Background
ဘရစ်စတုန်းနှင့် ဂွတ်ရီးယား ၄ နှစ်အတွင်း အဆိုးဆုံးရော်ဘာပြတ်လပ်မှုကြုံ ကမ္ဘာ့အကြီးဆုံး တာယာလုပ်ငန်းဖြစ်တဲ့ ဘရစ်စတုန်းကုမ္ပဏီဟာ ယခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ဥရောပဈေးကွက်ကိုဈေးနှုန်းမြင့်လိုက်ကြောင်းသိရပါတယ်။ ဂွတ်ရီးယားတာယာနဲ့ ရော်ဘာကုမ္ပဏီက ၂ဝဝ၇ ခုနှစ်ကတည်းကကြီးမားတဲ့ ရော်ဘာပြတ်လပ်မှုကို ရင်ဆိုင်ခဲ့ရတာကြောင့် ရော်ဘာပိုမိုရရှိလိုတယ်လို့ သိရပါ တယ်။ ဒီနှစ် မိုးဦးမှာ မိုးခေါင်မှုဖြစ်ပြီး မိုးနှောင်းပိုင်းမှာ ရွာသွန်းမှုများတာကြောင့် အာရှစိုက်ပျိုးရေးလုပ်ငန်း တွေမှာ ရော်ဘာအစေးထွက်ရှိမှုကို ထိခိုက်ခဲ့ ရတယ်လို့ ကမ္ဘာ့အကြီးဆုံးရော်ဘာထုတ်လုပ်ရေးနဲ့ ကမ္ဘာ့အကြီးဆုံး ပို့ကုန်တင်ပို့တဲ့ ထိုင်းနိုင်ငံအခြေစိုက် ဗွန်းဘန်ဒစ် ကုမ္ပဏီရဲ့ဦးဆောင်ညွှန်ကြားရေးမှူးက ပြောကြားခဲ့ပါတယ်။ အနည်းဆုံး ၂ နှစ်အတွင်း ဝယ်လိုအား တစ်ရှိန်ထိုး တက်လာပြီး ကမ္ဘာ့ထုတ်လုပ်မှုကတော့ ကျဆင်းနေအုံးမှာ ဖြစ်တယ်လို့ ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ လက်အိတ်နဲ့ကွန်ဒုံး ထုတ်လုပ်ရာမှာသုံးတဲ့ ကုန်ကြမ်း သိုလှောင်မှုဟာ လာမယ့်နှစ်မှာ ၁၂ ရာခိုင်နှုန်းကျဆင်းပြီး ၁ဝ စုနှစ်အတွင်း အဆိုးဆုံး အခြေအနေဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဂိုးမန်းဆပ်ချ်အုပ်စုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သုံးစွဲမှုဟာရောင်းလိုအား ထက် သာလွန်ပြီး ၁၂၇ဝဝဝမက်ထရစ်တန်ဖြစ်နိုင်တယ်လို့ ဘဏ်ရဲ့ပျမ်းမျှခြင်းစာရင်းအရသိရပါတယ်။ စင်္ကာပူရဲ့အလားအလာ ကတော့ မတ်လမှာဈေးနှုန်း၂ဝ ရာခိုင်နှုန်းလောက်ခုန်တက်သွားနိုင်ကြောင်း နယူးအေရှ်ဂျပန်ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူးက ခန့်မှန်းခဲ့ပြီး တစ်ကီလိုဂရမ်ကို၄ ဒသမ ၂ဝ ဒေါ်လာလောက်ရှိနိုင်တယ်လို့သိရပါတယ်။ ရော်ဘာရောင်းချရ နှုန်းက ၆ နှစ်အတွင်းအများဆုံးဖြစ်ပြီး ၂ဝဝ၇ကတည်းက ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုတိုးတက်တာ အမြန်ဆုံးနှုန်းဖြစ် တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကပြောခဲ့ပါတယ်။ထိပ်တန်းရော်ဘာထုတ်လုပ်တဲ့ နိုင်ငံများဖြစ်တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားမှာ စိုက်ပျိုးမြေတွေရေဝပ်ခြင်းနဲ့ ရိတ်သိမ်းချိန်နောက်ကျခြင်းတို့ ဖြစ်ခဲ့ကြောင်း ကမ္ဘာ့ဒုတိယ အကြီးဆုံးတာယာထုတ်လုပ်ရေးဖြစ်တဲ့ မီချီလင်းကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ ကုန်ပစ္စည်း ကုန်ကျစရိတ်ဟာ တစ်နှစ်လုံးဝင်ငွေနီးပါးရှိနိုင်ပြီး ယူရို ၆၅ဝ သန်း (ဒေါ်လာ ၈၅ဝ သန်း) ရှိနိုင်တယ်လို့ ၎င်းကုမ္ပဏီကဆက်လက် ပြောကြားခဲ့ပါတယ်။ ရှေ့အလားအလာကတော့ မတ်လလောက်မှာ စင်္ကာပူကုန်စည်ဒိုင်မှာ ၁၄ ရာခိုင်နှုန်းဈေးတက်ပြီး တစ်ကီလိုဂရမ်ကို၄ ဒေါ်လာလောက်ရှိနိုင်ကြောင်း ပွဲစားများနဲ့သုတေသီများရဲ့ လေ့လာမှုအရသိရပါတယ်။ ထုတ်လုပ်ရေးတွေ ၆ ရာခိုင်နှုန်းကျဆင်းနိုင်ပြီးလာမယ့်နှစ်မှာတန်ချိန် ၂ ဒသမ ဝ၅ သန်းခန့်သာ ထုတ်လုပ်နိုင်ကြောင်း တိုကျိုရှိဂိုးမန်ဆပ်ချ်ကုမ္ပဏီမှ သုတေသီများက ခန့်မှန်းကြပါတယ်။ ဒီနှစ်ကုန်မှာ လာနီညာရာသီဥတု ဖြစ်စဉ်ကို ခံစားရဖွယ်ရှိကြောင်း ထိုင်းမိုးလေဝသဌာနကပြောကြားခဲ့ပါတယ်။ ဒါကြောင့်တစ်နိုင်ငံလုံးစိုက်ပျိုးရေးရဲ့ ၆၈ ရာခိုင်နှုန်းရှိတဲ့ တောင်ပိုင်းဒေသမှာ သာမန်ထက်ပိုပြီး မိုးရေချိန်မြင့်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒီနှစ် ကမ္ဘာသုံးစွဲမှု ၉ ဒသမ ၄ ရာခိုင်နှုန်းတက်ပြီး တန်ချိန် ၁ဝ ဒသမ ၃၁ သန်းရှိကာ၂ဝဝ၄ ခုနှစ်ကလည်း အမြင့်ဆုံးစံချိန်ကိုရောက်ခဲ့ကြောင်း စင်္ကာပူအခြေစိုက် ၁၆ နိုင်ငံနဲ့ဥရောပသမဂ္ဂအဖွဲ့ဝင်တွေပါဝင်တဲ့ကမ္ဘာ့ ရော်ဘာလေ့လာရေးအုပ်စုက ပြောခဲ့ပါတယ်။ ထုတ်လုပ်မှုထက် ဝယ်လိုအားတန်ချိန် ၆ သိန်းပိုလံျှနိုင်ပြီး လွန်ခဲ့တဲ့နှစ်က၂၃၇ဝဝဝ တန် ပိုလံျှခဲ့တယ်လို့ သတင်းရရှိပါတယ်။ Sources : commodity advance, KZW
မြန်မာတရုတ်နယ်စပ်မှာပြောင်းဆံ တင်ပို့မှု အားကောင်းလာ စက်တင်ဘာလ ၁၅ ရက်မှ ၂၁ရက်ထိကာလအတွင်း မူဆယ်၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ပြောင်းဖူးစေ့ ၃၈ဝ၈ ဒသမ ၅ တန်နဲ့ လွယ်ဂျယ်မှ ၃၆ဝဒသမ ၇၉ တန် စုစုပေါင်း ၄၁၆၉ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဒသမ ဝ၃၈ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၇၇၆ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ တစ်ဖက်နိုင်ငံပြောင်းဈေး သိသိသာသာ ပြောင်းလဲမှုမရှိသော်လည်း မိမိဘက်ဈေးမှာ တစ်တန်ကို ကျပ် ၂၅ဝဝဝ ခန့်မြင့် တက်လျက်ရှိပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ပြောင်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ယွမ်/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၅၄၃၂၈ ၂၂၉၁၃၂ ၂၅၁၉၆ ၁ဝ ၂၉၂ ၂၉ဝ ၂ ဝ .၇MIRT (DOBT)
တနင်္သာရီတိုင်းဒေသကြီးမှာ ရော်ဘာစေးခြစ်ယူဖို့ ပြင်ဆင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်မှာ စိုက်ဧက ၂ ဒသမ ၂ သိန်းခန့်ရှိပြီး၊ အစေးလှီးဧက ၁ဒသမ ဝ သိန်းမှ တစ်ဧကပျမ်းမျှအထွက်နှုန်း ၄၉၅ ပေါင်ထွက်ရှိလို့ စုစုပေါင်းထွက်ရှိမှုပေါင် သိန်း ၅ဝဝခန့် ထွက်ရှိခဲ့ကြောင်းသိရပါတယ်။ ယခုနှစ် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာ အစေးခြစ်ထုတ်လုပ်နိုင်ရန်အတွက် ရော်ဘာခြံရှင်များ မိမိတိုခြံများအားဓါတ်မြေ သြဇာကျွေးခြင်း၊ ပေါင်းရှင်းခြင်း၊ တောခုတ်ခြင်းများဆောင်ရွက်ပြီးစီးတဲ့ခြံများရှိသလို အချို့ခြံများမှာလည်းဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ ဒေသအတွင်း ရော်ဘာ ခြံကြီးများအနေနဲ့ အလုပ်သမားငှားရမ်းထားရှိမှုကြောင့် ယခုမိုးမရွာတဲ့ ရက်များကစတင်ပြီး ရော်ဘာ အစေးခြစ်ယူတော့မယ်လို့ သိရပါတယ်။ မျိုးအေး
