Main menu

Background

Tuesday, 28 Sep 2010

 နယ်စပ်ချင်း အပို့ပုံမှန်   စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း စစ်တွေနယ်စပ်မှချင်းစို ၁၁ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၁၃၅၅ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့နိုင်ခဲ့ခြင်းမရှိပေမယ့် ယခုအပတ်မှာတော့ ၁၁ တန်ကျော် တင်ပို့ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ် ဧပြီလမှ သြဂုတ်လထိ ၄၆ တန်ကျော်နယ်စပ်မှတင်ပို့ထားပြီး ဖြစ်ပါသည်။ ယခုအပတ်မှာ မူဆယ်နယ်စပ်က ချင်းခြောက် ၅၅တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဝ၁၉ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပြီး ဧပြီလမှ သြဂုတ်လထိ နယ်စပ်မှ တင်ပို့ထားသော ချင်းခြောက် ပမာဏထက် ၁ဝ တန် ကျော်ပိုမို တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်ဘက်မှာ ချင်းခြောက် တစ်တန်ကို ၁၃၅၅၂ဝဝ ကျပ်ဈေး ရှိပြီး တစ်ဖက်နိုင်ငံမှာ ၁၉၆၅ ဒေါ်လာ ဈေးပေါက်လျက်ရှိပါတယ်။ စစ်တွေနယ်စပ်မှာ ချင်းအစို တစ်တန် ကို မိမိဘက်မြေပြင်ပေါက်ဈေး၂၇၅၄ဝဝ ကျပ်ဖြစ်ပြီး တစ်ဖက်နိုင်ငံပေါက်ဈေးမှာ ၂၆၆ဝဝ တာကာဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။တင်တင်ထွန်း (MIRT)

Tuesday, 28 Sep 2010

အင်ဒိုနီးရှားက သကြားဖြူဝယ်ယူဖို့ရှိပြီး၊ ပါကစ္စတန်က သကြားကြမ်းတင်သွင်းခွန်လျော့ချ      အင်ဒိုနီးရှားနိုင်ငံက သကြားထုတ်လုပ်မှုကျဆင်းမယ့် အခြေအနေကိုစိုးရိမ်ပြီး သကြားဖြူတန်ချိန် ၅ သိန်း ခန့်တင်သွင်းသွားမှာဖြစ်ပြီး၊ ပါကစ္စတန်နိုင်ငံမှာလည်း သီးနံှများရေလွှမ်းမိုးမှုကြောင့် သကြားကြမ်းတင်သွင်းခွန်ကို ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ သကြားဝယ်ယူမှုက ကမ္ဘာ့ဈေးနှုန်းကိုမြင့်တက်စေနိုင်ပါတယ်။ လန်ဒန်မှာ လတ်တလောတင်ပို့ရမယ့် ထိုင်းသကြားဖြူရဲ့ ပရီမီယံတန်ဘိုးဟာ ကန်ဒေါ်လာ ၂ဝဝ ဖြစ်ခဲ့လို့ ဇူလိုင်လမှာ အမြင့်ဆုံးကို ရောက်ရှိခဲ့တဲ့ ကန်ဒေါ်လာ ၂၅ဝ နားနီးကပ်လာပြီလို့ ဆိုပါတယ်။        အရှေ့တောင်အာရှ နိုင်ငံများက သကြားအများဆုံး စားသုံးတဲ့ အင်ဒိုနီးရှား မှာ ယခုနှစ်မိုးတာရှည်တာကြောင့် သကြားအထွက်နှုန်း တန်ချိန် ၂ ဒသမ ၃သန်း ကို ကျဆင်းမယ့်အလားအလာအရ ၂ဝ၁၁ ခုနှစ်အစောပိုင်းစားသုံး ဖို့အတွက် မျှော်မှန်းထားတာထက်ပိုပြီး တန်ချိန် ၄၅ဝဝဝဝ တင်သွင်းသွားမယ်လို့ ကုန်သွယ်ရေးဝန်ကြီး Mari Pangestu မှ ပြောကြားပါတယ်။            အင်ဒိုနီးရှားနဲ့ ပါကစ္စတန်တို့လို သကြားသုံးစွဲနိုင်ငံများရဲ့ ဝယ်ယူမယ့်အလားအလာနဲ့ ထိပ်တန်းသကြား ထုတ်လုပ်တဲ့ ဘရာဇီးရဲ့ သကြားတင်ပို့မှု ပမာဏ များခြင်းတို့ကြောင့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဒီဇင်ဘာလ အတွက် သကြားဖြူဈေးဟာ ကန်ဒေါ်လာ ၂ ဒသမ ၂ မြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၆၁ဝဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။             ပါကစ္စတန်နိုင်ငံဟာ သြဂုတ်လမှာ ရေလွှမ်းမိုးပြီး ကြံပင်များ ထိခိုက်ခဲ့ရတာကြောင့် သကြားကြမ်းတင်သွင်းခွန် ၂၅ ရာခိုင်နှုန်းကို လျှော့ချခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ်မှာ သကြားတန်ချိန် ၁ ဒသမ ၂ သန်းတင်သွင်းဖို့ တင်ဒါများခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန်ဟာ နှစ်စဉ် သကြားတန်ချိန် ၄ ဒသမ၂ သန်း သုံးစွဲပြီး ယခုနှစ်မှာ တန်ချိန် ၃ သန်းခန့်သာထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ယမုံနာSources: Reuters

