိုသာ  အဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။ ယခု နှစ် ဇွန်လတွင် မိုးစပါးရာသီအတွက် စပါးမျိုးများ စတင်ပျိုး ထောင်နေပြီဖြစ်ပြီး ဧရာပဒေသာစပါးမျိုးကို  အဓိကထား စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်က စပါးမျိုးတစ်တင်းလျှင် ကျပ် ၂၀ဝ၀ ဝန်းကျင်ရှိခဲ့သော်လည်း ယခုအခါ ဧရာပဒေသာမျိုး စပါးတစ်တင်းလျှင် ကျပ် ၂၈၀ဝ၀-၃၀ဝ၀ဝ အထိ ဈေးပေး ဝယ်ယူရကြောင်း၊ တစ်ဧက စိုက်ပျိုးရန်အတွက် စပါးမျိုး နှစ်တင်း ပျိုးထောင်ရကြောင်း သိရှိရသည်။ 

Tuesday, 20 Jun 2023

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း ရုံးပတီသီးကို စိုက်ပျိုးကြ ကြောင်း၊ ရုံးပတီသီးကို စိုက်ပျိုးရာတွင် ရာသီမရွေး စိုက်ပျိုးကြပြီး  စိုက်ပျိုးချိန် တစ်လကျော်လျှင် အသီးများ စတင်ခူးဆွတ်ရသည်။ ရုံးပတီသီးကို စားသုံးသူပြည်သူများအတွက်  အကောင်းဆုံးအချိန်သည် ပန်းပွင့် ပွင့်ပြီး (၅ /၆)

Pages