ယခုတစ်ပတ် နယ်စပ်မှ ရော်ဘာတင်ပို့မှုလျော့ စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ရော်ဘာအဆင့်စုံ ၅၉၄ တန်ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က RSS (၃) တစ်မိုျးတည်း ၇၈၂ တန်နီးပါး တင်ပို့ခဲ့ခြင်းဖြစ်တဲ့အတွက် ယခုအပတ်မှာ ၁၈၈ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ်တင်ပို့နိုင်ခဲ့တဲ့ ရော်ဘာတွေကတော့ RSS (၃)တန် ၄၃ဝ ခန့်၊ RSS (၅) တန် ၁၃ဝ ခန့်နဲ့ MSR (၅ဝ) ၃၅ တန် အသီးသီး ဖြစ်ပါတယ်။ ၂ဝ၁ဝ ဧပြီလမှ သြဂုတ်လအထိ ကာလအတွင်း နယ်စပ်မှ ရော်ဘာအဆင့်စုံ တန်ချိန် ၁၁၉၇ဝ ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခုအပတ်မှာ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံရော်ဘာဈေးများတည်ငြိမ်လျက် ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာပေါက်ဈေးများကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ယွမ်/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ွှRSS(၃) ၃ဝ၅၇၁၁၃ ၃ဝ၄၈၁၁၃ ၉ဝဝဝ ဝ .၃ ၂ဝဝဝဝ ၂ဝဝဝဝ -RSS(၅) ၂၉၃၅၄၃၃ ၂၉၂၇၆၁ဝ ၇၈၂၃ ဝ .၃ ၁၈၅ဝဝ ၁၈၅ဝဝ -
ပင်လယ်ရေကြောင်း မလေးရှား ကို အဓိကပို့ စက်တင်ဘာ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၉ဝ၃ တန်၊ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၆၇၉ သန်းတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁ဝ၇၆ တန် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ၁၇၆ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံများကတော့ ဗီယက်နမ်ကို RSS (၃) တန် ၂၂ဝ၊ တရုတ်ကို MSR (၂ဝ) တန် ၄ဝ ၊ ပါကစ္စတန်ကို RSS (၃) ၉၇ တန်နဲ့ မလေးရှားကို RSS (၃) ၁၆၅ တန်၊ RSS (၅) ၃၆၅ တန်နဲ့ MSR (၂ဝ)၁၆ တန် အသီးသီးဖြစ်ပါတယ်။ KZW
ဒီတစ်ပတ် နယ်စပ်က ဘိလပ်မြေအသွင်းပို စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများမှ ဘိလပ်မြေ ၂ဝ၃ဝဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၁၃၇ သန်းဖိုးတင်သွင်း နိုင်ခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းမှုများကတော့ မူဆယ်မှ၁ဝ၇၂ တန်၊ ကန်ပိုက်တီးမှ ၁၈၇ဝ၆တန်၊ တာချီလိတ်မှ ၃၉၆ တန်ကျော်နဲ့ မြိတ်မှ၁၂၇တန်နီးပါး အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၄၁၇၃ တန် နီးပါးတင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၁၆၁၂ဝ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ပိုက်တီးနယ်စပ်စခန်းမှတစ်ဆင့် မြစ်ဆုံနဲ့ ချီဗွေရေအားလျှပ်စစ်စီမံကိန်း အတွက် ဘိလပ်မြေများ တင်သွင်းခဲ့ခြင်းကြောင့် ယခင်အပတ်ကထက် သိသိသာသာ တင်သွင်းမှုပိုမိုခဲ့ရခြင်းဖြစ်ပါတယ်။MIRT(DOBT)