Tuesday, 28 Sep 2010

 ၂ဝ၁ဝ တွင် ကမ္ဘာ့ပြောင်းထုတ်လုပ်မှုမြင့်တက်နိုင်     နိုင်ငံတကာသီးနံှကောင်စီရဲ့ နောက်ဆုံးထုတ်ပြန်တဲ့သတင်းအရ ကမ္ဘာ့ပြောင်းထုတ်လုပ်မှုက အမေရိကန်နိုင်ငံနဲ့ အာဖရိကနိုင်ငံတို့တွင် သီးနံှထွက်နှုန်းအလားအလာ ကောင်းမွန်တာကြောင့်တန်ချိန်  ၈၂၉သန်း ခန့်ရှိမှာ ဖြစ်ကြောင်း ခန့်မှန်းပါတယ်။ တိရိစ္ဆာန်အစားအစာ၊ စက်မှုကဏ္ဍနဲ့ အစားအစာအတွက် အသုံးပြုမှု တိုးတက်လာတာနဲ့အမျှ ကမ္ဘာ့ပြောင်းစားသုံးမှုမှာ တန်ချိန် ၇ သန်းအထိ တိုးတက်လာပြီး စုစုပေါင်း တန်ချိန် ၈၃၇ သန်းခန့်သုံးစွဲမှု ရှိနေပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အကုန်ပိုင်းတွင် ကမ္ဘာ့ပြောင်းကုန်လက်ကျန်မှာ လေးနှစ်တာကာလအတွင်း လျော့နည်းနိုင်ပြီး လက်ကျန်တန်ချိန်  ၁၃၅သန်း ရှိမှာဖြစ်ပြီး ၂ဝဝ၉-၂ဝ၁ဝခုနှစ် ထက်တန်ချိန် ၈သန်းပိုမိုလျော့နည်းနိုင်ပါတယ်။ အမေရိကန်နိုင်ငံတွင် ပြောင်းကုန်လက်ကျန်မှာ တန်ချိန် ၃၂ ဒသမ ၈ သန်းရှိမှာဖြစ်ပြီး ၂ဝ၁ဝခုနှစ် ဇွန်လမှစတင်ကာ ဂုံျနဲ့ ဘာလီစပါးတင်ပို့မှုမှာ တန်ဖိုးအနေနဲ့ မြင့်မားစွာတိုးတက်လာပြီး ယှဉ်ပြိုင်မှု မြင့်မားလာကာ သွင်းကုန်မှာလည်း မူလ ခန့်မှန်းထားတဲ့တန်ချိန်များထက် ပိုမိုလာဖွယ်ရှိတယ်လို့ သုံးသပ်ဖော်ပြခဲ့ပါတယ်။                   မျိုးမျိုးထိုက် Source:Capital Market.com

Tuesday, 28 Sep 2010

ကန့်ဘလူဒေသထွက် ပြောင်းများ မန္တလေးဈေးကွက်ကို စတင်စီးဆင်း     စက်တင်ဘာ တတိယပတ်အတွင်း ကန့်ဘလူဒေသထွက် ပြောင်းသစ်များ စတင်ထွက်ရှိနေပြီဖြစ်လို့ ဈေးကွက်ရှိရာ မန္တလေးသို့ စတင်စီးဆင်းနေပြီလို့သိရပါတယ်။ စိုက်ပျိုးမှုကာလစောခဲ့တဲ့ မိုးပြောင်းများ ခူးဆွတ်ေြွခပြီးဖြစ်လို့ ဈေးကွက်ကို စတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ စက်တင်ဘာ တတိယပတ်အတွင်း ရွှေဘိုမှမန္တလေးသို့ ပြောင်းဖူးစေ့တင်းရေ ၃၄၅ တင်းစီးထွက်ခဲ့ပြီး ဈေးနှုန်းအနေဖြင့် ရွှေဘိုမှာ တစ်တင်း ၄၅ဝဝ ကျပ်၊ မုံရွာမှာ တစ်တင်း ၅ဝဝဝ ကျပ်ဈေးရှိပြီး နယ်ဈေးမှာ၄ဝဝဝ ကျပ်ခန့်ရှိကြောင်း သိရပါတယ်။                                                                                  အောင်မင်း