ပြည်တွင်းဘိလပ်မြေဈေးကွက် အခြေအနေ ပြည်တွင်း ဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်\တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၁ဝဝ(လက်ကား) ဘိလပ်မြေ TPI ၅ဝဝဝ ဘိလပ်မြေ (စိန်) ၅ဝဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၃ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ (AAA) ၆၂ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၆၁ဝဝ ဘိလပ်မြေ (TPI) ထိုင်း ၆၃ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅၇ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၆၁ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅၄ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၉ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၃ဝဝမကွေးတိုင်းဒေကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၂ဝဝMIRT (MAPT)
ဒီတစ်ပတ် နယ်စပ်က ဓာတ်မြေသြဇာ တန် ၂၄ဝဝဝကျော် တင်သွင်း စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှဓာတ်မြေသြဇာ ၂၄၂၇၇တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ ဒသမ ၇၉၉သန်းဖိုးတင်သွင်းခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုများ ကတော့ မူဆယ်မှ ၂၄ဝ၃၁ တန်၊ တာချီလိတ်မှ ၂၆ တန်၊ ရိဒ်မှ ၅၁ တန်ကျော်နဲ့မောင်တောမှ ၁၆၈ တန်ကျော် အသီးသီး တင်သွင်းခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှတင်သွင်းတဲ့ ဓာတ်မြေသြဇာအချို့ရဲ့ ဈေးနှုန်းများ ကိုဖော်ပြပေး လိုက်ပါတယ်နယ်စပ် အမျိုးအစား တစ်ဖက်နိုင်ငံဈေး(ဒေါ်လာ/တန်)မူဆယ် Single Super Phosphate ၁၂၀ Compound Seed (Npk) ၁၃ဝ Potassium Nitrate ၂ဝ၇့ Urea Fertilizer ၂၂ဝၤ Foliar Fertilizer ၂၂၅ Nitric Phosphate ၂၅ဝွှ Triple Super Phosphate ၂၆ဝယခင်အပတ်က နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ ၁၉၄၂၁ တန် တင်သွင်းခဲ့တဲ့အတွက် တန်ချိန် ၄၈၅၆ တန် ယခုအပတ်မှာ တင်သွင်းမှုပိုမိုခဲ့ပါတယ်။MIRT(DOBT)
ပင်လယ်ရေကြောင်းက ထိုင်းဓာတ်မြေသြဇာဝင် ပင်လယ်ရေကြောင်းလမ်းကနေ စက်တင်ဘာလ ၁၃ ရက်မှ ၁၉ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ အဝင်တန်ချိန် ၆ဝဝ တန်၊ တန်ဖိုး ကန်ဒေါ်လာ၁၈၉ဝဝ ဖိုးတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က မြေသြဇာ ၂၆၄ တန် အဝင်ရှိခဲ့ပြီးဒီတစ်ပတ် ၆ဝဝ တန်တင်သွင်းခဲ့တဲ့အတွက် တန်ချိန် ၃၃၆ တန်ပိုမိုတင်သွင်းလာတာတွေ့ရပါတယ်။ ဒီတစ်ပတ်အဝင် ကုန်သွယ်ဘက် နိုင်ငံကတော့ ထိုင်းနိုင်ငံဘက်မှတင်သွင်းလာတာဖြစ်ပြီး ယခင်သွင်းနေကျ ဗီယက်နမ်၊ တရုတ်၊ ဘူဂေးရီးယား နိုင်ငံများ ဘက်ကမဝင်ဘဲ ထိုင်းနိုင်ငံကပဲ တစ်တန်ကို အက်ဖ်အိုဘီ ၃၁၅ ဒေါ်လာနှုန်းနဲ့တင်သွင်းလာတာ တွေ့ရပါတယ်။MIRT(DOT)
လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းဒေသများရဲ့ လက်လီအဝယ်ဈေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ် စက်တင်ဘာ၂ဝ၁ဝ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၂ဝ ၂၆ဝဝ ၂၆ဝဝ ၂၇ဝဝ ၂၈ဝဝ၂၁ ၂၆ဝဝ ၂၆ဝဝ ၂၇ဝဝ ၂၈ဝဝ၂၂ ၂၆ဝဝ ၂၆ဝဝ ၂၇ဝဝ ၂၈ဝဝ၂၃ ၂၆ဝဝ ၂၆ဝဝ ၂၇ဝဝ ၂၈ဝဝ၂၄ ၂၆ဝဝ ၂၆ဝဝ ၂၇ဝဝ ၂၈ဝဝMIRT-DOT