Tuesday, 28 Sep 2010

 ဘရစ်စတုန်းနှင့် ဂွတ်ရီးယား ၄ နှစ်အတွင်း အဆိုးဆုံးရော်ဘာပြတ်လပ်မှုကြုံ      ကမ္ဘာ့အကြီးဆုံး တာယာလုပ်ငန်းဖြစ်တဲ့ ဘရစ်စတုန်းကုမ္ပဏီဟာ ယခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ဥရောပဈေးကွက်ကိုဈေးနှုန်းမြင့်လိုက်ကြောင်းသိရပါတယ်။ ဂွတ်ရီးယားတာယာနဲ့ ရော်ဘာကုမ္ပဏီက ၂ဝဝ၇ ခုနှစ်ကတည်းကကြီးမားတဲ့ ရော်ဘာပြတ်လပ်မှုကို ရင်ဆိုင်ခဲ့ရတာကြောင့် ရော်ဘာပိုမိုရရှိလိုတယ်လို့ သိရပါ တယ်။ ဒီနှစ် မိုးဦးမှာ မိုးခေါင်မှုဖြစ်ပြီး မိုးနှောင်းပိုင်းမှာ ရွာသွန်းမှုများတာကြောင့် အာရှစိုက်ပျိုးရေးလုပ်ငန်း တွေမှာ ရော်ဘာအစေးထွက်ရှိမှုကို ထိခိုက်ခဲ့ ရတယ်လို့ ကမ္ဘာ့အကြီးဆုံးရော်ဘာထုတ်လုပ်ရေးနဲ့ ကမ္ဘာ့အကြီးဆုံး ပို့ကုန်တင်ပို့တဲ့ ထိုင်းနိုင်ငံအခြေစိုက် ဗွန်းဘန်ဒစ် ကုမ္ပဏီရဲ့ဦးဆောင်ညွှန်ကြားရေးမှူးက ပြောကြားခဲ့ပါတယ်။ အနည်းဆုံး ၂ နှစ်အတွင်း ဝယ်လိုအား တစ်ရှိန်ထိုး တက်လာပြီး ကမ္ဘာ့ထုတ်လုပ်မှုကတော့ ကျဆင်းနေအုံးမှာ ဖြစ်တယ်လို့ ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ လက်အိတ်နဲ့ကွန်ဒုံး ထုတ်လုပ်ရာမှာသုံးတဲ့ ကုန်ကြမ်း သိုလှောင်မှုဟာ လာမယ့်နှစ်မှာ ၁၂ ရာခိုင်နှုန်းကျဆင်းပြီး ၁ဝ စုနှစ်အတွင်း အဆိုးဆုံး အခြေအနေဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဂိုးမန်းဆပ်ချ်အုပ်စုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သုံးစွဲမှုဟာရောင်းလိုအား ထက် သာလွန်ပြီး ၁၂၇ဝဝဝမက်ထရစ်တန်ဖြစ်နိုင်တယ်လို့ ဘဏ်ရဲ့ပျမ်းမျှခြင်းစာရင်းအရသိရပါတယ်။ စင်္ကာပူရဲ့အလားအလာ ကတော့ မတ်လမှာဈေးနှုန်း၂ဝ ရာခိုင်နှုန်းလောက်ခုန်တက်သွားနိုင်ကြောင်း နယူးအေရှ်ဂျပန်ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူးက ခန့်မှန်းခဲ့ပြီး တစ်ကီလိုဂရမ်ကို၄ ဒသမ ၂ဝ ဒေါ်လာလောက်ရှိနိုင်တယ်လို့သိရပါတယ်။ ရော်ဘာရောင်းချရ နှုန်းက ၆ နှစ်အတွင်းအများဆုံးဖြစ်ပြီး ၂ဝဝ၇ကတည်းက ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုတိုးတက်တာ အမြန်ဆုံးနှုန်းဖြစ် တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကပြောခဲ့ပါတယ်။ထိပ်တန်းရော်ဘာထုတ်လုပ်တဲ့ နိုင်ငံများဖြစ်တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားမှာ စိုက်ပျိုးမြေတွေရေဝပ်ခြင်းနဲ့ ရိတ်သိမ်းချိန်နောက်ကျခြင်းတို့ ဖြစ်ခဲ့ကြောင်း ကမ္ဘာ့ဒုတိယ အကြီးဆုံးတာယာထုတ်လုပ်ရေးဖြစ်တဲ့ မီချီလင်းကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ ကုန်ပစ္စည်း ကုန်ကျစရိတ်ဟာ တစ်နှစ်လုံးဝင်ငွေနီးပါးရှိနိုင်ပြီး ယူရို ၆၅ဝ သန်း (ဒေါ်လာ ၈၅ဝ သန်း) ရှိနိုင်တယ်လို့ ၎င်းကုမ္ပဏီကဆက်လက် ပြောကြားခဲ့ပါတယ်။     ရှေ့အလားအလာကတော့ မတ်လလောက်မှာ စင်္ကာပူကုန်စည်ဒိုင်မှာ ၁၄ ရာခိုင်နှုန်းဈေးတက်ပြီး တစ်ကီလိုဂရမ်ကို၄ ဒေါ်လာလောက်ရှိနိုင်ကြောင်း ပွဲစားများနဲ့သုတေသီများရဲ့ လေ့လာမှုအရသိရပါတယ်။ ထုတ်လုပ်ရေးတွေ ၆ ရာခိုင်နှုန်းကျဆင်းနိုင်ပြီးလာမယ့်နှစ်မှာတန်ချိန် ၂ ဒသမ ဝ၅ သန်းခန့်သာ ထုတ်လုပ်နိုင်ကြောင်း တိုကျိုရှိဂိုးမန်ဆပ်ချ်ကုမ္ပဏီမှ သုတေသီများက ခန့်မှန်းကြပါတယ်။ ဒီနှစ်ကုန်မှာ လာနီညာရာသီဥတု ဖြစ်စဉ်ကို ခံစားရဖွယ်ရှိကြောင်း ထိုင်းမိုးလေဝသဌာနကပြောကြားခဲ့ပါတယ်။ ဒါကြောင့်တစ်နိုင်ငံလုံးစိုက်ပျိုးရေးရဲ့ ၆၈ ရာခိုင်နှုန်းရှိတဲ့ တောင်ပိုင်းဒေသမှာ သာမန်ထက်ပိုပြီး မိုးရေချိန်မြင့်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒီနှစ် ကမ္ဘာသုံးစွဲမှု ၉ ဒသမ ၄ ရာခိုင်နှုန်းတက်ပြီး တန်ချိန် ၁ဝ ဒသမ ၃၁ သန်းရှိကာ၂ဝဝ၄ ခုနှစ်ကလည်း အမြင့်ဆုံးစံချိန်ကိုရောက်ခဲ့ကြောင်း စင်္ကာပူအခြေစိုက် ၁၆ နိုင်ငံနဲ့ဥရောပသမဂ္ဂအဖွဲ့ဝင်တွေပါဝင်တဲ့ကမ္ဘာ့ ရော်ဘာလေ့လာရေးအုပ်စုက ပြောခဲ့ပါတယ်။ ထုတ်လုပ်မှုထက် ဝယ်လိုအားတန်ချိန် ၆ သိန်းပိုလံျှနိုင်ပြီး လွန်ခဲ့တဲ့နှစ်က၂၃၇ဝဝဝ တန် ပိုလံျှခဲ့တယ်လို့ သတင်းရရှိပါတယ်။                             Sources : commodity advance, KZW

Tuesday, 28 Sep 2010

 မြန်မာတရုတ်နယ်စပ်မှာပြောင်းဆံ တင်ပို့မှု အားကောင်းလာ      စက်တင်ဘာလ ၁၅ ရက်မှ ၂၁ရက်ထိကာလအတွင်း မူဆယ်၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ပြောင်းဖူးစေ့ ၃၈ဝ၈ ဒသမ ၅ တန်နဲ့ လွယ်ဂျယ်မှ ၃၆ဝဒသမ ၇၉ တန် စုစုပေါင်း ၄၁၆၉ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဒသမ ဝ၃၈ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၇၇၆ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ တစ်ဖက်နိုင်ငံပြောင်းဈေး သိသိသာသာ ပြောင်းလဲမှုမရှိသော်လည်း မိမိဘက်ဈေးမှာ တစ်တန်ကို ကျပ် ၂၅ဝဝဝ ခန့်မြင့် တက်လျက်ရှိပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ပြောင်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်။                    မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ယွမ်/တန်)                  ယခု          ယခင်    ပြောင်းလဲမှု     %      ယခု      ယခင်      ပြောင်းလဲမှု       %ပြောင်းဖူးစေ့ ၂၅၄၃၂၈  ၂၂၉၁၃၂     ၂၅၁၉၆      ၁ဝ      ၂၉၂      ၂၉ဝ           ၂              ဝ .၇MIRT (DOBT)

Tuesday, 28 Sep 2010

တနင်္သာရီတိုင်းဒေသကြီးမှာ ရော်ဘာစေးခြစ်ယူဖို့ ပြင်ဆင်           တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်မှာ စိုက်ဧက ၂ ဒသမ ၂ သိန်းခန့်ရှိပြီး၊ အစေးလှီးဧက ၁ဒသမ ဝ သိန်းမှ တစ်ဧကပျမ်းမျှအထွက်နှုန်း ၄၉၅ ပေါင်ထွက်ရှိလို့ စုစုပေါင်းထွက်ရှိမှုပေါင် သိန်း ၅ဝဝခန့် ထွက်ရှိခဲ့ကြောင်းသိရပါတယ်။ ယခုနှစ် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာ အစေးခြစ်ထုတ်လုပ်နိုင်ရန်အတွက် ရော်ဘာခြံရှင်များ မိမိတိုခြံများအားဓါတ်မြေ သြဇာကျွေးခြင်း၊ ပေါင်းရှင်းခြင်း၊ တောခုတ်ခြင်းများဆောင်ရွက်ပြီးစီးတဲ့ခြံများရှိသလို အချို့ခြံများမှာလည်းဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ ဒေသအတွင်း ရော်ဘာ ခြံကြီးများအနေနဲ့ အလုပ်သမားငှားရမ်းထားရှိမှုကြောင့် ယခုမိုးမရွာတဲ့ ရက်များကစတင်ပြီး ရော်ဘာ အစေးခြစ်ယူတော့မယ်လို့ သိရပါတယ်။                                                                                                                                     မျိုးအေး

Tuesday, 28 Sep 2010

 ယခုတစ်ပတ် နယ်စပ်မှ ရော်ဘာတင်ပို့မှုလျော့        စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ရော်ဘာအဆင့်စုံ ၅၉၄ တန်ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က   RSS (၃) တစ်မိုျးတည်း ၇၈၂ တန်နီးပါး တင်ပို့ခဲ့ခြင်းဖြစ်တဲ့အတွက် ယခုအပတ်မှာ ၁၈၈ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ်တင်ပို့နိုင်ခဲ့တဲ့ ရော်ဘာတွေကတော့ RSS (၃)တန် ၄၃ဝ ခန့်၊ RSS (၅) တန် ၁၃ဝ ခန့်နဲ့ MSR (၅ဝ) ၃၅ တန် အသီးသီး ဖြစ်ပါတယ်။ ၂ဝ၁ဝ ဧပြီလမှ သြဂုတ်လအထိ ကာလအတွင်း နယ်စပ်မှ ရော်ဘာအဆင့်စုံ တန်ချိန် ၁၁၉၇ဝ ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခုအပတ်မှာ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံရော်ဘာဈေးများတည်ငြိမ်လျက် ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာပေါက်ဈေးများကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-                                မိမိဘက်(ကျပ်/တန်)                              တစ်ဘက်နိုင်ငံ(ယွမ်/တန်)                   ယခု            ယခင်       ပြောင်းလဲမှု      %         ယခု          ယခင်           ပြောင်းလဲမှု         %ွှRSS(၃)      ၃ဝ၅၇၁၁၃    ၃ဝ၄၈၁၁၃       ၉ဝဝဝ       ဝ .၃     ၂ဝဝဝဝ       ၂ဝဝဝဝ                                   -RSS(၅)      ၂၉၃၅၄၃၃    ၂၉၂၇၆၁ဝ        ၇၈၂၃       ဝ .၃     ၁၈၅ဝဝ       ၁၈၅ဝဝ                                  -

Tuesday, 28 Sep 2010

 ပင်လယ်ရေကြောင်း မလေးရှား ကို အဓိကပို့        စက်တင်ဘာ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၉ဝ၃ တန်၊ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၆၇၉ သန်းတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁ဝ၇၆ တန် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ၁၇၆ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံများကတော့ ဗီယက်နမ်ကို RSS (၃) တန် ၂၂ဝ၊ တရုတ်ကို MSR (၂ဝ) တန် ၄ဝ ၊ ပါကစ္စတန်ကို RSS (၃) ၉၇ တန်နဲ့ မလေးရှားကို RSS (၃) ၁၆၅ တန်၊ RSS (၅) ၃၆၅ တန်နဲ့ MSR (၂ဝ)၁၆ တန် အသီးသီးဖြစ်ပါတယ်။                                                                   KZW

Monday, 27 Sep 2010

ဒီတစ်ပတ် နယ်စပ်က ဘိလပ်မြေအသွင်းပို    စက်တင်ဘာလ  ၁၅ ရက်မှ ၂၁ ရက်ထိ  ကာလအတွင်း  နယ်စပ်စခန်းများမှ ဘိလပ်မြေ ၂ဝ၃ဝဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၁၃၇ သန်းဖိုးတင်သွင်း နိုင်ခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းမှုများကတော့ မူဆယ်မှ၁ဝ၇၂ တန်၊ ကန်ပိုက်တီးမှ ၁၈၇ဝ၆တန်၊ တာချီလိတ်မှ ၃၉၆ တန်ကျော်နဲ့ မြိတ်မှ၁၂၇တန်နီးပါး အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၄၁၇၃ တန် နီးပါးတင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၁၆၁၂ဝ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ပိုက်တီးနယ်စပ်စခန်းမှတစ်ဆင့် မြစ်ဆုံနဲ့ ချီဗွေရေအားလျှပ်စစ်စီမံကိန်း အတွက် ဘိလပ်မြေများ တင်သွင်းခဲ့ခြင်းကြောင့် ယခင်အပတ်ကထက် သိသိသာသာ တင်သွင်းမှုပိုမိုခဲ့ရခြင်းဖြစ်ပါတယ်။MIRT(DOBT)

Pages